မယ်ဆိုင် အထွေထွေ၀န်ဆောင်မှု လုပ်ငန်း

မယ်ဆိုင် အထွေထွေ၀န်ဆောင်မှု လုပ်ငန်း ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก မယ်ဆိုင် အထွေထွေ၀န်ဆောင်မှု လုပ်ငန်း, การแลกเปลี่ยนเงินตรา, Mae Sai.

✴️ထိုင်းမြန်မာငွေလွဲ
✴️ thai myanmar air tickets
✴️lazada shopee shein tiktokshop ordering goods and payments service
✴️bankok လေဆိပ် ကား ကြိုပို့
✴️medical payments
✴️ကျောင်းလခ သွင်းပေးခြင်း
✴မယ်ဆိုင်မှတာချီလိတ်သို့ကုန်ပစ္စည်းကမ်းကူပေးခြင်း

လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ကျော်က မယ်ဆိုင် တာချီလိတ် ပုံရိပ်Ph...crd 🙏🙏🙏https://www.facebook.com/share/1JoWqfNwmV/
22/05/2026

လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ကျော်က မယ်ဆိုင် တာချီလိတ် ပုံရိပ်

Ph...crd 🙏🙏🙏
https://www.facebook.com/share/1JoWqfNwmV/

အွန်လိုင်းကနေ အလှကုန်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်သုံးနေသူများ အထူးသတိထားဖို့ ထိုင်းအစိုးရ သတိပေးထိုင်းနိုင်ငံမှာ အွန်လ...
16/05/2026

အွန်လိုင်းကနေ အလှကုန်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်သုံးနေသူများ အထူးသတိထားဖို့ ထိုင်းအစိုးရ သတိပေး

ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေ ဈေးဝယ်နေသူတွေအနေနဲ့ အတုအပ ပစ္စည်းတွေကို သတိထားကြဖို့ ထိုင်းမူပိုင်ခွင့်ဦးစီးဌာန (DIP) က အထူးသတိပေးလိုက်ပါတယ်။

ဘာလို့လဲဆိုတော့ ဘဏ္ဍာနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာတင် တန်ဖိုးအားဖြင့် ဘတ် ၂.၃ ဘီလီယံကျော်ရှိတဲ့ ပစ္စည်းတုတွေကို ဖမ်းဆီးရမိခဲ့လို့ပါပဲ။

၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် မတ်လအတွင်း (၆ လတာကာလအတွင်း) အမှုပေါင်း ၃၃၂ မှုကနေ အတုအပပစ္စည်း စုစုပေါင်း ၁.၃ သန်းကျော် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဒီလိုလုပ်ရာမှာ DIP နဲ့အတူ စီးပွားရေးရာပြစ်မှု နှိမ်နင်းရေးဌာန၊ အကောက်ခွန်ဌာနနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

အခုနောက်ပိုင်း လိမ်လည်ရောင်းချသူတွေက ဆိုင်ဖွင့်ရောင်းတာထက် အွန်လိုင်းကနေ ပစ်မှတ်ထား ရောင်းချလာကြပါတယ်။ အဓိက အတုလုပ်ရောင်းချနေတဲ့ ပစ္စည်းတွေကတော့ -

👉 အလှကုန်ပစ္စည်း (Cosmetics) တွေနဲ့ အသားအရေထိန်းသိမ်းတဲ့ (Skincare) ပစ္စည်းတွေ

👉 ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး

👉 ဝိုင်ယာလက်စ် နားကြပ် (Wireless earphones)

👉 ဖုန်းအားသွင်းကြိုး၊ ပါဝါဘဏ် (Power banks)

👉 အိမ်သုံး လျှပ်စစ်ပစ္စည်း အသေးစားလေးတွေ ဖြစ်ပါတယ်။

ဒီပစ္စည်းတုတွေက သာမန်အတုတွေ မဟုတ်တော့ဘဲ ထိုင်းစာတံဆိပ်တွေ၊ ထိုင်း FDA (အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု) မှတ်ပုံတင်နံပါတ်တွေနဲ့ စက်မှုစံညွှန်း အမှတ်အသားတွေကိုပါ အစစ်နဲ့ ခွဲမရအောင် အတုခိုးလာကြပါတယ်။

