Povano office valise

Povano office valise hola me siguen

Who are you? I love you🥰🥰🥰
27/11/2025

Who are you? I love you🥰🥰🥰

07/04/2025

အရေးပေါ်ဒေသတွေကို အချိန်မီထောက်ကူပါ

မတ်လ ၂၈ ရက် ပြင်းထန်စွာလှူပ်ခတ်ခဲ့တဲ့ ငလျင်ဘေးအပြင် နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် ၅.၄.၂၀၂၅ (မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ)
သေဆုံးသူ - ၄၁၇၄
ထိခိုက်ဒဏ်ရာရသူ - ၆၁၆၈
ပျောက်ဆုံးသူ - ၇၆၉
ကယ်ဆယ်ရရှိသူ - ၄၉၈ ဦးဖြစ်ကြောင်း ယုံကြည်စိတ်ချရသော ဒေတာအချက်အလက်များအရ သိရပါတယ်။

မြေပြင်မှာ အရေးကြီးလိုအပ်နေတဲ့ အကူအညီများစွာကို လျှင်မြန်စွာပေးနိုင်ဖို့အတွက် Ministry of Humanitarian Affairs and Disaster Management - NUG မှ ငလျင့်ဘေးသင့် ထိခိုက်ဒေသတွေကို ခြုံငုံနိုင်ရန် ကောက်ခံရရှိပြီးသော လှူဒါန်းငွေများကို နေ့စဉ်နဲ့အမျှ လွှဲပို့ ထောက်ပံ့နေလျက်ရှိပြီး ဧပြီလ (၁၁)ရက်နေ့အထိ "မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး" ကမ်ပိန်းမှာ ဝိုင်းဝန်းပါဝင်ထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#မြေငလျင်သဘာဝဘေး
#ထောက်ပံ့စာနာကူညီပေး



#ကူညီတွဲလက်SCF

07/04/2025

၇ ရက်အတွင်း သိန်းပေါင်း ၁၃၀၀၀ ကျော်

"မြေငလျင် သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်းမှာ ၆ ရက်အတွင်း မြန်မာငွေကျပ် သိန်းပေါင်း 1️⃣3️⃣0️⃣0️⃣0️⃣ ကျော် (၁.၃ ဘီလီယံကျော်) ရရှိတဲ့အထိ စာနာရက်ရောစွာဖြင့် တက်တက်ကြွကြွ စုပေါင်းပါဝင်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ Spring Development Bank ၊ အောင်လံလွှင့်ချီ နွေဦးထီ ၊ Spring CrowdFund - နွေဦးလူထုရန်ပုံငွေ အသုံးပြုသူ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ရရှိသမျှထောက်ပံ့ငွေများကို Ministry of Humanitarian Affairs and Disaster Management - NUG သို့ အမြန်ဆုံးလွှဲပြောင်း၍ ငလျင်ဘေးသင့်ဒေသမှ ပြည်သူများကို ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။

ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#မြေငလျင်သဘာဝဘေး
#ထောက်ပံ့စာနာကူညီပေး



