09/05/2026
ှာ_သူငယ်ချင်းကိုဓာတ်ပုံရိုက်ပေးနေရင်း_ယန်းသောင်း၅၀ပျောက်သွားတဲ့အကြောင်း
ဒီနေ့ မတွေ့ဖြစ်တာကြာတဲ့သူငယ်ချင်းကို Nambaလိုက်ပို့ဓာတ်ပုံအတူရိုက်ကြရင်း လက်ကိုင်အိတ်တွေအနောက်မှာချထားပီး ခါတိုင်းလိုပဲ ပုံရိုက်နေကြတာရယ်
ပုံမှန်ဆို Cashကို 30,000/40,000အပြင် ထုတ်မထားတတ်ပေမယ့် ဒီနေ့တော့ ကိစ္စလေးရှိလို့ ATMသွားပီး သောင်း၅၀ထုတ်ခဲ့တာ😢
သူငယ်ချင်းအိတ်2အိတ်နဲ့ကျမအိတ် Total3အိတ်လုံး အတူချထားတာပါ ရှေ့မှာပုံရိုက်နေကြတော့ အိတ်တွေကိုသတိထားဖို့မေ့သွားတာလဲ ပါတယ်
သတိထားမိတဲ့အချိန်မှာ သူငယ်ချင်းကလဲ အိတ်ရှာ ကျမလဲနည်းနည်းဝေးဝေးကိုသွားပီး ဖုန်းဆက် အဲ့ချိန်မှာ အသက်30ဝန်းကျင် ယောက်ျားတစ်ယောက် အနားလာပီး ကျမသူငယ်ချင်းကို ပုံရိုက်ခိုင်းတယ်တဲ့ ပီးတော့ ကျမကိုညွှန်ပြပီး သူငယ်ချင်းကဘာဖြစ်တာလဲ မေးတယ်တဲ့
ကျမတို့နှစ်ယောက် သူငယ်ချင်းမှန်း သူဘယ်လိုသိ😑
(ဒီနေရာမှာ သူ့က်ိုသံသယရှိတာတော့မဟုတ်ပါဘူး ပုံမှန်ဆို ဂျပန်လိုနေရာမျိုးမှာ ဘယ်သူစိမ်းကမှ အချိိန်ကုန်ခံပီး လိုက်ကူညီဖို့နေသာသာ တစ်ခုခုမေးရင်တောင် မဖြေချင်ကြတဲ့သူက များတာမို့_ပျောက်တဲ့ပိုက်ဆံကတော့ ပျောက်သွားပီဆိုတော့ ဘယ်သူ့ကိုမှ ထူးပီးအပြစ်မတင်ချင်/ဘဏ်ကဒ်နဲ့တခြားကဒ်တွေထည့်ထားတဲ့အိတ် ရဲစခန်းမှာ အပ်ပေးခဲ့တာကိုပဲ ကြံဖန်ကျေးဇူးတင်ရပါတယ်)
ပိုက်ဆံအိတ်ပျောက်လို့ပါလို့ပြောတော့ “အိတ်ကဘာအရောင်လဲ” “အဲ့အရောင်ဆို သူသိတယ်” “တစ်ယောက်ယောက်ယူသွားတာတွေ့လိုက်တယ်” “ရဲစခန်းဒီနားမှာရှိတယ် လိုက်ပို့မယ်” ပြောပီး လိုက်ပို့ပါတယ်
ရဲစခန်းမှာ လူမရှိတော့ ဆန့်ကျင်ဘက်လမ်းမှာလဲ ရဲစခန်းတစ်ခုရှိလို့ အဲ့ကိုထပ်သွားကြည့်ပါလို့ပြောပါတယ် သူ့ကို ကျေးဇူးတင်ပါတယ်ပြောပီး အဲ့နေရာမှာသူနဲ့ကိစ္စ ပီးသွားတယ်ပေါ့နော်
10minလောက် လမ်းလျှောက်ပီး ဆန့်ကျင်ဘက်ရဲစခန်းရောက်တော့ Y***ဆိုတဲ့နာမည်နဲ့လားတဲ့ အဲ့နာမည်နဲ့ပိုက်ဆံအိတ်ဆိုရင် ဟိုဘက်ကရဲစခန်းမှာရှိပါတယ်တဲ့(ကျမတို့ ပထမလာခဲ့တဲ့ ရဲစခန်းကိုဆိုလိုတာပါ)
အဲဒါနဲ့ ပထမရဲစခန်းကိုပြန်သွား/ရောက်တော့ အထဲမှာဘာတွေပါလဲ ရဲကမေး သောင်း၅၀ပါတယ်ဆိုတော့ ရဲက “ဟင်”တဲ့ ဘဏ်ကဒ်တွေနဲ့ တခြားပစ္စည်းအကုန်ပါပေမယ့် သောင်း၅၀မပါ ပါတဲ့ရှင် 😢
ဘယ်ကစပီးဘယ်လိုစဉ်းစားရမလဲမသိပေမယ့် ဘယ်သူမပြုမိမိမှုပါ
သတိဆိုတာပိုတယ်မရှိတာမို့ သွားနေကျနေရာ/စိတ်ချရတဲ့ပတ်ဝန်းကျင်ဆိုတဲ့နေရာမျိုးတွေမှာတောင် အမှတ်တမဲ့ဖြစ်တတ်တာလေးတွေမို့ အားလုံးသတိထားရအောင် shareပေးလိုက်ပါတယ်
ကျမတော့Cashသုံးဖို့ကို သေလောက်အောင် ကြောက်သွားပါပီ😢