Financial Advisor By Pretty Phyu Hinn

Financial Advisor By Pretty Phyu Hinn Financial Advisor of Chubb Life Mynamar

15/12/2025

🔊 ထာဝရသုခမှာ

ငွေစုရင် ပေးတဲ့

Investment Income ကို ​

ဘယ်Rateကို အခြေခံပြီး

တွက်ချက်​ပေးလဲ?

❓❓❓❓❓❓❓❓

✅ ဘဏ် ဆိုတာ

ငွေရေးကြေးရေး

အဖွဲ့အစည်းဖြစ်သလို

အာမခံ ဆိုတာလည်း

Financial Institutation

တစ်ခုပါ

စီမံဘဏ္ဍာဝန်ကြီးဌာန

လက်အောက်မှာရှိပါတယ်👍

✅ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က

သတ်မှတ် ထုတ်ပြန်တဲ့

အတိုးနှုန်းညွှန်ကြားချက်

တွေကိုအခြေခံပြီး

မြန်မာနိုင်ငံမှာရှိတဲ့

ဘဏ်အားလုံးအနေဖြင့်

{CBM (Central Bank of Myanmar)က

သတ်မှတ်ပေးထားတဲ့

အမြင့်ဆုံး/အနိမ့်ဆုံး

အပ်ငွေ အတိုးနှုန်း

သတ်မှတ်ချက်

ဘောင်အတွင်းကနေ }

အတိုးနှုန်းမူဝါဒတွေကို

ပြန်လည် သတ်မှတ်ကြကာ

ပုံစဲအမျိုးမျိုးသော

Productds တွေ ပြင်ဆင်

မိမိဘဏ်မှာ

အများ​ပြည်သူငွေတွေ

အပ်ချင်လာအောင်

ဆွဲဆောင်လာကြပါတယ်

✅အမြင့်ဆုံး

Deposit Bank Rate 8.5%

သတ်မှတ်ခဲ့စဥ်က

3%Differentနှုန်းလျော့

ချက်ဘ်က 5.4%

Investment Income ပေးခဲ့ပြီး....

14.8.2024 က

ပြင်ဆင်သတ်မှတ်ခဲ့တဲ့

CBM Maximum

Deposit Bank Rate 9%

ဖြစ်လာတော့

Sept-2024 မှစလို့

ချက်ဘ်ရဲ့ Investment

Income Rateက

6% သို့တိုးမြှင့်ထားကြောင်း

အသိပေးပါရစေရှင်

အောက်ဖော်ပြပါ..

ချက်ဘ်ရဲ့ Websiteရဲ့Linkမှာ

ချက်ဘ်ကပေးတဲ့

Investment Income (အတိုးနှုန်း)

အသေးစိတ်ကြည့်ရှုနိုင်ပါတယ်ရှင်

https://www.chubb.com/mm-mm/products/chubb-lifetime-elite/interest-rate.html

💰 မိမိအနေဖြင့်

တစ်ရက်လျှင် ကျပ်3000/-

ကျပ်5000/ စီစစ်ခြွေတာပြီး

ချက်ဘ်မှာ ရင်းနှီးမြှုပ်နှံ

ထားလိုက်တာနဲ့

မိသားစုအတွက်

ပိုင်ဆိုင်မှုတွေကို

ဘယ်လောက်အထိ

Extend (ဖြန့်ကျက်)

လုပ်နိုင်မလဲ ဆိုတာ

လေ့လာသင့်တဲ့အရာတစ်ခုပါ....

💹 Inflation ငွေကြေးဖောင်းပွမှုနဲ့

ယှဥ် ပြောကြတဲ့အခါ

တစ်ရက်ကျပ်5000/-

တစ်လ ကျပ်150,000/နဲ့

လုပ်လို့ရတဲ့

စီးပွားရေးလေးများ

ရှိရင် လက်တို့ပေးကြပါဦး

✅ သိန်း500 အာမခံထားလို့လည်း

သိန်း500 အထိ

ပြည့်အောင်ငွေစုရန်မလိုဘူးနော်...

ထပ်လေ့လာကြည့်ပါဦး...

✅ဂဎဏန လေ့လာမှုမပြုပဲ

ကြားဖူးနားဝနဲ့ပဲ

သုံးသပ်လိုက်တာက

အများစုရဲ့ အားနည်းချက်ပါ

အဲ့ထဲ ကိုယ်မပါဝင်မိဖို့လိုအပ်ပါတယ်..