ကျန်းမာရေးအတွက် အလှကုန်တုတွေမှာ တားမြစ်ထားတဲ့ ဓာတုပစ္စည်းတွေ အလွန်အကျွံပါဝင်လို့ အရေပြားယားယံတာ၊ ဓာတ်မတည့်တာတွေ ဆိုးဆိုးရွားရွား ဖြစ်စေနိုင်ပါတယ်။

အရည်အသွေးမမီတဲ့ လျှပ်စစ်ပစ္စည်းတုတွေက ဝါယာရှော့ဖြစ်ပြီး မီးလောင်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။

DIP ညွှန်ကြားရေးမှူးချုပ် Oramon Sapthaweetham က အွန်လိုင်းကနေ ဈေးဝယ်ရင် အောက်ပါအချက်တွေကို သတိထားဖို့ တိုက်တွန်းထားပါတယ် -

✅ ဝယ်မယ့်ပစ္စည်းရဲ့ လေဘယ် (Label)၊ ရောင်းချသူရဲ့ အချက်အလက် (Seller Info)၊ Customer Review တွေနဲ့ ငွေပြန်အမ်းမယ့် (Refund) ပေါ်လစီတွေကို သေချာစစ်ဆေးပါ။

✅ ပုံမှန်ထက် အများကြီး ဈေးပေါနေတာတွေ၊ ချက်ချင်း ငွေလွှဲခိုင်းပြီး ဖိအားပေးတဲ့ Flash Sale မျိုးတွေကို ရှောင်ပါ။

✅ အလွန်အကျွံ ကြော်ငြာထားတာတွေ၊ ရောင်းချသူအချက်အလက် ဖျောက်ထားတာတွေနဲ့ အစစ်အမှန်ဟုတ်မဟုတ် အတည်ပြုလို့မရတဲ့ Review တွေကို အထူးသတိထားပါ။

ထိုင်းဥပဒေအရ စီးပွားဖြစ် မူပိုင်ခွင့်ချိုးဖောက်ပါက ထောင်ဒဏ် ၃ လကနေ ၂ နှစ်အထိနဲ့ ဒဏ်ငွေ ဘတ် ၅၀,၀၀၀ ကနေ ၄၀၀,၀၀၀ အထိ ကျခံရနိုင်ပါတယ်။

ကုန်အမှတ်တံဆိပ် အတုလုပ်ရင်တော့ အမြင့်ဆုံး ထောင်ဒဏ် ၄ နှစ်အထိ ကျခံရနိုင်ပါတယ်လို့ Bangkok post မှာ ဖော်ပြထားပါတယ်။

Crd #ချင်းမိုင်နေ့စဉ်

10/05/2026

စစ်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်တဝှမ်း သွင်းကုန်ရပ်တန့်

စိုင်းဆိုင်အိုက်၊၂၀၂၆ မေ ၈ ရက်

စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကိုလည်း ပြည်သူများက စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

(မေလ ၁ ရက်)မှ စပြီး တရုတ်ကုန်စည်များတင်သွင်းသည့် မူဆယ် - လားရှိုးလမ်းကြောင်းနှင့် ထိုင်းကုန်စည်များတင်သည့်သည့် တာချီလိတ် - ကာလိ စသည့် လမ်းပိုင်းကို စစ်ကော်မရှင်၏ အစိုးရ ရက် ၁၀၀ စီမံကိန်းကြောင့် ကုန်တင်ကားများ ရပ်နားထားရသည်။

ထိုရက် (၁၀၀)စီမံကိန်းကြောင့် ပို့ကုန်၊သွင်းကုန်များ တင်းကြပ်လာမှုကြောင့် သျှမ်းပြည်အတွင်းသို့ ယခုရက်ပိုင်း ကုန်ပစ္စည်းများ တင်သွင်းရောင်းချင်ခြင်းမရှိသည့်အပြင် ကုန်သည်များလည်း ပစ္စည်းဝယ်ယူမှုရပ်ထားကာ အချို့ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ မကြာခင် ပြတ်လပ်မှုရှိလာနိုင်ကြောင်း မိုင်းရှူးမြို့ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက တာချီလိတ်ဘက်ကနေလည်း ကုန်တင်လာဖို့ကလည်း ခက်ခဲနေတယ်။တာကော့ တံတားမှာလည်း ၁၀၀ စီမံချက် စစ်ဆေးတာတွေကြောင့် ကားသမားကလည်း မတင်ရဲဘူး။ ကာလီမြို့ကနေလည်း ကုန်ပစ္စည်းတွေက မှာလို့မရတော့ ရပ်ထားရတယ်။ လားရှိုးဘက်ကနေလည်း ယူလို့မရဘူး။အဲ့တော့ ကုန်ပစ္စည်းတွေ တင်သွင်းဖို့က ရပ်ထားရတာပေါ့။”ဟု ၎င်းကပြောသည်။

ဆက်လက်ပြီး ထိုင်နိုင်ငံထုတ် ကုန်စည်များကို တင်သွင်းဝယ်ယူရန်ခက်နေခြင်းကြောင့် ကျန်ရှိနေသည့် ကုန်ပစ္စည်းများကိုသာ အဓိကရောင်းချနေရပြီး ရှေ့လအတွက်ပါ ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်သွားမည်ကို စိုးရိမ်ရကြောင်း သိရသည်။

“ဆီဈေးတွေ ဈေးတက်တုန်းကလည်း ကုန်ဈေးနှုန်းတွေက တက်ခဲ့တယ်။ အခု ရက် ၁၀၀ စီမံချက်၊ တွင်းကုန်ထုတ်ကုန် အခွန်ထပ် တိုးကောက်မှာဆိုတော့ ဈေးနှုန်းထပ်တက်နိုင်တယ်။ နောက်လဆိုရင်တော့ ဈေးနှုန်းတွေထပ်မြှင့်တက်လာနိုင်တယ်။” ဟု ၎င်းက ထပ်လောင်းပြောသည်။

အလားတူ သျှမ်းပြည် မြောက်ပိုင်းတွင် တရုတ်နိုင်ငံထုတ် ကုန်စည်များကို တင်သွင်းမှုကို တင်းကြပ်နေခြင်းကြောင့် မူဆယ် - မန္တလေး၊ မူဆယ် - လားရှိုး သို့တင်ပို့သည့် ကုန်ပစ္စည်းများလည်း ရပ်တန့်ထားကြောင်း မူဆယ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ထပ်မံလောင်ပြောသည်။

“ကုန်‌ဈေးနှုန်းတွေ လောလောဆယ်ငြိမ်နေတယ် ။တရုတ်နိုင်ငံထုတ် မူဆယ်ကနေ မန္တလေးပို့ရမဲ့ ကုန်ပစ္စည်းတွေ၊ပြီး‌တော့ လားရှိုးပို့ရမဲ့ ကုန်ပစ္စည်းတွေက အခုဘယ်ကားသမားမှ မတင်းဘူးဖြစ်နေတာ။ ရပ်နားထားတယ်ဆိုတဲ့ သဘောပါပဲ။လမ်းမှာ စစ်ဆေးတာများလို့ပါ။”ဟု မူဆယ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပြောသည်။

ရှေ့လများတွင် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီ စျေးနှုန်းမြင့်တက်လာပြီး ကုန်စည်စျေးနှုန်းများလည်း တရိပ်ရိပ်တက်လာခဲ့သည်။

ယခုအခါ စစ်ကော်မရှင် အစိုးရ၏ ရက် ၁၀၀ စီမံချက် နှင့် ပြည်ပနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို ထပ်မံ အခွန်တိုးကောက်မှုကြောင့် အတွက် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာလျှင် အခြေခံလူတန်းစားအတွက် စိုးရိမ်ရကြောင်း ကွတ်ခိုင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“အခြေခံလူတန်းစားတွေအတွက် အခုအခြေအနေတောင် ခက်ခဲနေတာ။ အသားတွေကလည်း ဈေးကြီး အကုန်လုံးကလည်း ဈေးကြီးနေတော့ မိသားစုအတွက် တစ်ရက်စာက ၂ သောင်းလောက် မရှိရင်တော်တော် ခက်ခဲပါတယ်။လူဦးရေများရင် ဘယ်လိုလုပ်မလဲ အဲ့လိုပေါ့။”ဟု ကွတ်ခိုင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကုန်စည် စီးဆင်းမှု ရပ်တန့်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတဝှမ်းနည်းတူ သျှမ်းပြည်အတွင်းလည်း ရိုက်ခတ်မှုများရှိလာနိုင်ပြီး၊ ကုန်းစျေးနှုန်းများ ဆက်လက်မြင့်တက်နေလျှင် လူထု၏ စီးပွားရေး နှင့် စားဝတ်နေရေးအတွက် ဖိအားပိုများလာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ရေး အကျပ်အတည်းကြား လူမှုစီးပွား ကျဆင်းနေချိန် စစ်ကော်မရှင်၏ အစိုးရသည် အခွန်လျှော့ရမည့်အစား အခွန်တိုးကောက်ရန် ကြေညာခဲ့သည်။

အစိုးရသစ်၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက (မေလ ၁ ရက်)မှစပြီး ပြည်ပနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများ စုစုပေါင်း ကုန်စည် ၁၅၀ မျိုးကို အခွန် တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။

တိုးမြှင့်လိုက်သည့် အခွန်နှုန်းထားများမှာ ငါးနှင့် ရေထွက်ပစ္စည်းအပေါ် ယခင် ၅ ရာခိုင်နှုန်းမှ ယခု ၁၅ ရာခိုင်နှုန်း၊ မုန့်နှင့် စားသောက်ကုန်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ်သုံး တာယာနှင့် ကျွတ်များ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ နို့နှင့် နို့ထွက် ပစ္စည်းများအတွက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း ပြောင်းလဲ တိုးမြှင့်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် သြဂုတ်လတွင်လည်း စစ်ကော်မရှင်၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ပြည်ပမှ တင်သွင်းသော စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးအား ပင်လယ်ရေကြောင်းအပြင် နယ်စပ်ပေါက်များမှ တင်သွင်းမှုကို ယာယီပိတ်ပင်ရန် ညွှန်ကြားထားသည့် ကြေညာချက်များ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ဖူးသည်။





#သျှမ်းသံတော်ဆင့်



#သွင်းကုန် #ပို့ကုန်

07/05/2026

ဇွန်လ ၂၀ ရက်ကစပြီး ထိုင်းနိုင်ငံကနေ ပြည်ပထွက်ခွာမယ့် လေဆိပ်ခွန် ၇၃၀ဘတ်ကနေ ၁,၁၂၀ ဘတ်အထိ တိုးမြှင့်ကောက်ခံတော့မည်....
ဒါကြောင့် ပြည်ပလေယာဥ်ခတွေ ထပ်တက်ဖို့ရှိနေပါတယ်...

#မယ်ဆိုင်အထွေထွေ၀န်ဆောင်မှုလုပ်ငန်း

06/05/2026
01/05/2026

ကျပ်လိုချိန် ကျပ်တွေ ပေးတဲ့ကာစတန်မာတွေ
ဘတ်လိုချိန် ဘတ်တွေလာပေးတဲ့ ကာစတန်မာတွေကို ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ....🙏

မယ်ဆိုင်မြို့၌နေထိုင်တဲ့ရွှေမြန်မာများစည်းကမ်းလိုက်နာကြပါရန်စည်ပင်ရုံးမှစည်းကမ်းချက်များချမှတ်ထားပါသည်။ရပ်ကွက်လမ်းမပေါ် ...
23/04/2026

မယ်ဆိုင်မြို့၌နေထိုင်တဲ့ရွှေမြန်မာများစည်းကမ်းလိုက်နာကြပါရန်စည်ပင်ရုံးမှစည်းကမ်းချက်များချမှတ်ထားပါသည်။
ရပ်ကွက်လမ်းမပေါ် နှင့်ဈေးဧရိယာတစ်ဝိုက်ရှိ
(၁)သလိပ်နှင့်တံတွေးမထွေးရ။
(၂)ကွမ်းတံတွေးမထွေးရ။
(၃)ဆီးမသွားရ။
ဒီချမှတ်ထားသည့်စည်းကမ်းချက်များချိုးဖောက်ပါကဒဏ်ငွေ (၂,၀၀၀) ဘတ်ပေးဆောင်ရမည်ဖြစ်ပါကြောင်းသတိပေးနှိုးဆော်အပ်ပါသည်။

Crd 🙏မယ်ဆိုင်လူမှုဂရုဏာ အသင်း

19/04/2026

ဟင်းချိုမှုန့် အတု တွေ ဖမ်းမိ တဲ့ 😬😬😬😬
မြန်မာပြည်ဖက် ဘယ်လောက်တောင် ရောက်သွားပြီလည်းနော်...

19/04/2026

💛 မယ်ဆိုင် အထွေထွေ ၀န်ဆောင်မှုလုပ်ငန်း 💛
တစ်ခါတစ်လေ…
ဖုန်းထဲက အသံနဲ့ပဲ မိသားစုကို တွေ့နေရတာ
မလုံလောက်တော့ဘူးမဟုတ်လား…
ကိုးရီးယား 🇰🇷၊ ဂျပန် 🇯🇵 နှင့် အဝေးနိုင်ငံများမှာရှိနေတဲ့
ချစ်သူ… သားသမီး… မိတ်ဆွေတွေကို
တကယ်တမ်း မျက်နှာချင်းဆိုင် တွေ့ချင်တဲ့ စိတ်က
နေ့တိုင်း ပိုပြီး ပြင်းထန်လာနေပါသလား…?

👉 အဲဒီစိတ်ကို ကျွန်ုပ်တို့ နားလည်ပါတယ်။
ဒါကြောင့်…
မြန်မာပြည်တွင်းမှ မိတ်ဆွေများအတွက်
ထိုင်းနိုင်ငံမှာ ပြန်လည်တွေ့ဆုံနိုင်မယ့် လမ်းကို
ကျွန်ုပ်တို့က ဖန်တီးပေးနေပါသည်။
📍 မယ်ဆိုင် • ချင်းရိုင်း • ချင်းမိုင်
📍 တာချီလိတ် – မယ်ဆိုင် နယ်စပ်လမ်းကြောင်းမှတဆင့်
ဝေးကွာနေသူတွေကို နီးကပ်စေဖို့
လုံခြုံစိတ်ချစွာ၊ အဆင်ပြေချောမွေ့စွာ
သင့်ခရီးစဉ်ကို အပြည့်အစုံ စီစဉ်ပေးပါသည်။
📌 ဝန်ဆောင်မှုများ
✈️ ပြည်တွင်း / ပြည်ပ လေယာဉ်လက်မှတ်များ စီစဉ်ပေးခြင်း
🗺️ မိသားစုတွေ့ဆုံခရီးအတွက် Plan အစအဆုံး စီစဉ်ပေးခြင်း
📄 ခရီးသွားထောက်ခံစာ ပြုလုပ်ပေးခြင်း
🚐 ကားကြို/ပို့ ဝန်ဆောင်မှု
✈️ လေဆိပ်ကြို/ပို့ စီစဉ်ပေးခြင်း
🧳 ခရီးစဉ်တစ်လျှောက် လိုအပ်သမျှ အကူအညီပေးခြင်း
💬 “အချိန်တစ်ခဏပဲဖြစ်ဖြစ်…
မိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ ဆိုတာ
အဖိုးတန်ဆုံး အခိုက်အတန့်ပါ…”
💛 “ဝေးကွာနေတဲ့ အချစ်တွေကို နီးစပ်စေဖို့ —
သင့်ခရီးစဉ်ကို ကျွန်ုပ်တို့က တာဝန်ယူပေးပါသည်”
📞 ယနေ့ပင် ဆက်သွယ်ပြီး
သင့်ရဲ့ အရေးကြီးဆုံး ‘တွေ့ဆုံချိန်’ ကို မလွတ်အောင် စီစဉ်လိုက်ပါ။

ที่อยู่

Mae Sai
57130

เวลาทำการ

จันทร์ 08:00 - 21:30
อังคาร 07:00 - 21:30
พุธ 08:00 - 21:30
พฤหัสบดี 08:00 - 21:30
ศุกร์ 08:00 - 21:30
เสาร์ 08:00 - 21:30
อาทิตย์ 08:00 - 21:30

เบอร์โทรศัพท์

+66864301562

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မယ်ဆိုင် အထွေထွေ၀န်ဆောင်မှု လုပ်ငန်းผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง မယ်ဆိုင် အထွေထွေ၀န်ဆောင်မှု လုပ်ငန်း:

แชร์