Khine Myanmar Insurance

Khine Myanmar Insurance Myanmar Needs Insurance !!!

အာမခံထားတယ်ဆိုတာစာချုပ်တစ်ခုယူထားလိုက်တာပါကတိကဝတ်တွေကို စာချုပ်ထဲထည့်ချုပ်ထားပြီး ကုမ္ပဏီဘက်ကလည်း ဒါဖြစ်ရင် ဒါတွေရမယ်ဆို...
02/07/2025

အာမခံထားတယ်ဆိုတာ
စာချုပ်တစ်ခုယူထားလိုက်တာပါ
ကတိကဝတ်တွေကို စာချုပ်ထဲထည့်ချုပ်ထားပြီး
ကုမ္ပဏီဘက်ကလည်း ဒါဖြစ်ရင် ဒါတွေရမယ်ဆိုတဲ့ကတိပေးထားသလို
ကာယကံရှင်ဘက်ကလည်း နှစ်စဉ်ငွေသွင်းပါ့မယ်ဆိုတဲ့ကတိတွေ အပြန်အလှန်ပေးထားကြတာပါ။

လက်ဆုပ်လက်ကိုင်ပြစရာ စာချုပ်တစ်ခုပဲရှိပါတယ်

အာမခံဟာ ဘယ်အချိန်မှာအကျိုးခံစားခွင့်တွေရနိုင်မလဲဆို သူသတ်မှတ်ထားတဲ့ အသက်သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်သွားခြင်း၊ သတ်မှတ်ရောဂါ သတ်မှတ်အခြေအနေတွေဖြစ်ပွားလာတဲ့အခါ စာချုပ်ထဲမှာပါတဲ့အတိုင်း လျော်ကြေးရရှိမှာဖြစ်ပါတယ် ။

ဒီအတိုင်းနေရင်း အမြတ်ထွက်လာစရာမရှိပါဘူး

လူတွေရဲ့အမြင်မှာ
"ဘာမှမဟုတ်ဘဲ ကိုယ့်ပိုက်ဆံပေးထားရတယ်"လို့ မြင်နေကြတုန်းပါ

ဒါဟာ အာမခံစနစ်မထွန်ကားသေးတာရယ်
ဗဟုသုတနည်းပါးကြသေးတာရယ်
နိုင်ငံမဖွံ့ဖြိုးသေးတာရယ်ကြောင့်ပါ

တချို့က "တစ်နှစ်တစ်နှစ် အာမခံကြေးသာသွင်းနေရတယ် ဘာမှလည်းမထူးခြားဘူး"လို့ မြင်ကြပါတယ်

ဒါကလည်း အာမခံရဲ့မူရင်းသဘောကို နားမလည်ကြသေးလို့ဖြစ်ပါလိမ့်မယ်

ကိုယ်ကနေကောင်းနေသရွေ့ ၊ ကျန်းမာနေသရွေ့ယူထားတဲ့အာမခံတွေဟာ အလုပ်မလုပ်ကြပါဘူး
တစ်ခုခုကြုံတွေ့လာတဲ့အခါမှသာ စာချုပ်ထဲမှာပါတဲ့အချက်အလက်တွေအတိုင်း claim ရတာမျိုးပါ ။

"ဒါဆို ဘာမှမဖြစ်ဘဲ ပိုက်ဆံတွေပေးနေရတာပေါ့
မင်းတို့ကိုပေးမယ့်အစား စီးပွားရေးပဲလုပ်မှာပေါ့"လို့ ပြောကြသူတွေရှိပါတယ်

ဟုတ်ကဲ့ အသက်အာမခံကြေးပမာဏနဲ့ စီးပွားရေးလုပ်လို့မရပါဘူး ဘာလို့လည်းဆိုတော့ အသက်အာမခံကြေးအများစုက ခြေနိုင်လက်နိုင်ပမာဏလောက်ပဲ ဝယ်ကြတာများပါတယ်
အဲဒီပမာဏဟာ စီးပွားရေးလည်းလုပ်လို့မရသလို ဘဏ်မှာအပ်ရင်လည်းအတိုးပမာဏအနည်းငယ်သာရမယ့်အနေအထားပါ ။
စီးပွားရေးလုပ်မယ်ဆိုလုပ်ဖို့တိုက်တွန်းပါတယ် ။

