IW - Team Nae Thit

IW - Team Nae Thit A Team of Professional Financial Advisors from AIA Myanmar Life Insurance Company

🌼 မင်္ဂလာရှိသော မြန်မာနှစ်သစ်ပါ 🌼မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်ကျန်းမာချမ်းသာမှု၊ စိတ်ချမ်းသာမှုနှင့်ပျော်ရွှင်ခြင်းများ ပြ...
16/04/2026

🌼 မင်္ဂလာရှိသော မြန်မာနှစ်သစ်ပါ 🌼

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်
ကျန်းမာချမ်းသာမှု၊ စိတ်ချမ်းသာမှုနှင့်
ပျော်ရွှင်ခြင်းများ ပြည့်စုံကြပါစေ။

မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်သော
နှစ်သစ်ကို စတင်နိုင်ကြပါစေ။

ချစ်ခင်လေးစားစွာဖြင့်
Team Nae Thit





💦🌼 Team Nae Thit မှ သင်္ကြန်အကြိုနေ့ ဆုတောင်း 🌼💦သင်္ကြန်အကြိုနေ့ရောက်ရှိလာတဲ့ အချိန်မှာပျော်ရွှင်စရာ နှစ်သစ်ကို စောင့်မျ...
12/04/2026

💦🌼 Team Nae Thit မှ သင်္ကြန်အကြိုနေ့ ဆုတောင်း 🌼💦

သင်္ကြန်အကြိုနေ့ရောက်ရှိလာတဲ့ အချိန်မှာ
ပျော်ရွှင်စရာ နှစ်သစ်ကို စောင့်မျှော်နေတဲ့ စိတ်လှုပ်ရှားမှုများနဲ့အတူ
လူကြီးမင်းတို့နှင့် မိသားစုဝင်များအားလုံးအတွက်
မင်္ဂလာဆန္ဒမွန်များ ပို့သအပ်ပါသည်။

AIA Myanmar – Team Nae Thit မှ
နှစ်ဟောင်းရဲ့ ပင်ပန်းနွမ်းနယ်မှုများ၊ စိုးရိမ်ပူပန်မှုများအားလုံး
သင်္ကြန်ရေချမ်းများနဲ့အတူ ပျောက်ကွယ်သွားပြီး
နှစ်သစ်ကို စိတ်ချမ်းသာပျော်ရွှင်စွာ ကြိုဆိုနိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။

🌼 အကြိုနေ့မှ စတင်၍ ပျော်ရွှင်မှုများ တိုးပွားပါစေ
🌼 ချစ်ခြင်းမေတ္တာများ ပိုမိုခိုင်မာပါစေ
🌼 ကံကောင်းခြင်းများ နီးကပ်လာပါစေ
🌼 နှစ်သစ်အတွက် အခွင့်အလမ်းကောင်းများ ဖွင့်လှစ်လာပါစေ

သင်္ကြန်အကြိုနေ့ကစပြီး
ပျော်ရွှင်မှုများ၊ မင်္ဂလာများနဲ့ ပြည့်စုံသော နှစ်သစ်ကို
နွေးထွေးစွာ ကြိုဆိုနိုင်ကြပါစေရှင် 💛

Happy Thingyan Eve 💦

🎁💦 ဒီသင်္ကြန်မှာ လက်ဆောင်ပေးပုံကို ပြောင်းလိုက်ကြမလား? 💦🎁သင်္ကြန်ရောက်ပြီဆိုတာနဲ့ လူတွေစိတ်ထဲမှာ ပထမဆုံး ထင်လာတာက ပျော်ရ...
07/04/2026

🎁💦 ဒီသင်္ကြန်မှာ လက်ဆောင်ပေးပုံကို ပြောင်းလိုက်ကြမလား? 💦🎁

သင်္ကြန်ရောက်ပြီဆိုတာနဲ့ လူတွေစိတ်ထဲမှာ ပထမဆုံး ထင်လာတာက ပျော်ရွှင်မှုတွေ၊ ခရီးထွက်မှုတွေ၊ မိတ်ဆုံပွဲတွေ၊ လက်ဆောင်ပေးပွဲတွေပါပဲ 🎉💃🕺။ မိဘတွေကို၊ ချစ်သူကို၊ မိတ်ဆွေတွေကို ဘာလက်ဆောင်ပေးရမလဲဆိုပြီး စဉ်းစားနေကြတဲ့အချိန်ပါ။

🎀 ပုံမှန်ဆိုရင်တော့ အဝတ်အစား 👕၊ ချောကလက် 🍫 Gadget 📱 စတဲ့ ပစ္စည်းလက်ဆောင်တွေ ပေးကြတာများပါတယ်။ ဒါပေမယ့် အဲဒီလက်ဆောင်တွေက ပျော်ရွှင်မှုကို ခဏပဲပေးနိုင်ပြီး အချိန်ကြာလာရင် မေ့သွားတတ်ကြပါတယ်။ ⏳

