Armor Insurance

Armor Insurance Your reliable partner in safeguarding what matters most.

With a strong commitment to integrity, dependability, and customer service, we provide a range of insurance solutions to ensure your peace of mind during life’s unexpected events.

🙏 နီပေါ–တိဘက် နယ်စပ်ဒေသ ရေကြီးမှုအတွက် ထပ်တူဝမ်းနည်းကြေကွဲရပါသည်။ဩဂုတ်လ ၂၆ ရက်နေ့က နီပေါ–တိဘက် နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့...
28/08/2026

🙏 နီပေါ–တိဘက် နယ်စပ်ဒေသ ရေကြီးမှုအတွက် ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

ဩဂုတ်လ ၂၆ ရက်နေ့က နီပေါ–တိဘက် နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရေကြီးမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသူများနှင့် မိသားစုဝင်များအတွက် Armor Insurance မှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

သဘာဝဘေးအန္တရာယ်များသည် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်သည့်အတွက် မိမိနှင့် မိမိချစ်ခင်ရသူများ၏ ဘေးကင်းလုံခြုံရေးအပြင် အိမ်၊ အဆောက်အအုံနှင့် ပိုင်ဆိုင်မှုများအတွက်ပါ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အရေးကြီးပါသည်။

ထိခိုက်ခဲ့သည့် ဒေသများ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး အားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း Armor Insurance မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏

🏢🔥🏠 နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ထားရတဲ့ လုပ်ငန်းနဲ့ အိမ်ဂေဟာဟာ မတော်တဆမှုတစ်ခုတည်းကြောင့် ဆုံးရှုံးမသွားသင့်ပါဘူး။...
27/08/2026

🏢🔥🏠 နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ထားရတဲ့ လုပ်ငန်းနဲ့ အိမ်ဂေဟာဟာ မတော်တဆမှုတစ်ခုတည်းကြောင့် ဆုံးရှုံးမသွားသင့်ပါဘူး။

မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာ ကြိုတင်ခန့်မှန်းဖို့ မလွယ်ကူပါဘူး။ ဖြစ်ပွားလာတဲ့အခါ အဆောက်အအုံ၊ ကုန်ပစ္စည်း၊ စက်ပစ္စည်းတွေနဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေမှာ ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် အန္တရာယ်မဖြစ်ခင်ကတည်းက မိမိရဲ့ အဖိုးတန်ပိုင်ဆိုင်မှုတွေကို ကြိုတင်ကာကွယ်ထားဖို့ အရေးကြီးပါတယ်။ 🛡️

Fire & Allied Perils Insurance မှာ အောက်ပါ ပိုင်ဆိုင်မှုများကို အာမခံထားရှိနိုင်ပါတယ်။
🏠 လူနေအိမ်နှင့် အဆောက်အအုံများ
🏭 စက်ရုံ၊ အလုပ်ရုံနှင့် ဂိုဒေါင်များ
⚙️ စက်ကိရိယာနှင့် ရုံးသုံးပစ္စည်းများ

မီးလောင်မှုအပြင် မိုးကြိုးပစ်ခြင်း၊ လေမုန်တိုင်း၊ ငလျင်၊ ရေကြီးရေလျှံမှု စတဲ့ တွဲဖက်အန္တရာယ်များအတွက်လည်း ရွေးချယ်ထားသော အာမခံအကာအကွယ်အလိုက် ကာကွယ်မှု ရယူနိုင်ပါတယ်။

💡 အန္တရာယ်ဖြစ်လာပြီးမှ ပြန်လည်တည်ဆောက်ဖို့ထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားခြင်းက ပိုမိုစိတ်ချရပါတယ်။

သင့်လုပ်ငန်း၊ အိမ်ဂေဟာနဲ့ အဖိုးတန်ပိုင်ဆိုင်မှုတွေကို ပိုမိုလုံခြုံစိတ်ချစွာ ကာကွယ်ထားနိုင်ဖို့ Armor နဲ့အတူ ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ 🛡️✨

📞 အသေးစိတ် မေးမြန်းစုံစမ်းရန် — 09 440 201 201
💬 သင့်ပိုင်ဆိုင်မှုနဲ့ ကိုက်ညီမယ့် အာမခံအကာအကွယ်နှင့် အာမခံပမာဏ ကို Armor Insurance Page Messenger မှတစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