#ကူညီတွဲလက်SCF

03/04/2025

Binance Charity နဲ့ CZ တို့ ပေါင်းပြီး မြန်မာနဲ့ ထိုင်းနိုင်ငံတွေက ငလျင်ဘေးသင့်ပြည်သူတွေကို $1.5 million ပေးလှူသွားမယ့်သတင်းကို အတော် များများ သိကြပြီး ဖြစ်ပါတယ်။
March လ 31 ရက်နေ့မတိုင်ခင် Binance KYC အောင်ပြီးသား Active ဖြစ်နေတဲ့ Myanmar account အားလုံးက $5 စာ BNB ရမှာ ဖြစ်ပြီး မြန်မာနိုင်ငံနေရာအများစုမှာ ရှိတဲ့ လိပ်စာ တင်ပြီးသား account တွေကတော့ $50 တန်ဖိုးရှိ BNB ရမှာ ဖြစ်ပါတယ်။ KYC တင်တာကိုတော့ April လ 14 ရက်နေ့အထိ ခွင့်ပြုထားတာ ဖြစ်တဲ့အတွက် KYC မအောင်သေးတဲ့ account တွေအနေနဲ့ KYC တင်ဖို့ အချိန် 2 ပတ် နီးပါး ရမှာ ဖြစ်ပါတယ်။
ဒီလို မြန်မာငလျင်ဘေးသင့်ပြည်သူတွေအတွက် အလှူကြီး ပထမဆုံး လုပ်တဲ့ Crypto Exchange ဖြစ်တဲ့ Binance ကို အထူးကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက Binance user တိုင်းကို BNB airdrop ချပေးလိုက်သလို ဖြစ်သွားတဲ့အခါမှာ ငလျင်ဘေးသင့်ဒေသတွေမှာ Binance account ဖွင့်ထားပြီးသူတွေလည်း အများကြီးရှိမနေနိုင်သလို ရှိနေခဲ့ရင်တောင်မှ လျှပ်စစ်မီးအခက်အခဲတွေ၊ အင်တာနက်အခက်အခဲတွေ၊ ငွေသားစီးဆင်းလည်ပတ်မှုအခက်အခဲတွေကြားမှာ airdrop ရထားတဲ့ BNB တွေကို ငွေသားအဖြစ် ပြောင်းလဲဖို့ရာ စိန်ခေါ်မှုတွေ အများကြီးရှိလာစေနိုင်ကြောင်း ထောက်ပြပြောဆိုမှုတွေရှိပါတယ်။
ငလျင်လှုပ်ခတ်မှုပြီးနောက်ပိုင်းမှာ CZ ဆီက 500 BNB နဲ့ Binance ဖက်ကနေ ကူညီထောက်ပံ့မှုတွေ ပေးမယ်ဆိုပြီး ကြေငြာချက်နဲ့အတူ Myan Crypto team အပါအဝင် Binance KOL တွေဖက်ကလည်း လိုအပ်တဲ့ မြေပြင်အချက်အလက်တွေ ကူညီဖြည့်ဆည်းပေးဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ Binance နဲ့လည်း တောက်လျှောက် အဆက်အသွယ် ရှိနေပြီးတော့ လိုအပ်တဲ့အချက်တွေ ပေးနေခဲ့ပေမယ့် ဒီ အလှူအစီအစဥ်ကိုတော့ အားလုံးနည်းတူ ကြေညာချက်ထွက်လာတဲ့အခါမှသာ သိခဲ့ရတဲ့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း အမြန်ဆုံး Binance ဘက်က contact နဲ့ meeting တခု စီစဥ်ပြီး အားလုံးရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ Binance ရဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ပါတယ်။
Binance အနေနဲ့ အခုလို အလောတကြီး အစီအစဉ်‌ အကောင်အထည်ဖော်တဲ့ကိစ္စမှာ ဘာတွေစဥ်းစားခဲ့လဲဆိုတာကို သူတို့ ပြောပြသမျှ ပြန်လည်ဖော်ပြပေးချင်ပါတယ်။
စကစ လက်အောက်မှာ ရှိတဲ့ အဖွဲ့တွေကို ရွေးချယ်ဖို့ မသင့်တဲ့အတွက် ဒီအဖွဲ့တွေကို ပယ်ခဲ့ပါတယ်။ နိုင်ငံတကာက NGO အကြီးတွေကလည်း စကစ ခွင့်ပြုချက် ရမှ လှုပ်ရှားနိုင်မှာ ဖြစ်လို့ အလှူငွေကို ထိထိရောက်ရောက်မသုံးနိုင်မှာ စိုးရိမ်ခဲ့တဲ့အတွက် ပြည်သူတွေလက်ထဲ ထည့်ပေးပြီး ပြည်သူရဲ့ စုပေါင်းအင်အားကို အားကိုးမယ်လို့ ဆုံးဖြတ်ချက်ခဲ့ကြောင်း ဝေမျှပါတယ်။
ဒီကိစ္စက CZ ရဲ့ original post မှာ ရေးထားသလို user direct လှူတာမျိုးကို အသားပေး စဥ်းစားထားတာဖြစ်ကြောင်းလည်း သူတို့ဘက်က မျှဝေခဲ့ပါတယ်။
နောက်ထပ် စဥ်းစားချက်မှာတော့ April Fool (1st April) မှာ ကြေညာချက်ကို မထုတ်ချင်တဲ့အတွက် KOL တွေနဲ့ Binance Angel တွေရဲ့ Feedback ကိုမယူဘဲ အလောတကြီး ဆုံးဖြတ်ချက်ချ၊ ကြေငြာခဲ့ရကြောင်းရှင်းပြပါတယ်။ အကျဥ်းချုပ်ရရင်တော့ Binance ဖက်က သူတို့ရဲ့ စံချိန်စံညွှန်းတွေ၊ လိုက်နာရမယ့် စည်းကမ်းတွေအရ ဘောင်အတွင်းကနေ လုပ်ရတဲ့ကိစ္စမျိုးဖြစ်နေတာကြောင့် ရွေးချယ်ရခက်ခက်နဲ့ပဲ ဆုံးဖြတ်ခဲ့ကြရတာဖြစ်ကြောင်း ပြန်အသိပေးလာပါတယ်။
