S.KUNZ

S.KUNZ Kontaktinformationen, Karte und Wegbeschreibungen, Kontaktformulare, Öffnungszeiten, Dienstleistungen, Bewertungen, Fotos, Videos und Ankündigungen von S.KUNZ, Montreux, VD, Montreux.

ASAP  Program Overview.သင်တန်း နန့်ပတ်သက်တေ သိသင့်သိထိုက်​တေအကြောင်းအရာတိကို ဝီမျှပီးလိုက်ပါရေ။ 1. Online google formြ...
23/04/2026

ASAP Program Overview.
သင်တန်း နန့်ပတ်သက်တေ သိသင့်သိထိုက်​တေအကြောင်းအရာတိကို ဝီမျှပီးလိုက်ပါရေ။

1. Online google form ဖြည့်ပနာလျှောက်ထားရန်
https://forms.gle/J1Suz5A9x2R1fqkg6

2. Computer နှင့် ရွီးရန် နှင့် စာရွက်ကို print ထုတ်ပနာ လက်ရွီးနန့် ရွီးလျှောက်ဖို့ အတွက် လျှောက်လွှာယူရန်
https://tinyurl.com/t3tcmpnr



23/04/2026
23/04/2026
17/04/2026
17/04/2026
11/04/2026
05/04/2026
01/04/2026
16/12/2022

ရင်းနှီးမြုပ်နှံမှု တစ်ခုအတွက်...သတိထားစရာတွေ.. အပိုင်း (၂)
ရင်းနှီးမြုပ်နှံမှုလေးတွေ အခုမှ စလုပ်မယ့် သူတွေ ဟာ စစချင်းမှာ ဆုံးရှုံးတာတွေ အတော်များများ ကြုံရပါတယ်။ အတွေ့အကြုံကနည်းသေးတဲ့အခါ ဘယ်လိုအနေအထား အခြေအနေ ဆိုတာ မသုံးသပ် နိုင်ပဲ တခြားသူတွေ လုပ်လုပ်ဆိုတာနဲ့ လုပ်တာ၊ မယုံသင့်တဲ့သူ စကားကို ယုံမိတာ ၊ စတာတွေ နဲ့ စုဆောင်းငွေ လေးတွေ ပြုတ်ကုန်တတ်ပါတယ်။ ဒီလိုနဲ့ Investment ဆိုရင် လေသံ နဲ့တောင်မကြား ချင်ဘူး ဆိုတဲ့သူတွေ တွေ့ရပါလေရော။ တကယ်တော့ အရှုံးမရှိတဲ့ မကြုံဖူးတဲ့ Investor ဆိုတာ မရှိ သလောက်ပါပဲ။ ဒါပေမယ့် သိထား တတ်ထားသင့်တာလေးတွေ သိထားရင်တော့ လုံး၀ မဖြစ်သင့်တဲ့ ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်စေပါတယ်။ ဒါဆိုရင် ဆက်ပြီး ရင်းနှီးမြုပ်နှံမှု စလုပ်မယ့်သူတွေ သတိထား ရမှာလေးတွေကို အပိုင်း ၂ အနေနဲ့ မျှဝေချင်ပါတယ်။
(၄) လူတိုင်းဝင်လုပ်နေကြပြီ…
