Insurance By Hnin Wai

Insurance By Hnin Wai female

ကဲ ကျန်းမာရေးအာမခံတွေဝယ်ထားပြီး နှစ်တိုင်းလိုလို policy ကို renewal ပြန်ပြန်လုပ်နေရလို့ စိတ်ညစ်နေလား 🔶 အခုနောက်ပိုင်း ကြ...
15/01/2026

ကဲ ကျန်းမာရေးအာမခံတွေဝယ်ထားပြီး နှစ်တိုင်းလိုလို policy ကို renewal ပြန်ပြန်လုပ်နေရလို့ စိတ်ညစ်နေလား

🔶 အခုနောက်ပိုင်း ကြားနေရတာတွေကအာမခံထားထားတဲ့ ပထမနှစ်မှာပဲ ရောဂါတစ်ခုကို ကြီးကြီးမားမား ကုသလိုက်ရတယ်ဆိုရင် နောက်နှစ် policy ကို renewal ပြန်လုပ်ရတဲ့အခါ အဲ့ရောဂါကို cover မပေးတော့ဘူဆိုတာမျိုးတွေပေါ့....

✅ ဒါကြောင့် GGI မှာဆိုရင် သက်တမ်းကို 1နှစ်ကနေ နှစ်20အထိ ထားလို့ရတော့ အဲ့နှစ်20လုံးမှာ ဖြစ်လာနိုင်တဲ့ရောဂါမှန်သမျှကို အကာကွယ်ပေးသွားတာပါ။

✅ အကာကွယ်တွေအနေနဲ့ကတော့ သေးသေးမွှားမွှား ဆေးခန်းပြစရိတ်ကစလို့ ကြီးကြီးမားမားဖြစ်ရပ်တွေအထိပါ cover ပေးထားပါတယ်။

✅ ကိုယ်ဝယ်တဲ့ units ပေါ်မူတည်ပြီး ပြန်ရမဲ့ အကာအကွယ်တွေက အနည်းအများရှိမှာပါ။

♦️ ဆိုတော့ ကိုယ်တိုင်လဲ ကျန်းမာရေးအကာအကွယ်ယူထားသလို လူကြီးမင်းတို့ကိုလဲ ကြိုတင်ပြင်ဆင်မူ့လေးတွေလုပ်ထားစေချင်ပါတယ် ♦️

✅ ရှိရင်းစွဲရောဂါကလွဲလို့ အာမခံထားပြီး နောက်ဖြစ်လာတဲ့ ရောဂါမှန်သမျှကို ကိုယ်ဝယ်ထားတဲ့နှစ် အတောအတွင်း အကာအကွယ် အပြည့်အဝပေးထားတာ GGI Nippon Life Insurance ပါ ✅

Hnin Wai Aung
Agency Recruitment & Development Manager
09780499675

#ကျန်းမာရေးအာမခံ

တချို့ကာစတမ်မာ‌တွေကိုအသက်အာမခံပြုလုပ်ပေးရတာအရမ်းစိတ်ချမ်းသာတယ်Terms and conditions လေးပို့ပေးလိုက်တယ် တစ်နှစ်ကို ဘက်ဂျက်...
14/01/2026

တချို့ကာစတမ်မာ‌တွေကိုအသက်အာမခံပြုလုပ်ပေးရတာအရမ်းစိတ်ချမ်းသာတယ်

Terms and conditions လေးပို့ပေးလိုက်တယ်
တစ်နှစ်ကို ဘက်ဂျက်ဘယ်လောက်သုံးမယ်
ဘယ်နှစ်နှစ်ထားချင်တယ် သေချာပြောတယ်

အသက်အာမခံယူထားတဲ့ကာလတလျှောက်
သေဆုံးခဲ့ရင်/ ထာဝရမသန်စွမ်းဖြစ်သွားရင်
ငွေပမာဏဘယ်လောက်ရမယ် ..... ဒါပဲ

