K KYU Health & Life Insurance

K KYU Health & Life Insurance To belong Peace and happiness life🤍
အေးချမ်းသာယာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ပါစေ🤍

ကျပ်သိန်းပေါင်း ၂,၁၀၀ တန်ဖိုးရှိဆုများရယူနိုင်မဲ့ AIA Healthiest Schools အစီအစဥ်ဆိုတာ ဘာလဲ။ AIA Healthiest Schools အစီအစ...
25/08/2026

ကျပ်သိန်းပေါင်း ၂,၁၀၀ တန်ဖိုးရှိဆုများရယူနိုင်မဲ့ AIA Healthiest Schools အစီအစဥ်ဆိုတာ ဘာလဲ။

AIA Healthiest Schools အစီအစဥ်ဆိုတာ သတ်မှတ်ထားတဲ့ နယ်ပယ် ၄ ခုထဲက အနည်းဆုံး ၁ ခုနဲ့အညီ ကလေးများအတွက် ကျန်းမာ၊ ပျော်ရွှင်တဲ့ လူနေမှုဘဝရရှိစေဖို့ ဆောင်ရွက်ထားတဲ့ ကျောင်းတွင်းပရောဂျက်များကို တင်သွင်း၊ ယှဥ်ပြိုင်ရင်း ကျပ်သိန်းပေါင်း ၂,၁၀၀ တန်ဖိုးရှိ ဆုများရယူနိုင်မဲ့ ပြိုင်ပွဲအစီအစဉ်တစ်ခုပါ။

အဲ့ဒီ အဓိကနယ်ပယ် ၄ ခုကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှု၊ တက်ကြွတဲ့ နေ့စဉ်ဘဝနေထိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု တို့ပဲဖြစ်ပါတယ်။

ဒီအစီအစဉ်အကြောင်း ထပ်မံသိရှိချင်တယ်ဆိုရင်တော့ AIA Myanmar ရဲ့ တရားဝင်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ ဆက်လက်စောင့်ကြည့်ပေးဖို့အတွက် အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်။

What is AIA Healthiest Schools offering awards up to MMK 210 million?

AIA Healthiest Schools is a competition-based programme where schools can submit and showcase their projects that help children adopt healthier lifestyles by addressing at least one of the key four focused pillars and get awards up to MMK 210 million.

The programme focuses on 4 key pillars: Healthy Eating, Active Lifestyles, Mental Wellbeing, Health and Sustainability.

If you want to explore about this programme, please stay tuned to AIA Myanmar’s official social media platforms for further updates.

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှစတင်ကာ ဝါတွင်းကာလပတ်လုံး ချစ်ရသူများနဲ့အတူ ကုသိုလ...
29/07/2026

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှစတင်ကာ ဝါတွင်းကာလပတ်လုံး ချစ်ရသူများနဲ့အတူ ကုသိုလ်တရားပွားများရင်း ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝများ ရရှိ၊ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း AIA Myanmar က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

On the auspicious Full Moon Day of Waso (Dhamma Chakka Sutta Day), AIA Myanmar wishes everyone the opportunity to do good deeds throughout this meaningful season and live Healthier, Longer, Better Lives.

AIA CS STARS CLUB MEMBER 2026⭐️
27/07/2026

AIA CS STARS CLUB MEMBER 2026⭐️

နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝမှာ မိမိရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါပေမဲ့လည်း ကျန်းမာ...
17/07/2026

နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝမှာ မိမိရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါပေမဲ့လည်း ကျန်းမာတဲ့ဘဝကို ရရှိပိုင်ဆိုင်ခြင်းက မိမိလိုချင်တဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အခြေခံလိုအပ်ချက်ဖြစ်တာကြောင့် ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို ရရှိပိုင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေကတော့ -

ကာကွယ်ခြင်း - “ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်” ဆိုတဲ့ စကားနဲ့အညီ ကျန်းမာတဲ့ လူနေမှုဘဝကို စတင်လိုက်ပါ။

