30/04/2026
The Executive Brief (30/4/2026)
************************************
ရင်းနှီးမြှုပ်နှံသူတွေ အကြောက်ဆုံး Exchange Rate အခက်အခဲကို ဘယ်လိုဖြေရှင်းကြမလဲ?
English version ကိုလည်းအောက်တွင်ဖော်ပြထားပါသည်။
ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုဦးစီးဌာန (MIC) က ၁၆.၃.၂၀၂၆ မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုချက်နှင့် အတည်ပြုလျှောက်ထားလွှာများ တင်ပြလျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမည့်နိုင်ငံခြားမတည်ငွေရင်းကို အမေရိကန်ဒေါ်လာ (USD) အပြင် တရုတ်ငွေကြေးယွမ် (CNY) ဖြင့်ပါ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းကြေညာပါသည်။
ထို့အတူ ၂၈.၄.၂၀၂၆ မှာ ဗဟိုဘဏ်ဥက္ကဌ မှ ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံ နဲ့ တွေ့ဆုံတဲ့အခါမှာ ထိုင်း ဘတ်ငွေကို တိုးချဲ့ အသုံးပြုနိုင်ကြောင်း လမ်းဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အစိုးရိမ်ဆုံးဖြစ်သည့် ငွေလဲလှယ်နှုန်း (Exchange Rate) အခက်အခဲကို မူဝါဒပိုင်းဆိုင်ရာ Flexibility ဖြင့် ဖြေလျှော့ပေးလိုက်ခြင်းဖြစ်၍ အထူးပင် ကြိုဆိုရမည့်အချက် ဖြစ်ပါသည်။
သို့သော်လည်း လက်တွေ့မြေပြင်တွင် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းကြား (Policy & Procedure Gap) အချိတ်အဆက် အားနည်းနေသေးသည်ကို တွေ့ရပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသူတွေ အနေနဲ့ လက်တွေ့ ကုမ္ပဏီမှတ်ပုံတင်တဲ့ MyCO စနစ် (DICA) မှာ မှတ်ပုံတင်တဲ့အခါ မတည်ငွေရင်းကို ဖော်ပြတဲ့အခါမှာ MMK နဲ့ USD နှစ်မျိုးကိုပဲ ခွင့်ပြုပေးနေပါသေးတယ်။ နည်းပညာအရဖြစ်စေ၊ လုပ်ထုံးလုပ်နည်းအရဖြစ်စေ အဆင်သင့်မဖြစ်သေးတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေအတွက် Double Conversion (ငွေကြေးနှစ်ထပ်လဲလှယ်မှု) ဒုက္ခကို ရောက်စေပါတယ်။
CNY/THB ဖြင့် သယ်ဆောင်လာသော ရင်းနှီးမြှုပ်နှံမှုများကို USD သို့ ပြန်လည်ပြောင်းလဲ၍ Company Extract တွင် ဖော်ပြရခြင်းကြောင့် ဖြစ်လာနိုင်သည့် မြင်သာထင်သာရှိသည့် ဆိုးကျိုး (၃) ချက်ကို အောက်ပါအတိုင်း သုံးသပ်နိုင်ပါသည် -________________________________________
၁။ Exchange Rate Risk (ငွေလဲလှယ်နှုန်း အန္တရာယ်)
ရင်းနှီးမြှုပ်နှံသူက CNY နဲ့ ငွေသွင်းလိုက်ပေမယ့် Company Extract မှာ USD နဲ့ ပေါ်နေတဲ့အခါ၊ နောက်ပိုင်းမှာ ကုမ္ပဏီဖျက်သိမ်းလို့ဖြစ်စေ၊ အစုရှယ်ယာပြန်ရောင်းလို့ဖြစ်စေ ငွေပြန်ထုတ်ရင် CNY -> USD -> MMK စသဖြင့် အဆင့်ဆင့်ပြောင်းလဲမှုကြားမှာ ငွေလဲနှုန်းကွာဟချက်ကြောင့် ရင်းနှီးမြှုပ်နှံသူမှာ အရှုံးပေါ်နိုင်ပါတယ်။ ဒါဟာ သူတို့ရဲ့ Real Value ကို ထိခိုက်စေပါတယ်။
၂။ Accounting & Audit Complexities (စာရင်းကိုင်နှင့် စာရင်းစစ်ဆိုင်ရာ ရှုပ်ထွေးမှု)
ကုမ္ပဏီရဲ့ Internal Accounts မှာ CNY နဲ့ မှတ်တမ်းတင်ထားပေမယ့် တရားဝင် Extract မှာ USD ဖြစ်နေတဲ့အခါ Reconciliation (စာရင်းညှိနှိုင်းမှု) လုပ်ရတာ အရမ်းလက်ဝင်ပါတယ်။ စာရင်းစစ်တဲ့အခါမှာလည်း "ဘာကြောင့် ဒီပမာဏ ဖြစ်နေရသလဲ" ဆိုတာကို အထောက်အထားတွေနဲ့ တောင်ပုံရာပုံ ရှင်းပြနေရတတ်ပါတယ်။
၃။ Investor Confidence (ရင်းနှီးမြှုပ်နှံသူ၏ ယုံကြည်မှု)
နိုင်ငံတကာ လုပ်ငန်းရှင်တွေအမြင်မှာ "မူဝါဒက ခွင့်ပြုတယ်ပြောပြီး လက်တွေ့မှာ လုပ်လို့မရဘူး" ဆိုတဲ့ Policy Inconsistency ကို မြင်သွားစေပါတယ်။ ဒါဟာ Ease of Doing Business (စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှု) အဆင့်သတ်မှတ်ချက်ကို ကျဆင်းစေပြီး ရင်းနှီးမြှုပ်နှံသူတွေကို တွန့်ဆုတ်သွားစေနိုင်ပါတယ်။