ဒီနေရာမှာ ကျနော်တို့အနေနဲ့ သူတို့ရဲ့ ရှင်းပြချက်တွေကို မေးခွန်းပြန်မထုတ်တော့ဘဲ ဒုက္ခရောက်နေသူတွေကို ဘယ်လိုအကောင်းဆုံး ဆက်ပြီးကူညီသွားမယ်နိုင်မလဲဆိုတာကိုပဲ ဦးစားပေး ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ကျနော်တို့အထင်ကတော့ Myanmar user တွေက Binance ဘက်က ပေးထားတဲ့ အလှူငွေကို ယူနိုင်ဖို့ အခက်အခဲများစွာ ရှိမှာ ဖြစ်တဲ့အတွက် Budget ပိုငွေ ထွက်လာပါလိမ့်မယ်။ ဒီပိုငွေကို ထပ်လှူလို့ ရမယ့် ပုံစံတွေကို မြန်မာတွေနဲ့ အတူ ဆက်ပြီး အဖြေရှာဖို့ အကြံပေးခဲ့ပါတယ်။ ဒီအတွက် လိုအပ်သမျှကိုလည်း အကူအညီပေး သွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ Binance ဘက်ကလည်း ဒီ BNB Airdrop မှာတင်မရပ်ပဲ တခြား ကူညီနိုင်မယ့် ပုံစံတွေကို ဆက်လက် ရှာဖွေဦးမှာ ဖြစ်ကြောင်း သဘောတူပါတယ်။
နောက်ထပ်တခုကတော့ ကျနော်တို့အားလုံး အတူတူ ပါဝင်ကြရမယ့် ကိစ္စဖြစ်တဲ့အတွက် Crypto Community ကို အကူအညီ တောင်းပါရစေ။
April လ 14 ရက်နေ့ မှာ Myanmar user အများစုရဲ့ Binance Reward Hub ထဲကို $5 တန်ဖိုးရှိ BNB၊ လူနည်းစုက $50 တန်ဖိုးရှိ BNB Voucher ရရှိမှာ ဖြစ်ပါတယ်။ ဒီ BNB တွေကို နည်း ၂ နည်းနဲ့ ဒုက္ခရောက်နေတဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ပြန်လှူနိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အရင်ဆုံး BNB ကို USDT ပြောင်းရပါမယ်။ပြီးရင်တော့
နည်း ၁ - P2P ကနေ MMK ပြောင်းထုတ်ပြီး ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေဆီ လွှဲပြောင်း ကူညီတာလုပ်နိုင်ပါတယ်။
နည်း ၂ - On-Chain Withdrawal လုပ်ပြီး Spring Development Bank (SDB) သုံးတာဖြစ်ပါတယ်။ Polygon Chain ကနေ USDT ထုတ်ရင် $0.05 သာ ကျသင့်ပါတယ်။ ဒီနေရာမှာတော့ SDB က အနည်းဆုံး $10 မှ Deposit ရတာ ဖြစ်တဲ့အတွက် Binance account 2 ခု၊ 3 ခု ကို SDB accountတခုစီ ထုတ်လို့ ရနိုင်ပါတယ်။ SDB ထဲရောက်ပြီဆိုရင်တော့ Spring CrowdFund - နွေဦးလူထုရန်ပုံငွေ (SCF) သို့မဟုတ် ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေဆီတိုက်ရိုက် ကူညီတာလုပ်နိုင်ပါတယ်။
Binance ကနေ SDB ထဲကို USDT ထုတ်နည်းကိုတော့ https://www.facebook.com/share/p/1KUtFKNjky/ ကနေ ကြည့်နိုင်ပါတယ်။
ဒီနေရာမှာ တခု အထူးသတိထားရမှာကတော့ Binance Pay ဒါမှမဟုတ် နည်းလမ်းတခုခုကို သုံးပြီး $5 ရ BNB တွေကို Binance account တခုတည်းကို စုမထည့်ဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့ရင်တော့ Binance ဘက်ကနေ မသမာမှုတွေလုပ်နေတယ်အထင်နဲ့ “အလှူငွေတွေကို တဦးတယောက်တည်းက ရယူနေမှု သံသယ” ဖြစ်ပြီး အကောင့် ပိတ်ခံရတာတွေ၊ စစ်ဆေးခံရတာတွေ ဖြစ်နိုင်ပါတယ်။
ကျနော်တို့ MCM အနေနဲ့ Binance ကို ဒီထက်ကောင်းတဲ့ plan တွေနဲ့ တန်းပြီး ထွက်လာအောင် တွန်းအားမပေးနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် အားမရ မကျေနပ်ဖြစ်ပါတယ်။ ဒီအတွက်လည်း ခုထက်ပိုပြီး ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကြိုးစားသွားမယ်ဆိုတာကို ကတိပြုချင်ပါတယ်။ အားလုံးပါဝင်မှသာ ဒီအလှူက ပိုမို ထိရောက်မှာ ဖြစ်တဲ့အတွက် Crypto Community တခုလုံးကို လေးစားစွာ အကူအညီတောင်းပါတယ် ခင်ဗျာ။
မှတ်ချက် - Binance ဘက်က ပြောထားချက်အရ အခုမှ အကောင့်ဖွင့်မည့် သူများ POA တင်မည့်သူများ အလှူငွေ မရနိုင်ပါ။​ ၁၄ ရက်နေ့အထိ လက်ရှိ အကောင့် ဖွင့်ပြီးထားသော်လည်း KYC မအောင်သေးသူများသာ KYC တင်ခွင့် ရှိပါတယ်။
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel
Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://www.binance.com/join?ref=SBKZZWWJ
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

