Ma Nwe

Ma Nwe အာမခံအကာအကွယ်ထားခြင်းဖြင့် စိတ်အေးချမ်းလုံခြုံမှု့ရရှိစေပါတယ်

08/02/2026

❣️ဒီနေ့ ကျွန်မ ဝမ်းသာဝမ်းနည်းနဲ့ ပီတိလဲဖြစ်ရပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က

Universal Life အသက်အာမခံ ဝယ်ထားတဲ့ မိတ်ဆွေတစ်ယောက် မမျိုးဥအိမ်ကင်ဆာ စဖြစ်နေပြီး သားအိမ်ရော မမျိုးဥပါ ဖြတ်ထုတ်ခွဲစိတ်ခဲ့ရတယ်ရယ်လို့ လွန်ခဲ့တဲ့ အပတ်က သိခဲ့ရတယ်။

ကလေးက ၄ နှစ်သားပဲရှိသေးတာ။

တကယ်ကို စိတ်မကောင်းဖြစ်မိတယ်။

ကိုယ်ကလဲ ကင်ဆာကိုကြောက်တတ်တဲ့ အမျိုးသမီးပဲမို့ အများကြီး ကိုယ်ချင်းလဲ စာမိတယ်။ ဒါပေမယ့် သူ့ကို အတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားရတော့တာပေါ့။ Medical Documents တွေတောင်း၊ ကုသထားတဲ့ History တွေသေချာမေးပြီး AIA ရဲ့ Claim department ကို ပြီးခဲ့တဲ့ သောကြာနေ့က တင်ပေးလိုက်ပါတယ်။

ဒီနေ့မှာတော့ အဲ့ဒီ claim အတွက် approved letter ရောက်လာတော့ client ကို Accelerated Cancer Benefit အနေနဲ့ သိန်း ၂၅၀ လျော်ကြေးရပါမယ်လို့ လှမ်းပြောပြလိုက်တဲ့ အခါ အမတို့မိသားစု‌ တကယ့်ကို ဝမ်းသာသွားကြတယ်။

အဲ့ဒီမှာ သိလိုက်ရတာက သူက ကင်ဆာဆေးသွင်းဖို့ကို India ဆေးသွင်းရမလား၊ Australia ဆေးသွင်းရမလားဆိုပြီး ချင့်ချိန်နေတာတဲ့။ AIA က သိန်း ၂၅၀ ရတယ်ဆိုတာသိလိုက်ရတော့ ပိုကောင်းတဲ့ကုသမှုကိုပဲ ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်ဆိုတာ ကြားရတာ ကြည်နူးလိုက်တာလေ။

တကယ်တော့ အဲ့ဒီအမ ပေးသွင်းခဲ့ပြီးတဲ့ အာမခံကြေးက တစ်နှစ်ကို ၁၈ သိန်းနဲ့ ၂ နှစ်စာ ၃၆ သိန်းပါ။ သူရတာက အသက်အာမခံထားတဲ့ပမာဏဖြစ်တဲ့ သိန်း ၁၀၀၀ ရဲ့ ၂၅% ဆိုတော့ ဆေးကုသမှုအတွက် အများကြီး အထောက်အပံ့ ဖြစ်သွားတယ်လေ။

အသက်အာမခံဆိုတာ ကိုယ်သေမှ ကျန်ရစ်သူက အကျိုးခံစားခွင့်ရတာလို့ လူအတော်များများက နားလည်ထားကြပါတယ်။

👉ဒါပေမယ့် ဒီလို ရှင်သန်နေချိန်၊ ရောဂါဖြစ်လာတဲ့အခါမှာလဲ ခံစားခွင့် ပြန်ရနိုင်တဲ့ အသက်အာမခံမျိုးတွေ ရှိပါသေးတယ်။

လူတိုင်းကတော့ ကိုယ့်ကိုယ်ကို ကျန်းမာတယ်၊ ကင်ဆာဆိုလဲ ငါ့မှာဖြစ်မှာမဟုတ်ပါဘူး၊ ငါမသေနိုင်သေးပါဘူးလို့ ထင်တတ်ကြတယ်။

အသက်အာမခံဆိုတာ အခုလို မမျှော်မှန်းတာဖြစ်လာတဲ့အခါ မိသားစုအတွက်ရော ကိုယ့်အတွက်ပါ ခုသာခံသာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

🫂လုပ်ခဲ့တဲ့သက်တမ်း ၂ နှစ်ကျော်လာခဲ့ပြီးတဲ့နောက်...

ခုလို Claim ပေးလိုက်လို့ အဆင်ပြေသွားကြတာတွေကို တွေ့လာရတဲ့ အခါ ကိုယ်လုပ်နေတဲ့ Financial Advisor ဘဝကိုလဲ ပိုပြီး နက်နက်နဲနဲ ခံစားမိလာတယ်။

💯လူတိုင်း အို နိုင်တယ်။

💯လူတိုင်း နာ နိုင်တယ်။

💯လူတိုင်းလဲ သေ ကြ ရမှာပါ။

🎈ဖြစ်ချိန်တန် လို့ ဖြစ်ကြတာနဲ့

ဖြစ်ချိန်မတိုင်ခင် ဖြစ်ကြတာပဲ ကွာခြားနိုင်ပါတယ်။

🙏ကိုယ့်အတွက် ...ချစ်ရတဲ့ သူတွေအတွက် ...

အကောင်းဆုံးပြင်ဆင်သွားနိုင်သူတွေ... ဖြစ်ကြပါစေ။

Dr. Tin Htet Khine

Financial Services Associate Director

📱 09450027374

Viber 09 952227374















28/01/2026

🎓 ဒီအချိန်မှာ မိဘတိုင်း စိတ်ပူကြတာက ကိုယ့်သားသမီးလေးတွေ ကိုယ်ဖြစ်စေချင်တဲ့ ပညာရေးခရီးလမ်း ဆုံးခန်းတိုင် ရောက်ဖို့ပါပဲ။

🧗 အခက်အခဲတွေကတော့ အများကြီးပေါ့ .....
👩‍🦼 မိဘတွေ အလုပ်လုပ်နိုင်၊ ငွေရှာနိုင်တုန်းမှာတော့ သူတို့ပညာရေးစရိတ်အတွက် ပံ့ပိုးပေးနိုင်ကြပါတယ်။ ဒါပေမယ့် ကိုယ်သာ မမျှော်မှန်းနိုင်တဲ့ အခြေအနေတစ်ခုကြောင့် သူတို့နားကနေ ထွက်ခွာသွားရပြီဆိုရင် သူတို့ ပညာရေးလမ်းလဲ ကြမ်းတမ်းတော့မှာပါ။

📝 အဲ့ဒီလို အခြေအနေမျိုး ကြုံလာခဲ့ရင်တောင် ကိုယ့်သားသမီး ပညာရေးလမ်းကြောင်း မပျက်ဘဲ မသွေဖီဘဲ ဆုံးခန်းထိရောက်နိုင်အောင် ကြိုတင် ပြင်ဆင်ထားလို့ ရပါတယ်။

☎️ သားသမီးတွေကို ပညာရေးနဲ့ပတ်သက်လို့ အနှောက်အယှက်မရှိ ဖြစ်ထွန်းအောင်မြင်စေချင်တဲ့ မိဘများကို အသေးစိတ် ရှင်းပြပေးပါ့မယ်။

Dr. Zar Ni Thaung
Financial Services Director
AIA Myanmar Life Insurance Company
[email protected]
09964112042







Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ma Nwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share