02/06/2023
"ဂျပန်စာမြန်မြန်တိုးတက်စေပြီး စာမေးပွဲကို အမြန်ဆုံးအောင်မြင်စွာဖြေဆိုနိုင်ပြီး တစ်ရက်လျှင် 24 နာရီပတ်လုံး လေ့လာသင်ယူနိုင်သည်။"
၇ ရက် အခမဲ့ ကြည့်ရှုနိုင်သော ဂျပန်အွန်လိုင်း ဗီဒီယို သင်ထောက်ကူပညာရေး လမ်းညွှန်
ဂျပန်စာအွန်လိုင်းဗီဒီယို သင်ထောက်ကူပညာရေးကို ဂျပန်ဘာသာလေ့လာနေသော နိုင်ငံခြားသားများအား ရောင်းချပေးနေပါသည်။ ဂျပန်ဆရာများ သင်ကြားပေးသော အတန်းများတွင် သင်ယူနိုင်သည့် အွန်လိုင်းဗီဒီယိုများဖြင့် မှန်ကန်သော ဂျပန်အသံထွက်ကို နားထောင်ရင်း အင်တာနက်ချိတ်ဆက်ထားသရွေ့ နေရာမရွေး အချိန်မရွေး တစ်နေ့ 24 နာရီ လေ့လာနိုင်ပါသည်။
ဟီရာဂန၊ ခတဂန၊ ခန်းဂျီ၊ ဝေါဟာရ၊ Listening၊ သဒ္ဒါနှင့် လေ့ကျင့်ခန်းများ ကို လေ့လာရင်း ကိုယ့်ရဲ့ ဂျပန်စာLevelက ဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးနိုင်ပါသည်။ အွန်လိုင်းဗီဒီယိုများကိုလေ့လာရင်းနဲ့ မှားတဲ့နေရာများကို ထပ်မံလေ့လာနိုင်ပါသည်၊ ထို့ကြောင့် သင်နားမလည်သောအရာကို နားလည်အောင် လုပ်ပီး သင့်ရဲ့ ဂျပန်စာLevelကို တိုးတက်စေနိုင်သည်။ အပတ်တကုတ်ကြိုးစား လေ့လာလိုသူများအတွက် အလွန်ကောင်းမွန်သော online video သင်ကြားရေး လေးတစ်ခုပါ။ ဒီဗီဒီယိုကို နေ့တိုင်းလေ့လာပြီး ဂျပန်ဆရာပြောသော စကားများကို ထပ်ခါတလဲလဲ နားထောင်ပါက၊ ဂျပန်လူမျိုးများပြောသော စကားပြောနှုန်းနဲ့ ကျင့်သားရလာမည်ဖြစ်သည်။ ဒီလိုမျိုးလေ့လာရင်းနဲ့ သင်၏ နားထောင်မှုစွမ်းရည်ကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါသည်။
"ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPTကို အောင်မြင်ရန် စာမေးပွဲ အတွက် အထူးထုတ်ထားသောစီးရီး" နှင့် "ကျွမ်းကျင်လုပ်သားအရည်အချင်းစစ်စာမေးပွဲ" များ၏ အွန်လိုင်းသင်ကြားရေး ဗီဒီယိုများကိုလည်း ကြည့်ရှုနိုင်ပါသည်။ ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာ စကားကျောင်းများ၏ သင်ကြားမှုပုံစံကို အခြေခံပီး သင်ယူမှု အရည်အသွေးမြင့်မားသော အွန်လိုင်းဗီဒီယိုများဖြင့် လေ့လာနိုင်ပါသည်။ အထူးသဖြင့် ဤစီးရီးသည် စာမေးပွဲအတွက် အထူးပြင်ဆင်ထားသော ဗီဒီယိုများကို ထပ်ခါတလဲလဲ လေ့လာခြင်းသည် စာမေးပွဲ အောင်မြင်ရန် အခွင့်အလမ်းကို တိုးစေမည်ဖြစ်သည်။
ဤအွန်လိုင်းဗီဒီယိုဖိုင်ကို ပထမ 7 ရက်အတွင်း အခမဲ့ကြည့်ရှုနိုင်ပါသည်။ လေ့လာလိုပါက အောက်ပါ QR ကုဒ်ကိုဖတ်ပါ၊ သင်၏ ① အမည်၊ ② အီးမေးလ်လိပ်စာနှင့် ③ "ကျွန်ုပ်အွန်လိုင်းဗီဒီယိုကို လိုချင်ပါသည်" ကို ထည့်သွင်းပါ။
[အွန်လိုင်းဗီဒီယို သင်ထောက်ကူပညာရေးကို လေ့လာရာတွင်လိုက်နာရမည့်အချက်များ။]
① အွန်လိုင်းဗီဒီယို သင်ထောက်ကူပညာရေး၏ URL (ချိတ်ဆက်ရန်Link)၊ ID နှင့် စကားဝှက်တို့ကို သုံးပြုမည့်ကျောင်းသားတစ်ဦးထဲသာ အသုံးပြုနိုင်သည်။
② အွန်လိုင်းဗီဒီယို သင်ထောက်ကူပညာရေး၏ URL (ချိတ်ဆက်ရန်Link)၊ ID၊ စကားဝှက်စသည်တို့ကို အခြားသူများနှင့် မမျှဝေပါနှင့်။
သင်ကိုယ်တိုင် သာမက အခြား လူများပါ သင်ကြားရေးဗီဒီယိုများကိုကြည့်ရှုပါက တရားမဝင်ပါ။