နောက်တစ်ခုက အာမခံနှစ်ပြည့်လို့ကိုယ်ကဘာမှမဖြစ်တဲ့အခါ သွင်းထားငွေအားလုံးပြန်ရရှိမှာပါ
( ငွေဆုံးမှာ စိတ်ပူစရာမလိုပါဘူး )

ဖြစ်လာခဲ့ရင်လည်း သွင်းထားတဲ့ပရီမီယမ်ကြေးထက် အဆများစွာကွာခြားတဲ့အကာအကွယ်ကို ရနိုင်က အာမခံမှာပဲရှိတာပါ
#ဘဏ်မှာဒါမျိုးမရနိုင်ပါဘူး

အာမခံတစ်စောင်လက်ထဲကိုင်ထားပြီး
ငွေသွင်းချိန်ရောက်တိုင်း စိတ်မသက်မသာဖြစ်နေရင်
အဲဒီအာမခံရဲ့အကြောင်းကို သေချာသဘောမပေါက်သေးလို့ဖြစ်ပါလိမ့်မယ် ဒါမှမဟုတ် ရောင်းသွားတဲ့ အေးဂျင့်က ပြီးပြီးရောထိုးရောင်းခဲ့တာလည်းဖြစ်နိုင်ပါတယ် သူ့ကိုပြန်မေးကြည့်ပါ

အာမခံဟာ စိတ်ကျေနပ်မှုကိုအရင်ယူရတာပါ
အရေးပေါ်အခြေအနေမကြုံရသေးခင်
" ငါ့မှာအာမခံရှိတယ်" ဆိုတဲ့ စိတ်ကျေနပ်မှု
ကြုံခဲ့ရင်လည်း " အာမခံလျော်ကြေးရတယ်" ဆိုတဲ့စိတ်ချမ်းသာမှုကို ခံစားရတာမျိုးပါ ။

အဲလိုမှ စိတ်လုံခြုံမှုကို မပေးစွမ်းနိုင်ရင်
စိတ်အေးချမ်းမှုရမနေရင်
အစကတည်းကအာမခံမထားတာ အကောင်းဆုံးပါ

ဖြစ်မှကြည့်ရှင်းမယ်ဆိုတာ
သမိုင်းဦးခေတ်ကတည်းကကျင့်သုံးခဲ့တဲ့စနစ်မဟုတ်ပါလား

Credit: MYKS
Photo: Credit

အသက်အာမခံနဲ့ပတ်သတ်ပြီး
မေးမြန်းစုံစမ်းဆွေးနွေးလိုပါက
Khine Win Thu
Senior Agencu Manager
09-5063164 / 09-43158929 (Vb)

အသက်အာမခံအကာအကွယ်တွေအပြည့်အဝရရှိမယ့်အပြင် Apple iPhone 15 Pro Max (၃) လုံးကို မဲနှိုက်ရွေးချယ်ပြီး ဆုလက်ဆောင်အဖြစ် ကံထူး...
24/06/2024

အသက်အာမခံအကာအကွယ်တွေအပြည့်အဝရရှိမယ့်အပြင် Apple iPhone 15 Pro Max (၃) လုံးကို မဲနှိုက်ရွေးချယ်ပြီး ဆုလက်ဆောင်အဖြစ် ကံထူးရယူနိုင်မယ့် Chubb Life Myanmar ရဲ့ ပေါပြည့်ကြွယ်ဝ နွေးထွေးလုံခြုံတဲ့အနာဂတ်ဘဝ အစီအစဉ်မှာ ပါဝင်ဖို့ နောက်မကျသေးဘူးနော်!

