22/03/2025
“ သင့်ရဲ့လုပ်ငန်းတွေရဲ့ အောင်မြင်မှုကို စတင်ဖို့အတွက် Registeration form များ စတင်လက်ခံနေပါပြီ” 💼
ℹ️ နှစ်သစ်မှာ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ယခင်ကထက် အဆပေါင်းများစွာ ကြီးပွားတိုးတက်စေဖို့အတွက် ငွေအင်အား၊ စီးပွားရေး Network အင်အား၊ နည်းဗျူဟာ၊ ပညာရေး စသည်တို့ကို အပြည့်အဝ ကူညီပံံ့ပိုးပေးမယ့် (၂၀၂၅) ခုနှစ်ရဲ့ ကြီးကျယ်ခမ်းနားမှု အရှိဆုံး Business Competititon တစ်ခုမှာ ပါဝင်ဖို့အတွက် အခွင့်အရေးကတော့ သင့်ရဲ့လက်ထဲကို ရောက်ရှိလို့လာပါပြီ။
လုပ်ငန်းတွေကို ယခုထက်ပိုပြီး ဆပေါင်းများစွာ တိုးတက်ကြီးထွားဖို့အတွက် ရည်မှန်းချက်တွေ ပြည့်ဝနေတဲ့သူတွေသာ ရှိတဲ့ Network တစ်ခုမှာ ကိုယ်တိုင်ကိုယ်ကျ ပြိုင်ပွဲတစ်ဦးအနေနဲ့ ပါဝင်ယှဥ်ပြိုင်ရမှာဆိုတော့ ဒီအခွင့်အရေးကနေ ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ စိီးပွားရေးလုပ်ငန်းမှာ ခေါင်းဆောင်မှုတွေပါ တိုးတက်ကြီးပွားလာမှာ အမှန်ပါပဲ။
ကိုယ်က တိုးတက်ကြီးပွားဖို့ ယုံကြည်မှုတွ အပြည့်နဲ့ စတင်ချင်သူလား။ လက်ရှိ ရှိနေတဲ့ နေရာမှာပဲ ရပ်နေချင်သူလား?
တိုးတက်ကြီးပွားဖို့ ယုံကြည်မှုတွေ အပြည့်အဝရှိသူဆိုရင်တော့ လိုအပ်တဲ့ အထောက်အပံ့တွေကို
အပြည့်အဝ ပံံ့ပိုးပေးမယ့် Boost Myanmar Business Competition Event မှာ ပါဝင်ဖို့အတွက် အခုပဲ Register လုပ်ပြီး ပါဝင်လိုက်ပါ။
✅ Register လုပ်ရန် - https://forms.gle/oFQLXzUzK4F3nFpv9
📣 ဒီလို အခွင့်အရေးက နှစ်ခါ ပြန်မရနိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်တာကြောင့် ကိုယ့်ရဲ့ လုပ်ငန်းတွေကို တိုးတက်ကြီးပွားမယ့် အခွင့်အရေးတွေကို လုံးဝ လက်လွှတ်မခံပဲ ပါဝင်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။📣
📌 Register လုပ်ပြီးသွားရင်တော့ BMBC ရဲ့ Organizer Team ဘက်ကနေ ပြန်လည်ဆက်သွယ်ပေးမှာဖြစ်ပြီး Register ပြုလုပ်ခြင်းကို March လကုန်အထိသာ နောက်ဆုံးသတ်မှတ်ထားတာကြောင့် အမြန်ဆုံး Register လုပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ Business Competition မှာ ဂုဏ်ယူစွာ ပါဝင်လိုက်ပါ။
Boost Myanmar Business Competition 2025 ဆိုတာဘာလဲ။
BMBC 2025 Event ဆိုတာကတော့ မြန်မာ့ SMEs လုပ်ငန်းများအတွက် ရင်းနှီးငွေ အထောက်အပံ့များ၊ Business Coaching and Consulting အထောက်အပံ့များ၊ Networking အထောက်အပံ့များ၊ အသိပညာပေး အထောက်အပံ့များ ကိုရေရှည် ပေးအပ် ကာ ပျိုးထောင်ပေးသွားမည့် ပြိုင်ပွဲ Event တစ်ခုဖြစ်ပြီး ဆရာ ဦး Kaung Hein Soe - Strategic, Digital Marketing by Hmue (DMBH), PIU College , နှင့် အခြား မိတ်ဖက် လုပ်ငန်းစုကြီးများ က ဦးဆောင်ကျင်းပသည့် ပွဲကြီးတစ်ခုလည်းဖြစ်ပါတယ်။
ဘာအကျိုးကျေးဇူးတွေ ရမလဲ..
ဒီ Event မှာ ပါဝင်တဲ့ လုပ်ငန်းငယ်တွေ SMEs တွေ အနေနဲ့ ဆရာ ဦးကောင်းဟိန်းစိုးရဲ့ လုပ်ငန်း တိုးတက်စေဖို့ Training တွေ Coaching တွေ ကို အခမဲ့ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် partnership များ ရဲ့ ကြိုက်နှစ်သက်ရာ ပညာရပ် Diploma ပညာသင်ဆု၊ MBA ပညာသင်ဆု၊ အင်အားကြီး Investor များရဲ့ ရှယ်ယာ ထည့်ဝင်ပေးမှု၊ DMBH ရဲ့ တစ်နှစ်တာ အခမဲ့ Digital Marketing Service များ ရရှိနိုင်မှု၊ လုပ်ငန်းရှင် Network တစ်ခု ရရှိုနိင်မှု၊ တစ်သက်တာ လုပ်ငန်း Growth ဖြစ်စေမည့် ထိန်းကျောင်းလမ်းညွှန်မှု များ ရရှိနိုင်မှု အစရှိတဲ့ Value Added မျိုးစုံကို ဖြတ်ကျော် နိုင် တဲ့ အဆင့်တိုင်းအတွက် ရရှိမှာ ဖြစ် ပါတယ်။
ဘယ်လိုပြိုင်ပွဲလဲ…
ပထမဦးစွာ ဒီ Event မှာ ပါဝင်လိုတဲ့ လုပ်ငန်း ရှင်များကို Facebook group တစ်ခုအတွင်းSMEs လုပ်ငန်း ၁၀၀ အား စုစည်း စေမှာ ဖြစ်ပါတယ်။ ပြီးနောက် ရွေးချယ်သော ၅၀ SMEs မှာ ပါဝင်နိုင်ဖို့ Google Form လေးကို ဖြည့်စွက်ကာ လိုအပ်တဲ့ စာရွက်စာတမ်းအချက် အလက်တွေ တင်ပြပေးရမှာ ဖြစ် ပါတယ်။ အဆိုပါ လျှောက်ထားသူများထဲမှ ၅၀ ဦးအား ပထမ အဆင့်ရွေးချယ် မှာ ဖြစ် ပါတယ်။ အဆိုပါ ၅၀ SMEs အားလိုအပ်သော Training များ ၊ Value added များ စတင် ပေးအပ် မှာ ဖြစ် ပါတယ်။ အဆိုပါ ၅၀ SMEs မှ ပို့ချသော သင်တန်းများပြီးနောက် Project File အား တင်ပြရမှာ ဖြစ်ပြီး ၂၀ SMEs အား ထပ်မံ ရွေးချယ်မှာ ဖြစ် ပါတယ်။ အဆိုပါ ၂၀ SMEs အား ပိုမို မြင့်မားသောValue added ခံစားခွင့်များ ရရှိစေမှာ ဖြစ်ပါတယ်။
အဆိုပါ ၂၀ SMEs များမှ မိမိ လုပ်ငန်းလည်ပတ်မှုနှင့် အနာဂတ် အလားအလာများအား Presentation ပြုလုပ်ရမှာ ဖြစ်ပြီး. Judge များ Investor များမှ လူတွေ့ကြည့်ရှုနားထောင် ကာ 10 SMEs အားရွေးထုတ်မှာ ဖြစ် ပါတယ်။ အဆိုပါ 10 SMEs ကတော့ investor များရဲ့ ရှယ်ယာ ထည့်ဝင်မှု များကိုပါ ရရှိ မှာ ဖြစ် ပါတယ်။
နောက်ဆုံးအနေဖြင့် 10SMEs မှ ပထမ ၊ဒုတိယ၊ တတိယ သုံးဆု အား မဲပေးစနစ်ဖြင့် ပြန်လည်ရွေးချယ်ပြီး ဆု များ ပေးအပ်မှာ ဖြစ် ပါတယ်။
ဘယ်တော့ စတင်မှာလဲ…
မကြာခင်ကာလမှာ ပါဝင်လိုတဲ့ လုပ်ငန်းရှင်များကို စတင် ခေါ်ယူတော့မှာ ဖြစ်ပြီး စိတ်ပါဝင်စားပါက အောက်ပါ Group ကို ဝင်ရောက်ထားနိုင်ပါတယ်။ Group အတွင်းမှာ ပြိုင်ပွဲအကြောင်း ဆရာ Kaung Hein Soe – Strategic က အသေးစိတ် ရှင်းလင်းပေးဦးမှာ ဖြစ် ပါတယ်။
သတ်မှတ် ချက်တွေက…
လည်ပတ်နေပြီးသားလုပ်ငန်းဖြစ်ရမယ်၊ လုပ်ငန်းလုပ်သက် တစ်နှစ် အထက် ဖြစ်ရမယ်၊ အနည်းဆုံး Capital စတင်ရင်းနှီးငွေ သိန်း ၁၀၀ အထက် ဖြစ်ရမယ်၊ ပြီးခဲ့တဲ့ သုံးလ အမြတ် ထွက် ရှိနေရမယ်။ စတဲ့ အချက် တွေ ပြည့်စုံ ရင် Groupကိုjoinထားနိုင်ပါပြီ။
စိတ်ဝင်စားတယ် …ဘယ် Groupကိုjoin ရမလဲ
ဒါဆိုရင်တော့ အမည် လက်ရှိလုပ်ငန်းအမျိုးအစား ေလေးကို ပြောပြီး BMBC page messenger မှာ Group link လေး ယူပေးနိုင်ပါတယ်။ သို့မဟုတ် Group link လေးကို page မှာ Pin အဖြစ် ထိပ်ဆုံး Post လေးကနေ လဲ ရယူနိုင်ပါတယ်။
အချိန် ဘယ်လောက်ကြာမှာလဲ…
လေးလပိုင်းလဆန်းမှာ Program စတင်ပြီး ငါးလပိုင်း အကုန် မှာ အားလုံးပြီးဆုံးမှာ ဖြစ်ပါတယ်။. Program ပြီးဆုံးပေမယ့် လုပ်ငန်း အတွက် Growth ဖြစ်စေမယ့် activity များကတော့ ဆက်လက် ရှိနေမှာ ဖြစ် ပါတယ်။
အသေးစိတ် အချက် အလက်များကို ထပ်မံ ကြေငြာပေးသွားမှာ ဖြစ်လို့ ဒီ page လေးကို အမြဲ စောင့်ကြည့်နေပေးပါဦးနော်။