တကယ်တော့ ရင်းနှီးမြုပ်နှံမှု ဆိုတာ စတော့ရှယ်ယာ စကားနဲ့ပြောရင် First Hand လို့ခေါ်ကြတဲ့ အခွင့်အလမ်းကို ဦးဆုံးသိရှိ လုပ်ကိုင်နိုင်ကြသူတွေမှာမှ အကျိုးအမြတ် အများအပြား ရတတ်လေ့ရှိ ကြတာဖြစ်ပါတယ်။ အခွင့်အလမ်း ပေါ်နေတာ ကြာလေလေ နောက်ကျမှ ဝင်ရောက်လာသူတွေ အတွက် အကျိုးအမြတ် ရနိုင်ချေက ပါးပါး လာလေ ဖြစ်တာပါပဲ။ ဥပမာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က မိတ်ဆွေ တစ်ဦးက အရှေ့ဒဂုံဖက်က ရပ်ကွက်အချို့မှာ မြေကွက် ဝယ်ထားသင့်ကြောင်း ပြောတာနဲ့ လိုက်ကြည့်ဖြစ်ပါတယ်။ နေရာအနေအထား ဈေးကွက်ကို ကြည့်တော့လဲ တိုးတက်လာနိုင်ခြေ တွေ ရှိ ပါတယ်။ ဒါနဲ့ပဲ အတော်လေးသက်သာတဲ့ ဈေးနဲ့ ရလိုက်ပါတယ်။ တစ်နှစ်လောက်မှာပဲ အဲဒီဖက်က မြေ ဈေးတွေ တက်လာပြီး လူအတော်များများ က လိုက်ဝယ်ကြပါတယ်။ အဲဒီအချိန်မှာမှ လိုက်ဝယ်တဲ့ သူတွေ အတွက်က အမြတ် ပါးပါး သာ ရလိုက်ပြီး စောစော အချိန်ကထဲက ရင်းနှီးထားတဲ့ ကျွန်တော်နဲ့ မိတ်ဆွေက တော့ ရင်းနှီးငွေ ေတွေရဲ့ နှစ်ဆ အမြတ် အစွန်းတွေ ရလိုက်တာပါပဲ။
ဆိုတော့ Social Media ပေါ်တက်လာတဲ့ အခွင့်အလမ်းလိုပဲ လူတိုင်းနီးပါးက ဝင်လုပ်နေကြတဲ့ အခွင့်အလမ်းတွေ ဆိုရင်လည်း အမြတ် ပါးပါးပဲရမယ် ဒါမှမဟုတ် ပိုက်ဘောမိသွားနိုင်ခြေတွေ များ တယ်ဆိုတာကို သတိမူမိဖို့လိုပါတယ်။
(၅) ပိုင်ဆိုင်မှုလေး ခိုင်မာရေး…
ဘယ်လိုရင်းနှီးမြုပ်နှံမှုပဲ လုပ်လုပ်ကိုယ်က ဘယ်လောက်ဖိုးရင်းထား ပိုင်ထားတယ်ဆိုတာ သေချာ ဖို့ နောက်တစ်ခါ ပိုင်ဆိုင်မှုခိုင်မာဖို့ ၊ သက်ဆိုင်ရာ ဥပဒေအလိုက် အကာအကွယ် ရဖို့ အရေးကြီးပါတယ်။ ဥပမာ လုပ်ငန်းတစ်ခုထဲ ရှယ်ယာ ထည့်မယ်ဆိုရင်လည်း ရှယ်ယာဘယ်လောက်ထည့်ထားကြောင်း Certificate သိ့ုမဟုတ် ရှယ်ယာထည့်ဝင်မှုစာချုပ်တွေ ချုပ်ဆိုထားဖို့လိုပါတယ်။ တိုက်ခန်းဝယ်ယူ မယ်ဆိုရင်လည်း ဆက်စပ်စာချုပ်အပြည့်အစုံ၊ BCC စာရွက်၊ သက်ဆိုင်သူတွေရဲ့ လက်မှတ်တွေ၊ အပြင် တစ်ခါထဲ တိုက်ခန်းကို လက်ရောက် ရယူဖို့လိုအပ်ပါတယ်။ ဒီလိုပါပဲ မြေဝယ်မယ်ဆိုရင်လည်း မြေအမျိုးအစား က ခိုင်မာမှုရှိလား လူနေလို့ရလား၊ ဂရမ်ဖောက်လို့ရမလား ပိုင်ဆိုင်မှုခိုင်မာအောင် ဘယ် လို လုပ်မလဲ ဆိုတာတွေ သေချာ လုပ်ဆောင်ဖို့လိုပါတယ်။တက်စီ တစ်စီး ဝယ်ပြီးအုံနာ ချစားမယ်ဆိုရင်လဲ အုံနာဘုတ်၊လုပ်ငန်းလုပ်ကိုင်ခွင့်၊ ဝှီးတက်၊ အခွန်စာရွက်စာ တဲ့ လိုအပ်တာတွေ အကုန်လုံး ရရှိထားဖို့လိုပါတယ်။