ဒီနှစ်သင်္ကြန်မှာတော့ လက်ဆောင်ပေးပုံကို နည်းနည်းလေး ပြောင်းလိုက်ကြမလား 💡။ အသုံးဝင်တဲ့အပြင် အနာဂတ်ကိုပါ ကာကွယ်ပေးနိုင်တဲ့ လက်ဆောင်တစ်ခု ပေးနိုင်ပါတယ်။ အဲဒါကတော့ Insurance Package လက်ဆောင် ပါ 🎁🛡️။ “ကိုယ့်ကိုယ်တိုင်ကာကွယ်နေတယ်” ဆိုတဲ့ ခံစားချက်ထက် “ချစ်ရသူကို ကာကွယ်ပေးနေတယ်” ဆိုတဲ့ ခံစားချက်က ပိုပြီးတန်ဖိုးရှိပါတယ်။ ❤️

Health Insurance ကို လက်ဆောင်ပေးလိုက်ရင် 🩺🏥 နာမကျန်းဖြစ်တဲ့အချိန် ဆေးကုသစရိတ်အတွက် စိုးရိမ်စရာမလိုတော့ပါဘူး။ ဆေးရုံတက်ရမယ်၊ ခွဲစိတ်ရမယ်ဆိုရင် ငွေကြေးအတွက် စိတ်ပူစရာ မလိုဘဲ ကုသမှုကို အချိန်မရွေးရနိုင်ပါတယ် 💊💸။ မိသားစုရဲ့ စုဆောင်းငွေတွေ မထိခိုက်တော့တဲ့အတွက် စိတ်ချမ်းသာမှုကိုပါ ပေးနိုင်ပါတယ် 🤍။

Life Insurance ကို လက်ဆောင်ပေးလိုက်ရင် 🛡️👨‍👩‍👧‍👦 မတော်တဆဖြစ်လာခဲ့ရင် မိသားစုအနာဂတ်ကို ဆက်လက်ထောက်ပံ့နိုင်ပါတယ်။ ကိုယ်မရှိတော့တဲ့အချိန်တောင် မိသားစုဘဝ မပျက်စီးအောင် ကာကွယ်ထားနိုင်တဲ့ အကြီးမားဆုံးလက်ဆောင်ပါ 💖💰။ ဒီလို Protection ကို လက်ဆောင်ပေးခြင်းဟာ “အမြဲတမ်းစောင့်ရှောက်နေတယ်” ဆိုတဲ့ အဓိပ္ပါယ်ကို ပေးပါတယ် 🌟။

ဒီသင်္ကြန်မှာ ပစ္စည်းမပေးပါနဲ့ 🎀
အနာဂတ်ကို လက်ဆောင်ပေးပါ 💝

ပျော်ရွှင်မှုက ခဏပဲရှိနိုင်ပေမယ့် Protection ကတော့ အမြဲရှိနေပါလိမ့်မယ် 💦🛡️။ Insurance Package လက်ဆောင်ပေးချင်ရင် Chat Box ထဲ “GIFT” လို့ မက်ဆေ့ချ်ပို့လိုက်ပါနော် 💬💙

🎁💦




Insurance = Love ❤️လူတစ်ယောက်က မိသားစုကို တကယ်ချစ်တယ်ဆိုရင် ချစ်ခြင်းကို စကားနဲ့တင် မပြပါဘူး။ လုပ်ဆောင်ချက်နဲ့ ပြသကြပါတယ...
02/04/2026

Insurance = Love ❤️

လူတစ်ယောက်က မိသားစုကို တကယ်ချစ်တယ်ဆိုရင် ချစ်ခြင်းကို စကားနဲ့တင် မပြပါဘူး။ လုပ်ဆောင်ချက်နဲ့ ပြသကြပါတယ်။ မိသားစုအတွက် ပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်ပေးဖို့ ကြိုးစားကြတာက ချစ်ခြင်းရဲ့အကြီးဆုံးသက်သေပါပဲ။

ယနေ့အတွက် ချစ်ခြင်းကိုတော့ လူတိုင်းနီးပါး ပြသနေကြပါတယ် 👇

• 🏠 အိမ်တစ်လုံး ဝယ်ပေးတယ်
• 🍚 စားဝတ်နေရေးကို တာဝန်ယူပေးတယ်
• 🎓 ကလေးပညာရေးကို ထောက်ပံ့ပေးတယ်

ဒီအရာတွေဟာ ယနေ့အတွက် ချစ်ခြင်း 💛 ဖြစ်ပါတယ်။
ဒါပေမယ့်… ဘဝက မမျှော်လင့်ထားတဲ့အရာတွေ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။

အဲဒီအချိန်မှာ မိသားစုအတွက် မေးခွန်းတစ်ခု ကျန်နေပါတယ် —
“မနက်ဖြန်မှာ မင်းမရှိတော့ရင် ဘယ်သူက ဆက်ပြီး ကာကွယ်ပေးမလဲ?”