01/04/2025
01/04/2025

ဝက်ဝံတိုက်ခိုက်မှု ဧပြီ ၄ အထိ ရပ်ဆိုင်းလိုက်ပြီ 🐻❌

သဘာဝ ငလျင်ဘေးဒဏ်သင့် နွေဦးပျားရဲဘော်များစွာအတွက် အင်မတန် ကြေကွဲဝမ်းနည်း ရပါတယ်။

အင်တာနက်လိုင်း အခက်အခဲများကို စာနာထောက်ထား၍ ပျားကမ္ဘာထဲရှိ ၂၄ နာရီတိုင်း ပေါ်ပေါ်လာတဲ့ ဝက်ဝံဆိုးကို မတိုက်ခိုက်နိုင်အောင် ထိန်းသိမ်းထား လိုက်ပါပြီ။

ယနေ့မှစ၍ ဧပြီလ ၄ ရက်နေ့ အထိ တားမြစ်ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း နဲ့ လိုအပ်ပါက ရက်ထပ်မံ တိုးသွားပေးရန် ရှိကြောင်း အသိပေးအပ်ပါတယ်။

ပျားကမ္ဘာသို့ ဝင်ရောက်ရန်
🐝 t.me/springbees_bot

ငလျင်ဒဏ်သင့်သူများကို ထောက်ကူပါ
🆘 bit.ly/CrowdFundforEarthquake



30/03/2025

❤️‍🩹 မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာကူညီပေး

ပြည်သူအပေါင်းခမျာ ဖက်ဆစ်ကောင်စီရဲ့အကြမ်းဖက်မှုများကြောင့် ဘဝတွေလှုပ်ခတ်ပြိုလဲနေရချိန်မှာ ပြင်းထန်တဲ့ မြေငလျင်ရဲ့ လှုပ်ခတ်မှုဒဏ်များကိုပါ ရုတ်တရက် ရင်ဆိုင်နေကြရပါတယ်။