ဆိုလိုတာကတော့ ကိုယ့်ရဲ့ ရင်းနှီးထားတဲ့ ပမာဏ လေး အတွက် ခိုင်မာတဲ့ အထောက်အထား တစ်ခုခု ရရှိ ထားမှသာ နောင် ဖြစ်လာနိုင်တဲ့ အရှုပ်အရှင်းလေးတွေမှာ အသာ စီး ရနိုင်မှာဖြစ်ပါတယ်။
(၆) အချိန်မှန်…
ရင်းနှီးမြုပ်နှံမှု လုပ်တဲ့ အခါမှာ ဒီ Investment ဟာ အချိန်ဘယ်လောက် ထားမယ်ဆိုတာကို အစကထဲက သတ်မှတ် ထားဖို့လိုပါတယ်။ ဥပမာ အိမ်ခြံမြေ ဝယ်ရောင်းလုပ်မယ်ဆိုရင်တောင်မှု အခုဝယ် လပိုင်းနဲ့ ပြန်ရောင်းလုပ်မှာလား၊ ဝယ်မယ် ရေတို နှစ်နှစ်လောက် ပစ်ထားပြီး ပြန်ရောင်းမှာလား၊ စုဘူးကြီးတစ်ခုလို ဝယ်ထားပြီး ဆယ်စုနှစ်ချီ ထားထားကာ ဈေးအတက်ကို စောင့် မှာလား ဆိုတဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ ဟာ အချိန်သတ်မှတ် တွေပါပဲ။ ဒီလို အချိန်သတ်မှတ် ချက်တွေ ဟာလဲ ဘာကြောင့် သတ်မှတ် ရတဲ့ ဆိုတဲ့ အကြောင်းအရင်း ခိုင်ခိုင်မာမာ လဲရှိဖို့လိုပြန်ပါတယ်။
ဒီလို အချိန် သတ်မှတ်ချက်အပေါ်မူတည်ပြီး လုပ်ဆောင်ရမှာတွေ လဲ ကွဲပြားသွားပါတယ်။ လပိုင်းနဲ့ ပြန်ရောင်းမယ်ဆိုရင် ဝယ်ကထဲက သေချာတဲ့အမြတ် တစ်ခုရှိနေဖို့လိုပါတယ်။ ဒီအတွက် ဗိုက်နာ လို့လျော့ဈေးနဲ့ ထုတ်မယ့်အိမ်မျိုးရှာတာ၊ မပြင်ဆင်ထားလို့ ဈေး သိပ်မရတဲ့ အိမ်မျိုး ရှာတာ စတာတွေ လုပ်ရမှာပါပဲ။ ရေတို ဆိုရင်တော့ ဒီကာလ လေး အတွင်း ဈေး တက်ဖို့ ဘယ်လို သတင်းအချက် အလက် တွေ ရှိနေတာလဲ အဲဒီအပေါ်မူတည်ပြီး ဘယ်နားက အိမ်က ဈေးကစားလို့ ကောင်းမှာလဲ ကိုတွက်ချက်ရမှာ ဖြစ်ပါတယ်။ ရေရှည် ဆိုရင်တော့ လူ စည်ကားမှု က ဘယ်လိုဖြစ်လာနိုင်တယ်၊ ရပ်ကွက်သန့်တာ စီးပွားရေး ကောင်းတာ စတာတွေ ပါ ထည့်သွင်းတွက်ချက် ရတော့မှာပါပဲ။
(၇) အကုန်အကျလေးတွေ…
