JB Bank Busan-Myanmar Desk

JB Bank Busan-Myanmar Desk JB Bank ငွေကြေးဝန်ဆောင်မှုများအတွက် 010-2136 1156

ကျန်းမာရေးအာမခံ မရှိတဲ့ သူများ( အိုသမားများ ) ဆူဝမ်စင်တာကနေ အခမဲ့ ကျန်းမာရေး စစ်ဆေးပေးပါ့မယ်ခင်ဗျ။ စရင်းပေးချင်သူများ ဖေ...
01/06/2026

ကျန်းမာရေးအာမခံ မရှိတဲ့ သူများ( အိုသမားများ ) ဆူဝမ်စင်တာကနေ အခမဲ့ ကျန်းမာရေး စစ်ဆေးပေးပါ့မယ်ခင်ဗျ။ စရင်းပေးချင်သူများ ဖော်ပြပါဖုန်းနံပတ် သို့မဟုတ် ကျနော့်ဆီ ဆက်သွယ်နိုင်ပါတယ်။

[အပတ်စဉ် ငွေကြေးဈေးကွက်]“ဝမ်/ဒေါ်လာ လဲလှယ်နှုန်းသည် တစ်ဒေါ်လာလျှင် ၁၅၀၀ ဝမ် တွင် ရှိနေပါသည်”ဝမ်-ဒေါ်လာ လဲလှယ်နှုန်းသည် ၁...
30/05/2026

[အပတ်စဉ် ငွေကြေးဈေးကွက်]
“ဝမ်/ဒေါ်လာ လဲလှယ်နှုန်းသည် တစ်ဒေါ်လာလျှင် ၁၅၀၀ ဝမ် တွင် ရှိနေပါသည်”

ဝမ်-ဒေါ်လာ လဲလှယ်နှုန်းသည် ၁၅၀၀ ဝမ် အတိုင်းအတာမှ ကျဆင်းမည့် လက္ခဏာ အနည်းငယ်သာ ပြသနေပြီး၂၉ ရက်နေ့တွင် ဆိုးလ်နိုင်ငံခြားငွေလဲလှယ်ဈေးကွက်တွင် ဝမ်-ဒေါ်လာ လဲလှယ်နှုန်းသည် သီတင်းပတ်အတွင်း ၁၅၀၂.၈ ဝမ်ဖြင့် ပိတ်ခဲ့ပြီး ယခင်အရောင်းအဝယ်နေ့ပေါက်ဈေး (၁၅၀၁.၂ ဝမ်) ထက် ၁.၆ ဝမ် မြင့်တက်လာခဲ့သည်။

မေလ ၁၅ ရက်နေ့မှစ၍ ဝမ်-ဒေါ်လာ လဲလှယ်နှုန်းသည် ၁၅၀၀ ဝမ် အထက်သို့ မြင့်တက်နေပြီး ၁၀ ရက်ဆက်တိုက် အရာင်းအဝာ်ဖြစ်နေတာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းရှိ ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ်များနှင့် မေလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စတော့ရှယ်ယာ အသားတင်ပြန်လည်ရောင်းချမှု ၄၁ ထရီလီယံ ကျော်လွန်ခြင်းသည် ဝမ်-ဒေါ်လာ လဲလှယ်နှုန်းကို မြင့်တက်စေသည့် အချက်များအဖြစ် ဖြစ်စေနေကြောင်း စျေးကွက်အရ စုံစမ်းသိရှိရပါတယ်။

မိုးရဲကျော်
JB Bank မြန်မာတာဝန်ခံ
010-2136 1156

မင်္ဂလာပါ JB Bank Busan မှ မြန်မာတာဝန်ခံ မိုးရဲကျော်ဖြစ်ပါတယ်။ 👷🏻 ကိုရီးယားမှာရောက်ရှိနေကြတဲ့ E9,E7,F2,F5 ဗီဇာကိုင်ဆောင်...
28/05/2026