ငလျင်ဘေးကြောင့် အရေးပေါ်အမြန်ဆုံး ထောက်ပံ့အကူအညီလိုအပ်နေရှာတဲ့ နေရာဒေသအသီးသီးအတွက် နိုင်ငံအရပ်ရပ်မှ Spring Development Bank ၊ အောင်လံလွှင့်ချီ နွေဦးထီ ၊ SCF မိသားစုနှင့် အသုံးပြုသူများအနေနဲ့ စုပေါင်းပါဝင်မှုများနဲ့အတူ လုံခြုံစိတ်ချရတဲ့ ပြည်သူ့ဘက်တော်သားဘဏ် SDB မှ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေ အဖြစ် Ministry of Humanitarian Affairs and Disaster Management - NUG နှင့် ချိတ်ဆက်ပြီး လိုအပ်သည့် လုပ်ငန်းစဉ်များအတိုင်း နှောင့်နှေးမှုမရှိပဲ ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဧပြီလ ၁၁ ရက်နေ့အထိ ကောက်ခံသွားမှာဖြစ်လို့ Spring CrowdFund ( SCF ) မှာ SDB မှ ဦးဆောင်ပြုလုပ်ထားတဲ့ အရေးပေါ်ကမ်ပိန်းမှာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ဖို့ အသိမိတ်ဆွေများကိုလည်း တိုက်တွန်းနှိုးဆော်နိုင်ပါကြောင်း အထူး မေတ္တာရပ်ခံလိုပါတယ်။

ကမ်ပိန်းတွင် ပါဝင်ရန်
https://springcrowdfund.org/campaign/2a026f8a-6799-4a46-9fb6-b6f4526cfa4a

#မြေငလျင်သဘာဝဘေး
#ထောက်ပံ့စာနာကူညီပေး



#ကူညီတွဲလက်SCF

28/03/2025
27/03/2025

🏦 နွေဦးဘဏ်ရဲ့ ဝန်ဆောင်မှုတွေက ဘာတွေလဲ?

နွေဦးဘဏ် အကောင့်တစ်ခုရှိရုံနဲ့ မိမိရဲ့ ကိုယ်ပိုင်ငွေကြေးကို ငွေသား ၁၀ မျိုးနဲ့ဖြစ်စေ ရွှေအနေနဲ့ ဖြစ်စေ စိတ်တိုင်းကျ စုဆောင်းထားလို့ ရသလို ထောက်ပို့မယ် ဆိုရင်လဲ ရန်သူက ဘယ်လိုမှ ခြေရာခံလို့ မရတာမို့ မိမိနှစ်သက်ရာ ကမ်ပိန်းအဖွဲ့များကို လွတ်လွတ်လပ်လပ် စိတ်ကြိုက် ထောက်ပို့ပေးလို့ ရပါတယ်။

ဘယ်လောက်တောင် မိုက်နေလဲ 🥰

ယနေ့ စနေနေ့ ညမှာ 4C ချန်နယ်ကနေ Live လွှင့်ပြီး အဓိက ပြောပြသွားမယ့် အကြောင်းအရာတွေက -

💸 4C TruthNews နဲ့ နွေဦးဘဏ် အကောင့်ဖွင့်ပြီး လက်ဆောင်ယူမယ်

🏦 နွေဦးဘဏ်ရဲ့ ဝန်ဆောင်မှုတွေအကြောင်းနဲ့ ဘာတွေဝယ်လို့ရမလဲ လေ့လာမယ်

🐝 SpringBees ကမ္ဘာကို အလည်သွားမယ်

ဆိုတဲ့ အကြောင်းအရာတွေကို နွေဦးဘဏ်ရဲ့ အချောလေးတွေက ရှင်းပြသွားမှာဖြစ်လို့...

📅 မတ်လ (၂၂) ရက်နေ့ (စနေနေ့)
⏰ မြန်မာစံတော်ချိန် ည (၇) နာရီတိတိ

အချိန်မှာ အောက်မှာပြထားတဲ့ Live Stream Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှု နားဆင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

https://t.me/mmtruthnews?livestream=18c93799bb9e1dac23

မတ်လ (၂၇) ရက်နေ့အထိ နွေဦးဘဏ် အကောင့်ဖွင့်သူတိုင်းကို Referral Name (ရည်ညွှန်းသူ) နေရာမှာ partnerwith4c လို့ ရိုက်ထည့်လိုက်တာနဲ့ လက်ဆောင် ၅၀၀၀ ကျပ် ထည့်ပေးနေတာဖြစ်လို့ အကောင့်လေးတွေ ဖွင့်ထားဖို့ တိုက်တွန်းရင်း ဒီညမှာလည်း လာရောက် နားဆင်ကြဖို့ အကြံပြု ဖိတ်ခေါ်ပါတယ်။ 🫶