သူ့မိသားစုထဲက ဇနီးကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ ၊ မိဘကိုဖြစ်စေ အကျိုးခံစားခွင့်လွှဲထားခဲ့တယ်

အာမခံစာချုပ်လက်ထဲရောက်သွားရင် ပြီးပြီ✅

လက်ရှိ သူအလုပ်လုပ်နေတယ်/ ငွေရှာနေတယ်
အကြောင်းတခုခုကြောင့် သေဆုံးခဲ့ရင်
သူ့မိသားစုအတွက် ငွေ amount ဘယ်လောက်ချန်ထားနိုင်ခဲ့တယ် .... ဒါပဲ

**********

ရွှေဈေးနဲ့တွက်ပြီး ဗျာများမနေဘူး
ဘာလို့လဲဆိုတော့ အသက်အာမခံထားတဲ့ပမာဏက
ရွှေဝယ်သလောက်မများဘူး ၊ နိုင်သလောက်ပဲထားတာ

"မြေဝယ်ထားလိုက်ရင်ကောင်းမယ်"လို့လည်းတွေးမနေဘူး
အသက်အာမခံကြေးက
မြေဝယ်ရလောက်တဲ့အထိလည်းများမနေဘူး
ကိုယ့်ဘတ်ဂျက်နဲ့ ကိုယ့်လခနဲ့ နိုင်သလောက်ပဲ

" ငွေသွင်းထားတာ ဘယ်နှစ်နှစ်ရှိပြီ
ဘာမှမဖြစ်ဘဲငွေသွင်းနေရတယ်" လို့လည်း
အာမခံစာချုပ်ကြီးကိုင်ပြီး ဗျာများမနေဘူး
သောကရောက်မနေဘူး
#အသက်အာမခံစစ်စစ်က သေဆုံး/ မသန်စွမ်းဖြစ်မှရမယ်ဆိုတာ ကောင်းကောင်းနားလည်ထားလို့

သူ့လက်ထဲမှာရှိတဲ့ အသက်အာမခံအကြောင်း
သူကောင်းကောင်းနားလည်တယ်
ငွေသွင်းချိန်ရောက်ရင် သူ့အကောင့်နဲ့သူ့ဖာသာသူသွင်းသွားတယ် ။ အာမခံ စပြီးတင်စဉ်ကတည်းက အေးဂျင့်ကအပြည့်အစုံရှင်းထားပြီးပြီမို့ နောက်နှစ်တွေကစပြီး အာမခံရုံးနဲ့ ကာစတမ်မာနဲ့ တိုက်ရိုက်အလုပ်လုပ်သွားတယ် ။ ( အေးဂျင့်ကလူမှုရေးအရခင်မင်တယ်ဆိုရင် မာကြောင်း/ သာကြောင်း သတင်းမေး၊ နှုတ်ဆက်ရုံပဲ )။
Claim ပေါ်တဲ့အခါကျရင်လည်း မြန်မြန်ဆန်ဆန်ရရှိအောင် ဆောင်ရွက်ပေးရတာပေါ့ ။

အဓိကပြောချင်တာက
ဗျာများမနေဘူး ၊သောကရောက်မနေဘူး

မိသားစုအတွက်စိတ်လုံခြုံချင်လို့ အသက်အာမခံထားတာပါဆိုနေမှ အာမခံကြီးကိုင်ပြီးပူလောင်နေရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်လောင်နေရတာမတန်ဘူးလေ။

" ငါ့မှာရွှေတွေရှိတယ် ၊ မြေတွေရှိတယ် "
ရှိတာက ရှိတာပဲ
အသက်အာမခံဆိုတာ investment ဟုတ်ကိုဟုတ်မနေတာ ။ ဖြစ်လာရင် ခုသာခံသာရှိအောင် ကြိုတင်ပြင်ဆင်ထားတဲ့ protection only ပဲ ။

ဒါ့ကြောင့်
မိသားစုအတွက် ကြိုတင်စီမံပြင်ဆင်တဲ့
အသက်အာမခံဆိုတာ အရမ်းရိုးရှင်းတယ်
ဖြစ်လာရင် သတ်မှတ်ထားတဲ့ပမာဏအတိုင်း
မိသားစုကိုပေးလျော်လိမ့်မယ်
ဘာမှမဖြစ်ခဲ့ရင်လည်း နှစ်ပြည့်ရင်စုငွေအပြင်အတိုးပါပြန်ရမယ် ။

ဒီ နှစ်ချက်ကိုနားလည်ထားရင်
အာမခံထားရကျိုးနပ်တယ် ✅✅✅

*********

ဒီလိုမှမဟုတ်ဘဲ
အာမခံမဝယ်ဘူး
တနှစ်တနှစ် အာမခံသွင်းရမယ့်ငွေကို
ရွှေ ၁ပဲသားပဲဝယ်စုထားမယ်ဆိုလည်းရတယ်
၁၆ နှစ်ကြာရင် ၁ကျပ်သားရလိမ့်မယ် ။
ပြန်ရောင်းရင် အဲဒီအချိန်မှာရှိတဲ့ဈေးနဲ့ပြန်ရလိမ့်မယ်။ လက်ရှိကာလအရတော့ မရှုံးတာသေချာတယ် ။

အသက်အာမခံမှာ ရွှေ ၁ပဲသားတန်ဖိုးနဲ့ နှစ်စဉ်ပရီမီယမ်သွင်းသွားတယ်
သက်တမ်းတလျှောက် ငွေပုံမှန်သွင်းသွားတယ်
ကြားကာလမှာ case ပေါ်ရင် ဘယ်နှစ်မှာပဲပေါ်ပေါ်
ရမယ့်အသက်အာမခံလျော်ကြေးဟာ ရွှေတကျပ်သားထက်ပိုများမယ် ။
ဒီအတွက်ကြောင့်လည်း ထားနေကြတာဖြစ်တယ်

အသက်အာမခံဟာ
#ဖြစ်ခဲ့ရင် ဆိုတဲ့ရှုထောင့်ကနေကြည့်ပြီးပြင်ဆင်ရတာ
#မဖြစ်ခဲ့ရင် ဆိုတဲ့ရှုထောင့်ကကြည့်ရင်
မဖြစ်ဘူးဆိုတာသေချာရင်
အသက်အာမခံအကြောင်းထည့်ပြောစရာကိုမလိုတော့ဘူးပေါ့ ။

စိတ်ရှင်းရှင်းနဲ့ ကြည့်တတ်ရင်မြင်နိုင်ပါတယ် (crd)

ဆွေးနွေးတိုင်ပင်လိုသူများ
မက်ဆန်ဂျာမှတဆင့်ဆက်သွယ်နိုင်ပါတယ်
09780499675(Viber)

12/01/2026

GGI နဲ့လက်တွဲလုပ်ဖို့ Agent ကြီးများကိုနွေးထွေးစွာကြိုဆိုပါတယ်ရှင့်😊😊

B.O.P. Training held today at the Lower Myanmar Agency.
11/01/2026

B.O.P. Training held today at the Lower Myanmar Agency.



မင်္ဂလာပါ ညီအကိုမောင်နှမတို့ရေ....ရုံးပိတ်ရက်လေးမှာ ခရီးသွားမယ်ဆိုရင် ခရီးစဉ်တစ်လျှောက် စိတ်လက်ပေါ့ပါးစွာ ခရီးသွားနိုင်စ...
18/12/2025

မင်္ဂလာပါ ညီအကိုမောင်နှမတို့ရေ....

