Mie Time

Mie Time Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mie Time, Financial service, 남구, Busan.

✅ ဗီဇာ၊ကျောင်းလျှောက်ထားခြင်း၊ ချေးငွေ၊ ယာဉ်မောင်းလိုင်စင်နှင့် ကိုရီးယားနှင့်ပတ်သတ်သော ဝန်ဆောင်မှုများ။ 📩 အသေးစိတ်ကို 010-8325-2606 မှာ မေးမြန်းနိုင်ပါတယ်ရှင့်။

🎓 TOPIK 2 (၃) လပြတ် အထူးအတန်းသစ် ဖွင့်လှစ်ခြင်းကိုရီးယားမှာ အလုပ်အကိုင်နဲ့ ပညာရေးနဲ့ ဗီဇာအတွက် အရေးပါတဲ့ TOPIK ကို (၃) လ...
01/07/2026

🎓 TOPIK 2 (၃) လပြတ် အထူးအတန်းသစ် ဖွင့်လှစ်ခြင်း

ကိုရီးယားမှာ အလုပ်အကိုင်နဲ့ ပညာရေးနဲ့ ဗီဇာအတွက် အရေးပါတဲ့ TOPIK ကို (၃) လအတွင်း ထိထိရောက်ရောက်နဲ့ အပိုင်ယူချင်ပါသလား? 🇰🇷✨

ဘယ်ကစပြီး ပြင်ဆင်ရမှန်း မသိဖြစ်နေရင်လည်း စိတ်မပူပါနဲ့။ သင်တန်းသားတစ်ဦးချင်းစီကို အနီးကပ် လမ်းညွှန်မှုပေးပြီး စာမေးပွဲပုံစံတူ မေးခွန်းဟောင်းတွေကို စနစ်တကျ လေ့ကျင့်ပေးသွားမှာပါ။

✨ သင်တန်းထူးခြားချက်များ:
✅ အောင်မြင်မှု့အတွက် အကောင်းဆုံး အထူးသင်ရိုးညွှန်းတမ်း
✅ တစ်ဦးချင်းစီအလိုက် အနီးကပ် ဂရုတစိုက် လမ်းညွှန်မှု
✅ မေးခွန်းဟောင်းများနှင့် လေ့ကျင့်ခန်းများစွာကို လက်တွေ့ဖြေဆိုခြင်း
📩 တက်ရောက်လိုပါက: Messenger (သို့မဟုတ်) 📱 010-8325-2606 သို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီ #ကိုရီးယားစာ #ယာဉ်မောင်းလိုင်စင်

29/06/2026

ကိုရီးယားကို ဗီဇာလျှောက်ရင် ဗီဇာဘာလို့ မရတာလဲ?

အပိုင်း၃

#ကိုရီးယား #ဗီဇာ

29/06/2026

ကိုရီးယားကို ဗီဇာလျှောက်ရင် ဗီဇာဘာလို့ မရတာလဲ?

အပိုင်း၂

#ကိုရီးယား #ဗီဇာ

29/06/2026

ကိုရီးယားကို ဗီဇာလျှောက်ရင် ဗီဇာဘာလို့ မရတာလဲ?

အပိုင်း၁

#ကိုရီးယား #ဗီဇာ

ကိုရီးယားမှာ မိသားစုနဲ့အတူတူ အခြေချနေထိုင်ချင်ပါသလား? C-3 visa နဲ့ F-3 Visa ဝန်ဆောင်မှုပေးနေပါပြီ။ 🏠👩‍👩‍👦ကိုရီးယားမှာ အလ...
16/06/2026

ကိုရီးယားမှာ မိသားစုနဲ့အတူတူ အခြေချနေထိုင်ချင်ပါသလား? C-3 visa နဲ့ F-3 Visa ဝန်ဆောင်မှုပေးနေပါပြီ။ 🏠👩‍👩‍👦

ကိုရီးယားမှာ အလုပ်လုပ်နေတဲ့သူတွေ၊ ကျောင်းတက်နေတဲ့သူတွေအတွက် အလုပ်တစ်ဖက်နဲ့ မိသားစုဝင်တွေကို ခေါ်ဖို့ ဗီဇာကိစ္စတွေက ရှုပ်ထွေးနေပါသလား?

စာရွက်စာတမ်း ပြင်ဆင်မှုတွေ၊ ဝင်ငွေတွက်ချက်မှုတွေကစလို့ ဗီဇာရတဲ့အထိ စိတ်ချလက်ချ အပ်နှံနိုင်ဖို့ ကျွန်မတို့က ကူညီပေးနေပါတယ်။

F-3 ဗီဇာရဲ့ ထူးခြားချက်များ

✅ ဇနီး/ခင်ပွန်း နှင့် အသက်မပြည့်သေးသော သားသမီးများ ခေါ်ယူနိုင်သည်။
✅ ခေါ်ယူသူ၏ ဗီဇာသက်တမ်းအတိုင်း နေထိုင်ခွင့်ရမည်။
✅ ကိုရီးယားရှိ အစိုးရကျောင်းများတွင် သားသမီးများကို ပညာသင်ကြားပေးနိုင်သည်။

⚠️ သတိပြုရန်: အခြေခံအားဖြင့် အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ထားသော်လည်း အချို့သော အခြေအနေများတွင် Part-time လုပ်ကိုင်ရန် ခွင့်ပြုချက် (Work Permit) လျှောက်ထားနိုင်ပါသည်။

ဘာကြောင့် ကျွန်မတို့ဆီမှာ အပ်သင့်တာလဲ?

✨ ခေါ်ယူသူ၏ အခြေအနေကို အရင်ဆုံး သေချာစစ်ဆေးပေးခြင်း (Visa Consulting)။

✨ လိုအပ်တဲ့ ဘာသာပြန်နဲ့ Notary ကိစ္စများ ကူညီပေးခြင်း။

✨ ဗီဇာကျနိုင်ခြေအများဆုံးဖြစ်အောင် စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်ပေးခြင်း။

မိသားစုနဲ့ ပြန်လည်ဆုံစည်းဖို့ အိပ်မက်ကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် အခုပဲ 010-8325-2606 သို့မဟုတ် Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။ 💬

ကိုရီးယားမှာ အလုပ်အကိုင်နဲ့ ပညာရေးအတွက် အရေးပါတဲ့ TOPIK II Level 4 ကို (၃) လအတွင်း အပိုင်ယူမလား? 🇰🇷✨TOPIK II စာမေးပွဲအတွ...
11/06/2026

ကိုရီးယားမှာ အလုပ်အကိုင်နဲ့ ပညာရေးအတွက် အရေးပါတဲ့ TOPIK II Level 4 ကို (၃) လအတွင်း အပိုင်ယူမလား? 🇰🇷✨

TOPIK II စာမေးပွဲအတွက် ဘယ်ကစပြီး ပြင်ဆင်ရမှန်း မသိဖြစ်နေပါသလား? မေးခွန်းဟောင်းတွေကို ထိထိရောက်ရောက် ဖြေဆိုနိုင်ဖို့ လမ်းညွှန်မှု လိုအပ်နေပါသလား?

သင်တန်းသား/သူ တစ်ဦးချင်းစီကို အနီးကပ် လမ်းညွှန်မှုတွေနဲ့အတူ စာမေးပွဲပုံစံတူ မေးခွန်းဟောင်းတွေကို စနစ်တကျ လေ့ကျင့်ပေးသွားမယ့် TOPIK II (Level 4) (၃) လပြတ်အတန်း ရှိပါတယ်။

✅ စာမေးပွဲအောင်မြင်မှုအတွက် အကောင်းဆုံး သင်ရိုးဖြင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။

✅ (၃) လအတွင်း Level 4 အထိ ရောက်ရှိစေမည့် သေချာသော လမ်းညွှန်မှု။

📥 တက်ရောက်လိုသူများအနေဖြင့်:
အသေးစိတ်ကို Messenger သို့မဟုတ် 📱 010-8325-2606 သို့ ဆက်သွယ်မေးမြန်းနိုင်ပါပြီရှင်။

#ကိုရီးယားဘာသာစကား

နှင်းဆီပန်းတွေရှိရာ…. 🌹❤️
05/06/2026

နှင်းဆီပန်းတွေရှိရာ…. 🌹❤️

📌 ကိုရီးယားမှာ ကလေးကို ကျောင်းမထားရင် မိဘက ဥပဒေအရ အရေးယူခံပါတယ်…. 🇰🇷 ကိုရီးယားမှာ အခြေခံပညာရေးဟာ မသင်မနေရ ပညာရေး စနစ်ပါ…...
04/06/2026

📌 ကိုရီးယားမှာ ကလေးကို ကျောင်းမထားရင် မိဘက ဥပဒေအရ အရေးယူခံပါတယ်…. 🇰🇷

ကိုရီးယားမှာ အခြေခံပညာရေးဟာ မသင်မနေရ ပညာရေး စနစ်ပါ…

ကိုရီးယား ဆရာ၊ဆရာမတွေ အမြဲပြောပြလေ့ရှိတဲ့ အကြောင်းက ကိုရီးယားနိုင်ငံဟာ စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝကနေ အခုလို ထိပ်တန်းနည်းပညာနိုင်ငံ ဖြစ်လာရခြင်းရဲ့ အဓိက သော့ချက်ဟာ ပညာရေး ပါပဲတဲ့… အဲ့ဒီထဲမှာမှ နိုင်ငံသားတိုင်း မဖြစ်မနေ အရည်အချင်း ပြည့်မီစေဖို့ ပြဌာန်းထားတဲ့ ဥပဒေက မသင်မနေရ ပညာရေးဥပဒေဆိုတာ ရှိပါတယ်။