ဒီမေးခွန်းရဲ့အဖြေကတော့ Insurance ဖြစ်ပါတယ်။

Insurance ဆိုတာက မင်းမရှိတော့တဲ့နေ့တောင် မိသားစုကို ဆက်လက်ကာကွယ်ပေးမယ့် စနစ်တစ်ခုပါ။ ဒါကြောင့် Insurance ဆိုတာ မဖြစ်သေးတဲ့အရာအတွက် ကြိုတင်ပြင်ဆင်ခြင်းသာမက…

👉 မနက်ဖြန်အတွက် ချစ်ခြင်း ❤️ ဖြစ်ပါတယ်။





🚨 မတတ်သာလို့ ကျန်းမာရေးအတွက် ဆေးရုံတက်ရတဲ့အခါ…ငွေထုပ်ပိုက်ပြီး တက်မလား?ဒါမှမဟုတ် Insurance Card တစ်ကဒ်နဲ့ပဲ တက်မလား? မထင...
27/03/2026

🚨 မတတ်သာလို့ ကျန်းမာရေးအတွက် ဆေးရုံတက်ရတဲ့အခါ…ငွေထုပ်ပိုက်ပြီး တက်မလား?

ဒါမှမဟုတ် Insurance Card တစ်ကဒ်နဲ့ပဲ တက်မလား?

မထင်မှတ်တဲ့ ရောဂါတစ်ခု၊ မတော်တဆမှုတစ်ခုကြောင့် 💸 ကုသစရိတ်တွေဟာ သိန်းဆယ်ဂဏန်းကနေ သိန်းရာချီအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတချို့က ကျန်းမာရေးအာမခံနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ထားကြပါတယ်။

Claim Case အများစုမှာ ရောဂါအကြီးတွေလဲ ပါသလို မတော်တဆဖြစ်ရပ်တွေ, ရောဂါအသေးစားတွေ, မထင်မှတ်တဲ့ထိခိုက်မှုတွေကြောင့် သိန်း ဆယ်ဂဏန်းကနေ သိန်းရာချီကုသရတာတွေကြောင့် မိသားစုတွေ အတွက် ငွေကြေးကုန်ကျမှုတွေရှိလာကြပါတယ်။

Claim case တွေကို စုထားပေးပါတယ်.. link လေးတွေကိုနှိပ်ပြီး ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်..

တစ်လတည်းမှာတင် ဆေးရုံ (၃) ခါ တက်ရခြင်း https://www.facebook.com/laine.ong/posts/10164916986323179

Death Claim https://www.facebook.com/photo/?fbid=26483432207928268&set=a.480363178661860

သားအိမ်ထုတ်ခြင်း https://www.facebook.com/photo/?fbid=26032978226314297&set=a.423674487671356

ကျောက်ကပ်တွင် ကျောက်တည်နေမှုအား ခွဲစိတ်ဖယ်ရှားခြင်း https://www.facebook.com/nang.khin.hnin.yee.709261/posts/3886750654959669

ကင်ဆာ Stage 2 မှာ Claim သိန်း ၁၀၀၀ Approved! ရခဲ့ခြင်း https://www.facebook.com/photo/?fbid=24566001339671126&set=a.307631945934737

ဂရင်းဟံသာမှာ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း https://www.facebook.com/ayethandarhnin1979/posts/122212807670337685

Bumrungrad Hospital Bangkok တွင် ဆေးကုသမှုခံယူခြင်း https://www.facebook.com/moelwinmaythu/posts/25363225363362190

ဒူးခွဲစိတ်ကုသမှု (ဘတ် 667500) https://www.facebook.com/lal.lay.14/posts/28480805714852206

မတော်တဆမှု (ခြံစည်းရိုးတံခါးက သံနဲ့ခြစ်မိခြင်း) https://www.facebook.com/thi.thisoe.77/posts/26196946419941888

Burmrungrad က Dr Weerachai နဲ့ ပြပြီး Operation ပြုလုပ်ခြင်း https://www.facebook.com/100001897941583/videos/pcb.29732056399774232/898562232376199

သေဆုံး လျော်ကြေး သိန်းပေါင်း တစ်ထောင့်တစ်ရာ့နှစ်ဆယ့်ခြောက်သိန်းကျော် https://www.facebook.com/zar.ni.win.591470/posts/8404414172998023

ကင်ဆာ သိန်း625 သိန်း စွမ်းဆောင်ကူညီပေးနိုင်ခဲ့ခြင်း https://www.facebook.com/malh.su.956360/posts/2349545142158671