ရုံးပိတ်ရက်လေးမှာ ခရီးသွားမယ်ဆိုရင် ခရီးစဉ်တစ်လျှောက် စိတ်လက်ပေါ့ပါးစွာ ခရီးသွားနိုင်စေဖို့အတွက် GGI Nippon Life ခရီးသွားအာမခံကိုဝယ်ယူဖို့မမေ့ကြနဲ့ဦးနော်…

GGI Nippon Life ရဲ့ ခရီသွားအာမခံဟာဆိုရင် ပြည်တွင်းသာမက ပြည်ပခရီးစဉ်တစ်လျှောက်လုံး ကျပ်သိန်း (၁၀၀) အကာအကွယ်ရှိတဲ့ အာမခံအမျိုးအစားဖြစ်ပြီး အာမခံကြေး ကျပ် (၂၀၀၀) မှစတင်၍
မိမိတို့ဖုန်းထဲကနေ အလွယ်တကူ ဝယ်ယူလို့ရနေပါပြီ။

ဖုန်းကနေဝယ်ယူဖို့ဆိုရင် QR code လေးကို Scan ဖတ်ဝင်ရောက်ပြီး လိုအပ်တဲ့အချက်အလက်တွေဖြည့် လိုက်တာနဲ့ ခရီးသွားအာမခံကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ရွေးချယ်တဲ့ရက်အလိုက် ကျသင့်တဲ့ပရီမီယံနှုန်းထားများကိုလည်း Mobile Payment များနဲ့အလွယ်တကူငွေပေးချေနိုင်ဖြစ်လို့ GGI Nippon Life ရဲ့ခရီးသွားအာမခံဝယ်ပြီး စိတ်အေးချမ်းသာမယ့် ခရီးစဉ်တွေကိုအခုပဲစတင်လိုက်ပါ။

ဗုဒ္ဓဘာသာဝင် မိဘက သားသမီး (၂​) ဦး ရှိတဲ့အနက် အသက်အာမခံ အကျိုးခံစားခွင့်မှာ "သားငယ်" ကိုပဲ အလုံးစုံ လွှဲ​ပေးခဲ့မယ် ဆိုရင်...
22/11/2025

ဗုဒ္ဓဘာသာဝင် မိဘက သားသမီး (၂​) ဦး ရှိတဲ့အနက် အသက်အာမခံ အကျိုးခံစားခွင့်မှာ "သားငယ်" ကိုပဲ အလုံးစုံ လွှဲ​ပေးခဲ့မယ် ဆိုရင်​ ... သမီးကြီးက ခံစားခွင့် မရလို့ မ​ကျေနပ်လို့ ... မြန်မာ့ဓ​လေ့ထုံးတမ်း နဲ့ သူ့​မောင်​လေးကို တရားရင်ဆိုင်ပြီဆိုရင် ... ဘယ်လိုဖြစ်မှာလဲ ခင်ဗျာ။

ဖြေ။
အသက်အာမခံထားခဲ့စဉ်က ကြိုတင်သတ်မှတ်ထားခဲ့တဲ့ သားငယ် ကပဲ ခံစားခွင့် ရှိမှာပါ။

မေး။ ဒါဆို ဗုဒ္ဓဘာသာဝင်မိသားစု​တွေအတွက် မြန်မာ့ဓ​လေ့ထုံးတမ်းဥပ​ဒေ ဟာ အာမခံကုမ္ပဏီ​တွေရဲ့ စည်းမျဉ်းစည်း​ကမ်းတွေ​ကို မ​ကျော်လွှားနိုင်ဘူး ဆိုတဲ့ သ​ဘောလား။

ဖြေ။
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (၁၂) (စ) အရ အာမခံထားသူရဲ့ ကြိုတင်သတ်မှတ်ထားတဲ့ အကျိုးခံစားခွင့်ရှိသူ ကသာ ရရှိပိုင်ဆိုင်နိုင်မှာပါ။

