27/08/2015
The Employee Referral Program and Award အစီအစဉ်အားအသိပေးကြောင်းကြားအပ်ပါ သည်။ အဆိုပါအစီအစဉ်သည် ရွှေပိုးကောင်ကုမ္ပဏီဝန်ထမ်းများအနေဖြင့် မိမိတို့၏ သူငယ်ချင်း၊ မိတ်ဆွေ များအားရွှေပိုးကောင်ကုမ္ပဏီတွင် လစ်လပ်နေသည့်ရာထူးနေရာများတွင်အလုပ်လျောက်ထား ရန်တွန်းအား ပေးကူညီနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။
ရွှေပိုးကောင်ကုမ္ပဏီဝန်ထမ်းတစ်ဦးမှ မိတ်ဆက်ထောက်ခံပေးသည့် ၎င်း၏ မိတ်ဆွေ၊ သူငယ်ချင်း သည် ရွှေပိုးကောင်ကုမ္ပဏီ၏ လစ်လပ်ရာထူးနေရာ၌ အစမ်းခန့်ကာလအောင်မြင်ပြီးနောက် (၂) လပြည့် သည့်အချိန်တွင် အဆိုပါဝန်ထမ်းကိုမိတ်ဆက်ပေးသည့် ရွှေပိုးကောင်ကုမ္ပဏီဝန်ထမ်းသည် ကုမ္ပဏီမှ ချီးမြှင့်သည့် ဆုကြေးငွေကျပ် ၁၀၀,၀၀၀ိ/-(ကျပ်တစ်သိန်းတိတိ) ကိုခံစားခွင့်ရရှိမည်ဖြစ်သည်။
The Employee Referral Program and Award ၏ သတ်မှတ်ချက်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ The Employee Referral Program and Award သည် Supervisor နှင့် Manager ရာထူးများ မှ အပ ကျန် ရွှေပိုးကောင်ကုမ္ပဏီ ၀န်ထမ်းအားလုံး ခံစားခွင့်ရရှိမည့်ဆုကြေးအစီအစဉ်ဖြစ်ပါသည်။
၂။ ရွှေပိုးကောင်ကုမ္ပဏီဝန်ထမ်းအဖြစ် ခန့်အပ်သည့်လျောက်ထားသူအား အစမ်းခန့်ကာလ(၄)လ အောင်မြင်ပြီးသည့်အပြင် နောက်ထပ်အပို(၂)လအားထပ်မံစောင့်ကြည့်မည်ဖြစ်သည်။
၃။ ဆုကြေးငွေမှာ ရွှေပိုးကောင်ကုမ္ပဏီတွင် အလုပ်လျောက်ထားရန် မိတ်ဆက်ပေးသည့် ရွှေပိုးကောင် ကုမ္ပဏီဝန်ထမ်းတစ်ဦးလျှင် ၁၀၀,၀၀၀ိ/- (ကျပ်တစ်သိန်းတိတိ) ဖြစ်သည်။
၎။ အဆိုပါဆုကြေးငွေမှာ ရွှေပိုးကောင်ကုမ္ပဏီ တွင်အလုပ်နေရာလျောက်ထားရန် မိတ်ဆက်ထောာက်ခံ ပေးမှုတစ်ကြိမ်စာအတွက်ဖြစ်သည်။ သို့ရာတွင် ယာယီဝန်ထမ်းများခန့်အပ်ခြင်း နှင့် ပြင်ပမှခေါ်ယူသည့် နေ့စားဝန်ထမ်းများအား မိတ်ဆက်ထောက်ခံပေးခြင်းအတွက် ဆုကြေးခံစားခွင့် မရရှိပါ။
ရွှေပိုးကောင်ကုမ္ပဏီ တွင်လစ်လပ်နေသည့် ရာထူးနေရာများမှာအောက်ပါအတိုင်းဖြစ်သည်။
၁။ Accounting Assistant
၂၊ Extension Admin Coordinator
၃။ Treasure Accountant
၎။ Supervisor Accountant
ရွှေပိုးကောင်ကုမ္ပဏီ ၀န်ထမ်းများအနေဖြင့်မိမိတို့၏ မိတ်ဆွေ၊ သူငယ်ချင်းများအား ရွှေပိုးကောင် ကုမ္ပဏီ၏ official page ဖြစ်သော‘ Shwe Poe Kaung Trading Co., Ltd ‘ အား မိမိ၏ သူငယ်ချင်းများသို့ မိတ်ဆက် ဖြန့်ဝေပေးခြင်းဖြင့် ကုမ္ပဏီတွင်းလစ်လပ်နေသည့် ရာထူးနေရာများကိုသိရှိနိုင်မည်ဖြစ်ပြီး အလုပ်လျောက် လွှာများအား [email protected] သို့ e-mail ပို့၍ အလုပ်လျောက်ထား နိုင်မည်ဖြစ်ပါသည်။