မင်္ဂလာပါ
JB Bank Busan မှ မြန်မာတာဝန်ခံ မိုးရဲကျော်ဖြစ်ပါတယ်။

👷🏻 ကိုရီးယားမှာရောက်ရှိနေကြတဲ့ E9,E7,F2,F5 ဗီဇာကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်ငွေကြေးဝန်ဆောင်မှုများရယူနိုင်ပါတယ်။

👷‍♂️ တခြားဘဏ် သို့မဟုတ် ငွေကြေးလုပ်ငန်းများမှာ ငွေကြေးဝန်ဆောင်မှုယူထားသူများလည်း ကျနော်တို့ JB ဘဏ်မှာ ထပ်တိုးရယူနိုင်ပါတယ်။

💁🏻‍♂️ E9 ဗီဇာပထမ ၃ နှစ်ပြည့်ခါနီး ထပ်တိုး တစ်နှစ်၁၀လ မတိုးရသေးသူများလည်း လျှောက်ထားရယူနိုင်ပါတယ်။

လူကိုယ်တိုင်မလာဘဲ အွန်လိုင်းကတဆင့် လွယ်ကူလျှင်မြန်စွာ လျှောက်ထားရယူနိုင်ပါတယ်။ ဘဏ်ဝန်ထမ်းဖြစ်တာကြောင့် ကိုယ်ရေးအချက်အလက်လုံခြုံမှုအတွက် အထူးစိတ်ချရပါတယ်။

📞📞📞ဒါကြောင့် JB Bank ငွေကြေးဝန်ဆောင်မှုနဲ့ ပတ်သတ်လို့ အသေးစိတ်သိလိုပါက (သို့) ဆွေးနွေးတိုင်ပင်လိုပါက JB Bank ငွေကြေးဝန်ဆောင်မှုတာဝန်ခံ မိုးရဲကျော် ဖုန်းနံပတ် 010-2136 1156 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

🤵‍♂️ ကိုရီးယားရောက်ရွှေမြန်မာများအားလုံး ကျန်းမာပျော်ရွှင်ပြီး လုပ်ငန်းခွင်တွင်လည်း အစဉ်အမြဲ အန္တရာယ်ကင်းရှင်းကြပါစေကြောင်း အမြဲဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။

21/05/2026

လာမယ့် စနေ တနင်္ဂနွေ မှာ JB Bank ကို ပုံမှန် ဖွင့်လှစ်မှာ ဖြစ်ပြီး တနင်္လာနေ့ 25.5.2026 မှာတော့ ဗုဒ္ဓဖွားတော်မူသောနေ့ အစားထိုးပိတ်ရက်အဖြစ် JB ဘဏ်ကို ပိတ်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၃ / ၂၄ / ၂၅ ရက်နေ့ကို အော်တိုငွေဖြတ်ထားသူများအနေဖြင့် ၅ လပိုင်း ၂၆ ရက်နေ့ အင်္ဂါနေ့မှာ ငွေဖြတ်မှာဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်ခင်ဗျ။

JB Bank ဘူဆန် မြန်မာတာဝန်ခံ
မိုးရဲကျော်
010-2136 1156

[အပတ်စဉ်ဘဏ္ဍာရေးဈေးကွက်]"စတော့ဈေးကွက်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး တစ်ဒေါ်လာလျှင် ဝမ် ၁,၄၅၀ မှ ၁၄၈၀ ဝမ်အထိ ရော...
09/05/2026

[အပတ်စဉ်ဘဏ္ဍာရေးဈေးကွက်]
"စတော့ဈေးကွက်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး တစ်ဒေါ်လာလျှင် ဝမ် ၁,၄၅၀ မှ ၁၄၈၀ ဝမ်အထိ ရောက်ရှိခဲ့သည်"