အဆိုပါ လွှဲပြောင်းပေးခြင်းကို ... မည်သူကမှ ငြင်းခုံခြင်း / ကန့်ကွက်ခြင်း / တရားစွဲဆိုတောင်းယူခြင်း ပြုလုပ်၍ ရမည် မဟုတ်ပါ။

အာမခံကုမ္ပဏီတွေတိုင်းဟာ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ အတွင်းကနေ လိုက်နာလုပ်ဆောင်ရပြီး အာမခံပေါ်လစီစာချုပ်တွေကို မိတ်ဆက်ရောင်းချရပါတယ်။
အသက်အာမခံအမျိုးအစားတခု ရောင်းချခွင့်ရဖို့ အဆင့်ဆင့် တင်ပြ/စီစစ် ခံရပြီးတော့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ရမှသာ အများပြည်သူကို မိတ်ဆက်​ရောင်းချခွင့် ရှိတာပါ။

မေး။ အကျိုးခံစားခွင့်ကို တဦးထက် ပိုထည့်ထားလို့ ရလား။ နောက်ပိုင်းကျရင်ရော ပြင်ဆင်ပြောင်းလဲလို့ ရလား။

ဖြေ။
အကျိုးခံစားခွင့်နေရာကို တဦးထက်ပိုပြီး
ထည့်သွင်းသတ်မှတ်ထားနိုင်ပါတယ်။
ဥပမာ -
အငယ် ၅၀% အကြီး ၅၀%
အငယ် ၈၀% အကြီး ၂၀%

အာမခံသက်တမ်းအတွင်းမှာ
အကျိုးခံစားခွင့်ရှိသူ နေရာကို
ပြောင်းလဲပြင်ဆင်မှု လုပ်ဆောင်နိုင်ပါတယ်။

မေး။ အကျိုးခံစားခွင့်ကို တဦးပဲထည့်သွင်းထားတယ် ... အကယ်၍ သူက အရင် ဆုံးပါးခဲ့ရင် ဘယ်လိုဖြစ်မလဲ။

ဖြေ။
အာမခံသက်တမ်းအတွင်းမှာ အကျိုးခံစားခွင့်ရှိသူ နေရာကို ပြောင်းလဲပြင်ဆင်မှု လုပ်ဆောင်နိုင်ပါတယ်။

မေး။ အကျိုးခံစားခွင့်လွှဲပေးထားသူက အရင်ဆုံးသွားတယ်၊ တခြားသူ အသစ်တယောက် မထည့်သွင်းခင်မှာ ... အာမခံထားထားတဲ့သူက ဆုံးသွားရင်ရော။

ဖြေ။
အကျိုးခံစားခွင့်လွှဲပေးထားသူက အရင် ဆုံးပါးခဲ့ပြီး အကျိုးခံစားခွင့် ထပ်မံပြင်ဆင်လွှဲပြောင်းခြင်း မပြုရသေးခင် ... အသက်အာမခံထားသူက သေဆုံးခဲ့လျှင် -

အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (၁၂) (ဆ) အရ ... အောက်ပါ အစီအစဉ်အတိုင်း ထုတ်ပေးရမည်။

အသက်အာမခံထားသူရဲ့
(၁) ခင်ပွန်း သို့မဟုတ် ဇနီး
(၂) သားသမီး
(၃) မြေး
(၄) ညီအကို မောင်နှမ
(၅) မိဘ

တလက်စတည်း ... သိထားသင့်တဲ့ အချက်တခုကိုလည်း ပြောပြပေးသွားပါမယ်။

အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ (၃၄) အရ
* (နိုင်ငံတော်သို့ ပေးရန်ရှိသည့် ကြွေးမြီမှအပ)
အခြား ကြွေးမြီတရပ်ရပ်နှင့် စပ်လျဉ်း၍ အာမခံလျော်ကြေး (အကျိုးခံစားခွင့်) အပေါ် တွင် ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမ ကြောင်းအရသော်လည်းကောင်း ဝရမ်းကပ်ခြင်း မပြုရ။