စစ်ဆေးခြင်း - ဆောလျင်စွာသိရှိပြီး အချိန်မီကုသခြင်းက အသက်ရှင်နိုင်ခြေ မြင့်မားတာကြောင့် ကျန်းမာရေးစစ်ဆေးလိုက်ပါ။

ကြိုတင်စီမံခြင်း - ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သာမက ငွေကြေးပိုင်းဆိုင်ရာမှာပါ ထိခိုက်နစ်နာ၊ ဆုံးရှုံးနိုင်ခြေရှိတာကြောင့် အာမခံအကာအကွယ်တွေနဲ့ ကြိုတင်စီမံပါ။

ပြန်လည်ကောင်းမွန်ခြင်း - AIA Critical Illness Care နဲ့ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်နိုင်စေဖို့ စီမံလိုက်ပါ။

ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ ကာကွယ် - စစ်ဆေး - ကြိုတင်စီမံ - ပြန်လည်ကောင်းမွန်ရေးဆိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်တိုင်းမှာ AIA Myanmar က တန်ဖိုးထားရတဲ့ Member များအတွက် ကျန်းမာရေးဆိုင်ရာ အထူးအကျိုးခံစားခွင့်တွေကို စဉ်ဆက်မပြတ်ပေးစွမ်းလျက်ရှိပါတယ်။

အထူးအကျိုးခံစားခွင့်တွေကို အသေးစိတ်သိရှိလိုပါက - https://bit.ly/4lptgNA တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

In the rush of daily schedules and responsibilities, we often overlook our health. But living a healthy life is the foundation for achieving your dreams and building a better future.

Here are four essential steps AIA Myanmar encourages you to follow on your wellness journey:

Prevent - Prevention is better than cure. Maintain a healthy and balanced lifestyle.

Detect - Early detection is critical because it allows timely treatment and can save lives.

Protect - Health issues can impact your body, mind, and financial stability. Plan ahead with the right coverage.

Recover - Recovery is a vital step in returning to normal life. With AIA Critical Illness Care, make sure you have the right rehabilitation service in place.

AIA Myanmar is committed to supporting health journey of our members at every key stage, offering a wide range of exclusive benefits.

Learn more about our partners and benefits: https://bit.ly/4lptgNA

ကိုယ်တိုင် Insurance agent ကျန်းမာနေတုန်းက ကို့အတွက်ကိုယ် ကျန်းမာရေးအာမခံ ဝယ်ရတာကိုနှမြောမိတာအမှန်ဒါပေမဲ့လည်းလေ ကျန်းမာရ...
24/06/2026

ကိုယ်တိုင် Insurance agent ကျန်းမာနေတုန်းက ကို့အတွက်ကိုယ် ကျန်းမာရေးအာမခံ ဝယ်ရတာကိုနှမြောမိတာအမှန်
ဒါပေမဲ့လည်းလေ ကျန်းမာရေးအာမခံတနှစ်စာ သွင်းငွေဆယ်သိန်းကျော်ကျော် ကို့အသက်အရွယ်အတွက် သွင်းပီးတော့ သိန်းလေးရာ့ငါးဆယ်အကာအကွယ် ယူထားလိုက်တာလေ
အခု ဆေးရံုတက်ခွဲစိတ်ဖို့ဖြစ်လာတော့ ဆေးရံုစတက်ရပါဘီဆိုတည်းက ငွေတကျပ်မှမသွင်းရဘဲ အဆင်ပြေပြေခွဲစိတ်ကုသမှုခံယူရပီး 75 သိန်းကျော် AIA Myanmar life insuranceက ဆေးရံုနဲ့ ချိတ်ဆက်ထားပီး autoရှင်းထားပေးတော့ အားလည်းနာ ကျေးဇူးလဲတင် ဝမ်းသာပိတိဖြစ် နေတာကို ဒဏ်ရာနာနေရင်းကနေ ကို့လို သူများလဲ Insurance knowledgeရအောင် share လိုက်ပါတယ်ရှင်
Thanks again AIA😍🙏⭐️

07/06/2026

Health outcomes aren’t shaped by treatment alone. Behaviour, mindset, and support can be just as important, especially for seniors.