အမေရိကန်-အီရန် စစ်ပွဲအတွင်း၌ပင် အမေရိကန်စတော့ဈေးကွက်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပါတယ်။၎င်းသည် အမေရိကန်ပြည်တွင်းအလုပ်အကိုင်တည်ငြိမ်မှုနှင့် AI နှင့် semiconductor ကုမ္ပဏီများမှ အပြိုင်အဆိုင် ခိုင်မာစွမ်းဆောင်ရည်ပြသကြပြီး ဈေးကွက်တန်ဖိုးတက်လာတာကြောင့်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် အမေရိကန်-အီရန်စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးမှုများသည် အချိန်ပိုကြာနေပြီး ရေနံဈေးနှုန်းမြင့်မားမှုကြောင့် ငွေကြေးဖောင်းပွမှုပိုမြင့်မားလာကာ စားသုံးသူများ၏ ဈေးကွက်ဝယ်လိုအားကို အကြီးအကျယ်ထိခိုက်လာနေပါတယ်။

တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ Physical AI နှင့် ရိုဘော့တစ်ကုမ္ပဏီများမှ ဝင်ငွေကောင်းများရရှိရန် မျှော်လင့်ချက်များကြောင့် KOSPI သည်လည်း ဆက်လက်မြင့်တက်နေပါတယ်။ ပြီးခဲ့သည့်အပတ်က ဝမ်/ဒေါ်လာ ငွေလဲနှုန်းသည် ဝမ် ၁,၄၅၀ အောက်သို့ ကျဆင်းသွားခဲ့သော်လည်း အရှေ့အလယ်ပိုင်းအကျပ်အတည်းမှ ရေနံဈေးနှုန်းမြင့်မားမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ကြီးမားသောစတော့ရှယ်ယာရောင်းချမှုကြောင့် ပြန်လည်အားနည်းသွားခဲ့ပါတယ်။

JB Bank မြန်မာတာဝန်ခံ
010-1236 1156

၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်၊ သောကြာနေ့🎉 Jeonbuk Bank Busan နိုင်ငံခြားဘဏ္ဍာရေးစင်တာနှင့် World Dagachi အကြား စီးပွားရေးသဘောတူ...
08/05/2026

၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်၊ သောကြာနေ့

🎉 Jeonbuk Bank Busan နိုင်ငံခြားဘဏ္ဍာရေးစင်တာနှင့် World Dagachi အကြား စီးပွားရေးသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း 🎉

ဒုတိယဥက္ကဋ္ဌ Yang Kwang-young၊ ကိုယ်စားလှယ် Kwon Hae-seok နှင့် အခြားသူများစွာ အတူ တက်ရောက်ခဲ့ကြသည်။

နိုင်ငံခြားသား ၁.၅ သန်းအတွက် ငွေကြေးဈေးကွက်ကို ပူးတွဲဦးဆောင်ရန် စတင်တဲ့ခြေလှမ်းရဲ့ အရေးကြီးသောခြေလှမ်းအဖြစ် ရှူ့မြင်နိုင်ပါတယ်။

[ကိုရီးယား တနင်္ဂနွေသတင်း]"ပြည်ပရောက်ကိုရီးယားလူမျိုးများ နေထိုင်ခွင့် အထောက်အပံ့စင်တာ / E-9 ဗီဇာခွဲ / JB ပြခန်း"တကမ္ဘာလ...
03/05/2026

[ကိုရီးယား တနင်္ဂနွေသတင်း]

"ပြည်ပရောက်ကိုရီးယားလူမျိုးများ နေထိုင်ခွင့် အထောက်အပံ့စင်တာ / E-9 ဗီဇာခွဲ / JB ပြခန်း"