22/08/2026
🚗 နေ့စဉ်သွားလာသမျှခရီးစဉ်တိုင်း စိတ်အေးချမ်းဖို့ Armor ရဲ့ Comprehensive Motor Insurance ရှိပါတယ်နေ့စဉ်သွားလာမောင်းနှင်န...
22/08/2026

🚗 နေ့စဉ်သွားလာသမျှခရီးစဉ်တိုင်း စိတ်အေးချမ်းဖို့ Armor ရဲ့ Comprehensive Motor Insurance ရှိပါတယ်

နေ့စဉ်သွားလာမောင်းနှင်နေစဉ် မမျှော်လင့်ထားတဲ့ မတော်တဆမှုတွေနဲ့ ထိခိုက်ဆုံးရှုံးမှုတွေအတွက် စိတ်ပူနေစရာမလိုတော့ပါဘူး။ Armor မှ အလုံးစုံမော်တော်ယာဉ်အာမခံ (Comprehensive Motor Insurance) အတွက် One-stop Service နဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုတွေပေးနေပါပြီ။

အာမခံထားဖို့စတင်စုံစမ်းတဲ့အချိန်ကစတင်ပြီး မတော်တဆမှုဖြစ်လို့ Claim တောင်းခံရတဲ့အထိ Insurance Journey တစ်လျှောက်လုံး Armor Team က အနီးကပ်ကူညီဆောင်ရွက်ပေးပါတယ်။

🌟 ပေးအပ်မယ့် ဝန်ဆောင်မှုများ
✅ Wheel Tax ရှေ့/နောက် ဓာတ်ပုံလေး ပေးပို့ရုံနဲ့ Quotation ချက်ချင်းထုတ်ပေးခြင်း
✅ အာမခံထားဖို့ လိုအပ်တဲ့ စာရွက်စာတမ်းပြင်ဆင်မှုတွေအတွက်ကူညီပြင်ဆင်ပေးခြင်း
✅ အာမခံထားမယ့်ယာဉ်ကို Armor Team မှ လူကြီးမင်းတို့ အိမ်တိုင်ရာရောက်လာရောက် မျက်မြင် စစ်ဆေးပေးခြင်း
✅ မတော်တဆမှုဖြစ်လာခဲ့ရင်လည်း Claim လုပ်ငန်းစဉ်တွေအတွက် အစအဆုံး ကူညီ ဆောင်ရွက်ပေးပါတယ်။

လူကြီးမင်းတို့ တန်ဖိုးထားရတဲ့ ယာဉ်အတွက် အကောင်းဆုံးအကာအကွယ်တွေကို ရယူဖို့ Viber No. 09440201201 သို့ Wheel Tax ရှေ့/နောက် ဓာတ်ပုံလေးပို့ပြီး Quotation တောင်းခံနိုင်ပါပြီ။

#ကားအာမခံ #အလုံးစုံမော်တော်ယာဉ်အာမခံ

🌧️ မိုးသည်းထန်တဲ့နေ့တွေမှာ ရေကျော်နေတဲ့လမ်းကို ကားနဲ့ဖြတ်ဖို့ တွေဝေနေပြီလား? 🚗⚠️မိုးတွင်းကာလ မမျှော်လင့်ဘဲ ရေကြီး/ရေကျော...
19/08/2026

🌧️ မိုးသည်းထန်တဲ့နေ့တွေမှာ ရေကျော်နေတဲ့လမ်းကို ကားနဲ့ဖြတ်ဖို့ တွေဝေနေပြီလား? 🚗⚠️

မိုးတွင်းကာလ မမျှော်လင့်ဘဲ ရေကြီး/ရေကျော်နေတဲ့ လမ်းတွေနဲ့ ကြုံလာရတဲ့အခါ အတင်းဖြတ်မောင်းလိုက်ရင် အင်ဂျင်ထဲ ရေဝင်ပြီး Hydro-lock ဖြစ်ကာ ငွေကုန်ကြေးကျ များပြားတဲ့ အင်ဂျင်ပျက်စီးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကားကို မပျက်စီးအောင် ဘာတွေ သတိထားသင့်လဲ? 👇

ရေအနက်ကို မခန့်မှန်းနိုင်ရင် ရှေ့မတိုးပါနဲ့ – ဘီးရဲ့ တစ်ဝက်ထက်ကျော်တဲ့ ရေအနက်ဟာ ကားအောက်ပိုင်းစနစ်နဲ့ အင်ဂျင်ဆီကို ရေဝင်ရောက်ဖို့ အလွန်လွယ်ကူပါတယ်။