ရင်းနှီးမြုပ်နှံမှု ဘယ်လိုတစ်ခုမှာ မဆို ကုန်ကျခံရမယ့် အရာလေးတွေ ရှိတတ်ပါတယ်။ ဆင်ကြီးဝယ်ပြီးမှ ချွန်းဖိုး မသုံးချင်ဘူးဆိုတဲ့ သူတွေ အတွက် ဒီ မသုံးလိုက်တဲ့ ချွန်း ဖိုးကြောင့် ဆင် တစ်ကောင်လုံး ကို ဆုံးရှုံးသွားရ တာတွေ. အများအပြား ရှိပါတယ်။ ဥပမာ အိမ်ခြံမြေ ဝယ်ယူ မယ်ဆိုရင် သက်ဆိုင်ရာ နယ်ပယ်က တိကျ သေချာ စိတ်ချရတဲ့ အကျိုးဆောင်တွေ ကို အသုံးပြု သင့်ပါတယ်။ သူတို့က. နယ်မြေ ကိုသိထားပြီး ဘယ်နေရာက ဘာဆိုတာ ကို ညွှန်ပြပေးနိုင်ပါတယ်။ ဒီအတွက်. အကျိုးဆောင်ခ အနည်းငယ် သုံး ရလေ့ရှိပေမယ့် ဒါကတန်ပါတယ်။ နောက်တစ်ခါ ဥပဒေ အကာအကွယ် ရဖို့အတွက် စာချုပ်ချုပ်ဆိုတာတွေ ရေးသားတာတွေ စစ်ဆေး တာတွေ အတွက် ဥပဒေ ပညာရှင်ရှေ့နေ တွေကို ဆောင်ရွက်စေ မှသာ. သာမာန်ထက်ပို စိတ်ချရမှာ ပါပဲ။. ဒီလို ကုန်ကျခံ ရမယ့် စရိတ်လေးတွေကို. တွက်ကပ်. လိုက်တာဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းကို လွတ်သွားစေတာ၊ နောင် အရှုပ်အရှင်းတစ်ခုခုဖြစ်ချိန်မှာ ရှင်းရခက်တာ စတာတွေ ကို ဖြစ်စေတတ်ပါတယ်။
ဆက်ရန်…
လုံလောက်တဲ့ အသိပညာဟာ. ပြင်းထန်တဲ့အ ခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ် စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

16/12/2022

ရင်းနှီးမြုပ်နှံမှု တစ်ခု အတွက် ..သတိထားစရာတွေ... အပိုင်း (၁)
ခုတလောတော့ ရင်းနှီးမြုပ်နှံမှု အကြောင်းလေးတွေ ပဲ ပြောပြချင်နေတဲ့စိတ်ဖြစ်နေတော့ Investment အကြောင်း လေးပဲ ထပ်ပြီး မျှဝေဖြစ်ပါတယ်။ ဒီတစ်ခါတော့ ရင်းနှီးမြုပ်နှံမှု လုပ်မယ် ဆိုရင် ဒီလို အချက်လေး တွေကို သတိထားသင့်ပါတယ်။ ပုံမှန် Investment လုပ်နေကျ သူတွေကတော့ ဒါတွေကို Street - smart အနေနဲ့အတွေ့အကြုံက သင်ပေးလို့ အလိုလို နားလည် နေပြီး ဖြစ်နိုင်ပေမယ့် အခု မှ စတင် မယ့်သူတွေ ကျတော့ ကြိုတင်သိရှိထားတာ ကျေးဇူးအများကြီး ရှိပါတယ်။ ကဲ…ဒါဆို ဆက် လေ့လာကြည့်ရအောင်ပါ။
(၁) High Return, High Risk