တကမ္ဘာလုံးရှိ နိုင်ငံအနှံ့အပြားသို့ ရောက်ရှိနေတဲ့ ကိုရီးယားလူမျိုးများ(ပြည်ပရောက်ကိုရီးယားလူမျိုးများ)ကိုရီယားပြည်တွင်းကို ပြည်လည်ဝင်ရောက်အခြေချနေထိုင်ပါက ကူညီဆောင်ရွက်ပေးတဲ့ ပြည်ပရောက်ကိုရီးယားလူမျိုးများကူညီရေးစင်များဟာ ၃၇ ခုထိ တိုးပွားလာပါတယ်။ ဒါဟာ မွေးဖွားနှုန်းကျဆင်းနေတဲ့ နိုင်ငံတွင်းရှိ လူဦးရေးလျော့ကျနေမှုကို ကုစားတဲ့ အစိုးရရဲ့ စီမံချက်ဖြစ်သလို နိုင်ငံပြင်ပကိုရောက်နေတဲ့ လူ့စွမ်းအားအရင်အမြစ်ကို ပြည်တွင်းသို့ ပြန်လည်အခြေချဝင်ရောက်နေထိုင်စေတာလဲဖြစ်ပါတယ်။ လက်ရှိမှာ ကူညီရေးစင်တာ ၃၇ ခုကနေ ပြည်ပရောက်ကိုရီးယားလူမျိုး ၈၆၀,၀၀၀ ခန့်၏ နေထိုင်ခွင့်ကို ကူညီပံ့ပိုးပေးနေပါတယ်။၎င်းစင်တာများသည် ပြည်ပရောက်ကိုရီးယားလူမျိုးများအတွက် ပြည်တွင်းလှုမှုဘဝဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ ပေးခြင်း ၊ ပြည်ပရောက်ကိုရီးယားကွန်ရက်များနှင့် ကိုရီးယားပြည်တွင်းသို့ပြန်လည်ဝင်ရောက်ပြီးနောက် ကနဦးအခြေချနေထိုင်မှုကို ပံ့ပိုးပေးခြင်း ၊ ကိုရီးယားနိုင်ငံသားများနှင့် ပြည်ပရောက်ကိုရီးယားလူမျိုးများအကြား အသိပညာနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး ကိုရီးယားဘာသာစကားကျွမ်းကျင်မှုနှင့် ကိုရီးယားလူမျိုးစုအမှတ်အသား( National Identity )ကို ရှာဖွေရာတွင် ကူညီပေးခြင်းများကို လုပ်ဆောင်ပေးနေပါတယ်။
အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနသည် E-9 ဗီဇာကို ခွဲဝေပြင်ဆင်ရန် ပြင်ဆင်နေပါတယ်။ လုပ်ငန်းစဉ်ကို အဆင့် ၂-၃ ဆင့် ခွဲခြားထားမည်ဟု မျှော်လင့်ရပြီး အဆင့်မြင့်အဆင့်များတွင် သီးခြားလက်မှတ်များ သို့မဟုတ် ကျွမ်းကျင်မှုအဆင့်များ လိုအပ်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင်၊ အလုပ်ခွင်ပြောင်းရွှေ့မှုများသည် လုံးဝလွတ်လပ်စွာပြောင်းရွေ့ခွင့်မဖြစ်နိုင်ဖွယ်မရှိသော်လည်း လက်ရှိကန့်သတ်ချက်များကို အတက်နိုင်ဆုံးဖြေလျှော့ချပေးမည်ဖြစ်ပါတယ်။

ဂျောင်ဘုဘဏ်သည် ဂွန်းဆန်ရှိ JB ယဉ်ကျေးမှုနေရာအတွင်း အနုပညာပြခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ဤနေရာသည် ဂျောင်ဘုဘဏ်၏ ဂွန်းဆန်ဘဏ်ခွဲကို ဂွန်းဆန်းမြို့သူ မြို့သားများအတွက် တစ်နေတည်းမှာပဲ ဘက်စုံသုံး ယဉ်ကျေးမှုနေရာတစ်ခုအဖြစ် ပြောင်းလဲပေးခြင်းဖြစ်ပြီး ၄င်းတွင် ဒေသ၏ သမိုင်းကြောင်းနှင့် လက္ခဏာကို ထင်ဟပ်စေသော ပြပွဲများကို ကျင်းပပြီး ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်အမျိုးမျိုးကို ပေးဆောင်ဖို့ရည်ရွယ်ထားကြောင်းသိရပါတယ်။