သူတို့က ကလေးလေးတွေဟာ နိုင်ငံတော် အတွက် အနာဂတ်ဆိုပြီး သတ်မှတ်တာမို့ အဲ့ဥပဒေကို ပြဠာန်းထားကြတာပါ။

ကိုရီးယားမှာ ကလေးတစ်ယောက်ဟာ အသက် ၆ နှစ်ပြည့်လို့ မူလတန်းတက်ရမယ့် အရွယ်ရောက်ပြီဆိုတာနဲ့ အစိုးရ (မြို့နယ်ရုံး) ကနေ မိဘတွေဆီ ကျောင်းအပ်ဖို့ သတိပေးစာကို အိမ်ထိ ပို့ပေးပါတယ်။

အကယ်၍ မိဘက အကြောင်းပြချက်မရှိဘဲ ကလေးကို ကျောင်းမထားဘူး၊ ဒါမှမဟုတ် ကျောင်းမလွှတ်ဘဲ အိမ်မှာပဲ ထားမယ်ဆိုရင် ကျောင်းအုပ်ကြီးနဲ့ မြို့နယ်တာဝန်ရှိသူတွေက အိမ်အထိ လိုက်လံစစ်ဆေးပါတယ်။ မိဘက ကလေးရဲ့ ပညာသင်ကြားခွင့်ကို တမင်ပိတ်ပင်ထားတယ်လို့ ယူဆရင် ကလေးသူငယ်စောင့်ရှောက်ရေးဥပဒေ အရ ကလေးညှဉ်းပန်းနှိပ်စက်မှု့ နဲ့ တရားစွဲဆိုခံရနိုင်ပြီး ဒဏ်ငွေရိုက်ခံရနိုင်ပါတယ်။

ပိုက်ဆံမရှိလို့ ကျောင်းမထားနိုင်ဘူးဆိုပြီးတော့လဲ ဆင်ခြေပေးလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရက မူလတန်း ၆ နှစ်နဲ့ အလယ်တန်း ၃ နှစ် (စုစုပေါင်း ၉ နှစ်) လုံးကို အခမဲ့ တာဝန်ယူပေးထားပါတယ်။ ကျောင်းလခ၊ စာအုပ်ဖိုး၊ စာရေးကိရိယာ အစရှိသည်တို့ အတွက် ဘာမှပေးစရာမလိုပါဘူး။ အဲ့တာတွေ အပြင်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အရွယ် ကလေးလေးတွေ အတွက် အာဟာရချို့တဲ့မှာစိုးလို့ဆိုပြီး ကလေးတွေ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ နို့ထွက်ပစ္စည်း စုံလင်စွာပါတဲ့ နေ့လယ်စာကို နေ့တိုင်း အခမဲ့ကျွေးပါတယ်။

နိုင်ငံသားတိုင်း အခြေခံစာတတ်မြောက်ရုံတင်မကဘဲ လူမှု့ပတ်ဝန်းကျင်မှာ အရည်အချင်းရှိရှိ ရှင်သန်နိုင်အောင် အစိုးရက ဥပဒေနဲ့အညီ အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။

အဲ့တာအပြင် ကိုရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံခြားသား မိဘတွေရဲ့ ကလေးငယ်တွေဟာလည်း မိကိုရီးယားအစိုးရကျောင်းတွေမှာ တက်ရောက်ခွင့် လျှောက်ထားနိုင်ပြီး ကိုရီးယားကလေးတွေနည်းတူ အခမဲ့ ပညာသင်ကြားခွင့် ရပါတယ်။

မြန်မာနိုင်ငံမှာလည်း အခု ၆ လပိုင်း ကျောင်းဖွင့်ချိန်ဆို အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ရလို့ ကျောင်းတက်ချင်တဲ့ ကလေးလေးတွေရဲ့ video တွေ မြင်တိုင်း ပိုက်ဆံမရှိလို့ ကျောင်းမတက်ရတာမျိုး မရှိဘဲ၊ ကလေးတိုင်း ကျောင်းနေခွင့်ရအောင် အခုလို ပညာရေးဥပဒေမျိုး ရှိလာစေချင်မိတာပါပဲ။

🎯 အချိန်တိုအတွင်း TOPIK Level 4 အောင်မြင်ဖို့ အဆင်သင့်ပဲလား? အလုပ်တွေ၊ ကျောင်းကိစ္စတွေကြားထဲကနေ ၄ လအတွင်းမှာ TOPIK Level...
04/06/2026

🎯 အချိန်တိုအတွင်း TOPIK Level 4 အောင်မြင်ဖို့ အဆင်သင့်ပဲလား?