ဆိုလိုတာက -
အသက်အာမခံထားသူ ဆုံးပါးခဲ့ချိန် ... စီးပွားရေးအရ ပေးရန်ရှိတွေ ကျန်ခဲ့ရင် ... တရားရုံးအမိန့်နဲ့ သိမ်းဆည်းခံရရင်တောင် ဘဏ်ထဲကငွေတွေ ... တခြားပိုင်ဆိုင်မှုတွေသာ အသိမ်းခံရရင်ရမယ်… အာမခံလျော်ကြေးပေါ်မှာတော့ ဝရမ်းကပ်လို့ မရပါဘူး။
▪️▪️▪️

ဒါကြောင့်လည်း ရှည်လျားလှတဲ့ ဘဝခရီးအတွင်းမှာ မိသားစုအရေး ကြိုတင်အဖြေရှာထားချင်တဲ့သူတွေ စိတ်အေးလက်အေး ဖြစ်ချင်တဲ့သူတွေ ... ကိုယ်ရစေချင်တဲ့သူ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်စေချင်တဲ့သူတွေ က အသက်အာမခံနဲ့ ငွေကြေးအစီအစဉ်တွေ ပြုလုပ်ထားလေ့ ရှိကြတယ်။

ဘဏ်တိုး နဲ့ အသက်အာမခံရဲ့အတိုး/အမြတ် ... ဘယ်ဟာက ပိုတွက်ချေကိုက်လဲ ဆိုရင် ။

အတိုးအနေနဲ့ ကြည့်ရင် နှစ်ခုစလုံး တွက်ချေ မကိုက်ပါဘူး။ တွက်ချေ မကိုက်လို့ ငွေမစုရဘူးလား ဆိုတော့လည်း မဟုတ်ပါဘူး။ အနာဂတ် ရည်မှန်းချက်တွေအတွက် ငွေစုဖို့လိုပါတယ်။ မစုရင် ဘာမှ မဖြစ်လာပါဘူး။

အသက်အာမခံ စုငွေက ဘာတွေ ထူးလဲဆိုတော့ ...

▪️အမှန်တကယ် ငွေစုဖြစ်တယ်။
▪️ကိုယ့်ရည်မှန်းချက် ပြည့်ဝတယ်။
▪️မိသားစုအတွက်လည်း ငွေကြေးအကာအကွယ်ရတယ်။
▪️ဝင်ငွေခွန်သက်သာခွင့် ခံစားနိုင်တယ်။
▪️ငွေဖြူဖြစ်တယ်။
▪️ကြွေးဝရမ်း ကပ်ခွင့်မရှိ။
▪️သားသမီး ရှိရင် အမွေစီမံထားလို့ ရတယ်။
▪️မိဘရှိရင် ကျေးဇူးကြိုဆပ်ထားလို့ရတယ်။
▪️စောင့်ရှောက်နေရတဲ့ ညီ/ညီမတွေရှိရင် ကြိုတင်စီမံပေးထားလို့ရတယ်။
▪️ကိုယ်မရှိခဲ့ရင်တောင် ကိုယ်ရစေချင်တဲ့သူ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တယ်။
▪️စိတ်လုံခြုံမှု ရစေတယ်။

ဒီအကျိုးကျေးဇူးတွေက အသက်အာမခံစုငွေမှာပဲ ရရှိနိုင်ပြီး ... ဘဏ်စုငွေဘက်မှာ မရနိုင်ပါ။

ဘယ်လို အသက်အာမခံအမျိုးအစားက ကိုယ်နဲ့ကိုက်ညီသင့်တော်လဲ ဆိုတာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့တော့ အရေးကြီးတာပေါ့။ ဒီအတွက်ဆိုရင် ... အာမခံထားမယ့်သူတွေက Freelance အာမခံကိုယ်စားလှယ် တဦးဦးနဲ့ ဆွေးနွေးဆောင်ရွက်ဖို့ လိုပါတယ်။

