Mahar Accounting & Auditing service

Mahar Accounting & Auditing service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mahar Accounting & Auditing service, Financial service, 39th Street, Yangon.

လအလိုက်၊ နှစ်အလိုက်၊ အရှုံးအမြတ်စာရင်းများ၊ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲပေးခြင်း၊နှစ်စဥ် အခွန်စာရင်းတင်ရန်အတွက် audit report ဆွဲပေးခြင်း၊ E filing တင်ပေးခြင်း၊ DICA နှင့်ပတ်သတ်၍၀န်ဆောင်မှုပေးခြင်းများကို မှန်ကန်တိကျစွာဖြင့်၀န်ဆောင်မှုပေးပါသည်။

💞နှစ်သစ်ဆုမွန်ကောင်းတောင်းလွှာ💕နှစ်သစ်မှစပြီး စိတ်ချမ်းသာပျော်ရွှင်ပြီးလုပ်ငန်းများတိုးတက်အောင်မြင်ပါစေလို့ MaharAccount...
01/01/2026

💞နှစ်သစ်ဆုမွန်ကောင်းတောင်းလွှာ💕

နှစ်သစ်မှစပြီး စိတ်ချမ်းသာပျော်ရွှင်ပြီးလုပ်ငန်းများတိုးတက်အောင်မြင်ပါစေလို့ MaharAccounting and Auditing Service မိသားစုမှ ဆုမွန် ကောင်းတောင်းအပ်ပါသည်။




