07/27/2026
ဂျူဗင်တပ်စ်မှာ ရှိခဲ့တဲ့ ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုနဲ့ ပတ်သက်ပြီး ဂျော်ဂျီယို ခီလီနီရဲ့ ပြောကြားချက်
🗣️ “စစချင်းတုန်းက အသင်းအတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုမျိုး ကမ္ဘာတစ်ဝန်းရဲ့ အာရုံစိုက်မှုကို တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ ကျွန်တော်တို့မှာ ဖိအားတွေ ရှိနှင့်ပြီးသား ဖြစ်ပေမဲ့ ခရစ်စတီယာနို ရောက်လာတဲ့အခါ အရာရာ ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်တို့ သွားလေရာတိုင်းမှာ လူတွေ ဝိုင်းဝန်းလိုက်ပါနေကြပါတယ်။
အသင်း ရှုံးနိမ့်နေတဲ့အချိန်တွေမှာ ခရစ်စတီယာနိုဟာ တာဝန်ယူဖို့ အမြဲတမ်း သတ္တိရှိခဲ့ပါတယ်။ သူဟာ ဘယ်နေရာကမဆို ကန်သွင်းပြီး အသင်းကို အနိုင်ရရှိအောင် ဖြစ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ခဲ့ပါတယ်။ ကစားသမား တော်တော်များများ ဒီလို မလုပ်နိုင်ကြပါဘူး။
သူနဲ့အတူ တွဲကစားရတာကို ကျွန်တော် သဘောကျခဲ့ပါတယ်။ သူ့ကို နေ့တိုင်း စောင့်ကြည့်ရတာ၊ သူ အလုပ်လုပ်ပုံရဲ့ အသေးစိတ် အချက်အလက်လေးတွေကို မြင်တွေ့ရတာ အံ့ဩစရာကောင်းပါတယ်။ လူတွေက အမြဲတမ်း မေးကြပါတယ်။
မက်ဆီ လား၊ ခရစ်စတီယာနို လား ဆိုပြီးတော့ပါ။ ဘယ်သူ ပိုကောင်းလဲဆိုတာကိုတော့ ကျွန်တော် မပြောချင်ပါဘူး၊ ဒါပေမဲ့ ဗိုလ်လုပွဲတစ်ပွဲအတွက် ကစားသမားတစ်ယောက် ရွေးရမယ်ဆိုရင်တော့ ကျွန်တော် ခရစ်စတီယာနိုကိုပဲ ရွေးပါလိမ့်မယ်။ ပွဲက ပိုပြီး ခက်ခဲလာလေလေ၊ သူဟာ သူ့ရဲ့ ခြေစွမ်းအဆင့်အတန်းကို ပိုပြီး မြှင့်တင်ပြသနိုင်လေလေပါပဲ။”
Crd Duwun