As Asia’s population ages, rethinking senior care – through prevention, engagement, and personalised approaches – has never been more urgent.

07/06/2026

မိမိရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုမျိုးထိန်းသိမ်းနေလဲဆိုတာ ထင်ထားတာထက် ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကလေးငယ်တွေက လူကြီးမိဘတွေရဲ့ စကားကို နားထောင်တတ်ရုံသာမက နေ့စဥ်အပြုအမူတွေကိုပါ အသေးစိတ် အတုယူတတ်တာကြောင့်ပဲ ဖြစ်ပါတယ်။
သင့်ရဲ့လက်ရှိ ခန္ဓာကိုယ်ကိုတန်ဖိုးထားပြီး ကျန်းမာတဲ့လူနေမှုဘဝက ဘယ်လိုမျိုးလဲဆိုတာကို ဒီနေ့ပဲ သူတို့ရှေ့မှာ စံပြအနေနဲ့ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

How we treat our bodies matters more than we realise. Our children don’t just listen to us – they mirror us.
Love your body out loud and show them what healthy can look like today.

24/05/2026

လေဖြတ်‌ခြင်းဟာ အဓိကကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်ဆိုတာ သင်သိပါသလား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၁ ခုနှစ်ထုတ်ပြန်ချက...
13/05/2026

လေဖြတ်‌ခြင်းဟာ အဓိကကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်ဆိုတာ သင်သိပါသလား။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၁ ခုနှစ်ထုတ်ပြန်ချက်များအရ လေဖြတ်ခြင်းဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။

ကျန်းမာစေတဲ့ အလေ့အကျင့်ကောင်းတွေ၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုရင် လေဖြတ်နိုင်ခြေကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပေမဲ့ တစ်ဖက်မှာလည်း ဘဝမှာ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတွေက မဖိတ်ခေါ်ဘဲ ရောက်လာတတ်တာကြောင့် မိမိနဲ့သင့်တော်တဲ့ ငွေကြေးဆိုင်ရာအကာအကွယ်ထားရှိဖို့ အရေးကြီးပါတယ်။

AIA Critical Illness Care နဲ့သာဆိုရင် လေဖြတ်ခြင်းအပါအဝင် ပြင်းထန်ရောဂါ (၃၉) မျိုးအတွက် ငွေကြေးဆိုင်ရာ အကာအကွယ်ရရှိနိုင်မဲ့အပြင် အကျိုးခံစားခွင့်ကိုလည်း တစ်လုံးတည်းပေးငွေအဖြစ် ရရှိနိုင်တာကြောင့် ငွေကြေးအလိုအပ်ဆုံးအချိန်တွေမှာ စိတ်ပူပန်စရာမလိုဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်ရေးကိုသာ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

AIA Critical Illness Care အကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/4jyhAqC မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Did you know that stroke is a major health issue?

According to the World Health Organization, as of 2021, stroke is one of the most common serious health conditions in Myanmar.

Adopting a healthy lifestyle and undergoing regular health check-ups can reduce the risk of stroke by up to 80%. However, unexpected health issues can still occur without warning. That’s why having the right financial protection in place is crucial.

With AIA Critical Illness Care, financial protection is provided for 39 critical illnesses, including stroke, with a lump-sum payout that offers financial support when it is needed most, helping individuals focus on recovery without added financial stress.

Learn more about AIA Critical Illness Care here: https://bit.ly/4oJJliJ

ที่อยู่

Bangkok
10310

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ K KYU Health & Life Insurance โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์