ဒီနေရာမှာ အခွန်ကိစ္စက More Complicated ဖြစ်တာမို့ စာရှည်သွားမည် စိုးသောကြောင့် မဖော်ပြသေးပါဘူး။
လူကြီးမင်းတို့ရော ဘယ်လိုမြင်ပါသလဲ သင်တို့၏ ထင်မြင်ယူဆချက်များကို Comment မှာဖြစ်စေ၊ Chat Box မှာ ဖြစ်စေ ရေးသားပေးပို့နိုင်ပါတယ်။ လူကြီးမင်းတို့၏ ဖြည့်စွက်အကြံပြုချက်များကို ဝမ်းသာစွာ ကြိုဆိုပါသည်။
မျိုးဟိန်း
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ
English Version
Challenges Between Foreign Investment Currency Policies and Practical Implementation
To facilitate investment and meet the needs of investors, the Myanmar Investment Commission (MIC) announced on March 16, 2026, that foreign capital for investment proposals and endorsements can now be accepted in Chinese Yuan (CNY) in addition to US Dollars (USD).
Furthermore, on April 28, 2026, the Governor of the Central Bank of Myanmar (CBM) met with the Chargé d'Affaires of the Royal Thai Embassy and signaled a path toward expanding the use of the Thai Baht (THB) within the investment sector. These moves toward policy flexibility are highly welcomed, as they address the exchange rate volatility—the primary concern for foreign investors.
However, in practice, a significant "Policy & Procedure Gap" remains. When foreign investors register their companies through the MyCO system (DICA), the system still only permits the disclosure of share capital in MMK or USD. This lack of technical and procedural readiness forces investors into a "Double Conversion" dilemma.
Converting investments brought in as CNY or THB into USD for the official Company Extract leads to three distinct disadvantages:
1. Exchange Rate Risk
Even if an investor injects capital in CNY, it is recorded as USD on the Company Extract. If the company is later liquidated or shares are sold, the funds must undergo a multi-step conversion (e.g., CNY -> USD -> MMK). This process exposes investors to potential losses due to exchange rate fluctuations, negatively impacting their investment's real value.
2. Accounting & Audit Complexities
When a company maintains its internal accounts in CNY but the official Extract reflects USD, performing a reconciliation becomes extremely labor-intensive. During audits, companies are often required to provide a mountain of documentation to explain the discrepancies caused by these conversions, creating administrative bottlenecks.
3. Investor Confidence
To international business owners, a situation where "policy allows it, but practice denies it" signals policy inconsistency. This undermines the Ease of Doing Business ranking and may cause potential investors to hesitate before entering the market.
Taxation matters are even more complicated, and I have omitted them here for the sake of brevity.
What are your thoughts on this? Please share your opinions in the comments or the chat box. I look forward to hearing your insights!
Myo Hein
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