💥 မနက်ဖြန်မှာ မရေရာ

မသေချာခြင်းတစ်ခုခုကြောင့်

သင့်အနေနဲ့ မိသားစုမှာ

မှီခိုသူအဖြစ် ပြောင်းလဲသွားရင်

သင့်အတွက်

ဝင်ငွေဆိုတာ ရပ်သွားပြီ

(အသက်ဆုံးပါးတဲ့အထိ

ဖြစ်မသွားရင်တောင်

ဝင်ငွေဆိုတာ ရပ်သွားရပြီ)

အသက်အာမခံဆိုတာ

အသက်ဆုံးပါးမှ

လျော်တာမဟုတ်ဘူး

ထာဝစဥ် မသန်စွမ်း

(Total Permanent Disbility-TPD)

ဖြစ်လည်းလျော်တယ်ဆိုတာ

မသိကြဘူးမို့လား?

အာမခံရှိနေရင်တော့

သိန်400/500 ရလိုက်ပြီပေါ့

ထာဝစဥ်မသန်စွမ်းဖြစ်သွားချိန်မှာ

အာမခံဆိုတာရှိမထားရင်

သင့်တန်ဖိုးက Zero ဖြစ်သွားပြီ

ဒါကြောင့် ဝင်ငွေရှိတုန်းမှာပဲ

ချက်ဘ်မှာ ငွေစုရင်း

သင့်ရဲ့တန်ဖိုးကိုမြှင့်ထားပါ

မိမိစုနိုင်တဲ့ပမာဏနဲ့

မိမိရဲ့တန်ဖိုးကို

သတ်မှတ်လို့ရပါတယ်

🔰 အသက်ဆုံးပါးရင်

Dead Body ကို သိန်း1000

တန်ဖိုးရှိအောင်

ပြင်ဆင်ထားတယ်ဆိုရင်တောင်

မိသားစုအတွက် တန်ဖိုးရှိနေတာပါ

ထာဝစဥ်မသန်စွမ်း

ဖြစ်ရင်လည်း

မိမိ ကျန်းမာရေးအတွက်

ဆေးကုသစရိတ်ပေါ့

မိသားစုကို ဝန်မဖြစ်စေပဲ

နောက်ဆုံးအချိန်ထိ..

ရပ်တည်လို့ရတာ

အာမခံစနစ်ကို အသုံးပြုထားလို့ပါ...