16/12/2025

ကုမ္ပဏီထောင်လျှင် သိရမယ့် ရှယ်ယာ အမျိုးအစားများ...........................................
အခုနောက်ပိုင်း မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေဟာ စီးပွားရေးတစ်ခုလုပ်တဲ့အခါ ယခင်လိုလုပ်ငန်းလိုင်စင်သက်သက်နဲ့လုပ်ကိုင်တာမျိုးမဟုတ်တော့ပဲ တရားဝင်ကုမ္ပဏီတွေထောင်ပြီးလုပ်ကိုင်လာကြတာတွေ့ရပါတယ်။ ကုမ္ပဏီထောင်ပြီးလုပ်ကိုင်တာဟာ ကိုယ့်အတွက်အခွင့်အရေးတွေလည်းပိုတိုးလာသလို၊ အခွန်ကိစ္စစာရွက်စာတမ်းကိစ္စတွေကြောင့်လည်း ကယိကထများပါတယ်။ ကုမ္ပဏီအဖြစ်လုပ်ကိုင်ကြတဲ့အခါ တစ်ဦးတည်းပိုင်လုပ်ငန်း တွေအပြင် စပ်တူရှယ်ယာ လုပ်ငန်းတွေကိုပါ လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ ရှယ်ယာ ရောင်းချချင်တာဘဲ ဖြစ်ဖြစ်၊ ဝယ်ချင်တာဘဲ ဖြစ်ဖြစ် ဘာမှမလုပ်ခင်မှာ ရှယ်ယာအမျိုးအစား တွေနဲ့ တစ်ခုချင်းရဲ့ Rules and Regulation တွေကို နားလည်ထားမှ အဆင်ပြေနိုင်မှာပါ။ အခုပြောပေးမှာကတော့ Online ကနေ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ကို လျှောက်လွှာတင်တဲ့အခါ MyCO Website မှာရွေးချယ်ရတဲ့ ရှယ်ယာအမျိုးအစား (Share Class) တွေအကြောင်းပါ။
-
Share ဆိုတာ ဘာလဲ?
-
Share ဆိုတာ Company တစ်ခုရဲ့ ရင်းနှီး မြုပ်နှံမှု (သို့) ငွေအရင်းအနှီးကို အချိုးအစားအလိုက် ပိုင်ဆိုင်မှု ယူနစ်တစ်ခု ဖြစ်ပါတယ်။ အစုအစပ်ပါဝင်သူတွေ (ရှယ်ယာရှင် )တွေက Company ရဲ့ အမြတ်အစွန်းတွေကို တောင်းဆိုခံစားခွင့် ရှိယုံတင်မက Companyရဲ့ အကြွေးတွေနဲ့ အရှုံးတွေကို လည်းတာဝန်ခံရပါမယ်။ Share တွေကိုတော့ Company တွေ၊ ရှယ်ယာရှင်တွေ အပေါ်လိုက်ပြီး အမျိုးမျိုး ခွဲခြားထားပါတယ်။
-
Ordinary Share (ORD)
-
Ordinary Share ဆိုတာက တော်တော် များများ အသုံးပြုကျလေ့ရှိတဲ့ Share ပုံစံ ပါပဲ။ သူတို့မှာ Company ရဲ့ လုပ်ငန်းဆောင်တာတွေ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ရင် မဲပေးခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ကိုသူတို့ရထားတဲ့ Share ရာခိုင်နှုန်း အလိုက် အခွင့်အရေးရကြပါတယ်။
Ordinary Share မှာ
(၁) Class A Share
(၂) Class B Share
(၃) Class C Share ဆိုပြီးပြန်ခွဲတတ်ပါတယ်။
-
Class A Share (A)
-
Class A Share ကတော့ လုပ်ငန်း ရဲ့ CEO, Chairman တွေ၊ ထိပ်သီးအရာရှိကြီး တွေကိုပေးထားတဲ့ Share ပါ။ သူ့မှာ အခြား Class Share တွေထက် Voting Right (မဲပေးပိုင်ခွင့်) တွေအများကြီး ရှိပါတယ်။ ပုံမှန်ဆိုရင် Class A Share တွေအပြင်ကို ထုတ်မရောင်းပါဘူး၊ ပြီးတော့ ရှယ်ယာရှင် အချင်းချင်းလည်း လွှဲပြောင်း ရောင်းချလို့လည်းမရပါဘူး။ အမြတ်ဝေစု ခွဲဝေရင် ဖြစ်ဖြစ် လုပ်ငန်းကို ရောင်းချပြီး ရှယ်ယာခွဲ ရင်ဘဲဖြစ်ဖြစ် Class A Share တွေကို အရင်ဆုံးပေးရပါတယ်။
-
ဥပမာ - Company တစ်ခုကအကြွေးတင်နေလို့ Share တွေထုတ်ရောင်းတာဘဲဖြစ်ဖြစ်၊ Company တစ်ခုလုံးကို ရောင်းချတာဘဲ ဖြစ်ဖြစ်လုပ်ခဲ့ရင် အကြွေးရှင်တွေကို အရင်ဆုံး အပြည့် အဝပေးချေရပါတယ်။ ပြီးရင် Class A Share ပိုင်ဆိုင်သူတွေကို ခွဲဝေပေးရပါတယ်။
-
Class B Share (B)
-
Class B Share ဆိုတာက Class A Share ထက် Voting Right နည်းပါတယ်။ အမြတ်ခွဲဝေမှုမှာလည်း Class A နဲ့ နောက်မှသာ Class B ကို ခွဲဝေပေးပါတယ်။ Class B Share တွေကိုတော့ Class A လိုမဟုတ်ဘဲ လွှဲပြောင်းလို့၊ ရောင်းချလို့ရပါတယ်။ Class B Share ပမာဏနဲ့ ဝယ်ယူထားတဲ့ အချိန်ကာလ တစ်ခုကြာလာပြီဆိုရင် Class A Share အဖြစ်သို့ ပြောင်းလဲလို့ရတတ်ပါတယ်။ (နောက်ဆုံးတစ်ချက်ကတော့ ကုမ္ပဏီ ဖွဲ့စည်းပုံစည်းမျဉ်းပေါ်မူတည်ပါတယ်)
-
Class C Share (C)
-
Class C Share ကတော့ Share တွေကို ၁နှစ်၊ ၂နှစ်လောက်ဝယ်ထားပြီး ပြန်ရောင်းချင်တဲ့ Investors တွေအတွက် ပိုအဆင်ပြေပါတယ်။ Class C Share မှာတော့ Voting Right မရှိပါဘူး ။ Class B လိုမျိုး သူရဲ့ Share တွေလို့လည်း လွှဲပြောင်း ရောင်းချလို့ရပါတယ်။