ဒါက ကျွန်တော် အမြဲ ကိုပြောနေကျ concept တစ်ခုပါပဲ။ ရင်းနှီးမြုပ်နံှမှု လုပ်တဲ့အခါ ပြန်ရနိုင်တဲ့ အမြတ် အစွန်းပမာဏ ကသိပ်ကို များနေရင် ထည့်လိုက်တဲ့ ငွေရင်းဆုံးရှုံး နိုင်မယ့် Risk က လဲ သိပ်မြင့်လေ့ ရှိပါတယ်။ ငါးဆိုတာ ငါးစာကိုပဲမြင်ပြီး ငါးမျှားချိတ်ကို သတိမမူတတ်သလို စတင်ပြီး ရင်းနှီးမြုပ်နှံမယ့်သူတွေက လဲ High Return ကိုသာ ထင်းထင်းကြီးမြင်၊ လောဘ တက်လာကာ ဆုံးရှုံးနိုင်မှုကို မေ့သွားတတ်ကြပါတယ်။ ဆုံးပြီလဲဆိုရော Emotion တွေ တက်လာကာ မဖြစ်သင့်တာ တွေ ဖြစ် လာပါတော့တယ်။
ကျွန်တော့် မိတ်ဆွေ Partner တစ်ဦးက ကိုယ်ပိုင်စီးပွားရေး လုပ်တဲ့ အပြင် Stock Trading ပါ လုပ်ပါတယ်။ ဆိုတော့ မိတ်ဆွေ လုပ်တဲ့ အထဲကို သိန်း ဆယ်ဂဏာန်းလောက် ရှယ်ယာ ထည့်လိုက်ပါတယ်။ သူကလဲ ဒီ Stock Trading ကို အပျော်လုပ်တာပါပဲ။ အဲဒီက အမြတ်ကို ဘားထိုင်တယ်၊ သုံးလိုက်တယ် စသဖြင့်ပါပဲ။ ဒီလိုနဲ့ တစ်ပတ်အကြာ အခြေအနေ ဘယ်လိုတုန်း ညိုကီ ဆိုတော့ ရှုံး တယ် ဘဒို ရေတဲ့ တစ်သိန်းကျော်ပဲ လက်ကျန် ကျန်တော့တယ် တဲ့ ။ အိုကေပါ လို့ပေါ့။ ဒါနဲ့ နောက် သုံးရက်နေတော့ ပြန်အဆင်ပြေပြီဗျ ရှုံးသမျှပြန်ရလို့ အမြတ် တောင် ဆယ်ချီ ရနေပြီ တဲ့။ Stock Trading က ကျွန်တော်ကိုယ်တိုင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမှာ လုပ်ခဲ့ဖူးပါတယ်။ အမြတ် တအား ကြမ်း ပါတယ်။ ဒီလိုပဲ ရှုံးပြီ ဆိုရင်လဲ မျက်တောင်တမှိတ် အတွင်း ထည့်ထားသမျှငွေ အကုန် ပြုတ်တာပါပဲ။ ဒီသဘောသဘာ၀ ကို သိထားတော့ အရှုံး အမြတ် သိပ်ကြမ်း တာတွေ့လဲ Emotion မဖြစ်တော့ပဲ သဘောတရားကိုနားလည်နေတာပါပဲ။
ဆိုတော့ ထည့်ထားတဲ့ ငွေရင်း လုံးဝမဆုံးဘူး အမြတ်ကလဲ ကြမ်းတယ် ဘာမှလဲ သိပ်အားထုတ်စရာမလိုဘူး၊ ဆိုရင် လူလိမ်ခံရဖို့ များပါတယ်။ တစ်ခုရှိတာက အမြတ် ကြမ်း ပြီး ငွေရင်းမဆုံးအောင်က Risk Management Plan ဘယ်လိုရှိသလဲ၊ Exit Strategy ကောင်းကောင်း ရှိသလား၊ Damage Control Plan က ဘယ်လောက် ထိရောက်သလဲတော့ သုံးသပ်ရပါတယ်။ ဒါတွေကောင်းနေရင် အလုပ်ဖြစ်ရင်တော့ အမြတ် ကြမ်း ပြီး အရင်းမဆုံးတာ ဖြစ်နိုင်တတ်ပါတယ်။ အမြတ်ကြမ်းတယ်ဆိုတာက တစ်လကို အသားတင် တစ်ဆယ်တိုးလောက် ရနေ တာကို ဆိုတာပါပဲ။
(၂) Nothing Grow Forever..