🔷 အာမခံဆိုတာ

တန်ဖိုးသိပ်ကြီးပါတယ်

ထိုက်တန်သူမှ ပိုင်ဆိုင်ခွင့်ရှိတာပါ

♥ မိဘက ချစ်ခြင်းမေတ္တာနဲ့

တည်ဆောက်ထားတဲ့

အာမခံအမွေဆိုတာ

သားသမီးတိုင်း

ရနိုင်လျက်နဲ့

ပိုင်ဆိုင်ခွင့်မရနိုင်ဘူး

အမွေဆိုတာ

ထိုက်မှစံရတယ်ဆိုတဲ့စကား

လူတိုင်းသိကြပါတယ်

မိဘတွေက သတိဝင်ပြီး

အာမခံလုပ်ကြမှ

သားသမီးက

ပိုင်ဆိုင်ခွင့်ရတာပါ

ပိုင်ဆိုင်ခွင့်ပါမလာကြရင်

ကြံဖန်ပြီးလွဲတက်ကြတယ်

💝 ဒါ့ကြောင့် မိဘတွေက

အမြင်ကျယ်ဖို့ လိုပါတယ်

ငွေကြေးမတတ် နိုင်လို့

မလုပ်ဖြစ်တာ ကိစ္စမရှိပေမဲ့

တက်နိုင်လျက်နဲ့

အတွေးတစ်ချက်တိမ်မိလို့

သားသမီးတွေ ရပိုင်ခွင့်တစ်ခု

ဆုံးရှူံးလိုက်ရတာတွေ

မြင်နေရတယ်

အာမခံကုမ္ပဏီတွေက

လိမ်ပြေးရင် ဘယ်လိုလုပ်မလဲ

မေးလာရင်...သင်ရဲ့

လေ့လာနိုင်မှု စွမ်းအားက

ဒီလောက်ပဲလားလို့

ပြန်မေးရမည့် အခြေအနေ

ဖြစ် သွားပြီ

Google/AI ကသင့်လက်ထဲမှာ

ရှိတယ်ဆိုတာ မမေ့ပါနဲ့

မသုံးတတ် ရင် မရှာတတ် ရင်

သိတဲ့သူကို မေးပါ

🌎 ကမ္ဘာ့ပတ် အာမခံဝန်ဆောင်မှုတွေ

ပေးလာတာ ဘိုးတော်ဘုရား

လက်ထက် ကတည်းကပါလို့ပြောရင်

ဟုတ်ပါ့မလား ထင်နေဦးမယ်

🎈 သင်သာ ယခု အသက်၆၀နှစ်ဆိုရင်

သင့်အသက်ထက် 4ဆနီးနီး

အသက်ကြီးတဲ့ အာမခံကုမ္ပဏီကြီးပါ

ချစ်ခင်စွာဖြင့်

အာမခံဗဟုသုတတွေကို

မျှဝေပါရစေရှင်🙏

ပိုက်ဆံ၊  ကျန်းမာရေး၊  ပိုင်ဆိုင်မှုတွေ နဲ့  ချစ်ခင်ရသူတွေ ကို ဆုံးရှုံးလိုက်ရမှာ ကို  လူတွေက  ကြောက်ကြ တယ်။ ဥပမာ -ကိုယ်...
28/06/2025

ပိုက်ဆံ၊ ကျန်းမာရေး၊ ပိုင်ဆိုင်မှုတွေ နဲ့ ချစ်ခင်ရသူတွေ ကို ဆုံးရှုံးလိုက်ရမှာ ကို လူတွေက ကြောက်ကြ တယ်။

ဥပမာ -

ကိုယ်ချစ်ရသူ တွေ (သို့မဟုတ်) ကိုယ့်ကို မှီခိုသူတွေ မိမိ မရှိတော့ချိန်မှာ ငွေကြေးအခက်အခဲ နဲ့ ကြုံရမှာကို ကြောက်တာ ကြောင့်
#အသက်အာမခံ ထားကြတယ်။

ကြီးမားတဲ့ ဆေးဖိုးဝါးခတွေ ကုန်ကျမှာ၊ ကုန်ဈေးနှုန်းကြောင့် ကောင်းကောင်း မကုသနိုင်မှာ ကို ကြောက်တာကြောင့် (ဒါမှမဟုတ်) ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားရချိန်မှာ ထပ်ဆင့်အပူ ငွေကြေးဖိစီးမှု ဖြစ်မှာ ကြောက်တာကြောင့်
#ကျန်းမာရေးအာမခံ ထားကြတယ်။

မီးလောင်တာ၊ ရေကြီးတာ၊ လေပြင်းမုန်တိုင်း၊ ငလျင်၊ မြေပြိုတာ၊ စစ်ဘေးဒဏ် စတာတွေကြောင့် ကိုယ့်ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှာကို ကြောက်တာကြောင့်
#အိမ်အာမခံ၊ ပစ္စည်းတွေကို အာမခံ ထားကြတယ်။

ခိုးယူခံရတာ၊ မတော်တဆ ထိခိုက်မှုဖြစ်တာ၊ သဘာဝဘေးတွေ၊ မလိုတမာဖျက်ဆီးခံရတာတွေ စတာတွေကြောင့် ကိုယ့်ကား ပျက်စီးဆုံးရှုံးမှာကို ကြောက်တာကြောင့်
#ကားအာမခံ ထားကြတယ်။

ပျက်စီးမှာ ကြောက်လို့ အာမခံ ထားရခြင်း မဟုတ်ပါ။
အာမခံက မပျက်စီးအောင် ဘာမှ လုပ်မပေးနိုင်ပါဘူး။

ပျက်စီးခဲ့လို့
နောက်ဆက်တွဲ ငွေကြေးဆုံးရှုံးမှု ဝန်ထပ်ဝန်ပိုးတွေကိုပဲ
ကိုယ်ကြိုတင်ပြင်ဆင်ထားခဲ့တဲ့ အာမခံ အစီအစဉ်က
ကူထမ်းပေးတာ ဖြစ်ပါတယ်။

#ဆုံးရှုံးမှုအပေါ်ကြောက်ရွံ့ခြင်း (Fear of Loss)
ဆုံးရှုံးမှာကို ကြောက်ရင် အာမခံနဲ့ ကြိုတင် လွှဲပြောင်းထားနိုင်ပါတယ်။

ကြိုတင်ကာကွယ်ထားခြင်းဖြင့် သောကကင်းစွာ ဖြတ်သန်းနိုင်ကြပါစေ။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး


#အာမခံနဲ့အကြောက်တရား

ကျွန်မ ကိုယ့်ကိုယ်ကိုယ် အသက်အာမခံကို လိုက်လံ ရောင်းချနေသူလို့ မခံယူပါဘူး။အလုပ်အကိုင်ရှိသူ၊ ဝင်ငွေရှိသူ၊ ရောဂါဘယကြီးကြီး ...
22/06/2025