ဆေးရုံတက်ရခြင်း https://www.facebook.com/mimi.khine.1/posts/25259812560298302

အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် အစာအိမ်နဲ့အူလမ်းကြောင်းမှန်ပြောင်း (Gastroscopy) နဲ့ အူမကြီးမှန်ပြောင်း(Colonoscopy) ကြည့်ခြင်း
https://www.facebook.com/HannaNge23/posts/2014205595786933





လူတော်တော်များများက 👉 “နောက်မှလုပ်မယ်” လို့ ပြောတတ်ကြပါတယ်… ⏳ဒါပေမယ့် အချိန်ကတော့ ဘယ်သူ့ကိုမှ မစောင့်ပါဘူး ❗မမျှော်လင့်ထ...
22/03/2026

လူတော်တော်များများက 👉 “နောက်မှလုပ်မယ်” လို့ ပြောတတ်ကြပါတယ်… ⏳
ဒါပေမယ့် အချိန်ကတော့ ဘယ်သူ့ကိုမှ မစောင့်ပါဘူး ❗
မမျှော်လင့်ထားတဲ့ အချိန်တွေမှာ မိသားစုအတွက် စိတ်ပူစရာမဖြစ်ချင်ဘူးဆိုရင် 💭
Life Insurance ဆိုတာ မဖြစ်မနေ စဉ်းစားသင့်တဲ့ Financial Planning တစ်ခုပါ 💡
Life Insurance ရဲ့ အကျိုးကျေးဇူးတွေကတော့ 👇
✔️ မိသားစုအတွက် Financial Protection 🏡💰
✔️ အရေးပေါ်အချိန်တွေမှာ အထောက်အကူဖြစ်စေမှု 🚑
✔️ အနာဂတ်အတွက် စိတ်ချရမှု ပိုမိုရရှိခြင်း 🔒✨
📊 အရေးကြီးတာတစ်ခုက…
အသက်ငယ်တုန်း စတင်လုပ်ထားရင် Premium ပိုသက်သာပြီး 💵
Coverage ပိုများရရှိနိုင်ပါတယ် 📈
ဒါကြောင့်…
📣 “နောက်မှလုပ်မယ်” ဆိုတဲ့ စကားကို ❌ ချန်ထားပြီး
👉 ဒီနေ့ပဲ စတင်လိုက်ပါ ✔️
⏳ Life Insurance ကို နောက်မကျအောင် စတင်ပါ
💖 သင့်မိသားစုအတွက် အကောင်းဆုံး ကာကွယ်မှုတစ်ခုပါ
📩 စိတ်ဝင်စားပါက Chat Box မှာ အချိန်မရွေး မေးမြန်းနိုင်ပါတယ် 😊



💭 “လစာရတာ မနည်းပေမယ့်… လကုန်ရင် ဘာမှမကျန်ဘူးလား?”ဒီပြဿနာကို လူအများကြုံရဖူးပါတယ် 😟အကြောင်းရင်းတစ်ခုတည်းပဲရှိပါတယ်—👉 ငွေက...
19/03/2026

💭 “လစာရတာ မနည်းပေမယ့်… လကုန်ရင် ဘာမှမကျန်ဘူးလား?”
ဒီပြဿနာကို လူအများကြုံရဖူးပါတယ် 😟
အကြောင်းရင်းတစ်ခုတည်းပဲရှိပါတယ်—
👉 ငွေကို မစီမံခန့်ခွဲတာ
💡 တကယ်တော့ Financial Planning က အရမ်းမခက်ပါဘူး
အခြေခံ ၃ ချက်ပဲ လိုပါတယ်👇
✔️ ဝင်ငွေ ဘယ်လောက်ရလဲ သိထားပါ
✔️ ဘာတွေသုံးနေလဲ ခွဲခြားပါ
✔️ ကျန်တာကို 💰 Savings နဲ့ 🛡️ Insurance ထားပါ
✨ သတိထားပါ — “မစုဆောင်းခင် မသုံးပါနဲ့”
ဒီနေ့ကစပြီး စတင်ရင်
👉 မနက်ဖြန်က ပိုမိုလုံခြုံတဲ့ ဘဝဖြစ်လာနိုင်ပါတယ် 💙
📩 Financial Plan စတင်ချင်ရင် “Plan” လို့ရေးပြီး မေးမြန်းနိုင်ပါတယ်နော်..
Myanmar



ပျောက်ဆုံး ပျက်ဆီးသွားရင် ပြန်ရှာ ဝယ်လို့ ရနိုင်တဲ့ ဘက်မှန် လေး တွေကိုသူခိုးခိုး သွားမှာစိုးလို့ ဒီလို ...လေး ကာကွယ်ထားက...
16/03/2026