ရှေ့ကားတွေကို စောင့်ကြည့်ပါ – အခြားကားတွေ ဖြတ်သန်းနိုင်မှု အခြေအနေကို အရင်လေ့လာပြီးမှ မောင်းသင့်/မမောင်းသင့် ဆုံးဖြတ်ပါ။

ဂီယာနိမ့်နိမ့်ဖြင့် ပုံမှန်အရှိန်ထိန်းမောင်းပါ – ရေလမ်းကို ဖြတ်ရတော့မယ်ဆိုရင် ဂီယာနိမ့်သုံးပြီး လီဗာကို မလွှတ်ဘဲ ပုံမှန်အရှိန်ဖြင့်သာ ဖြည်းဖြည်းချင်း မောင်းနှင်ပါ။

ကားစက်ရပ်သွားပါက စက်လုံးဝပြန်မနှိုးပါနဲ့– ရေထဲမှာ ကားထိုးရပ်သွားရင် စက်ထပ်နှိုးခြင်းက အင်ဂျင်ကို လုံးဝပျက်စီးသွားစေနိုင်တာကြောင့် စက်မနှိုးဘဲ ကရိန်း (Towing) ဖြင့်သာ ဆွဲယူပါ။

📸 ကားရပ်ထားစဉ်ရေမြုပ်ပျက်စီးမှု သို့မဟုတ် မတော်တဆမှု ဖြစ်ပွားခဲ့ပါကဖြစ်ပွားသည့်နေရာ၊ ကား၏အခြေအနေနှင့် ပျက်စီးမှုများကို ဓာတ်ပုံ/ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားပြီး Armor Insurance ကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးပါ။

Armor Team မှ လိုအပ်တဲ့ အချက်အလက်များကို လမ်းညွှန်ပေးပြီး Claim Process အတွက် လိုအပ်သော ဆောင်ရွက်မှုများကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။🛡️

မိုးတွင်းခရီးစဉ်တိုင်းမှာ မတော်တဆမှုတွေနဲ့ ရေနစ်မြုပ် ပျက်စီးမှု အန္တရာယ်တွေအတွက် စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ဖို့ Comprehensive Motor Insurance (အလုံးစုံ မော်တော်ယာဉ်အာမခံ)ကို ရွေးချယ်ထားလိုက် ပါ။

မိုးတွင်းလမ်းခရီး အကာအကွယ်၊ Claim Process နဲ့ အာမခံအသေးစိတ် အချက်အလက်များကို သိရှိလိုပါက Armor Insurance ၏ Page Messenger သို့မဟုတ် Hotline Number သို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

🌊⚓ ပင်လယ်ပြင်ထက်မှာ သင့်ကုန်ပစ္စည်းတွေ လုံခြုံရဲ့လား?Import/Export လုပ်ငန်းတစ်ခု ရေရှည်ခိုင်မာဖို့ဆိုတာ သက်သာတဲ့ သယ်ယူစရ...
18/08/2026

🌊⚓ ပင်လယ်ပြင်ထက်မှာ သင့်ကုန်ပစ္စည်းတွေ လုံခြုံရဲ့လား?

Import/Export လုပ်ငန်းတစ်ခု ရေရှည်ခိုင်မာဖို့ဆိုတာ သက်သာတဲ့ သယ်ယူစရိတ်တင်မကဘဲ မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုတွေအတွက် ကြိုတင်ပြင်ဆင်ထားမှု ပေါ်မှာလဲ မူတည်ပါတယ်။

ပင်လယ်ပြင်မှာ ရာသီဥတုဆိုးဝါးတာ၊ သယ်ယူပို့ဆောင်စဉ် ကုန်ပစ္စည်း ထိခိုက်ပျက်စီးတာ၊ ရေစိုတာ၊ ပျောက်ဆုံးတာ စတဲ့ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေဟာ လုပ်ငန်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် Marine Cargo Insurance ဝယ်ထားရုံနဲ့ လုံလောက်ပြီလား?

ကိုယ့်ကုန်ပစ္စည်းအတွက် Insurance တကယ်လိုအပ်သလား?
ဘယ်လို Risk တွေ ဖြစ်နိုင်သလဲ?
ဘယ်လို Coverage မျိုးကို ရွေးချယ်သင့်သလဲ?
ဆုံးရှုံးမှုဖြစ်လာရင် ဘာတွေ အကျုံးဝင်ပြီး ဘယ်လောက်အထိ Claim လုပ်နိုင်သလဲ?