-
Preference Share (PRF)
-
Preference Share ပိုင်ဆိုင်သူများသည် ပုံမှန် အားဖြင့် Ordinary Share ပိုင်ဆိုင်သူများလို Voting Right မရှိကြပါဘူး။ Preference Share ပိုင်သူများကို Ordinary Share ပိုင်ဆိုင်သူများနဲ့အတူ လိုတဲ့ အမြတ်ကို ခွဲဝေပေးလေ့ ရှိပါတယ်။ Company ဒေဝါလီခံရရင် Company ရဲ့ ပိုင်ဆိုင်မှု (Assets ) ထဲကနေပြီး Preference ရှယ်ယာရှင်များကို ခွဲဝေပေးအပ်ရပါတယ်။အများအားဖြင့် Preference Share တွေရဲ့ အမြတ်က ပုံသေသတ်မှတ်ထားလေ့ ရှိပါတယ်။
ဥပမာ။ ။ တစ်လကို ၅သိန်းဆိုရင် လုပ်ငန်းမြတ်မြတ်ရှုံးရှုံး ၊ ၅သိန်းပေးချေပေးရပါတယ်။
-
Redeemable Share (RED)
-
Redeemable Share ဆိုတာက တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ Share တွေကို အချိန်တစ်ခု (သို့) အခြေအနေ တစ်ခုရောက်ရင် ငွေသား(သို့) ပိုင်ဆိုင်မှုတစ်ခုအဖြစ် ပြန်လည်ရွေးနှုတ်လို့ရတဲ့ Share အမျိုးအစားတစ်ခုပါ။ Company ကလည်း ပြန်လည် ဝယ်ယူလို့ရပါတယ်။ ပုံမှန်အားဖြင့် Share မဝယ်ခင်ကတည်းက ပြန်လည်ရွေးနှုတ်လို့ ရတဲ့ အချိန်အပိုင်းအခြား (သို့) အခြေအနေတွေကို ထည့်သွင်းရေးဆွဲလေ့ရှိပါတယ်။
Redeemable Share တွေကတော့ လုပ်ငန်းအခြေအနေနဲ့ ဝယ်ယူသူတွေပေါ်မှာ မူတည်ပြီး စည်းကမ်းတွေကိုတော့နှစ်ဦး နှစ်ဖက် ညှိုနှိုင်းပြီး သတ်မှတ်ကျပါတယ်။
-
Redeemable Preference Share (REDP)
-
Redeemable Preference Share ဆိုတာကတော့ ရှင်းပါတယ်။ Redeemable Share နဲ့ Preference Share (၂)ခုရဲ့ ဝိသေသတွေပေါင်းစပ်ထားတာဘဲ ဖြစ်ပါတယ်။ Shareholder ကတော့ Preference Share လိုဘဲ လစဉ်(သို့) နှစ်စဉ် ၊ ပုံသေငွေ ပမာဏ တစ်ခုရနေ သလို အချိန်တစ်ခုရောက် ရင် Redeemable Share လိုဘဲ ပြန်လည်ရောင်းချလို့(သို့) Company ကပြန်လည်ဝယ်ယူလို့ ရပါတယ်။
-
Management Share (MGM) နဲ့ Employee Share (EMP)
-
Management Share နဲ့ Employee Share ကတော့ လုပ်ငန်းထဲမှာလုပ်ကိုင်နေရတဲ့ဝန်ထမ်းတွေကို လုပ်သက်အချိန်တစ်ခုကြာတဲ့အခါမှာ ထုတ်ပေး (သို့မဟုတ်) ထုတ်ရောင်း တဲ့ ရှယ်ယာအမျိုးအစားပါ။ ရည်ရွယ်ချက်ကတော့ သစ္စာရှိဝန်ထမ်း တွေကို ပိုကြိုးစားအောင်/ အလုပ်မှာတည်မြဲအောင်၊ အခြားရှယ်ယာရှင်တွေရဲ့ လုပ်ငန်းအပေါ် မျှော်လင့်ချက်တွေကို နားလည်ပြီး ပူးပေါင်းဖော်ဆောင်ဖို့ မက်လုံးအနေနဲ့ ထုတ်ပေးတဲ့ရှယ်ယာအမျိုးအစားပါ။ သူလည်းပဲ အပြင်ကို ထုတ်ရောင်းခွင့်မရှိပါဘူး။
Management Share ကတော့ ကုမ္ပဏီရဲ့ မန်နေဂျာတွေ၊ ဒါရိုက်တာတွေကို ထုတ်ပေးထားတဲ့ ရှယ်ယာအမျိုးအစားဖြစ်ပြီး Employee Share ကတော့ကျန်ဝန်ထမ်းတွေကိုထုတ်ပေးတဲ့ ရှယ်ယာအမျိုးအစားပါ။ ဒီ Management Share နဲ့ Employee Share ရှယ်ယာရှင်အနေနဲ့ကတော့ ကျန်တဲ့ရှယ်ယာအမျိုးအစားတွေကို အမြတ်ခွဲဝေပြီးမှ ကျန်တဲ့ အမြတ်ကို ခွဲဝေယူရတာပါ။ (Management Share နဲ့ Employee Share ကတော့ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတိုင်းပဲသွားတတ်ပါတယ်)
-
Company အများစုကတော့ စတင်တဲ့အချိန်မှာ Voting Right အရင်းအနှီးနဲ့ ခွဲဝေမှု တွေတန်းတူ ဖြစ်စေဖို့ အတွက်တော့ Ordinary Share နဲ့ စတင်ကြတာဖြစ်ပါတယ်။ Share အသစ်တွေထုတ်ပေးတာကတော့ ပြောင်းလွယ်ပြင်လွယ်ပြီး မတူညီတဲ့ အခွင့်အရေးတွေလိုအပ် လာတဲ့အခါကျရင် အထက်ပါ Ordinary Share တွေကို ပြန်လည်ခွဲဝေရောင်းချ သတ်မှတ်ခြင်းဖြစ်သည်။ Company တစ်ခုက Share Class အမျိုးမျိုးခွဲခြား ထုတ်ပေးလို့ရသည့် အပြင် Shareholder တွေအနေနဲ့ လည်း Share Class တစ်ခုထက်ပိုပြီး ပိုင်ဆိုင်လိုရပါတယ်။ ဒီလိုပိုင်ဆိုင်ခြင်းအားဖြင့် မတူညီသော အခွင့်အရေးတွေ (ဥပမာ- မဲပေးခွင့် (သို့) အမြတ်များရပိုင်ခွင့် ) တွေမှာ အကျိုးအမြတ်များရရှိနိုင်ပါတယ်။

