25/08/2026
💕👩❤️👨. ဒီလက္ခဏာ (၄) ချက် ရှိနေရင် သင်တို့ရဲ့ Relationship က လုံခြုံနွေးထွေးတဲ့ နားခိုရာတစ်ခု ဖြစ်နေပါပြီ 🤍🌿
🌸 Relationship တစ်ခု ရှိနေရုံနဲ့တင် စိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်မှုကို အပြည့်အဝ မရရှိနိုင်ပါဘူး။ တကယ် အေးချမ်းမှုနဲ့ တန်ဖိုးထားချစ်ခင်မှုနဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေး (Healthy Relationship) တစ်ခုမှာတော့ တိတ်တဆိတ် ကိန်းဝပ်နေတဲ့ "Green Flags" လက္ခဏာလေးတွေ ရှိနေတတ်ပါတယ်🍃
🌻 ဒီနေ့မှာတော့ မိမိရဲ့ ဆက်ဆံရေးမှာ ဒီလို လက္ခဏာလေးတွေ ရှိနေပြီလားဆိုတာ အတူတူ ဆန်းစစ်ကြည့်ရအောင်နော် ✨✨
💜 စိတ်ပူပင်မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောပြခွင့်ရှိခြင်း (Safe Space) 🤍
ကိုယ့်ရဲ့ အားနည်းချက်တွေ၊ ဝမ်းနည်းမှုတွေနဲ့ အမှားတွေကို သိုဝှက်ထားစရာမလိုဘဲ ပွင့်ပွင့်လင်းလင်း မျှဝေတဲ့အခါ အသုံးချခံဖြစ်မှာ သို့မဟုတ် အပြစ်တင် ရှုံ့ချခံရမှာကို ကြောက်စရာမရှိတာမျိုးပါ🍃💬
💜 ကိုယ်ပိုင်ရှိရမဲ့စည်းများကို လေးစားမှုရှိခြင်း (Respecting Boundaries)
ချစ်သူ/အိမ်ထောင်ဖက် ဖြစ်နေလင့်ကစား မိမိတို့ရဲ့ ကိုယ်ပိုင်အချိန်၊ ဝါသနာ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ စိတ်ပိုင်းဆိုင်ရာ သီးသန့်နယ်ပယ် (Personal Space) ကို အပြန်အလှန် နားလည် ပံ့ပိုးပေးတတ်ကြပါတယ်🍃
💜 အနိုင်ယူဖို့ထက် နားလည်ပေးဖို့ ဦးတည်သောစကားဝိုင်း (Healthy Communication)
သဘောထား ကွဲလွဲမှုနဲ့ စကားများမှုတွေ ဖြစ်လာတဲ့အခါ "ငါ ပြောတာပဲ ဟုတ်နေရမယ်၊ ငါအနိုင်ရနေရမယ်" ဆိုတဲ့ စိတ်ထက် ပြဿနာကို အတူတကွ ဖြေရှင်းဖို့နဲ့ အပြန်အလှန် နားထောင်ပေးဖို့ကို ပိုမို ဦးစားပေးကြပါတယ်💬👫
💜 တစ်ယောက်ရဲ့ တိုးတက်မှုကို တစ်ယောက်ကဝမ်းမြောက်ခြင်း (Mutual Growth) 🌱
တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်ထားခြင်း မရှိဘဲ မိမိတို့ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေဆီ ရောက်ရှိအောင် ဘေးနားကနေ ယုံကြည်မှုနဲ့ တွန်းအားပေးတတ်ကြပါတယ်👩❤️👨💐
"🫶 Healthy Relationship ဆိုတာ ပြဿနာ လုံးဝ မရှိတာ မဟုတ်ဘဲ၊ ပြဿနာတွေကို စိတ်မှာအနာတရ မကျန်အောင် အတူတကွ ရင့်ကျက်စွာ ဖြေရှင်းနိုင်တာကို ခေါ်တာပါ💞"
💜 အချစ်ဆိုတာ ပိုင်ဆိုင်ရုံတင် မဟုတ်ဘဲ တစ်ယောက်ရဲ့ စိတ်အေးချမ်းမှုကို တစ်ယောက်က လုံခြုံအောင် ကာကွယ် စောင့်ရှောက်ပေးနိုင်ခြင်းလည်း ဖြစ်ပါတယ်။
🍃 သင်တို့ရဲ့ ဆက်ဆံရေးမှာရော ဒီ Green Flags လေးတွေထဲက ဘယ်အချက်ကို အရှိဆုံးလို့ ခံစားရပါသလဲ… ကွန်မန့်မှာ မမေ့မလျော့ မျှဝေပေးခဲ့ပါဦးနော် ✨💭
📞 09793068543(viber)
📩 [email protected]
💬 Facebook messenger