💡 ARMOR မှာ Insurance Product တစ်ခု ရောင်းချပေးရုံထက် သင့် Shipment အတွက် အမှန်တကယ်လိုအပ်တဲ့ Protection ကို နားလည်ပြီး ရွေးချယ်နိုင်ဖို့ အကြံပေးတိုင်ပင်ပေးပါတယ်။

✨ ARMOR ကို ရွေးချယ်ရင် ဘာတွေရမလဲ?

✅ သင့်ကုန်ပစ္စည်းနဲ့ Shipment အခြေအနေအလိုက် ဖြစ်နိုင်ခြေရှိတဲ့ Risk တွေကို ဆွေးနွေးပေးခြင်း
✅ Insurance လိုအပ်မှုနဲ့ သင့်တော်တဲ့ Coverage ကို ရွေးချယ်နိုင်ဖို့ အကြံပေးခြင်း
✅ ထိခိုက်ဆုံးရှုံးမှုဖြစ်လာပါက Claim နဲ့ အလျော်ရရှိနိုင်မှုဆိုင်ရာ အချက်အလက်တွေကို ရှင်းလင်းပေးခြင်း
✅ သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် Marine Cargo Insurance Plan ကို စီစဉ်ပေးခြင်း

ဒါတင်မကသေးပါဘူး။

🤝 Freight Arrangement ပါ လိုအပ်တယ်ဆိုရင် ARMOR ရဲ့ Logistics Partner ဖြစ်တဲ့ Strategy Logistics Group Co., Ltd နဲ့ ချိတ်ဆက်ပြီး Freight ကနေ Insurance အထိ Single-Desk Consultation ရယူနိုင်ပါတယ်။

Freight တစ်နေရာ၊ Insurance တစ်နေရာ သီးခြားစီ စီစဉ်နေစရာမလိုဘဲ Shipment Arrangement နဲ့ Cargo Protection ကိုတစ်ဆက်တည်း တိုင်ပင်စီစဉ်နိုင်မှာပါ။

Insurance တစ်ခု ဝယ်ထားဖို့ထက် ကိုယ့်ကုန်ပစ္စည်းအတွက် မှန်ကန်တဲ့ Protection ရှိနေဖို့က ပိုအရေးကြီးပါတယ်။

သင့်ရဲ့ နောက်ထပ် Shipment မစခင် ဖြစ်နိုင်ခြေရှိတဲ့ Risk တွေနဲ့ လိုအပ်တဲ့ Coverage ကို ARMOR နဲ့ အရင်ဆုံး အခမဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။

📞 CALL US TODAY: 09 440201201

🛡️ Protect your Assets, Insure with Armor.

သိပ်မကြာခင်မြန်မာနိုင်ငံရဲ့ Insurance Industry မှာLogistics Services Provider တွေရဲ့  #အသက်သွေးကြောဖြစ်တဲ့ Limited Liabi...
18/08/2026

သိပ်မကြာခင်မြန်မာနိုင်ငံရဲ့ Insurance Industry မှာLogistics Services Provider တွေရဲ့ #အသက်သွေးကြောဖြစ်တဲ့ Limited Liability Insurance Product ထွက်ပေါ်လာတော့မှာဖြစ်တဲ့အတွက် Cargo Insurance မရောကြဖို့ ဒီ post နဲ့ လိုတိုရှင်း တင်ပြလိုက်ရပါတယ်ဗျ။

#အများသိစေရန်Shareခြင်းဖြင့်ကုသိုလ်ယူကြပါ

🚢 Cargo Insurance vs. Limited Liability Insurance

တူသလိုထင်ရပေမယ့် အာမခံပေးတဲ့အရာ မတူပါဘူး။

📦 Cargo Insurance
ကုန်ပစ္စည်းကိုယ်တိုင် ပျက်စီး၊ ပျောက်ဆုံး၊ ထိခိုက်မှု ဖြစ်လာတဲ့အခါ Cargo Value ကို အဓိကကာကွယ်ပေးတာ ဖြစ်ပါတယ်။