ဘယ်အရာမှ တစ်သမတ်ထဲ ကြီးထွား ဖွံ့ဖြိုးမနေပါဘူး။ ဒီလိုပါပဲ ဘယ်ရင်းနှီးမြုပ်နှံမှုမှ တစ်သက်လုံး အမြတ် မထွက်နေပါဘူး။ ဒါကတော့ လူတိုင်းသိထားတဲ့ သဘောပါပဲ။ တစ်ခု ရှိတာ ကပြောင်းပြန် ဖြစ်နေတဲ့ ဘယ်တော့မှ တစ်သက်လုံး ဆုံးရှုံး မနေဘူးဆိုတာကိုကျ နားလည် လက်ခံနိုင်သူ ရှားပါတယ်။ တစ်ခါက မိတ်ဆွေ တစ်ဦးက တက်စီ တစ်စီ ဝယ်ပြီးအုံနာခ အငှားခ ယူမယ်ဆိုပြီး ရင်းနှီး မြုပ်နှံမှု လုပ်ပါတယ်။ ကား ဆိုတဲ့ စက်ပစ္စည်းတွေရဲ့ သဘောအတိုင်း ပထမ တစ်လမှာ တစ်ခု မဟုတ်တစ်ခုပြင် ရတာပါပဲ။ အောက်ပိုင်း ပြင်ရ၊ အင်ဂျင်ဝိုင်လဲရ၊ ဂီယာဝိုင်လဲရ နဲ့ သုံးရက်ခြား တစ်ခါလောက် ငွေ ထွက်နေတော့ မိတ်ဆွေ လဲ ဘူ လာပါတယ်။ ဒါနဲ့ပဲ စိတ် ညစ်ပြီး ကား ကိုပြန်ရောင်း ထုတ်ကာ ငွေပြန်ကိုင်ထားလိုက်ပါတော့တယ်။ သဘော က ရှေ့လူက ခိုင်းထားတဲ့ကားဖြစ်တော့ ကိုယ့်လက် ထဲမယ် ပြန်လည် ပြင်ဆင်မှုတွေ တော့လုပ်ရတာပါပဲ။ ဒါလေးတွေ နည်းနည်းလုပ် ပြီး ရင် နောက် တစ်နှစ် နှစ်နှစ်က ပြန်ခိုင်းစား ရုံ ရှိမှာပါပဲ။ ဒါပေမယ့် ငွေစိုက် ရချိန် ကို ကျော်လွန်နိုင်စွမ်း မရှိတော့ ပြန်စား ရမယ့် အချိန်ကိုလဲ မကြုံတော့ပြန်ပါဘူး။
ရင်းနှီးမြုပ်နှံမှု တစ်ခုမှာ နာမည်ကိုက ရင်းနှီး ရပါတယ်လို့ ပါနေလေတော့ ရင်းထား ရတဲ့ အချိန် ရှိ တတ်ပါတယ်။ ဒီအချိန် လေး ကို တောင့်မခံနိုင်တဲ့ အခါ အမြတ် ကြီးကြီး လွဲတတ်ပါတယ်။ ဥပမာ မြေလေး တစ်ကွက် ဝယ်လိုက်တယ် တစ်နှစ် လောက် စောင့် လိုက်တယ်။ ဈေးက ထင်သလောက် တက်မလာတော့ ရသလောက် နဲ့ ပြန်ရောင်းလိုက်ပါရော။ ရောင်းလဲ ပြီးလို့ ခြောက်လ လောက် အကြာ ဝုန်းဆို မြေဈေးတွေ နှစ်ဆ ခုန်တက်တော့မှ ဖြစ်ရလေးခြင်း ဆိုပြီး ငိုချင်းချ သူတွေ လဲ တွေ့ရဖူးပါတယ်။ သူတို့က ကံဆိုး လိုက်တာ လို့ဆိုပါတယ်။ ကျွန်တော်ကတော့ အချိန် ကောင်း မှန်းဆနိုင်မှု လွဲချော တယ် လို့ဆိုချင်ပါတယ်။
(3) Social Media ပေါ်တက်လာရင်…