ကျွန်မ ကိုယ့်ကိုယ်ကိုယ် အသက်အာမခံကို လိုက်လံ ရောင်းချနေသူလို့ မခံယူပါဘူး။

အလုပ်အကိုင်ရှိသူ၊ ဝင်ငွေရှိသူ၊ ရောဂါဘယကြီးကြီး မားမားမရှိသူ၊ တစ်ကိုယ်တည်းသမားမဟုတ်မိသားစုအရင်းအခြာအနဲဆုံး(၁)ဦးရှိသူ၊ အမှန်တကယ်ဘဲ မိမိနဲ့မိသားစုရဲ့ဘဝကို လက်ရှိအခြေအနေထက်မြင့်မားလိုသူ၊ ငါ့မိသားစု ငါမစောင့်ရှောက်နိုင်တဲ့တစ်နေ့ ကိုယ့်ဘဝကိုယ် ရပ်တည်နေနိုင်စေရမယ်လို့ ရည်ရွယ်ချက်ရှိသူ မည်သူ့ကိုမဆို.....

သူဌေးမင်းများ မှစလို့ ဝင်ငွေရှိကာယညာဏအလုပ် သမား၊ လက်လုပ်လက်စားဈေးသည်များပါမကျန် မြန်မာနိုင်ငံသားတိုင်း၊ (သတ်မှတ်နယ်နိမိတ်အတွင်းနေထိုင်လျှက်ရှိသူတိုင်း) အသက်အာမခံလျှောက်
နိုင်တဲ့နည်း၊ ဖြစ်နိုင်တဲ့နည်းကို စနစ်တကျ သိရှိနားလည်အောင် ရှင်းပြပေးတယ်။

နားလည်သဘောပေါက်လို့ အသက်အာမခံဆိုတာ
ထားသင့်တဲ့အရာလို့လက်ခံရင်.....

👉ပထမ အဆင့်အနေနဲ့
မိမိ ဝင်ငွေအပေါ်မှာ စိတ်ဖိစီးမှုမဖြစ်စေတဲ့ ငွေပမာဏ ဘယ်လောက်ကိုစုရင်းနဲ့ မိမိအိပ်မက်/ရည်မှန်းချက် သိန်းပေါင်းဘယ်လောက်ကို အကာ အကွယ် Financial Plan ထားမလဲ ဆိုတာကို အကောင်းဆုံးတွက်ချက် စဉ်းစားပေးမယ်။

👉ဒုတိယအဆင့်အနေနဲ့
Financial Plan ဆွဲပြီးလို့ အာမခံထားတော့မယ်ဆိုရင် လျှောက်ထားနိုင်ဖို့ စီစဉ်ပေးမယ်။(ထားခွင့်ရ/မရ မသေချာသေး)

👉တတိယအဆင့်အနေနဲ့
အာမခံထားခွင့်ရသူများကို အသက်အာမခံအကာ အကွယ်ရရှိပြီဖြစ်ကြောင်း စာချုပ်ပေးအပ်တဲ့အထိ
ကူညီပေးမယ်။

🏆 ဒါတွေအားလုံးဟာ လူတိုင်းလုပ်ခွင့်မရှိတဲ့၊
မြန်မာ့အာမခံဥပဒေ၊နည်းဥပဒေများ၊ International သတ်မှတ်စည်းမျဉ်းဥပဒေများနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိထားတဲ့၊ ဝမ်းစာအတွက်ဆိုတဲ့စိတ်တစ်ခုထဲနဲ့ လုပ်ဆောင်လို့မရတဲ့၊ လိုင်စင်ရ အသက် အာမခံကိုယ်စားလှယ်တော်ကြီးတွေရဲ့ကုသိုလ်လည်း ရတဲ့ လုပ်ဆောင်ချက်တွေဖြစ်တယ်။

လူအချို့က MLM အလုပ်၊ အမြတ်ထွက်တဲ့အလုပ်၊ သူရဖို့သူလုပ်တယ်လို့ဘဲ ယူဆကြတယ်။
Multi Level Marketing (MLM)မှာ Laws မလိုဘူး၊ Rules မလိုဘူး။ အရှုံး နဲ့ အမြတ်(၂) မျိုးလုံးဖြစ်နိုင်တယ်။

အသက်အာမခံမှာ- အာမခံထားသူအတွက်သတ်မှတ် စည်းကမ်းနဲ့အညီ ငွေစုနှစ်ကြာလေ၊ငွေတိုးပွားမှုများလေပါ။