⚖️ Limited Liability Insurance
ကုန်ပစ္စည်းကို ကိုယ်တိုင်အာမခံတာမဟုတ်ဘဲ Transporter / Freight Forwarder / Logistics Service Provider ရဲ့ တာဝန်ယူမှု (Legal Liability) ကို သတ်မှတ်ထားတဲ့ Liability Limit အတွင်း ကာကွယ်ပေးတာ ဖြစ်ပါတယ်။

👉 အလွယ်မှတ်ရန်

Cargo Insurance = “ကုန်ပစ္စည်းကို ကာကွယ်ခြင်း”
Limited Liability = “တာဝန်ရှိသူရဲ့ Liability ကို ကာကွယ်ခြင်း”

💡 ဒါကြောင့် Cargo Owner အနေနဲ့ Cargo Insurance ကို စဉ်းစားသင့်ပြီး၊ Logistics / Transport Operator အနေနဲ့ Liability Insurance ကို သေချာစဉ်းစားသင့်ပါတယ်။

Protect the Cargo. Manage the Liability. 🚢📦

အကျိုးတစ်စုံတစ်ရာရခဲ့ရင် လို့ Comment မှာမန့်ခဲ့ပါ သိချင်တာများ ထပ်ရှိရင်လဲ ရေးသားအကြံပြုခဲ့လို့ရပါတယ် ဗျ 🙏




🌏⚠️ ယနေ့မနက် အင်ဒိုနီးရှားတွင် ပြင်းအား 7.7 ရှိ ငလျင်လှုပ်ခတ်ယနေ့ August 15, 2026 မနက်ပိုင်း အင်ဒိုနီးရှားနိုင်ငံအရှေ့ပိ...
15/08/2026

🌏⚠️ ယနေ့မနက် အင်ဒိုနီးရှားတွင် ပြင်းအား 7.7 ရှိ ငလျင်လှုပ်ခတ်

ယနေ့ August 15, 2026 မနက်ပိုင်း အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း Flores Island အနီးတွင် Magnitude 7.7 အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သလို Tsunami Warning ကိုလည်း ထုတ်ပြန်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်က သဘာဝဘေးအန္တရာယ်တွေဟာ ကြိုတင်အသိပေးထားခြင်းမရှိဘဲ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို ထပ်မံသတိပေးနေပါတယ်။

ငလျင်ကြောင့် အဆောက်အအုံပျက်စီးမှုတင်မကဘဲ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ပြဲခြင်း၊ လျှပ်စစ်ဝါယာကြိုးများ ပျက်စီးခြင်းတို့မှတစ်ဆင့် နောက်ဆက်တွဲ မီးလောင်ကျွမ်းမှု (Post-Earthquake Fire) တွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

🔥 မတားဆီးနိုင်တဲ့ ဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ထားပါ။

မီးအာမခံ မှာ ဆိုရင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခြင်းတွေ အပြင် နေရာဒေသပေါ်မူတည်ပြီး ငလျင်၊ လေပြင်းမုန်တိုင်း၊ ရေကြီးရေလျှံမှု စတဲ့ အပိုအကာအကွယ် ၁၁ မျိုးကိုပါတွဲဖက်ဝယ်ယူနိုင်ပြီး Armor မှ လိုအပ်တဲ့ အကာအကွယ်တွေကို တစ်ဦးချင်းစီရဲ့လိုအပ်ချက်တွေအလိုက် တိုင်ပင်ဆွေးနွေးပေးနေပါတယ်။

နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ထားတဲ့
🏠 နေအိမ်
🏢 အဆောက်အအုံ
🏪 ဆိုင်ခန်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို

မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုတွေကြောင့် အစကနေ ပြန်စရမယ့်အစား ကြိုတင်စီမံကာကွယ်ထားခြင်းက ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုပါ။

🛡️ မနက်ဖြန်အတွက် စိတ်အေးချမ်းမှုကို ဒီနေ့ကတည်းက ကာကွယ်ထားပါ။

🚨 ဝမ်းရောဂါ သတိထားကာကွယ်ကြပါလတ်တလော ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရေ...
14/08/2026

🚨 ဝမ်းရောဂါ သတိထားကာကွယ်ကြပါ

လတ်တလော ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်ပွားနေတာကြောင့် အစားအသောက်နဲ့ သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ တိုက်တွန်းရင်း ဝမ်းရောဂါမှ ကာကွယ်နိုင်ရန် မျှဝေလိုက်ပါတယ် ...