credit : 𝗕𝗮𝗹𝗮𝗻𝗰𝗲 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀

ထောင်တော့မယ်ဆိုရင် ကျွန်မတို့ ထံဆွေးနွေးတိုင်ပင်ပီး အကြံဥာဏ်ရယူနိုင်သလို ၀န် ​ေဆာင်မှုလည်းရယူနိုင်ပါတယ်ရှင်

09420056126,09954256126




27/09/2025

✔️ဒီနေ့ ပြောပြချင်တာကတော့ အခုတလော ကျွန်မတို့ကိုလာဆွေးနွေးပြီး အလုပ်အများဆုံးအပ်ဖြစ်တဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်အကြောင်းလေးပါ….

လုပ်ငန်းလုပ်ကိုင် နေတဲ့ကုမ္ပဏီတွေအတွက်ကတော့ နောက်ဆုံးစည်းကြပ်နှစ်အထိ အခွန်စည်းကြပ်ပြီးသား ဆိုရင်တော့ အခွန်ကင်းရှင်းကြောင်းရယူနိုင်သော်လည်း ကုမ္ပဏီ အသစ်တွေ အတွက်ကတော့ အခုမှ ကုမ္ပဏီက တည်ထောင်ပြီးရုံ လုပ်ငန်းလည်းမရှိသေးဘူး အခွန်လည်းစည်းကြပ်မှုမခံယူရသေးဘဲ တင်ဒါဝင်ပြိုင်ဖို့အတွက်ဘဲဖြစ်ဖြစ် လုပ်ငန်းလိုင်စင် လျှောက်ဖို့အတွက်ဘဲ ဖြစ်ဖြစ် အခွန်ကင်းရှင်းကြောင်းထောက်ခံချက် လိုအပ်လာပါက ကြိုတင်ခွန်သွင်းပြီး အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ရယူနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက ကျွန်မတို့ “Mahar Accounting and Auditing service” တွင်လာရောက်ဆွေးနွေးနိုင်သလို ဝန်ဆောင်မှုလည်းရယူနိုင်ပါတယ်။
09420056126,09954256126
#အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
#အခွန်ထမ်းမှတ်ပုံတင်အမှတ်

ဒီတခါ ပြောပြချင်တာကတော့ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) လျှောက် ထားခြင်းအကြောင်းလေးပါCompany ထောင်ပြီးသွားတာနဲ့ လုပ်ငန်းမ...
23/09/2025

ဒီတခါ ပြောပြချင်တာကတော့ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) လျှောက် ထားခြင်းအကြောင်းလေးပါ
Company ထောင်ပြီးသွားတာနဲ့ လုပ်ငန်းမလုပ်သေးရင် ဒီအတိုင်း ထားလိုက်ကြပါတယ် ။ “ No ပါ ”