၂၀၂၄ ဇန်နဝါရီလ (၁) ရက်နေ့မှ ၂၀၂၄ ဇွန်လ (၂၈) ရက်အတွင်း ပရီမီယံကြေးပေးသွင်းတဲ့ customers အသစ်များသာမက သက်တမ်းတိုးပရီမီယံပေးသွင်းတဲ့ customers များဟာ အသက်အာမခံအကာအကွယ်တွေအပြည့်အဝရရှိမယ့်အပြင် Apple iPhone 15 Pro Max (၃) လုံးကိုပါ ဆုလက်ဆောင်အဖြစ် ကံထူးပိုင်ဆိုင်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။

အစီအစဉ်အသေးစိတ်နှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ဤလင့်ခ်မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ https://www.chubb.com/mm-mm/campaigns/secure-rewarding-future.html

စိတ်အေးချမ်းသာပြီး ပြည့်စုံကြွယ်ဝတဲ့အနာဂတ်အတွက် ပြင်ဆင်ရင်း iPhone 15 Pro Max ကံထူးလိုက်ရအောင်!

Contact # 095063164 / 0943158929

Don't miss out on Chubb Life Myanmar's "Securing And Rewarding Future" incredible program. Join now to win (3) iPhone 15 Pro Max and secure your family's future with life insurance.

Simply make your life insurance premium payment between 1st January 2024 and 28th June 2024 and you'll be automatically entered for a chance to win one of three brand new iPhone 15 Pro Max! Please visit the following link for Terms and Conditions of the campaign - https://www.chubb.com/mm-en/campaigns/secure-rewarding-future.html

Secure a peaceful and prosperous future with the chance to win an iPhone 15 Pro Max.


အာမခံမလိုအပ်တဲ့လူတန်းစားနှစ်မျိုးရှိပါတယ်ပထမတမျိုးက သိပ်ကိုချမ်းသာတဲ့သူပါဘာပဲဖြစ်ဖြစ် ကုန်ချင်သလောက်ကုန် ကုနိုင်တယ်ကုသရင...
07/05/2024

အာမခံမလိုအပ်တဲ့လူတန်းစားနှစ်မျိုးရှိပါတယ်

ပထမတမျိုးက သိပ်ကိုချမ်းသာတဲ့သူပါ
ဘာပဲဖြစ်ဖြစ် ကုန်ချင်သလောက်ကုန် ကုနိုင်တယ်
ကုသရင်တောင်နိုင်ငံခြားဆေးရုံကြီးတွေမှာပဲ
သွားရောက်ကုသနိုင်ကြတဲ့သူတွေ
သေဆုံးသွားရင်လည်း ကျန်ခဲ့တဲ့သူတွေအတွက်
စီးပွားဥစ္စာလုံလုံလောက်လောက်ချန်ထားနိုင်တဲ့သူတွေပါ
ဒီလိုလူမျိုးအတွက် အာမခံမလိုအပ်ပါဘူး

ဒုတိယတမျိုးက အရမ်းချို့တဲ့ကြတဲ့သူတွေပါ
တနှစ်တနှစ်ပေးသွင်းရမယ့် ပရီမီယမ်ကြေးကိုတောင် ပုံမှန်ပေးချေနိုင်စွမ်းမရှိကြတဲ့
ငွေကြေးအဆင်မပြေကြတဲ့သူတွေပါ
ဘယ်လောက်ကောင်းတဲ့အာမခံဖြစ်ဖြစ်
သူတို့စိတ်မဝင်စားနိုင်ကြပါဘူး
ဘာလို့လဲဆိုတော့ ပုံမှန်ဝင်ငွေလည်းမရှိကြတဲ့အပြင်
အာမခံကြေးကိုနှစ်စဉ်ပေးချေနိုင်ဖို့လည်း မတတ်နိုင်ကြတဲ့သူတွေပါ
တခုခုဖြစ်လာခဲ့ရင်လည်း ဒီလိုပဲအဆင်ပြေသလို
ချေးငှားပေါင်နှံပြီးကုသမယ်
မတော်တဆဆုံးပါးသွားခဲ့ရင်လည်း
ကျန်ရစ်သူတွေက ဒီလိုပဲဆက်လက်ရုန်းကန်ကြမယ်
ဒီလိုလူတွေအတွက် အာမခံမလိုအပ်ပါဘူး