ပျောက်ဆုံး ပျက်ဆီးသွားရင် ပြန်ရှာ ဝယ်လို့ ရနိုင်တဲ့

ဘက်မှန် လေး တွေကို

သူခိုးခိုး သွားမှာစိုးလို့

ဒီလို ...လေး ကာကွယ်ထားကြတယ်။

ဒီ ခေတ် ချိန်ခါမှာ

စီးပွားတွေ ကြပ်တည်းလာတဲ့ အခါ

သူခိုးတွေ များလာတယ်။

လစ်ရင်ခိုးမယ်။

လူမိရင် သတ်ဖြတ်ပြီး ယူကြမယ်ဆိုတဲ့ လူဆိုးတွေ ပေါ လာတယ်။

သိန်းဂဏန်းလောက်တန်တဲ့ ကိုယ့် ကား ဘက်မှန် လေးကို

ကာကွယ်ဖို့ သတိရှိကြပေမယ့်

တန်ဖိုးဖြတ်မရတဲ့ ကိုယ့်အသက်ကို ကာကွယ်ဖို့တော့ လူတိုင်း မေ့လျော့နေတတ်ကြပါတယ်။

ဘက်မှန် ဖြုတ်ခိုးခံရရင် ကိုယ် ငွေ ရှာပြီး အစားထိုး ပြန်ဝယ်တပ်လို့ရပါတယ်။

ကိုယ် ....

မရှိတော့ရင်

မိသားစု အတွက် ဘာနဲ့ မှ အစားထိုးလို့ မရနိုင်ပါဘူး။

ကိုယ့် ဘက်မှန်လေးကို ကာကွယ်ထားသလို

ကိုယ့် ချစ်ရတဲ့ မိသားစုအတွက်

ကိုယ့်အသက် ကို အာမခံထားပြီး ငွေကြေးအကာအကွယ် ယူထားလို့ရပါတယ်။

𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 ဆိုတာ 𝐑𝐢𝐬𝐤 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 ပါပဲ...

ဘယ်လို လုပ်ရမလဲ တိုင်ပင်ချင်တယ်ဆိုရင်

📞 09952227374 ကိုသာ ဆက်လိုက်ပါရှင်။

🧑‍⚕️Dr. Tin Htet Khine

Financial Services Associate Director

[email protected]

AIA Myanmar













ပုံ က ဒီမနက် ‌ဆေးခန်းတခုမှာ ကျန်းမာရေးအာမခံ အကြောင်းရှင်းပြပေးဖို့သွားရင်း သဘောကျလို့ကိုယ်တိုင်ရိုက်ထားခဲ့တာပါ။

CI claim မရလို့ post တစ်ခု တက်လာတာနဲ့ ပတ်သက်ပြီး ကျွန်မ client တွေက မေးလာကြလို့ မနှစ်က ရေးထားခဲ့တဲ့ CI အကြောင်း ပြန်ရေးပ...
14/03/2026

CI claim မရလို့ post တစ်ခု တက်လာတာနဲ့ ပတ်သက်ပြီး ကျွန်မ client တွေက မေးလာကြလို့ မနှစ်က ရေးထားခဲ့တဲ့ CI အကြောင်း ပြန်ရေးပေးလိုက်ပါတယ်နော်။ အားလုံးနားလည်အောင် မြန်မာလိုရှင်းလင်းချက်လေးတွေ ရေးပေးထားပါတယ်။
တကယ်တော့ လိုအပ်တဲ့ ထားသင့်တဲ့ အာမခံ product တစ်ခု ပါ။
ဘာကြောင့် ထားသင့်လဲ ဆိုတာ ဖတ်ကြည့်ကြပါနော်။
-------------------------------------------------------------------------------
-------------------------------------------------------------------------------

"𝐀𝐈𝐀 𝐂𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐈𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐚𝐫𝐞"
"ပြင်းထန်ရောဂါစောင့်ရှောက်မှု အာမခံ"

☝️ အသက် တစ်လသားကစပြီး 65 နှစ်ပြည့် မွေးနေ့ မတိုင်ခင်အထိ ဝယ်လို့ရပါတယ်။ ဝယ်ပြီးနောက် အသက် 70 အထိ နှစ်စဉ် သက်တမ်းတိုးလို့ ရပါတယ်။

☝️ AIA မှာရှိတဲ့ အဓိက အာမခံ 2 မျိုးဖြစ်တဲ့ Universal Life အသက်အာမခံ သို့မဟုတ် ၊ One Health Solution ကျန်းမာရေးအာမခံ တစ်မျိုးမျိုးနဲ့ တွဲဖက် ဝယ်ယူလို့ရသလို သူ့ တစ်မျိုးထဲ သီးသန့် ဝယ်ယူလို့လဲ ရပါတယ်။

☝️ အာမခံ ဝယ်ယူပြီးနောက်ပိုင်းမှ ဖြစ်လာတဲ့ ကနဦးအဆင့် ပြင်းထန်ရောဂါ 12 မျိုးနှင့် အဓိကပြင်းထန်ရောဂါ 27 မျိုးကို အကာအကွယ်ပေးပါတယ်။