▪️အသက်အာမခံဆိုတာ ငွေစုရုံသပ်သပ်ထက် ပိုပါတယ်။
▪️အာမခံ ဆိုတာက ငွေကြေးစီမံခန့်ခွဲမှုတခု ပါ။
▪️သိတဲ့သူ အသုံးချနိုင်သလောက် မနက်ဖြန်တိုင်းအတွက် စိတ်အေးရတယ်။

ယနေ့ သေးသေးလေး ပြင်ဆင်ထားတာက
မနက်ဖြန်တွေရဲ့ ကြီးမားတဲ့ အခက်အခဲတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Crd

🌟Agent Recruitment Event – Join Our Winning Team! 🌟🎯 မိမိဘဝကို Upgrade လုပ်ချင်သူများအတွက် အထူးအခွင့်အလမ်း!Times City – ...
17/11/2025

🌟Agent Recruitment Event – Join Our Winning Team! 🌟
🎯 မိမိဘဝကို Upgrade လုပ်ချင်သူများအတွက် အထူးအခွင့်အလမ်း!
Times City – Jewelry Mall တွင် ကျင်းပမည့် Agent Recruitment Event ကိုဖိတ်ခေါ်ပါတယ်။

📍 နေရာ
Times City – Jewelry Mall (T-1)
Indoor Promotion Area

📅 ရက်စွဲ
၁၈ ရက်၊ နိုဝင်ဘာ ၂၀၂၅ မှ ၃၀ ရက်၊ နိုဝင်ဘာ ၂၀၂၅

🕙 အချိန်
မနက် ၁၀ နာရီ မှ ညနေ ၅ နာရီ အထိ

👩‍💼👨‍💼 Who Can Apply? (လိုအပ်ချက်များ)
လူမှုဆက်ဆံရေးကောင်းသူ

Sales skill / Communication skill ရှိသူ

အလုပ်အပေါ်မှာ တက်ကြွစွာလုပ်ကိုင်ချင်စိတ်ရှိသူ မည်သူမဆို အခွင့်လမ်းကောင်းများ အပြင် ဝင်ငွေတိုးပွားစေသည့် အလုပ်ကိုင် ဖြစ်ခြင်းကြောင့် ခုပဲ GGI Nippon Lifeနှင့် လက်တွဲ လိုက်ပါ။

💼 Role & Responsibilities
Customer များအား မိတ်ဆက်ပေးခြင်း

Service & Product အကြောင်းရှင်းပြပေးခြင်း

Networking & Sales Activities တွင် ပါဝင်ဆောင်ရွက်ခြင်း

💰 Benefits & Opportunities
High Commission + Attractive Incentives

Monthly/Quarterly Bonus Opportunities

Training & Development Programs

Career Growth & Promotion Opportunities

Flexible Working System

⭐ Event Highlight
On-the-spot Interview

Immediate Selection Opportunities

Questions & Information Session (သိချင်တာ onsite တိုက်ရိုက်မေးမြန်းနိုင်ပါတယ်)

☎️ 09 883002643
📧 [email protected]



GGI Nippon Life KICK OFF AGENCY(Driven To Win)2025 ......
17/11/2025

GGI Nippon Life KICK OFF AGENCY(Driven To Win)2025 ......

 #အာမခံထားမယ်ဆိုရင်အာမခံမထားခင်ဒါကိုအရင်စဥ်းစားပါ.....အာမခံထားတယ်ဆိုတာ ကိုယ့်အနာဂတ်အတွက်Financial Planning လုပ်တဲ့သဘောမျ...
06/11/2025

#အာမခံထားမယ်ဆိုရင်အာမခံမထားခင်ဒါကိုအရင်စဥ်းစားပါ.....