အလုပ်တွေ၊ ကျောင်းကိစ္စတွေကြားထဲကနေ ၄ လအတွင်းမှာ TOPIK Level 4 ကို ရောက်အောင် သွားချင်သူများအတွက် အထူးသီးသန့် အတန်းလေး လာပါပြီ။

Level 2 ကနေ Level 4 ကို ခုန်ကူးနိုင်မယ့် ထိရောက်သေချာတဲ့ သင်ကြားမှု့ ပုံစံများ။

✅ 쓰기 ရေးတဲ့အခါ အမှားနည်းပြီး အမှတ်အများဆုံးရမယ့် နည်းဗျူဟာတွေကို အနီးကပ် စစ်ဆေးသင်ကြားပေးခြင်း။

✅ လူအများကြီးကြားထဲ အာရုံမပျံ့စေဘဲ တစ်ဦးချင်းစီရဲ့ အားနည်းချက်ပေါ် မူတည်ပြီး ပြုပြင်ပေးမယ့် စနစ်။

၄ လဆိုတဲ့ ကာလအတွင်းမှာ ကိုယ့်ရဲ့ ကိုရီးယားစာ အရည်အချင်းကို အကောင်းဆုံး အဆင့်မြှင့်တင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ ✨

📱 ဖုန်းဖြင့် စုံစမ်းရန်: 010-8325-2606
💬 Page Messenger: Mie-Time Korea

🚗 ကိုရီးယားမှာ ကားမောင်းချင်ပေမဲ့ ရေးဖြေ စာမေးပွဲအတွက် စိတ်ပူနေပါသလား။ကိုရီးယားရောက် မြန်မာ့မိသားစုဝင်တွေအတွက် "ကိုရီးယာ...
29/05/2026

🚗 ကိုရီးယားမှာ ကားမောင်းချင်ပေမဲ့ ရေးဖြေ စာမေးပွဲအတွက် စိတ်ပူနေပါသလား။

ကိုရီးယားရောက် မြန်မာ့မိသားစုဝင်တွေအတွက် "ကိုရီးယား ယာဉ်မောင်းလိုင်စင် (ရေးဖြေ) အထူးတန်း အသစ်ဖွင့်ပါမယ်ရှင်။🥰

"ကိုရီးယားစာ သိပ်မကျွမ်းကျင်လို့ စာမေးပွဲအောင်ပါ့မလား" ဆိုပြီး စိတ်ပူနေစရာ မလိုတော့ပါဘူးနော်။ မြန်မာလို သေချာနားလည်အောင် အသေးစိတ် သင်ကြားပေးသွားမှာ ဖြစ်လို့ စိတ်အေးလက်အေး တက်ရောက်နိုင်ပါတယ်။

📅 သင်တန်းအသေးစိတ် -

သင်တန်းရက် - တနင်္လာ / သောကြာ

အချိန် - ည ၈:၃၀ နာရီ (ကိုရီးယားစံတော်ချိန်)

သင်ကြားမည့်စနစ် - Zoom Online Class (အိမ်ကနေ သက်သောင့်သက်သာ တက်ရောက်နိုင်ပါတယ်)

သင်တန်းကာလ - ၂ လခွဲ

⚠️ လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်ရှင်။

လိုင်စင်ကို တစ်ခါတည်းနဲ့ အောင်မြင်အောင် ဖြေဆိုချင်တယ်ဆိုရင်တော့ အခုပဲ Mie-Time Korea ကို ဆက်သွယ်လိုက်ပါ။ 👇

📞 Phone: 010-8325-2606
📩 Page Messenger ကနေလည်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

#ကိုရီးယားယာဉ်မောင်းလိုင်စင် #ကိုရီးယားလိုင်စင်ရေးဖြေ #ယာဉ်မောင်းလိုင်စင်ရေးဖြေ #ကိုရီးယားကားမောင်းလိုင်စင် ်တန်း #အွန်လိုင်းသင်တန်း #ကိုရီးယားဘာသာစကား #လိုင်စင်အထူးတန်း #ကိုရီးယားရောက်မြန်မာများ

Address

남구
Busan

Alerts

Be the first to know and let us send you an email when Mie Time posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mie Time:

Shortcuts

Share