Armor Insurance

Website

Armor Insurance Your reliable partner in safeguarding what matters most.

With a strong commitment to integrity, dependability, and customer service, we provide a range of insurance solutions to ensure your peace of mind during life’s unexpected events.

မိမိချစ်ခင်တန်ဖိုးထားရတဲ့ ကားအတွက် အာမခံရွေးချယ်ရာမှာ Armor ကို ယုံကြည်စွာ ရွေးချယ်ပေးခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူရပါတယ်...
30/09/2026

မိမိချစ်ခင်တန်ဖိုးထားရတဲ့ ကားအတွက် အာမခံရွေးချယ်ရာမှာ Armor ကို ယုံကြည်စွာ ရွေးချယ်ပေးခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူရပါတယ်။

Customer တစ်ဦးချင်းစီရဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး လိုအပ်တဲ့အချိန်တိုင်းမှာ အကောင်းဆုံးဝန်ဆောင်မှုနဲ့ အတူရှိနေနိုင်ဖို့ Armor က အမြဲကြိုးစားသွားမှာပါ။

ယုံကြည်စွာ ရွေးချယ်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်။ 💙

ARMOR — Your Trust, Our Protection.

သင့်တော်မှန်ကန်တဲ့ အာမခံအကာအကွယ်ကို ရွေးချယ်နိုင်ဖို့ Armor မှ အခမဲ့ တိုင်ပင်ဆွေးနွေးပေးလျက်ရှိပါတယ်။
📞 Hotline / Viber : 09-440201201

⚠️⛈️ မိုးလေဝသ သတိပေးချက် – ယနေ့ မိုးသည်းထန်နိုင်ပါသည် 🌧️ယနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် မိုးသည်းထန်ခြင်း၊ လေပြင်းတ...
28/09/2026

⚠️⛈️ မိုးလေဝသ သတိပေးချက် – ယနေ့ မိုးသည်းထန်နိုင်ပါသည် 🌧️

ယနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှထုတ်ပြန်ကြေညာထားသောကြောင့် အထူးဂရုပြုကြပါရန် အသိပေးအပ်ပါသည်။

🌧️ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရန်ကုန်မြို့ရှိ မြေနိမ့်ပိုင်းနေရာများနှင့် ရေစီးရေလာမကောင်းသော နေရာများတွင် ရေကြီးရေလျှံခြင်း၊ လမ်းပေါ်ရေတင်ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

🚗 မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့်

• မိုးရွာချိန်တွင် အရှိန်လျှော့မောင်းနှင်ပါ။
• ရှေ့ယာဉ်နှင့် လုံလောက်သော အကွာအဝေးထားပါ။
• ရေကြီးရေလျှံနေသော လမ်းများကို ဖြစ်နိုင်ပါက ရှောင်ရှားပါ။
• လမ်းချော်မှုနှင့် မြင်ကွင်းမရှင်းလင်းမှုများကို အထူးဂရုပြုပါ။
• ခရီးမထွက်မီ မိုးလေဝသနှင့် လမ်းကြောင်းအခြေအနေကို ကြိုတင်စစ်ဆေးထားပါ။

🎒 အပြင်ထွက်မယ်ဆိုရင်လည်း ကြိုတင်ပြင်ဆင်ထားပါ။

☂️ ထီး / မိုးကာ
🔋 Power Bank
📱 ဖုန်းအားအပြည့်
📄 အရေးကြီးစာရွက်စာတမ်းများကို ရေမစိုအောင် သိမ်းဆည်းထားပါ။

💙 မိုးသည်းထန်နေချိန်တွင် မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ရှားပြီး မိမိနှင့် မိမိချစ်ခင်ရသူများ၏ လုံခြုံရေးကို ဦးစားပေးကြပါစို့။

ဘေးအန္တရာယ်ကင်းရှင်းပြီး မိုးရာသီခရီးလမ်းများ အဆင်ပြေကြပါစေ။ 🌧️

🛡️ Back It Up with Armor
ARMOR INSURANCE

📞 09 440 201 201

ပျက်စီးဆုံးရှုံးမှုတွေနည်းနိုင်သမျှနည်းကြပါစေ 🙏🏻🙏🏻🥺
28/09/2026

ပျက်စီးဆုံးရှုံးမှုတွေနည်းနိုင်သမျှနည်းကြပါစေ 🙏🏻🙏🏻🥺

🌏 မမျှော်လင့်ထားတဲ့အရာတွေက အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီးကြောင့် လူန...
28/09/2026