ဒါ့ကြောင့် အာမခံကိုထိတွေ့ခွင့်ရတဲ့သူတွေဟာ
သာမန်လူလတ်တန်းစားတွေသာများပါတယ်
ပုံမှန်ငွေကြေးဝင်ငွေရှိတယ်
အာမခံအတွက်တနှစ်ကိုဘယ်လောက်ဖယ်ထားမယ်ဆိုပြီး ဖယ်ထားနိုင်တယ်
မိသားစုအတွက် back up plan ရှိတယ်
Saving plan ချနိုင်တယ်
ဒီလိုလူမျိုးတွေကသာ အာမခံထားကြတာများပါတယ်

အာမခံဟာ ဘဏ်စနစ်နဲ့မတူတဲ့အတွက်
ငွေပွားလာမှာမဟုတ်ပါဘူး

မိမိကိုယ်တိုင် အရေးပေါ်အခြေအနေဖြစ်လာရင်
နောက်ကြောင်းအေးစေတဲ့ back up plan တခုသာ
ဖြစ်ပါတယ်။

ဒါ့ကြောင့် အာမခံကိုစုံစမ်းပါ ထိတွေ့ပါ
ကိုယ်တိုင်ထားရှိပါလို့ တိုက်တွန်းပါတယ်။

အာမခံကိစ္စတွေအတွက် လေ့လာစုံစမ်းဖို့
messenger ကို လာခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။

Crd. Min Yel Kyaw Swar

မိတ်ဆွေတွေထဲက အိမ်ခြံမြေအကျိုးဆောင်ကြီးများကိုပဲ သီးသန့်ဖိတ်ကြားပါရစေလာမယ့် စနေနေ့ (၂၇-၁-၂၀၂၄)ရက်နေ့မှာ အိမ်ခြံမြေအကျိုး...
24/01/2024

မိတ်ဆွေတွေထဲက အိမ်ခြံမြေအကျိုးဆောင်ကြီးများကိုပဲ သီးသန့်ဖိတ်ကြားပါရစေ

လာမယ့် စနေနေ့ (၂၇-၁-၂၀၂၄)ရက်နေ့မှာ အိမ်ခြံမြေအကျိုးဆောင်ကြီးများအတွက် Chubb Life Myanmar ရုံးမှာ "Transforming House to Home" ဆိုတဲ့ Seminar တစ်ခုကို ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

တက်ရောက်လိုကြတဲ့ အိမ်ခြံမြေအကျိုးဆောင်ကြီးများအနေဖြင့် (၂၆-၁-၂၀၂၄)ရက်နေ့ ညနေမတိုင်ခင် ပုံမှာပါတဲ့ QR ကို Scan လုပ်ပြီး စာရင်းပေးသွင်းနိုင်ကြပါတယ်။ QR Scan လုပ်ပြီးတဲ့အကြောင်း ကျွန်မကို မမေ့မလျော့ ပြန်ပြောပေးဖို့နဲ့ ဖိတ်ကြားသူရဲ့အမည်နေရာမှာ ကျွန်မ အမည်ကို ဖြည့်သွင်းပေးဖို့လည်း မကျန်အောင်သတိပေးပါရစေရှင့် ။

ခင်မင်မှုဖြင့်
ဒေါ်ခိုင်ဝင်းသူ / Senior Agency Manager
09 5063164 / 09 43158929
Chubb Life Myanmar
တာဝါ-၂ မြန်မာစင်တာ ၁၈ထပ်
၁၉၂ ကမ္ဘာအေးဘုရားလမ်း ( Melia Hotelအနီး)