26/03/2025

“ဟာ သွားပါပြီ” ဆိုတဲ့ အခိုက်အတန့်မျိုး သင်ကြုံဖူးပါသလား။ 😫

နေ့စဉ်မပြတ် အမြဲကြိုးစားတုပ်နေလျက်နဲ့ ဝက်ဝံဆိုးတွေ ရောက်လာပြီး ကိုယ်ကြိုးစားထားသမျှ ဖျက်ဆီးချိုးဖဲ့သွားတာမျိုး နွေဦးပျားကမ္ဘာမှာ အနည်းဆုံးတကြိမ်တော့ ပက်ပင်းတိုး အကိုက်ခံရဖူးမှာပါ။😪

လက်တွေ့ဘဝမှာလည်း ရန်သူ့ဘက်က ဘယ်လောက်သောက်ကျန်းနေပါစေ ရင်ဆိုင်ခုခံ နေရသလို မိမိပျား ဘယ်လောက် level ကျကျ စိတ်မပျက်၊ အားမလျော့ပဲ ကြံကြံခိုင် ဆက်တုပ်ကြရင်း ပျားအုံများကို နေ့စဉ်ကာကွယ် တည်ဆောက်ကြရအောင်။ 🐝

SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
🕹️t.me/springbees_bot

SpringBees Group မှာ စုဝေးပါ
🌎 https://t.me/SpringBeesWorld



23/03/2025

အတားအဆီးမဲ့စွာ ငွေလွှဲပါ 💸

သမားရိုးကျ ဘဏ်စနစ်တွေရဲ့ အာဏာရှင် ဗဟိုချုပ်ချယ်မှု အောက်က အပြီးတိုင် လွတ်မြောက်နိုင်ဖို့အတွက် လွတ်လပ် ခေတ်မီတဲ့ နွေဦးဘဏ် ရှိနေပြီနော်။

ပြည်သူ့ဘဏ် SDB မှာ ကမ္ဘာ့ ငွေကြေး (၁၀) မျိုး စုံလင်တဲ့ အပြင် ဒစ်ဂျစ်တယ် ရွှေ တိုကင် gold token ကိုပါ စိတ်တိုင်းကျ လွှဲပြောင်း၊ ပေးပို့၊ လက်ခံနိုင်တာမို့ အခုကစ SDB ကို ရွေးချယ် အသုံးပြုကြစို့။

အဆင့်မြင့် ငွေလွှဲစနစ်ကို ရယူပါ
📲 bit.ly/m/SDB4all



22/03/2025

ဒီလိုစုမှာလား ဟိုလိုစုမှာလား⚡️

ပြည်သူတို့ရဲ့ စုပေါင်းအင်အားနဲ့အတူ မြန်မာနိုင်ငံတော်သစ်ဆီ အရောက်လှမ်းချီ နိုင်ဖို့အတွက် နွေဦးဘဏ်မှ သင့်ကို ထပ်အလိုရှိနေပါတယ်။ 🫵

ခေတ်မီလုံခြုံတဲ့ ငွေကြေးစီမံမှုနဲ့ တောက်ပတဲ့ အနာဂတ်ကို အမြန်ဆုံး ရောက်ရှိနိုင်ဖို့အတွက် စုဆောင်းခြင်းနဲ့ပက်သက်တဲ့ အောက်ဖော်ပြပါပုံမှာ စုနည်း ၅ စုံ ပေးထားပါတယ်။ ✋

ဒီ ၅ စုံမှ ကိုယ်ဘယ်လို စုဆောင်းချင်လဲကို တကြောင်းမှ စုနည်းတခုစီ ရွေးချယ်ပြီး comment မှာ ချရေးသွားရအောင်။ ✍️

ခေတ်မီငွေကြေး စနစ်ကို ရယူရန်
bit.ly/m/SDB4all




Adresse

Nouvelle Ville
Oran
31000

Heures d'ouverture

Lundi 07:00 - 17:00
Mardi 07:00 - 17:00
Mercredi 07:00 - 17:00
Jeudi 07:00 - 17:00
Samedi 07:00 - 17:00
Dimanche 07:00 - 17:00

Téléphone

0777072863

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Povano office valise publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager