07/04/2026
Thank you
Better future with
၂၀၂၅ ခုနှစ်၊ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံ လူမှုအသိုင်းအဝိုင်းများစွာရဲ့ အသက်အိုးအိမ်၊ စည်းစိမ်များ နစ်နာဆုံးရှုံးခဲ့တာဆိုရင် ဒီနေ့၊ မတ်လ ၂၈ ရက်မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
AIA Myanmar အနေနဲ့ ငလျင်ဘေးသင့် မိဘပြည်သူများရဲ့ လူနေမှုဘဝများ ပုံမှန်အခြေအနေအတိုင်း အမြန်ဆုံးဖြစ်လာစေရေးကို များစွာမျှော်လင့်လျက်ရှိတဲ့အတွက် ငလျင်ဘေးသင့်ခံရသော ဒေသများရှိ လူမှုအသိုင်းအဝိုင်းများနဲ့အတူ ယနေ့ထိတိုင် တစ်သားတည်းအတူရှိနေပါတယ်။
လုံခြုံတဲ့နေအိမ်၊ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ခြင်း၊ ကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိခြင်းတို့ဟာ လူနေမှုဘဝဆိုင်ရာ အခြေခံလိုအပ်ချက်တွေဖြစ်တာကြောင့် AIA Myanmar အနေနဲ့ အင်းလေးကန်၊ ကြာအင်းကျေးရွာရှိ ဒေသခံများအတွက် နေအိမ်များ၊ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကလေးငယ် (၇၀၀) ဝန်းကျင်ခန့် ပညာသင်ကြားနိုင်မဲ့ စာသင်ကျောင်းဆောင်များ အပါအဝင် အင်းလေးနဲ့ အမရပူရဒေသများရှိ လက်မှုပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း စသည်တို့ကို ဒေသတွင်း အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။
လူမှုအသိုင်းအဝိုင်းများနဲ့အတူ နောင်နှစ်ပေါင်းများစွာတိုင် တစ်သားတည်း အမြဲအတူရှိနေပြီး ဆက်လက် ပံ့ပိုး၊ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို AIA Myanmar နဲ့အတူ လျှောက်လှမ်းကြပါစို့။
On this day, 28 March, it has been a year since the earthquake that brought severe loss to homes and livelihoods across many communities in Myanmar.
Guided by a strong desire to stand with those affected, AIA Myanmar has remained united in purpose and in heart with communities across the country.
At AIA Myanmar, we believe that safe housing, quality education, and sustainable livelihoods are essential foundations for a better life. From rebuilding resilient homes in Kyar Taw Village at Inle Lake, to supporting the construction of schools in Pyi Gyi Takhon, Mandalay, where around 700 students can learn in a safe environment, and to creating livelihood opportunities in Inle and Amarapura, our commitment has always been to stand alongside our communities.
We remain steadfast in our commitment to supporting communities for many years to come. Together, let us continue moving forward towards Healthier, Longer, Better Lives for all.