,

သူဌေး သူကြွယ် တွေ အသက်အာမခံ မရှိတာကိစ္စမရှိပေမယ့်ာမာန်လူတန်းစားတွေ နဲ့ အခြေခံလူတန်းစားတွေ အသက်အာမခံမရှိခဲ့ရင် ကိစ္စအကြီး...
19/01/2024

သူဌေး သူကြွယ် တွေ အသက်အာမခံ မရှိတာကိစ္စမရှိပေမယ့်ာမာန်လူတန်းစားတွေ နဲ့ အခြေခံလူတန်းစားတွေ အသက်အာမခံမရှိခဲ့ရင် ကိစ္စအကြီးကြီးရှိသွားပါလိမ့်မယ်။

အသက်အာမခံဆိုတာ ဘာကြီးလဲ ?

ခုတလော ကိုယ့်ကို အသက်အာမခံ အကြောင်း ဘာလို့ လာလာပြောနေကြတာလဲ ?

အသက်အာမခံ လျှောက်ဖို့ ဘာတွေလိုတာလဲ ?

ကိုယ်အသက်ရှိနေစဥ် အသက်အာမခံ ဘယ်လိုအကျိုးရှိရှိ အသုံးချလို့ရမလဲ ?

ကိုယ်ဘဝကူးသွားရင်တောင် ကိုယ့်ကိုမှီခိုနေသူတွေအတွက် သိန်းရာ ထောင်ချီ ဘယ်လိုချန်ထားပေးခဲ့လို့ရမလဲ?

စတာတွေကို အကျယ်တဝင့် သိရဖို့ လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ် ။
တက်ရောက်ဖို့ အမည်စာရင်းပေးလို့ရပါပီရှင် ။
ချစ်ခြင်းများစွာဖြင့်
ခိုင်ဝင်းသူ /Senior Agency Manager
095063164 / 0943158929 ( VB)
Chubb Life Myanmar

ချက်ဘ် အသက်အာမခံ ကုမ္ပဏီ မှာ လစဥ်လတိုင်း Financial Advisor များအတွက်လိုင်စင်သင်တန်းများ အခမဲ့ သင်ကြားပေးနေပါတယ် ။လိုင်စင...
19/01/2024

ချက်ဘ် အသက်အာမခံ ကုမ္ပဏီ မှာ
လစဥ်လတိုင်း Financial Advisor များအတွက်
လိုင်စင်သင်တန်းများ အခမဲ့ သင်ကြားပေးနေပါတယ် ။

လိုင်စင်စာမေးပွဲတွေဖြေ သင်တန်းတွေတက်ပြီး Financial Advisor လျှောက်ချင်သူများ
Business Opportunity Program Seminarကို
တက်ရောက်နားထောင်ဖို့အကြံပေးပါရစေရှင် ။

စာရင်းလာပေးလို့ရပါတယ်ရှင် 🤝
Khine Win Thu/ Senior Agency Manager
095063164 / 094315892 (Vb)
Chubb Life Myanmar

မိသားစုအားလုံး အတွက် ပျော်ရွှင်ဖွယ်ရာChristmas အချိန်ကာလလေးဖြစ်ပါစေ ❤
25/12/2023

မိသားစုအားလုံး အတွက် ပျော်ရွှင်ဖွယ်ရာ
Christmas အချိန်ကာလလေးဖြစ်ပါစေ ❤

အသက်အာမခံကို ရင်းနှီးမြှုပ်နှံမှု နဲ့ အတူတူရှုမြင်လို့မရပါဘူး။ ရင်းနှီးမြှုပ်နှံမှုဆိုတာ မိမိရဲ့ ပိုင်ဆိုင်မှုကို ပွါးမျ...
20/12/2023