အသက်အာမခံမှာ - ဘဝမဆုံးမှ၊အသက်မဆုံးမှမဟုတ်ဘဲ ကိုယ့်ငွေကိုယ်ပြန်ထုတ်ချင်တယ်ဆိုလည်း ကြိုက်တဲ့အချိန် ပြန်ထုတ်ခွင့်ရှိတယ်။

အသက်အာမခံမှာ - ဘဝဆုံးလျှင်(သို့) အသက်သေလျှင် အာမခံလျော်ကြေးငွေ+ကိုယ်စုခဲ့သမျှတိုးရင်းပေါင်းစုငွေကို ပြန်လည် Claim လို့ရတာပါ။
ဘယ်မှာလဲ အရှုံး ???

အသက်အာမခံမှာ - ကိုယ်စားလှယ်တော်ကြီးတွေအတွက် ဥပဒေနဲ့အညီ သတ်မှတ် Income ရှိတယ်။ ဘယ်မှာလဲ အရှုံး ???

ကျွန်မကတော့
လူတွေကိုအကျိုးပြုတဲ့၊ ငွေကြေးအကာအကွယ်ပေးတဲ့၊ ငွေစုတဲ့အလေ့အကျင့်ကောင်းတစ်ခုကို မျှဝေပေးနိုင်တဲ့၊ အသက်အာမခံအကြောင်းဗဟုသုတတွေ
ကိုဝေမျှခြင်း၊ ကူညီခြင်း အလုပ်ကိုလုပ်‌နေတယ်
ဆိုတဲ့ ကုသိုလ်စိတ်နဲ့သွားနေတယ်။

ကုသိုလ်စိတ်ရဲ့အနောက်မှာ အဆင်ပြေခြင်း၊ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်းတွေက ကပ်လျှက်လိုက်လာတတ်တာ ဖြစ်ရပ်မှန်သဘာဝတရားပါ။

အချုပ်ပြောရရင်
၁။ အသက်အာမခံဆိုတာ ရောင်းကုန်ပစ္စည်းမဟုတ်ပါဘူး။
၂။ မိသားစုအတွက် အကျိုးရှိ၊ မရှိကို ကိုယ်တိုင်လေ့လာပါ။
၃။ စနစ်တကျ ရှင်းပြပေးနိုင်သူကို သိလိုတာတွေမေးပါ။
၄။ မိသားစုအတွက် အကျိုးပြုမယ်ထင်ရင် ထူးချွန်အာမခံကိုယ်စားလှယ်တော်ကြီးတွေကတဆင့် အာမခံထားရှိခွင့် လျှောက်ထားပါ။
၅။ ဆုံးရှုံးခြင်းသောကတွေနဲ့ကြုံတဲ့အခါ အချိန်ကျန့်ကြာမှုမရှိဘဲ အမြန်ဆုံးပေးလျော်တဲ့ ကုမ္ပဏီ၊ ကိုယ်လိုက်လုပ်စရာမလိုဘဲ အပြည့်အဝ ဝန်ဆောင်မှုပေးနိုင်တဲ့ကိုယ်စားလှယ်ကောင်းကို ရွေးချယ်ပါ။

**** အသက်အာမခံလျှောက်ထားလိုသူများ၊
လိုင်စင်ရအသက်အာမခံကိုယ်စားလှယ်တော် လုပ်လိုသူများအား မေတ္တာဖြင့်ကူညီပေးလျှက်ရှိပါတယ်ရှင်။

Chubb Life Insurance Myanmar Limited
09788565323

အခုဆိုရင် ဘဏ်တွေမှာ ငွေသွင်း/ ငွေထုတ် ကိစ္စတွေ သွားလုပ်တဲ့အခါ Customer တွေကို ဘဏ်ဝန်ထမ်းတွေ ဘဏ်မန်နေဂျာတွေက မေးလာကြပြီ။အ...
15/06/2025

အခုဆိုရင် ဘဏ်တွေမှာ ငွေသွင်း/ ငွေထုတ် ကိစ္စတွေ သွားလုပ်တဲ့အခါ Customer တွေကို ဘဏ်ဝန်ထမ်းတွေ ဘဏ်မန်နေဂျာတွေက မေးလာကြပြီ။

အသက်အာမခံ ထားဖို့ မိတ်ဆက်ကြတယ်။ Life Insurance, Health Insurance စတဲ့ အာမခံ Product တွေ ထားဖို့ စည်းရုံးကြတယ်။ ကားအာမခံ၊ မီးအာမခံ ထားဖို့ စည်းရုံးကြတယ်။