💥 ကနဦးအဆင့် ပြင်းထန်ရောဂါ 12 မျိုးကတော့💥

1. Carcinoma in Situ (ကင်ဆာ ကနဦးအဆင့်)
2. နှလုံးတွင် Pacemaker သို့မဟုတ် Defibrillator
ထည့်သွင်းခြင်း
3. နှလုံးသွေးကြောကို stunt ထည့်၍ ချဲ့ခြင်း
4. သွေးလွှတ်ကြောမကြီး (Aorta) ကို scope ထည့်၍ ခွဲစိတ်ခြင်း
5. Carotid artery (လည်ပင်းသွေးလွှတ်ကြောမကြီးခွဲစိတ်ခြင်း)
6. Cerebral Shunt (ဦးနှောက်တွင်းအရည်လမ်းလွှဲပိုက်ထည့်ခြင်း)
7. Brain aneurysm (ဦးနှောက်သွေးကြောဖောင်းခြင်းအား သွေးကြောတွင်းပိုက်ထည့်ကုသခြင်း)
8. Viral Encephalitis (Virus ပိုးကြောင့် ဦးနှောက်ယောင်ခြင်း)
9. အဆုတ်တစ်ဖက်အားခွဲစိတ် ဖယ်ရှားခြင်း
10. အသည်း တစ်စိတ်တစ်ပိုင်းအား ခွဲစိတ်ဖယ်ရှားခြင်း
11. ကျောက်ကပ်တစ်လုံးအား ခွဲစိတ် ဖယ်ရှားခြင်း
12. Small bowel transplant (အူသိမ်အစားထိုးခြင်း)

☝️ ဒါတွေဖြစ်ပြီး၊ ခွဲစိတ်ပြီးလို့ 7 ရက်အကြာထိ အသက်ဆက်ရှင်မယ်ဆိုရင် အာမခံထားငွေရဲ့ ၂၅% ကို လျော်ကြေး တောင်းခံနိုင်ပါတယ်။ နံပါတ် 3 အတွက်ကတော့ အာမခံထားငွေရဲ့ ၁၀% ကို လျော်ကြေး တောင်းခံနိုင်ပါတယ်။

(ပြင်းထန်ရောဂါ အာမခံတွေမှာ ဖြစ်ပြီးလို့ ဘယ်နှရက် အသက်ရှင်မှ လျော်ကြေးအကျုံးဝင်မယ်ဆိုတဲ့ clause အားလုံးမှာ ပါပါတယ်။ နိုင်ငံတကာမှာဆိုရင် ၁၄ ရက်၊ ၂၁ ရက်၊ ရက် ၃၀ အထိ ရှင်သန်ဖို့ လိုတဲ့ အာမခံ ပေါ်လစီတွေက များပါတယ်။ AIA Critical Illness Care မှာပါတဲ့ ၇ ရက်ဆိုတာ ဒီလိုအာမခံမျိုးအတွက် အနည်းဆုံးပါ။

ပြင်းထန်ရောဂါအာမခံက ပြင်းထန်ရောဂါဖြစ်လို့ တုံးလုံးစာအတွက် ပြင်ဆင်တဲ့ အာမခံဖြစ်ပါတယ်။ မှီခိုမိသားစုဝင်ရှိတဲ့သူတွေကတော့ ပြင်းထန်ရောဂါကြောင့်ဖြစ်စေ၊ အခြားကြောင့်ဖြစ်စေ သေဆုံးတဲ့အခါ မိသားစုဝင်တွေအတွက် စီမံပေးထားဖို့ အသက်အာမခံနဲ့ တွဲထားသင့်ပါတယ်။)

