09/02/2026
ကစားသမားဘဝ နိဂုံးချုပ်တော့မယ်လို့ ထင်မှတ် ယူဆနေကြသူတွေရဲ့ ပါးစပ်ကို ရော်နယ်ဒို ကတော့ အပြီးသတ် ပိတ်ပစ်လိုက်ပါပြီ
ဒီနေ့ ပွဲစဉ်မှာတော့ ပထမပိုင်းအတွင်း အခွင့်အရေးအချို့ လွဲချော်ခဲ့ဖူးပေမဲ့ ဒုတိယပိုင်း မိနစ် ၅၀ မှာပဲ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို အမိအရ ပိတ်သွင်းယူသွားခဲ့တာပါ
ဂိုးပိုက်အတွင်းဆီ ဘောလုံး ဝင်ရောက်သွားချိန်မှာတော့ ကွင်းတစ်ခုလုံး ပရိသတ်တွေရဲ့ Suiiiii ဆိုတဲ့ အောင်ပွဲခံသံတွေနဲ့အတူ ဆူညံသွားခဲ့ရပါတယ်
ဒီနေ့ပွဲစဉ်ကနေ ရရှိခဲ့တဲ့ အနိုင်ဂိုးကြောင့်ပဲ ရော်နယ်ဒို ရဲ့ ကစားသမားဘဝ တရားဝင် သွင်းဂိုး စုစုပေါင်းဟာ ၉၇၈ ဂိုးအထိ တိုင်အောင် ရောက်ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်
Crd
ST