တချို့တွေလည်း ထားဖြစ်သွားကြတယ်။ အာမခံထားကြပေမယ့် တချို့တွေက ကိုယ်ဝယ်တဲ့ အာမခံကို ဘဏ်က ရောင်းတယ်ပဲ ထင်ကြပြီး ... အာမခံကုမ္ပဏီ က ပေါ်လစီ ထုတ်ပေးမှန်း သတိမထားမိကြဘူး။

မထားဖြစ်တဲ့သူတွေထဲက တချို့ကြတော့လည်း ဘဏ်နဲ့ အာမခံကုမ္ပဏီ ကို ကွဲကွဲပြားပြား မသိကြဘဲ ဘဏ်ကို မယုံတာနဲ့ အာမခံကိုပါ မယုံကြဘူး။

အာမခံကုမ္ပဏီတွေက သူတို့ရဲ့ အာမခံ Product တွေကို ရောင်းချနိုင်ဖို့ အတွက် Distribution Channel တွေ အဖြစ်

(၁) အာမခံကိုယ်စားလှယ် (Insurance Agent) တွေက တဆင့် မိတ်ဆက်ရောင်းချပါတယ်။
(၂) Bank တွေကနေတဆင့် မိတ်ဆက်ရောင်းချပါတယ်။
(၃) အာမခံကုမ္ပဏီ ဝန်ထမ်း‌တွေနဲ့ တိုက်ရိုက် ရောင်းချပါတယ်။

ဆိုတော့ ... ဘဏ်တွေသည်လည်း အာမခံကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ် သဘောပါပဲ။ MOU ထိုးကြပြီး Business Partner အဖြစ် ပူးပေါင်းရောင်းချကြတာပေါ့။

တချို့‌ကို ပြောပြရမယ်ဆိုရင် ...

▪️AYA Bank ဆိုရင် ...
AYA Sompo, AIA အာမခံကုမ္ပဏီတွေရဲ့ Product တွေ ရောင်းတယ်။

▪️KBZ Bank ဆိုရင် ...
Dai-ichi Life, KBZMS အာမခံကုမ္ပဏီတွေရဲ့ Product တွေ ရောင်းတယ်။

▪️MAB Bank ဆိုရင် ...
GGI Nippon Life အာမခံကုမ္ပဏီတွေရဲ့ Product တွေ ရောင်းတယ်။ စသဖြင့်ပေါ့။

အာမခံထားမယ့် Customer ဘက်ကနေ ကြည့်ရင်တော့ ...
အာမခံကုမ္ပဏီ တိုက်ရိုက် ထားသည်ဖြစ်စေ၊ Bank ကနေတဆင့် ထားသည် ဖြစ်စေ၊ အာမခံကိုယ်စားလှယ် နဲ့ ထားသည် ဖြစ်စေ ... သွင်းရတဲ့ ပရီမီယံကြေးကတော့ အတူတူပါပဲ။

မတူတဲ့ အချက်ကတော့ ... အာမခံကိုယ်စားလှယ် Agent ကနေ တဆင့် ထားတာက Customer တွေအတွက် ပိုပြီး အခွင့်အရေး များပါတယ်။ Proposal အဆင့်တွေ၊ Endorsment ကိစ္စတွေ၊ Claim လျော်ကြေးကိစ္စ တွေမှာ အကူအညီ အထောက်အပံ့ ပိုရပါတယ်။ တိုင်ပင်ဖော် ရပါတယ်။

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

Kyaw Kyaw - Life Insurance

👍👍👍👍👍

အမှန်ပါဘဲရှင်
♥️အာမခံလျော်ကြေး တောင်းခံစရာ အကြောင်းကိစ္စရှိလာလျှင်ဖြစ်စေ၊
♥️ကိုယ့်ငွေကိုယ် ပြန်လည်ထုတ်ယူလိုချိန်မှာဖြစ်စေ၊ ♥️နှစ်စဉ်သွင်း‌နေတဲ့ Premium စုငွေများ (သို့) ကိုယ်ပိုင်ငွေစုအိတ်ထဲမှာ ‌စုမိနေတဲ့ ငွေထဲက တစ်စိတ်တစ်ဒေသ(သို့) 80% အထိကိုအကာအကွယ် လဲ မရပ်ဘဲ ထုတ်ယူသုံးစွဲ လိုလျှင်ဖြစ်စေ၊
♥️သင့်ရဲ့လုပ်ဆောင်ချင်တဲ့ကိစ္စအဝဝကို သင့်အချိန်ကိုပေးစရာမလိုဘဲ သင့်ရဲ့ယုံကြည်စိတ်ချရတဲ့ "လိုင်စင်ရအာမခံကိုယ်စားလှယ်တော်ကြီးများ" က အသင့်လုပ်ဆောင်ပေးသွားပါလိမ့်မယ်။
♥️မိတ်ဆွေက သင့် Bank Account ထဲကိုဝင်ရောက်လာမယ့် အာမခံကုမ္ပဏီဘက်က လွှဲပြောင်းပေးတဲ့ ငွေကို ‌လက်ခံရုံပါဘဲရှင်။