အာမခံထားတယ်ဆိုတာ ကိုယ့်အနာဂတ်အတွက်
Financial Planning လုပ်တဲ့သဘောမျိုးပါ😉

ပထမဆုံးကိုယ့်ရဲ့အနာဂတ်မှာ ကိုယ်ကဘာလုပ်ချင်တာလဲ? အာမခံကကော ဘာပြန်ရမှာမို့လို့လဲ
အာမခံထားရင်ရော ကိုယ့်အတွက် ဘာအကျိုးကျေးဇူးတွေရမှာလဲ? ကိုယ်ကရော ဘာအတွက်လိုအပ်တာလဲ ကိုယ့်ဘာသာအရင်စဥ်းစားပြီး ကိုယ်နဲ့သင့်တော်တဲ့အာမခံကိုရွေးချယ်ပြီးထားသင့်ပါတယ်🥰

မိတ်ဆွေစဥ်းစားလို့ရအောင် အောက်မှာ အာမခံအနည်းအကျဥ်းကိုဖော်ပြပေးထားပါတယ်😍

#စိတ်ကြိုက်ကျန်းမာရေးအာမခံ
ကိုယ့်အနာဂတ်မှာ ကိုယ်ကကျန်းမာရေးအတွက် စိတ်ပူပင်နေသူဆို ကျန်းမာရေးအာမခံကို ကိုယ်ကျန်းမာနေစဥ်ကာလထဲက peace of mind
ဖြစ်စေရန် အာမခံထားသင့်ပါတယ်

#ဘဝလုံခြုံမှုစုငွေအာမခံ
ကိုယ်က အသက်အာမခံအကာအကွယ် လည်းလိုချင်တယ် အာမခံထားတဲ့
နှစ်ပြည့်ရင်လည်း ကိုယ်သွင်းထားတဲ့အာမခံကြေးတွေအကုန်ပြန်ရချင်တယ်ဆိုရင်တော့ ဘဝလုံခြုံမှုစုငွေအာမခံကိုထားပါ

#စိတ်ကြိုက်စုငွေအာမခံ
ကိုယ်က အာမခံထားရင်း ဘဏ်မှာလိုမျိုးငွေစုချင်တယ် အတိုးလည်းရချင်တယ် အာမခံထားတဲ့ကာလပတ်ထဲမှာကိုယ့်ငွေကိုယ်လည်းပြန်ထုတ်သုံးချင်တယ် ငွေတွေဘာတွေလိုအပ်တာမျိုးရှိရင် Company ဘက်က ချေးငွေလေးပါထုတ်ချင်ရင်တော့ စိတ်ကြိုက်စုငွေအာမခံထားပါ

#မိဘမေတ္တာပညာရေးအာမခံ
မိဘတွေအနေနဲ့ သားသမီးများအပေါ် ပညာသင်စရိတ်အဖြစ် ကြိုတင်စုဆောင်းချင်တယ် ကလေးအသက် ၁၇ နှစ်ပြည့်တဲ့အချိန်မှစ၍ တက္ကသိုလ်တက်တဲ့ ၄နှစ်တာကာလထိ ပညာသင် ထောက်ပံ့စရိတ်လိုချင်တယ် ဆိုရင် ပညာရေးအာမခံကိုရွေးပါ

GGI Nippon Life အသက်အာမခံကမှာ အာမခံထားမယ်ဆိုရင် အထက်ပါProduct 4ခုထဲက ကိုယ်နဲ့သင့်တော်တဲ့ Product လေးကိုရွေးချယ်ပြီး အာမခံထားရှိနိုင်ပါတယ်

အသေးစိတ်သိရှိလိုပါက Ph-09780499675
(Viber) ကိုအခမဲ့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် သေချာလေးရှင်းပြပေးပါမယ်

Address

Union Financial Center (UFC), Level (2), Corner Of Mahar Bandoola Road & Thein Phyu Road, Botahtaung Township
Yangon
11161

Website

Alerts

Be the first to know and let us send you an email when Insurance By Hnin Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share