ရင်းနှီးမြုပ်နှံမှု တစ်ခုနဲ့ ကောင်းကောင်း အမြတ် ရဖို့ဆိုတာ Information တွေကို ဘယ်လောက် ဦးအောင် ရသလဲ ဆိုတဲ့ အချက်ကလဲ အရေးကြီးပါတယ်။ အချို့ Investment တွေဟာ Information အမြန်ဆုံးရသူတွေ အပေါ်မူတည်ပါတယ်။ ဟိုတစ်ချိန်က ကားအဟောင်းတွေကို အရည်ကြိုအပ်ပြီး ရလာတဲ့ စလစ်နဲ့ကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ သတင်း ထွက်ခါနီးမှာ သတင်း ကိုနည်းတစ်ခုခုနဲ့ ကြို သိသူတွေရှိခဲ့ပါတယ်။ ဒီလူတွေက၁၀ သိန်း ၁၅ သိန်းလောက်ပဲ ဈေးရှိတဲ့ လေးဘီးကားလေးတွေ ကို သိန်း ၂၀ ၃၀ ပစ်ပေးပြီး ဝယ်စုလိုက်ကြတာပါပဲ။ ကျွန်တော့် အိမ်ဘေးက မြေကွက်လပ်ကြီးထဲမှာ အဲဒီတုန်းက လေးဘီးကားတွေ အပြည့် ဝယ်ထားလိုက်တာကိုတွေ့ဖူးပါတယ်။ အဲ့ဒီတုန်းကတော့ ဒီလူ ရူးများသွားတာလားလို့ လူတွေက ထင်ကြပေမယ့် နောက် တစ်ပတ်လောက်မှာ အထက်က ခွင့်ပြုချက်လဲ ထွက်လာရော… လေးဘီးကားတစ်စီး က သိန်းတစ်ရာ တန်းဖြစ်သွားပါတော့တယ်။ ဒီတော့မှ လူတွေ လဲ မြေကွက်လပ်ထဲက လေးဘီးကား အုပ်ကြီးကို ကြည့်ကာ တံတွေးမျိုမျို ချနေရ ပါတော့တယ်။
ရင်းနှီးမြုပ်နှံမှု စလုပ်တဲ့သူတွေက Info တွေကို ဘယ်က ရှာသလဲဆိုတော့ Social Media ကနေရှာပါတယ်။ အထူးသဖြင့်တော့ Facebook ပါပဲ။ အရင်ခေတ်က ရင်းနှီးမြုပ်နှံမှု လောက မှာ ဆိုရိုး တစ်ခုရှိပါတယ်။ သတင်းစာပေါ် မှာ ပါလာတော့မှ အဲဒီအခွင့်အလမ်းကို ခင်ဗျားသိတယ်ဆိုရင် အဲဒါ အတော်နောက်ကျ နေပြီ ဆိုတာပါပဲ။အခုခေတ်ကျတော့ Social Media ပေါ် ရောက်မှ အဲဒီ Investment အခွင့်အလမ်းကို သိတယ်ဆိုရင် ခင်ဗျားဟာ First Hand မဖြစ်နိုင်တော့ပါဘူး။
ဆိုတော့ ကိုယ့် ပင်ပင်ပန်းပန်း စုထား တဲ့ ငွေလေးတွေကို တပြားမှ မပေးရပဲ လူတိုင်းပို့စ်တက်ရေး နေလို့ရတဲ့ Social Media အချက်အလက်ကို အားကိုးပြီး ရင်းမထည့်လိုက်ပါနဲ့။ အဲဒီနယ်ပယ်ကကျွမ်း ကျင်သူ တကယ်လက်ရှိလုပ်နေသူတွေကိုဖြစ်နိုင် မဖြစ်နိုင် မေးမြန်းဖို့ လိုအပ်ပါတယ်။
ဆက်ရန်…
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

Adresse

Montreux, VD
Montreux
1820

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von S.KUNZ erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen