Pirate Learn & Trade Forex

Pirate Learn & Trade Forex Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pirate Learn & Trade Forex, Financial service, North Okkalapa Township, Yangon.

🔥 Forex Trading ကို စတင်လေ့လာသူတိုင်း သိထားသင့်တဲ့ အခြေခံများ 🔥---🌍 Forex ဆိုတာ ဘာလဲ?Forex (Foreign Exchange) ဆိုတာ နိုင...
21/02/2025

🔥 Forex Trading ကို စတင်လေ့လာသူတိုင်း သိထားသင့်တဲ့ အခြေခံများ 🔥

---

🌍 Forex ဆိုတာ ဘာလဲ?

Forex (Foreign Exchange) ဆိုတာ နိုင်ငံတကာ ငွေကြေးအား အပြန်အလှန် လဲလှယ်ရောင်းဝယ်တဲ့ ဈေးကွက်ပါ။ ဥပမာ- US Dollar (USD) ကို Japanese Yen (JPY) နဲ့ လဲတာ၊ Euro (EUR) ကို မြန်မာကျပ်ငွေ (MMK) နဲ့ လဲတာမျိုးပေါ့။ ဒီဈေးကွက်မှာ ကမ္ဘာ့အကြီးဆုံး ငွေကြေးစီးဆင်းမှုရှိပြီး တစ်နေ့ကို ဒေါ်လာ ၆ ထရီလီယံကျော်လည်ပတ်နေတာပါ။

---

💡 Forex Trading မှာ အရင်ဆုံး သိထားရမယ့် အချက် ၃ ချက်

1. Currency Pairs (ငွေကြေးစုံတွဲများ):

Forex မှာ ငွေကြေးကို စုံတွဲ (Pair) အဖြစ် ရောင်းဝယ်ရပါတယ်။ ဥပမာ- EUR/USD (Euro vs US Dollar)၊ GBP/JPY (British Pound vs Japanese Yen)။

2. Pips & Lots (အမြတ်တွက်နည်း):

• Pip = ငွေကြေးစုံတွဲရဲ့ ဈေးနှုန်းပြောင်းလဲမှု အသေးဆုံးယူနစ်။ ဥပမာ- EUR/USD 1.1050 ကနေ 1.1051 ကို 1 pip တက်တာ။
• Lot = Trading လုပ်တဲ့ ပမာဏ။ 1 Standard Lot ဆိုရင် 100,000 ယူနစ်နဲ့ညီမျှပါတယ်။

3. Leverage (ချေးငွေအသုံးပြုမှု):

Leverage ဆိုတာ သင့်ရဲ့ငွေကို Broker က ချေးငွေနဲ့ ချဲ့ပေးတာ။ ဥပမာ- 1:100 Leverage ဆို သင့်မှာ $1,000 ရှိရင် $100,000 အထိ Trading လုပ်လို့ရပါတယ်။Leverage ကများရင်များသည့်အလျှောက် အမြတ်များသလို အန္တရာယ်လည်းများပါတယ်!

---

🚀 Forex Trading ကို ဘာကြောင့် လုပ်ကြတာလဲ?

• ဘယ်အချိန်ဘယ်နေရာကမဆို Trading လုပ်လို့ရတယ် (ဈေးကွက်က 24နာရီ၊ 5ရက် ဖွင့်ပါတယ်)။
• ငွေအနည်းငယ်နဲ့ စတင်လို့ရတယ် (Micro Account တွေမှာဆိုရင် $10 ကနေ စလို့ရပါတယ်)။
• အမြတ်ရဖို့ ဈေးတက်တာ/ကျတာ နှစ်မျိုးစလုံးမှာ အခွင့်အလမ်းရှိပါတယ်။

---

📉 Forex Trading မှာ အဖြစ်များတဲ့ အမှားများ (သင်မလုပ်မိပါစေနဲ့!)

1. ဘာ Plan မှမရှိဘဲ Trading လုပ်တာ ➔ ဈေးကွက်ကို လေ့လာပြီး Trading Plan သေချာချမှတ်ပီးမှ အရောင်းအဝယ်လုပ်သင့်ပါတယ်။
2. Leverage ကို အလွန်အကျွံသုံးတာ ➔ ကို့ရဲ့ ပိုက်ဆံ/Deposit ပြုန်းတီးနိုင်ပါတယ်။
3. အရှုံးကို လက်မလွှတ်နိုင်ဘဲ စိတ်ရှည်မှုမရှိတာ ➔ အမြဲတမ်း Stop Loss သတ်မှတ်ဖို့ မမေ့ပါနဲ့။

---

💪 Forex Trading မှာအောင်မြင်ဖို့ လုပ်ဆောင်ရမယ့် အဆင့်များ

1. Trading စမလုပ်ခင် အခြေခံကို နားလည်အောင် အရင်သေချာလေ့လာပါ (ဒီ Post လိုမျိုး ဗဟုသုတတွေ စုပါ)။
2. Demo Account နဲ့ ကျွမ်းကျင်တဲ့အထိအရင် လေ့ကျင့်ပါ ➔ ပိုက်ဆံအတုနဲ့မို့ ဆုံးရှုံးသွားလဲကိစ္စမရှိပါဘူး။
3. စည်းကမ်းရှိပါ ➔ လောဘမထားဘဲ Risk Management ကိုသေချာလုပ်ပါ။

---

သိချင်တာရှိရင် အောက်က Comment မှာ မေးလို့ရပါတယ်!
"အရှုံးဆိုတာ သင်ယူမှုရဲ့အစပဲ"💡

Address

North Okkalapa Township
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Pirate Learn & Trade Forex posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share