06/05/2026
လူတိုင်းအတွက် အလုပ်သစ်တစ်ခု စပြီးဝင်ရတယ်ဆိုရင် စိတ်လှုပ်ရှားစရာကောင်းသလို စိုးရိမ်မှုအနည်းငယ်လည်း ရှိနေတတ်ပါတယ်။
လုပ်ငန်းခွင်စဝင်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၃) ချက် 👇
(1) သင်ယူလိုစိတ်ထားပါ။
အလုပ်သစ်တစ်ခုစတင်တဲ့အချိန်မှာ ဒီအလုပ်ရဲ့ Culture / Work flow ဒါတွေကို ကိုယ်က အလုံးစုံ မသိနိုင်ပါဘူး။ မသိတာကို မေးမြန်းဖို့ မရှက်ပါနဲ့၊ အတွေ့အကြုံရှိသူတွေဆီကနေ သင်ယူဖို့ စိတ်ကိုအမြဲဖွင့်ထားပါ။
(2) အချိန်ကို တန်ဖိုးထားပါ။
အလုပ်ချိန်ကို တိကျမှန်ကန်စွာ လိုက်နာခြင်း၊ deadline များကို အလေးထားခြင်းဟာ သင့်ရဲ့ Professional image ကို တည်ဆောက်ပေးနိုင်ပါတယ်။
(3) ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပါစေ။
လုပ်ဖော်ကိုင်ဖက်များနဲ့ ယဉ်ကျေးပွင့်လင်းစွာ ဆက်သွယ်ပြောဆိုနိုင်ခြင်းက Teamwork ကောင်းတစ်ခုရဲ့ အခြေခံပါပဲ။ နားထောင်တတ်ခြင်း၊ ပြောဆိုတတ်ခြင်း နှစ်ခုလုံးက အရေးကြီးပါတယ်။
အလုပ်အသစ်စတင်ခြင်းက အခွင့်အလမ်းသစ်တစ်ခုပါ။ ပြင်ဆင်မှုကောင်းကောင်းနဲ့ စတင်နိုင်ပါစေ။
နောက်ထပ်လည်းHR နဲ့ပတ်သတ်တဲ့ Skills၊ Career Path၊
Interview Tips တွေ သိချင်ရင် 𝐚𝐡𝐚𝐫 𝐁𝐚𝐰𝐠𝐚 𝐇𝐑 Page ကို Like & Follow လုပ်ထားဖို့ လိုပါတယ်နော်။
https://www.facebook.com/MBFhr
#မဟာဘောဂ