✔️Company တွေအနေနဲ့ လုပ်ငန်းလုပ်သည်ဖြစ်စေ ၊ မလုပ်သည်ဖြစ်စေ ဖွဲ့စည်းတည်ထောင်သည့် သို့မဟုတ် မှတ်ပုံတင်သည့် နေ့မှ ရက်ပေါင်း၉၀အတွင်း အခွန်ထမ်းမှတ်ပုံတင် (Taxpayer Identification Number) လျှောက်ထားရပါတယ်
✔️အခွန်ထမ်း လက်မှတ်ရှိတော့မှ အခွန်ကင်းရှင်းကြောင်းလိုအပ်သည်ဖြစ်စေ၊ E filling တင်ဖို့ အတွက် ဘဲဖြစ်စေ ၊ ကသခ ၂ ထုတ်ဖို့ဘဲဖြစ်စေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
အခွန်ထမ်းမှတ်ပုံတင်အမှတ် လျှောက်ထားဖို့ အတွက်ပုံစံကိုလည်း သိရှိနိုင်ပါရန် ဖော်ပြပေးထားပါသည်။
ကိုယ်တိုင်လည်း တင်နိုင်သလို ကျွန်မတို့ “Mahar Accounting and Auditing service” တွင်လည်းဝန်ဆောင်မှုရယူနိုင်ပါတယ်။

Ph: 09420056126,09954256126

#အခွန်ထမ်းမှတ်ပုံတင်အမှတ်



မဂ်လာပါရှင် ဒီတခါပြောပြချင်တာကတော့ AR လို့ခေါ်တဲ့ (Annual Return) နှစ်စဥ်အစီရင်ခံစာ တင်တဲ့အကြောင်းပါရှင်   ထောင်ပီးရင် လ...
20/09/2025

မဂ်လာပါရှင် ဒီတခါပြောပြချင်တာကတော့ AR လို့ခေါ်တဲ့ (Annual Return) နှစ်စဥ်အစီရင်ခံစာ တင်တဲ့အကြောင်းပါရှင်
ထောင်ပီးရင် လုပ်ငန်းစဥ်ပြီးပြီးလို့ထင်တတ်ကြပါတယ်
Company ထောင်ပြီးတာနဲ့ ၂လအတွင်းမှာ AR တင်ရပါတယ်
Profile မှာလည်း AR တင်ရမဲ့ ရက် due date ပေးထားပါတယ်၊
လိုအပ်တဲ့ document တွေကတော့ 👇👇
Company အမည်ဖြင့်ဖွင့်လှစ်ထားသော bank statement, Company ဖွင့်ထားသော လိပ်စာ ၊ Director တွေရဲ့ လိပ်စာအတွက် ရပ်ကွက်၊ ရဲစခန်းထောက်ခံစာ ။

အောက်တွင်ပြထားသော video ကိုကြည့်ပီးလည်း ကိုယ်တိုင်တင်ကြည့်နိုင်ပါတယ်
Due Date တစ်ရက်ကျော်ရင် နောက်ကြကြေး 100,000/-ပေးရပြီး တစ်လ ထပ်နောက်ကြရင် fine ကြေး 100,000 ထပ်ပေးရပြီး struck off အထိပါဖြစ်နိုင်တာမို့ လူကြီးမင်းတို့ အကုန်အကျသက်သာပြီး fine မထိအောင် အလုပ်မရှုပ်ရ ​အောင်ကျွန်မတို့ Mahar Accounting and Auditing Service ကို ယုံကြည်စိတ်ချစွာအပ်နှံလိုက်ပါ
သိချင်တာများကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါသည်
📞09420056126, 09954256126



20/09/2025

လူကြီးမင်းတို့ ကုမ္ပဏီ တခု အသစ်ထောင်ဖို့စဥ်းစားနေပါသလား

ကုမ္ပဏီအသစ်တခုတည်ထောင်ရန်လိုအပ်သော အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်းစဉ်များကို Mahar Accounting & Auditing Service တွင်လာရောက်ဆွေးနွေးနိုင်သလို ၀န် ​ေဆာင်မှုလည်းရယူနိုင်ပါသည်။