💥 အဓိကပြင်းထန်ရောဂါ 27 မျိုး ကတော့

1. Cancer
2. Myocardial Infarct (နှလုံးသွေးကြောပိတ်၍ကြွက်သား သေခြင်း)
3. Severe Cardiomyopathy (ပြင်းထန် နှလုံးကြွက်သား ရောဂါ)
4. Infective Endocarditis (နှလုံးအတွင်းနံရံ ယောင်ခြင်း)
5. Coronary artery bypass (နှလုံးသွေးကြောလမ်းလွှဲ ခွဲစိတ်ခြင်း)
6. နှလုံးအဆို့ရှင်ခွဲစိတ်ခြင်း
7. သွေးလွှတ်ကြောမကြီး (Aorta) ကိုခွဲစိတ်ခြင်း
8. Stroke resulting permanent deficits
9. Bacterial meningitis (ဘက်တီးရီးယားပိုးကြောင့် ဦးနှောက်အမြှေးယောင်ခြင်း)
10. Severe Encephalitis (ပြင်းထန်ဦးနှောက်ယောင်ခြင်း)
11. ဦးနှောက်တွင်း အကြိတ်ဖြစ်ခြင်း (ကင်ဆာမဟုတ်)
12. ဦးနှောက်ခွဲစိတ်ခြင်း
13. အဆုတ်ပျက်စီးခြင်း နောက်ပိုင်းအဆင့်
14. Primary pulmonary hypertension (အဆုတ်
သွေးလွှတ်ကြောတွင်း သွေးတိုးရောဂါ)
15. အသည်း ပျက်စီးခြင်း နောက်ပိုင်းအဆင့်
16. ပြင်းထန် အသည်းယောင်ရောဂါ
17. ကျောက်ကပ် ပျက်စီးခြင်း နောက်ပိုင်းအဆင့်
18. Medullary cystic disease (ကျောက်ကပ်အရည်အိတ်တည်ရောဂါ)
19. SLE with Lupus Nephritis (အရေပြားလေးဘက်နာနှင့် ဆက်စပ်ကျောက်ကပ်ယောင်ခြင်း)
20. Transplant (နှလုံး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ်၊သရက်ရွက်၊ ချင်ဆီ အစားထိုးခြင်း)
21. ခန္ဓာကိုယ် 20% အထက် မီးလောင်ခြင်း
22. Coma
23. ခွေးရူးပြန်ခြင်း
24. မေးခိုင်ပိုးဝင်ခြင်း
25. Multiple sclerosis (နာတာရှည်အာရုံကြောရောဂါ)
26. ပိုလီယို အကြောသေရောဂါ
27. Chronic Aplastic Anemia (ရိုးတွင်းခြင်ဆီပျက်စီးသော နာတာရှည်သွေးအားနည်းရောဂါ)

☝️ ဒါတွေဖြစ်ပြီး ဒါမှမဟုတ် ခွဲစိတ်ကုသပြီးလို့
7 ရက်အကြာထိ အသက်ဆက်ရှင်မယ်ဆိုရင် အာမခံထားငွေရဲ့ 100% ကို လျော်ကြေး တောင်းခံနိုင်ပါတယ်။ အာမခံလျော်ကြေး အပြည့်တောင်းခံပြီးတဲ့အခါမှာတော့ ဒီအာမခံပေါ်လစီ ပြီးဆုံးသွားမှာဖြစ်ပါတယ်။

👉ဒီ အာမခံ အမျိုးအစားက ဘယ်လောက်ကျသင့်တယ်ဆိုတဲ့ voucher ကိုကြည့်ပြီးပေးတဲ့ Health Insurance နဲ့ မတူပါဘူး။

💥ကိုယ် ဒီအာမခံစဝယ်စဥ်က တန်ဖိုး သိန်း ၁၀၀၀ ထားခဲ့တယ်ဆို
၂၇ မျိုးသော အဓိက ပြင်းထန်ရောဂါ ဖြစ်ပြီလို့ ရောဂါ Diagnosis ရပြီဆိုရင် သိန်း၁၀၀၀ တလုံးတခဲ တခါထဲ ပေးလျော်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ရောဂါ ဖြစ်လို့ အလုပ်မလုပ်နိုင်ဘဲ ဝင်ငွေ လျော့ပါး ၊ရပ်ဆိုင်းသွားတဲ့ သူတွေ အတွက် income replacement အနေနဲ့ အဆင်ပြေနိုင်သလို နောက်ဆက်တွဲ ကုသစရိတ် အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

🎉ဒါ့အပြင်
👉မြန်မာမှာပဲနေနေ ....
👉ဘယ်နေရာကိုပဲရောက်ရောက် ....
👉World wide cover ရနေမှာ ဖြစ်တာမို့ နောင်တချိန် ရွှေ့ပြောင်းဖို့ plan ရှိနေသူတွေအတွက်လဲ ရေရှည် အတွက် စိတ်ပူစရာ မလိုတဲ့ ကျန်းမာရေးအာမခံ မျိုးလဲ ဖြစ်ပါတယ်။

📝 ပရီမီယံကြေးက ဘယ်လောက်ရှိမလဲဆိုတာက ကိုယ် ဘယ်လောက်အာမခံထားချင်လဲ၊ ကိုယ့်အသက်ကဘယ်လောက်လဲ၊ ကျားမ၊ ဆေးလိပ်သောက်မသောက် စတာတွေအပေါ် မူတည်ပါတယ်။ ဥပမာ အသက် 40 ကျား ဆေးလိပ်မသောက်သူတစ်ယောက် ပြင်းထန်ရောဂါအာမခံ သိန်း 1000 ထားမယ်ဆိုရင် ပထမနှစ် တစ်နှစ်စာအတွက် ပရီမီယံ 782,250 ကျသင့်မှာဖြစ်ပါတယ်။

📝 ကိုယ့်အတွက် ဘယ်လောက်ထားမလဲ ဘယ်လောက်သွင်းရမလဲအတွက် အသေးစိတ်
တွက်ပေး၊ တိုင်ပင်ပေးပါ့မယ်။

❌❌❌ 🚫🚫 Do not copy 🚫🚫❌❌❌

📞𝟎𝟗𝟗𝟓𝟐𝟐𝟐𝟕𝟑𝟕𝟒
Dr Tin Htet Khine
Financial Services Associate Director
[email protected]
AIA Myanmar








🎉 Congratulations to all our Premier & Elite Club 2026 qualifiers! 🎉We’re excited to share your special congratulatory p...
09/03/2026

🎉 Congratulations to all our Premier & Elite Club 2026 qualifiers! 🎉

We’re excited to share your special congratulatory photos, celebrating your outstanding achievements this year.