🛵 ဆိုင်ကယ်မောင်းနှင် စီးနှင်းသွားလာနေသူတွေ🚗 ခရီးသွားများသူတွေ🚚 သယ်ယူပို့ဆောင်ရေး မော်တော်ယာဥ်တွေနဲ့ မောင်းနှင်          ...
26/05/2025

🛵 ဆိုင်ကယ်မောင်းနှင် စီးနှင်းသွားလာနေသူတွေ

🚗 ခရီးသွားများသူတွေ

🚚 သယ်ယူပို့ဆောင်ရေး မော်တော်ယာဥ်တွေနဲ့ မောင်းနှင်
စီးပွားရှာဖွေနေရတဲ့သူဆိုရင် ...

အသက် အာမခံမထားနိုင်တောင် နှစ်တို အာမခံလောက်တော့ထားသင့်တယ် ။

သိပ်စျေးမကြီးပါဘူး ။

အာမခံကြေး တစ်ရက်ကိုကျပ်‌ေငွ၄၀၀ တော့ တက်နိုင်မှာပါ....
အဲ့ဆို ကျပ်သိန်း၂၀၀ အာမခံချက်ရတယ်

✅ တစ်ရက်ကျပ်‌ေငွ၂၀၀ဖိုးသွင်းပြီးအာမခံယူထားတာ
ငလျင်ဆောက်ဦးပိတဲ့ထဲပါသွားလို့
မိသားစုကို သိန်း100 လျော်ကြေးငွေပေးအပ်ရတယ်

မန္တလေးငလျင်မှာပါ...
ကြိုမသိနိုင်တဲ့အခြေအနေတွေအတွက်
အာမခံကို အသုံးချခဲ့တော့ မိသားစုအတွက်
အထောက်အပံ့တစ်ခုတော့ ဖြစ်ခဲ့လိုက်တာပေါ့လေ...

အဲ့လူသာ အသက်မဆုံးပါးဘူး ခြေတဖက်ပဲ ဆုံးရှုံး
ရတယ်ဆိုရင် အာမခံက သိန်း၅၀ ပေးအပ်ရမှာပါ။

09 788565323

လိုအပ်တဲ့အချိန်မှ သတိရမိတဲ့ စပါယ်ယာဘီးလိုပဲ🚕အာမခံကိုလည်း  ခလုတ်တိုက်မိချိန်မှသာရှိထားလိုက်ရင် ကောင်းသားလို့ အောင်းမေ့တက်...
26/05/2025

လိုအပ်တဲ့အချိန်မှ သတိရမိတဲ့ စပါယ်ယာဘီးလိုပဲ🚕

အာမခံကိုလည်း ခလုတ်တိုက်မိချိန်မှသာ

ရှိထားလိုက်ရင် ကောင်းသားလို့ အောင်းမေ့တက်ကြတာ

မေတို့ ဖေ တို့အတွက် တစ်လ၅သောင်း တစ်သိန်းက

လစဥ်စုဆို ပုံမှန်သာဝင်ငွေရှိရင် စုနိုင်ပါတယ်

✅ ကိုယ်ရှိမှ လုပ်ငန်းလည်ပတ်ပြီး ကလေးကျောင်းစရိတ်

ရနေတဲ့ မိဘမျိုးဆို အာမခံထားဖို့ လေ့လာသင့်တယ်...