♤ ကုမ္ပဏီအမည်ရွေးချယ်ခြင်း
ကုမ္ပဏီအမည်ကို မိမိတို့အဆိုပြုထားေသာအမည်ရှိ/မရှိ စစ်ဆေးပေးခြင်း။

♤ My Co Account ဖွင့်ခြင်း
My Co Account အတွက် ကုမ္ပဏီအီးမေးဖြင့် ID /PW များရသည်အထိ ၀န်ဆောင်မှုပေးခြင်း။

♤ Electronic Bill ရရှိခြင်း
ကုမ္ပဏီတည်ထောင်ခြင်းအတွက် အတည်ပြုငွေသားသွင်းေငွများအတွက် Electronic Bill ကို ရရှိပါမည်။

♤ နှစ်စဉ်အစီရင်ခံစာ ပေးပို့ခြင်း
ကုမ္ပဏီအသစ်တည်ထောင်ပီးပါ က ၂ လအတွင်း နှစ်စဥ်အစီရင်ခံစာတင်ပြရန် ရွေးချယ်ရမည့် လုပ်ငန်း ၉၉ မျိုးကို ရရှိပါမည်။

● ကုမ္ပဏီတည်ထောင်ခြင်းနှင့် ပတ်သက်၍ စုံလင်သော ဝန်ဆောင်မှုများကို ကျပ် ငွေ ၄သိန်းဖြင့်အပီးအစီးအကောင်းဆုံး၀န်ေဆာင်မှုပေးပါသောကြောင့် ယုံကြည်စွာအပ်နှံနိုင်ပါသည်။

09420056126 , 09954256126 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#လူကြီးမင်းတို့ယုံကြည်စိတ်ချအားထားဖို့သည်သာအဓိကပါ



18/09/2025

ဒီနေ့ ကျွန်မတို့ Mahar Accouting and Auditing service ကနေ knowledge sharing လုပ်ပေးချင်တာကတော့ Company အသစ်တစ်ခုတည်ထောင်ရင် ဘာတွေလိုအပ်မလဲ ဆိုတာပါ

လိုအပ်တာတွေကတော့
• အဆိုပြုချင်တဲ့ကုမ္ပဏီအမည် -
အင်္ဂလိပ်ဘာသာနှင့် မြန်မာ
ဘာသာ
• လိပ်စာ (အပြည့်အစုံ) - ရုံးခန်း
နှင့် အဓိကစီးပွားရေးလုပ်ငန်း
လုပ်ဆောင်ချင်သည့်နေရာ
• ကုမ္ပဏီတွင် ပါဝင်မယ့် Director
အရေအတွက် နှင့် Director
သည် မြန်မာနိုင်ငံသားဖြစ်ပါက
နိုင်ငံသားစိစစ်ရေးကတ်ပြား
မိတ္တူ ရှေ့/နောက် နှင့် နိုင်ငံခြား
သားဖြစ်လျှင် နိုင်ငံကူးလက်မှတ်
မိတ္တူ
• Director တွေရဲ့ နေရပ်လိပ်စာ ၊
မွေးနေ့ ၊ ဖုန်းနံပါတ်၊ E mail
လိပ်စာ
• ထည့်ဝင်ချင်တဲ့ မတည်ရင်းနှီးငွေ
၊ အစုရှယ်ယာ အရေအတွက်နှင့်
ခွဲဝေပုံ

Company တစ်ခုထောင်ဖို့ ခက်ခဲမယ်လို့ထင်နေကြပါတယ် လုံးဝမခက်ခဲပါဘူး ရှင်။ DICA website မှာ ကိုယ်တိုင်လည်းလုပ်နိုင်သလို မအားလပ်ပါက ယုံကြည်စိတ်ချစွာ ကျွန်မတို့ ဆီက ဝန်ဆောင်မှုလည်း ရယူနိုင်ပါတယ်
ရုံးခန်းတို့လူကိုယ်တိုင်လည်းလာရောက်ဆွေးနွေးနိုင်ပါတယ်

Ph 09420056126, 09954256126


09/09/2025

လုပ်ငန်းကို စတင်လုပ် ဆောင်နေပြီး စာရင်းတွေကို ရေးဆွဲဖို့ ခက်ခဲ နေပါသလား

"Mahar accounting and Auditing service" မှာ ကျွန်တော်တို့က သင့်အတွက် စိတ်ချပီး အချိန်နှင့်တ ပြေးညီ တိကျမှန်ကန်တဲ့ စာရင်းဝန်ဆောင်မှုတွေ ပေးနေပါတယ်။