မိုးရဲကျော်
JB ဘဏ် မြန်မာချေးငွေတာဝန်ခံ
010-2136 1156

[အပတ်စဉ်ဘဏ္ဍာရေးဈေးကွက်]"ရေနံဈေးက ဒေါ်လာ ၁၀၀ မှာ၊ တစ်ဒေါ်လာကို ၁၄၇၀ ဝမ်၊ သို့ပေမယ့် ရှယ်ယာဈေးတွေက အမြင့်ဆုံးကို ရောက်ရှိ...
02/05/2026

[အပတ်စဉ်ဘဏ္ဍာရေးဈေးကွက်]
"ရေနံဈေးက ဒေါ်လာ ၁၀၀ မှာ၊ တစ်ဒေါ်လာကို ၁၄၇၀ ဝမ်၊ သို့ပေမယ့် ရှယ်ယာဈေးတွေက အမြင့်ဆုံးကို ရောက်ရှိနေ"

အမေရိကန်-အီရန် အရှေ့အလယ်ပိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ အခက်အခဲတွေကြားထဲမှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ တခြားနိုင်ငံတွေက ရှယ်ယာဈေးတွေက သမိုင်းဝင် အမြင့်ဆုံးကို မြင့်တက်နေပါတယ်။ ဒါဟာ ကော်ပိုရိတ်ဝင်ငွေ မြင့်မားတဲ့ ကဏ္ဍတွေ (နည်းပညာနဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေလို) နဲ့ ရေနံစိမ်းကို အစားထိုးနိုင်တဲ့ စွမ်းအင်လုပ်ငန်းအတွက် မျှော်လင့်ချက်တွေကြောင့်ပါ။

ဒီနှစ် မတ်လကုန်မှာ ၁၀ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့တဲ့ ဝမ်/ဒေါ်လာ ငွေလဲနှုန်းက မေလ ပထမနေ့မှာ ၁၄၇၀ ဝမ် ဝန်းကျင်မှာ ရှိနေပါတယ်။ မေလမှာ ငွေလဲနှုန်းက ၁၄၅၀ ဝမ်ကနေ ၁၄၉၀ ဝမ်ကြား အတိုင်းအတာတစ်ခုအထိ ရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် မြန်မာငွေလွှဲဈေးလည်း ၅ လပိုင်းမှာ အရမ်းအကျဘက်ရောက်မယ်လို့ မထင်ပါဘူးခင်ဗျ။

မိုးရဲကျော်
JB ဘဏ်မြန်မာတာဝန်ခံ ( ငွေကြေးဝန်ဆောင်မှု )
010-2136 1156

မင်္ဂလာပါ JB Bank Busan မှ မြန်မာတာဝန်ခံ မိုးရဲကျော်ဖြစ်ပါတယ်။ 👷🏻 ကိုရီးယားမှာရောက်ရှိနေကြတဲ့ E9,E7,F2,F5 ဗီဇာကိုင်ဆောင်...
02/05/2026

မင်္ဂလာပါ
JB Bank Busan မှ မြန်မာတာဝန်ခံ မိုးရဲကျော်ဖြစ်ပါတယ်။

👷🏻 ကိုရီးယားမှာရောက်ရှိနေကြတဲ့ E9,E7,F2,F5 ဗီဇာကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ ငွေကြေးဝန်ဆောင်မှုများရယူနိုင်ပါတယ်။

👷‍♂️ တခြားဘဏ် သို့မဟုတ် ငွေကြေးလုပ်ငန်းများမှာ ငွေကြေးဝန်ဆောင်မှုယူထားသူများလည်း ကျနော်တို့ JB ဘဏ်မှာ ထပ်တိုးရယူနိုင်ပါတယ်။