ထားကိုထားရှိသင့်တယ်

အာမခံထားလိုက်ခြင်းဖြင့် မိသားစုအတွက်

ငွေကြေးလုံခြုံမှု ဖြစ်စေတာအမှန်ပါ💯

✅ ငါများမရှိရင်ဆိုတဲ့ အတွေးများဝင်လာမိတဲ့အခါ

အာမခံ မရှိထားရင် စိတ်အေးချမ်းမှုကို မရပါဘူး

ကိုယ့်ကလေးအတွက် ကိုယ်မှမလုပ်ပေးရင်

အခွင့်အရေးဆိုတာ သင့်ကလေးက ဘယ်တော့မှ မရနိုင်ပါ👍

ကလေးတိုင်းက အာမခံရဲ့ အမွေ ခံထိုက် သူတွေပါ😊
09 788565323

📌အာမခံယူခွင့်ရဖို့အတွက် အခွင့်အရေးဟာ လူတိုင်းအတွက် 100%အပြည့်မသေချာပါဘူး.........✅️ ပထမအဆင့် - လျှောက်လွှာတင်✅️ ဒုတိယအဆင...
25/05/2025

📌အာမခံယူခွင့်ရဖို့အတွက် အခွင့်အရေးဟာ

လူတိုင်းအတွက် 100%အပြည့်

မသေချာပါဘူး.........

✅️ ပထမအဆင့် - လျှောက်လွှာတင်

✅️ ဒုတိယအဆင့်- ဆေးစစ်ဖို့လိုအပ်လျှင် ဆေးစစ်ခံ
(ကုမ္ပဏီရဲ့စရိတ်နဲ့ပါ)

✅️ တတိယအဆင့်- အာမခံထားရှိခွင့် .Companyမှ
လက်ခံကြောင်း Emailလက်ခံရရှိမှ ငွေသွင်းရမည့်
အဆင့်ရောက်ရှိတာပါ

❌️ ငွေရှိပေမဲ့ အာမခံထားခွင့်မရလို့ စိတ်ထိခိုက်ရသူတွေ
ရှိပါတယ်

🌈Life Insuranceဆိုတာ Love ❤️ Insuranceလို့

တင်စားပါရစေရှင်....................

📌မိမိနေကောင်းကျန်းမာနေဆဲ ကာလမှာပဲ

- ပညာရေးအာမခံ/
- Retirement Plan/
- Income Protection/
- Family Protectionအတွက်

Financial Planning ကောင်းကောင်းလေးတစ်ခု

စတင်ထားရင် မိသားစုအတွက်အကာအကွယ်ရှိထားပြီမို့

စိတ်အေးချမ်းသာမှုကို သင်ကိုယ်တိုင် လက်တွေ့ပဲ

ခံစားရစေမှာပါရှင်...........

🌏နိုင်ငံတကာမှာလည်း အာမခံ ယဥ်ကျေးမှုက နှစ်ရာချီ

ဖွံ့ဖြိုးထွန်းကားပြီးဖြစ်သလို.......

မြန်မာပြည်မှာလည်း Insurance Awarenessက

လူတိုင်းရင်ထဲရိုက်ခက်လာနေတဲ့အရာမို့........

ကျေနပ်တယ် ပီတိဖြစ်တယ် ဝမ်းသာတယ်🙂

ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားတစ်ခုမှာ🗯🗯

💪💪💪💪💪🫶🫶🫶🫶🫶💪💪💪💪💪

မြန်မာနိုင်ငံသားတိုင်း အာမခံရဲ့ အကာအကွယ်တွေ
ရယူနိုင်ကြပါစေ🙏

09788565323

22/05/2025

ကျွန်မတို့ အာမခံဝယ်ဖို့တိုက်တွန်းလျှင်~

ငွေအသုံးကြပ်နေလို့၊အိမ်ဆောက်နေလို့ကုန်ကျများနေတာ၊ကလေးကျောင်းစားရိတ်ကဘယ်လိုဆိုပြီးငြင်းကြပါတယ်။၊😔

♦️အာမခံထားဖို့ အရေးကြီးဆုံးက ငွေကြေးမဟုတ်ပါဘူးရှင့်..

⏰အချိန်ဆိုတဲ့အသက်အရွယ် နဲ့
♥️ကျန်းမာရေး နဲ့ဝယ်ရတာပါ..

ငွေဘယ်လောက်ပုံပေးပေး ဝယ်လို့မရတဲ့ အာမခံငြင်းပယ်မှုတွေကို အများကြီးကြုံခဲ့ဖူးပြီဖြစ်လို့ပါ.. ☺️

ကျန်းမာရေးကောင်းချိန် အာမခံကို သင်ငြင်းပယ်နိုင်ပါတယ်..
ကျန်းမာရေးမကောင်းချိန်မှာတော့ သင့်ကို အာမခံက ပြန်ငြင်းပယ်ပါလိမ့်မယ်😊

Pretty Phyu Hnin
Chubb Life Myanmar
09788565323

Address

North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when Financial Advisor By Pretty Phyu Hinn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share