💧 ကာကွယ်ဖို့
• သန့်ရှင်းပြီး စိတ်ချရတဲ့ ရေကိုသာ သောက်ပါ
• အစားမစားမီနဲ့ အိမ်သာသုံးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးပါ
• အစားအစာကို ကျက်အောင်ချက်ပြီး ပူပူနွေးနွေးစားပါ
• မသန့်ရှင်းတဲ့ လမ်းဘေးအစားအစာနဲ့ မသေချာတဲ့ ရေခဲ/အအေးတွေကို ရှောင်ပါ
• အသီးအရွက်နဲ့ သစ်သီးတွေကို သန့်ရှင်းစွာ ဆေးကြောပြီးမှ စားသုံးပါ
• အစားအစာတွေကို ယင်မနားအောင် ဖုံးအုပ်ထားပါ

⚠️ ဝမ်းလျှော/အန်ခြင်း ဖြစ်လာပါက
ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးနိုင်တာကြောင့် ORS ဓာတ်ဆားရည်ကို စနစ်တကျ ဖျော်သောက်ပြီး ရေဓာတ်ဖြည့်တင်းပါ။

🏥 အောက်ပါအခြေအနေတွေရှိရင် ဆေးရုံ/ဆေးခန်းကို အမြန်ဆုံးသွားပါ
• ဝမ်းလျှောခြင်း၊ အန်ခြင်း အလွန်များခြင်း
• ရေမသောက်နိုင်ခြင်း သို့မဟုတ် သောက်သမျှပြန်အန်ခြင်း
• အလွန်အားနည်းခြင်း၊ မူးဝေခြင်း
• ဆီးနည်းလာခြင်း၊ ပါးစပ်အလွန်ခြောက်ခြင်း
• ဝမ်းထဲ သွေးပါခြင်း
• အဖျားမြင့်ခြင်း သို့မဟုတ် အခြေအနေ ပိုဆိုးလာခြင်း

👶 ကလေးငယ်များ၊ 👴👵 သက်ကြီးရွယ်အိုများနဲ့ ကိုယ်ခံအားနည်းသူများမှာ ရေဓာတ်ဆုံးရှုံးမှု ပိုမြန်နိုင်တာကြောင့် ပိုပြီးဂရုစိုက်ပေးပါ။

💙 သန့်ရှင်းသောရေ + သန့်ရှင်းသောအစားအစာ + လက်ဆေးခြင်း
ဝမ်းရောဂါကို ကာကွယ်ဖို့ အရေးကြီးဆုံး အချက်တွေပါ။

#ဝမ်းရောဂါ #ဝမ်းလျှောခြင်း #ကျန်းမာရေးအသိပညာ #ကျန်းမာရေးသတိပေးချက်

03/08/2026

လက်လွတ်မခံသင့်သောအခွင့်ရေး 📣📣📣📣

အခုချိန် နိုင်ငံအခြေနေ ကမ္ဘာအခြေနေ တွေကြောင့်
နေရာတကာ Risk များနေတဲ့အချိန်မှာ ကုန်သည်တွေ Logistics Service Provider တွေ အဆင့်ဆင့် Risk များခွဲဝေယူနေရချိန် Exporter က FOB နဲ့ထွက်ပြီး
ဘာလို့ Insurance ဝယ်ရတာလဲ Importer ကရော
CIF ဝယ်ထားပြီး Insurance ထပ် Cover ဝယ်နေကြရတာလဲဆရာ ဆိုသူများအတွက် Knowledge Sharing ကို လိုချင်သူ အယောက် ၁၀၀ ရှိရင် ကျွန်တော်ကိုယ်တိုင် Zoom ဖြင့် #အခမဲ့ မျှဝေပေးသွားပါမယ်ဗျ အောက်တွင် 👉 👈ဆိုပြီး မန့်ခဲ့ပေးပါ အယောက် 100 ပြည့်ရင် စီစဉ်ပေးပါ့မယ်ဗျ 👏👏👏
မှတ်ချက် - အယောက် ၁၀၀ ပြည့်မှစီစဉ်ပေးမှာပါနော် အားလုံး pls ကျွန်တော်လဲမအားတဲ့အတွက် Sorry ပါဗျ 🙏
လက်ရှိ Post ကို လိုအပ်သူများမြင်နိုင်အောင် Share ခြင်းဖြင့်ကုသိုလ်ယူကြပါ 🙏

လေးစားလျှက်

Address

Room/201 (B), 51st Street
Yangon
11161

Alerts

Be the first to know and let us send you an email when Armor Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share