✅ စာရင်းရေးသွင်းခြင်းနှင့် လစာတွက်ချက်မှု

✅ ငွေကြေးစီမံပေးခြင်း

✅ လစဥ်အရှုံးအမြတ်တွက်ချက်ပေးခြင်း

✅ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲပေးခြင်း

✅Company ဘဏ္ဍာရေးအခြေအနေများ သုံးသပ်ဆွေးနွေးပေးခြင်း

📊 စာရင်းတွေ ငွေကြေးကိစ္စ တွေ ကို စိတ်ပူစရာမလိုအောင် ငွေကြေးပိုင်း၊ စာရင်းပိုင်းတာဝန်တွေကို ကျွန်တော်တို့ထံ အပ်နှံလိုက်ပါ၊ ဒါမှသင်က သင့်လုပ်ငန်းတိုးတက်အောင် လုပ်ဆောင်နိုင်မှာပါ

📞 09420056126 , 09954256126 သို့ ဆက်သွယ်ပြီး အခမဲ့အကြံပေးမူဝန်ဆောင်မှု ရယူလိုက်ပါ။

28/08/2025

မဂ်လာပါရှင်
ကျွန်မတို့Mahar (Accounting & Auditing services) မှ အောက်ပါ၀န်ဆောင်မှုများကိုစိတ်ချယုံကြည်စွာအပ်နှံနိုင်ပါသည်။လူကြီးမင်းတို့ စိတ်တိုင်းကျသည့်အထိတာ၀န်ယူဆောင်ရွက်ပေးနိုင်ပါသည်။

- ကုမ္ပဏီ အသစ်တည်ထောင်ခြင်း
- ကုမ္ပဏီ တွင် လိပ်စာပြောင်း ၊ဒါရိုက်တာအပြောင်းအလဲပြုလုပ်ခြင်း
- ကုမ္ပဏီ ၏ရှယ်ယာ အပြောင်းအလဲပြုလုပ်ခြင်း
- Annual Return (AR) နှစ်စဥ်အစီရင်ခံစာတင်ပေးခြင်း
-Annual Return (AR) suspendend service
- Struck off Service ပေးခြင်း
- ကုမ္ပဏီ ဖျက်သိမ်းခြင်း(Company Liquidation)

- Import/Export လိုင်စင်လျှောက်ထားခြင်း
- Online shop Licence ေလျှာက်ထားခြင်း

- ကုမ္ပဏီ အခွန်နှင့်ပတ်သက်သောကိစ္စရပ်များဆောင်ရွက်ခြင်း
- Company tax number ရအောင်လုပ်ပေး ခြင်း
- E filing ရအောင်လုပ်ပေးခြင်း
- ကုမ္ပဏီ ကြိုတင်ခွန်ဆောင်ပေးခြင်း
- ကုမ္ပဏီ ကုန်သွယ်ခွန် သုံးလပတ် Return တွက်ချက်တင်ပေးခြင်း
- ကသခ လိုင်စင် (Form 2) လုပ်ပေးခြင်း
- Tax report ဆွဲပေးခြင်း
- Annual CT and IT Return တင်ပေးခြင်း
- Demand ထွက်သည်အထိ အခွန်ရှင်းလင်းပေးခြင်း

- Bank Loan

-ကုမ္ပဏီ လချူပ်၊နှစ်ချူပ် စာရင်းများရေဆွဲပေးခြင်း၊

စသည့်တို့အတွက် Service လိုအပ်ပါက
ဖုန်း 09420056126 ,09954256126
Viber 09420056126 ကိုဆက်သွယ်နိုင်ပါသည်။
Cb မှလည်းဆက်သွယ်နိုင်ပါတယ်။

လအလိုက်၊ နှစ်အလိုက်၊ အရှုံးအမြတ်စာရင်းများ၊ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲပေးခြင်း၊နှစ်စဥ် အခွန်စာရင်းတင်ရန်အတွက် audit report ဆွဲပေးခြင်း၊ E filing တင်ပေးခြင်း၊ DICA နှင့်ပတ်သတ်၍၀န်ဆောင်မှုပေးခြင်းများကို မှန်ကန်တိကျစွာဖြင့်၀န်ဆောင်မှုပေးပါသည်။

Address

39th Street
Yangon
-

Website

Alerts

Be the first to know and let us send you an email when Mahar Accounting & Auditing service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share