အသက်အာမခံကို ရင်းနှီးမြှုပ်နှံမှု နဲ့ အတူတူရှုမြင်လို့မရပါဘူး။
ရင်းနှီးမြှုပ်နှံမှုဆိုတာ မိမိရဲ့ ပိုင်ဆိုင်မှုကို ပွါးများလာဖို့ အားထုတ်ရတဲ့ ငွေကြေးစီမံခန့်ခွဲမှု ဖြစ်ပြီး အသက်အာမခံ ဆိုတာ မဖြစ်ချင်ပေမယ့် အချိန်မရွေးဖြစ်လာနိုင်တဲ့ ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့ရသည်ရှိသော် မိမိအပေါ်မှီခိုနေရတဲ့ မိသားစု ဒုက္ခမရောက်အောင် ကြိုတင်စီမံပေးထားတဲ့ ငွေကြေးစီမံခန့်ခွဲမှု တစ်ခုဖြစ်ပါတယ်။
ပြိုင်ဆိုင်မှု နဲ့ ချဉ်ခြင်းတပ်မှုတွေများပြီး မရေရာမသေချာမှုတွေ ကြီးစိုးနေတဲ့ ကျွန်တော်တို့ ဘဝခရီးလမ်းတလျှောက်မှာ ဒီငွေကြေးစီမံခန့်ခွဲမှု ၂မျိုးလုံး လိုအပ်ပါတယ်။ ၂မျိုးလုံး လုပ်ထားနိုင်ရင် အကောင်းဆုံးပေါ့။
အသက်အာမခံထားမယ့်အစား ရွှေဝယ်ထားတာမှ ကောင်းဦးမယ်ဆိုပြီးတော့ စဉ်းစားနေတာလည်း မမှားပါဘူး။
မိသားစု ဘဝအာမခံချက်ရှိဖို့ ပိုအရေးကြီးတယ်လို့ စဉ်းစားပြီး အသက်အာမခံ အရင်ထားလိုက်တာကောင်းမယ်လို့ စဉ်းစားလည်း မမှားပါဘူး။
ကိုယ့်မှာရှိနေတဲ့ ငွေကြေးက အကန့်အသတ်ရှိနေတယ်ဆိုရင် မိမိရဲ့ပိုင်ဆိုင်မှု ကို မိမိအလိုရှိတဲ့ပုံစံနဲ့ ကြိုက်သလို စီမံခန့်ခွဲနိုင်ပါတယ်။
ဒါပေမဲ့ ၂ခုလုံးကို ရောထွေးပြီး မမြင်သင့်ပဲ သပ်သပ်စီရှုမြင်တတ်ဖို့တော့ လိုပါတယ်။
အသက်အာမခံထားပြီး ငွေတွေကျုံ့ကုန်တယ်လို့ မြင်နေတာဟာ မတူညီသောငွေကြေးစီမံခန့်ခွဲမှု ၂မျိုးရဲ့ ရည်ရွယ်ချက်တွေကို ကွဲကွဲပြားပြား သဘောမပေါက်ကြသေးလို့ပါ။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ မိမိရဲ့ ငွေတွေကို ကဏ္ဍခွဲပြီး ရင်းနှီးမြှုပ်နှံမှု လုပ်စရာရှိတာလည်း လုပ်တယ်၊ အသက်အာမခံနဲ့လည်း ကိုယ်အကြောက်ရဆုံးသော risk တွေကိုလည်း အကာအကွယ်ယူထားဖို့လည်း စီမံ
ထားကြပါတယ်။
ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာ ဒီလို ငွေကြေးစီမံခန့်ခွဲမှုနည်းလမ်းတွေကို ကျွန်တော်တို့တတွေ လက်လှမ်းမှီလာကြပါပြီ။
အရေးကြီးတာက ကိုယ်ဘာပဲလုပ်လုပ် အမှားအယွင်းမရှိအောင် ဘာမဆို သေချာလေး လေ့လာပြီးတော့မှ လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။


အသက်အာမခံ နဲ့ ပတ်သက်လို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်မ နဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
ခိုင်ဝင်းသူ
Senior Agency Manager
Licence Agent / Life & General Insurance

Address

၈၀ မလွှကုန်းလမ်း ကျောက်မြောင်း တာမွေ
Yangon

Telephone

+9595063164

Website

Alerts

Be the first to know and let us send you an email when Khine Myanmar Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khine Myanmar Insurance:

Share