💁🏻‍♂️ E9 ဗီဇာပထမ ၃ နှစ်ပြည့်ခါနီး ထပ်တိုး တစ်နှစ်၁၀လ မတိုးရသေးသူများလည်း လျှောက်ထားရယူနိုင်ပါတယ်။

📞📞📞ဒါကြောင့် JB Bank ငွေကြေးဝန်ဆောင်မှုနဲ့ ပတ်သတ်လို့ အသေးစိတ်သိလိုပါက (သို့) ဆွေးနွေးတိုင်ပင်လိုပါက JB Bank ငွေကြေးဝန်ဆောင်မှုတာဝန်ခံ မိုးရဲကျော် ဖုန်းနံပတ် 010-2136 1156 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

🤵‍♂️ ကိုရီးယားရောက်ရွှေမြန်မာများအားလုံး ကျန်းမာပျော်ရွှင်ပြီး လုပ်ငန်းခွင်တွင်လည်း အစဉ်အမြဲ အန္တရာယ်ကင်းရှင်းကြပါစေကြောင်း အမြဲဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။

မင်္ဂလာပါခင်ဗျJB Bank ဘူဆန်မှ မြန်မာတာဝန်ခံ မိုးရဲကျော် ဖြစ်ပါတယ်။လက်ရှိ ကိုရီးယားဝမ်ငွေတန်ဖိုး ကျဆင်းနေပြီး အမေရိကန်ဒေါ...
28/04/2026

မင်္ဂလာပါခင်ဗျ
JB Bank ဘူဆန်မှ မြန်မာတာဝန်ခံ မိုးရဲကျော် ဖြစ်ပါတယ်။
လက်ရှိ ကိုရီးယားဝမ်ငွေတန်ဖိုး ကျဆင်းနေပြီး အမေရိကန်ဒေါ်လာစျေး မြင့်တက်နေခြင်း (၁ ဒေါ်လာ = ၁,၄၇၃.၆၀ ဝမ်)ဟာ ကိုရီးယားရောက် မြန်မာလုပ်သားများအတွက် မိသားစုထံ ငွေပြန်ပို့ရန် အကောင်းဆုံးအချိန် ဖြစ်ပြီး မြန်မာကျပ်ငွေ ပိုမိုရရှိနိုင်သည့် အခွင့်အရေး ဖြစ်နေပါတယ်။ သို့ပေမယ့် ဝမ်ငွေတန်ဖိုးကျသဖြင့် ကိုရီးယားနိုင်ငံအတွင်း စားသောက်ကုန်နှင့် နေထိုင်စရိတ်များ ကြီးမြင့်လာနိုင်သည့်အတွက် အသုံးအစွဲကို ချွေတာရန် လိုအပ်သလို၊ စုဆောင်းထားသော ငွေကြေးများကို ဝမ်ငွေအဖြစ်သာ ထားမည့်အစား မြန်မာပြည်တွင် ရွှေ၊ မြေ သို့မဟုတ် အခြားခိုင်မာသည့် ပိုင်ဆိုင်မှုများအဖြစ် အမြန်ဆုံး ပြောင်းလဲစုဆောင်းထားခြင်းဖြင့်
စီးပွားရေးအရ အကျိုးအမြတ် အများဆုံး ရရှိနိုင်ပါသည်။ ဒါကြောင့် အိမ်ခြံမြေရင်းနှီးဖို့ ငွေကြေးဝန်ဆောင်မှုလိုအပ်ပါက JB ဘဏ်ငွေကြေးဝန်ဆောင်မှုကိုရယူနိုင်ပါတယ်။
အသေးစိတ်ဆွေးနွေးလိုပါက 010-2136 1156 သို့လည်းကောင်း messenger သို့လည်းကောင်း မေးမြန်းဆွေးနွေးနိုင်ပါတယ်။

မိုးရဲကျော်
JB Bank Busan မြန်မာတာဝန်ခံ
010-2136 1156

Address

Busan

Telephone

+821021361156

Website

Alerts

Be the first to know and let us send you an email when JB Bank Busan-Myanmar Desk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share