Your dedication, hard work, and commitment to excellence have earned you a well-deserved spot among this year’s distinguished qualifiers.

Keep shining, keep achieving, and let’s reach even greater heights together! ✨

🎉 Congratulations to all our Premier & Elite Club 2026 qualifiers! 🎉

Premier နဲ့ Elite Club 2026 Qualifier တွေ အတွက် ထပ်မံ ဂုဏ်ပြုတဲ့အနေနဲ့ တစ်ဦးချင်းစီရဲ့ အမှတ်တရပုံများကို မျှဝေလိုက်ပါတယ်။

အကောင်းဆုံးကြိုးစားမှုတွေရဲ့ ဆုလာဘ်ဖြစ်တဲ့ ဂုဏ်ယူစရာ အောင်မြင်မှုတွေကို ဒီနှစ်မှာ ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

နောက်လာမယ့်နေ့ရက်တွေမှာလည်း ပိုမိုကောင်းမွန်ပြီး မြင့်မားတဲ့ အောင်မြင်မှုတွေဆီ အားလုံးနဲ့အတူတူ အရောက်လှမ်းကြရအောင်!



Korea 🇰🇷 ဂုဏ်ပြုခရီးစဉ် လိုက်ပါခွင့်ရရှိခဲ့သူများအား လှိုက်လှဲဝမ်းမြောက်စွာ ဂုဏ်ပြုပါသည်။ 🎉Your commitment, persistence,...
05/03/2026

Korea 🇰🇷 ဂုဏ်ပြုခရီးစဉ် လိုက်ပါခွင့်ရရှိခဲ့သူများအား လှိုက်လှဲဝမ်းမြောက်စွာ ဂုဏ်ပြုပါသည်။ 🎉

Your commitment, persistence, and outstanding performance throughout 2025 have earned you a well-deserved place at the International Convention. This achievement is not just a milestone—it’s a powerful reflection of your discipline, passion, and determination.

Soon you’ll experience the dynamic spirit of Korea—from the modern energy of Seoul to the rich culture and history that make this destination truly special. 🇰🇷✨

Enjoy every moment of this well-earned celebration. Your success continues to inspire the entire team! 👏




ကျွန်တော်တို့ဆရာဝန်တွေ အားလုံး ကြုံခဲ့ဖူးတာ တစ်ခုရှိတယ်...ဆေးရုံမှာ ဆေးဖိုး သွေးစစ် ဓာတ်မှန်ရိုက်ဖို့ ချင့်ချိန်နေကြရတဲ့...
04/03/2026

ကျွန်တော်တို့ဆရာဝန်တွေ အားလုံး ကြုံခဲ့ဖူးတာ တစ်ခုရှိတယ်...

ဆေးရုံမှာ ဆေးဖိုး သွေးစစ် ဓာတ်မှန်ရိုက်ဖို့ ချင့်ချိန်နေကြရတဲ့ လူနာတွေ...

တခြားနိုင်ငံတွေမှာလို ဆေးရုံစရိတ် ကုန်ကျခံစရာမလိုတဲ့ ကျန်းမာရေးအာမခံမျိုး ရှိဖို့ မျှော်လင့်ခဲ့ဖူးတယ်...

အခုတော့ တကယ်ဖြစ်လာပါပြီ...

AIA Myanmar ရဲ့ One Health Solution ကြောင့် ပြည်တွင်း၊ ပြည်ပ ဘယ်ဆေးရုံမှာ တက်ပြီး ကုသည်ဖြစ်စေ ကုန်ကျစရိတ် အားလုံး ပြန်ရနိုင်တဲ့ အာမခံမျိုး ရှိလာခဲ့ပါပြီ...

ကိုယ်တိုင်အတွက်ဖြစ်စေ...
ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်း၊ အမျိုးတွေအတွက်ဖြစ်စေ...

ဒီလိုအာမခံမျိုးထားဖို့ စိတ်ဝင်စားရင် ဆက်သွယ်မေးမြန်းလို့ရပါတယ်ဗျ...





Address

Junction City Office Tower
Yangon

Website

Alerts

Be the first to know and let us send you an email when IW - Team Nae Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share