🌏 မမျှော်လင့်ထားတဲ့အရာတွေက အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီးကြောင့် လူနေအိမ်တွေ၊ အဆောက်အအုံတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုများစွာ ထိခိုက်ပျက်စီးပြီး ဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။

အခုလက်ရှိမှာလည်း ထိုင်းနိုင်ငံအပါအဝင် ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသလို၊ မြန်မာနိုင်ငံရဲ့ နေရာဒေသအချို့မှာလည်း ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်နေပါတယ်။ 🌧️🌊

ဒီလို သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လောက်အထိ ဖြစ်ပေါ်လာမလဲဆိုတာကို အတိအကျ ကြိုတင်ခန့်မှန်းဖို့ မလွယ်ကူပါဘူး။

ဒါပေမယ့်—

အန္တရာယ်ကို ကြိုတင်မခန့်မှန်းနိုင်ပေမယ့်
ဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေအတွက်တော့ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ 🛡️

အာမခံထားခြင်းဟာ သဘာဝဘေးအန္တရာယ်တွေကို တားဆီးပေးနိုင်တာ မဟုတ်ပေမယ့် မမျှော်လင့်ထားတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်တဲ့ ကြိုတင်ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။

မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသိနိုင်ပေမယ့်
ဒီနေ့မှာတော့ ကိုယ့်အတွက် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။

🛡️ ARMOR Insurance
Protect Today. Stay Prepared for Tomorrow.

📩 သင့်ပိုင်ဆိုင်မှု၊ လုပ်ငန်းနဲ့ ခရီးသွားလာမှုတွေအတွက် သင့်တော်တဲ့ အာမခံအကြောင်း သိရှိလိုပါက ARMOR Insurance သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

⚠️ Weather Alert | Stay Alert, Stay Protectedသဘာဝဘေးအန္တရာယ်တွေဟာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့် မိုးလေဝသအခြ...
27/09/2026

⚠️ Weather Alert | Stay Alert, Stay Protected

သဘာဝဘေးအန္တရာယ်တွေဟာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် မိုးလေဝသအခြေအနေတွေကို ကြိုတင်သတိပြုစောင့်ကြည့်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ အရေးကြီးပါတယ်။

🌧️ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း
💨 လေပြင်းတိုက်ခတ်နိုင်ခြင်း
🌊 ရုတ်တရက် ရေကြီးရေလျှံနိုင်ခြင်း
⛰️ မြေပြိုမှု ဖြစ်ပေါ်နိုင်ခြင်း
🌊 ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ခြင်းများဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှလည်းထုတ်ပြန်ကြေညာထားပါတယ်။

ကိုယ့်အတွက်သာမက မိသားစု၊ လုပ်ငန်းနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုပါ ကြိုတင်ကာကွယ်ထားခြင်းက စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်ပါတယ်။

ARMOR — Stay Alert • Stay Protected

🙏 တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) 🙏ယနေ့ကျရောက်သော တော်သလင်းလပြည့်နေ့ အခါသမယတွင် ပြုသမျှ ကုသိုလ်ကောင်းမှုအစုစုတို့...
26/09/2026

🙏 တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) 🙏

ယနေ့ကျရောက်သော တော်သလင်းလပြည့်နေ့ အခါသမယတွင် ပြုသမျှ ကုသိုလ်ကောင်းမှုအစုစုတို့မှ ကောင်းကျိုးအဖြာဖြာကို ရရှိခံစားနိုင်ကြပါစေ။

မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးဘယာအပေါင်းမှ ကင်းဝေးကာ မိသားစုတိုင်း အေးချမ်းပျော်ရွှင်ကြပါစေကြောင်း Armor Insurance မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

#တော်သလင်းလပြည့်နေ့ #ဂရုဓမ္မအခါတော်နေ့

🚘✨ Zero Kilo ကားသစ်များအတွက် စိတ်ချရတဲ့ အာမခံအကာအကွယ်Armor ကို ယုံကြည်စွာရွေးချယ်ပြီး မိမိတို့ရဲ့ Brand New ကားသစ်များအာ...
24/09/2026

🚘✨ Zero Kilo ကားသစ်များအတွက် စိတ်ချရတဲ့ အာမခံအကာအကွယ်

Armor ကို ယုံကြည်စွာရွေးချယ်ပြီး မိမိတို့ရဲ့ Brand New ကားသစ်များအား အာမခံထားရှိပေးကြသော Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 💙

ကားအသစ်တစ်စီးအတွက် အာမခံထားရှိရာမှာ အကာအကွယ်များစွာ ထည့်သွင်းထားခြင်းထက် မိမိကားအတွက် အမှန်တကယ်လိုအပ်တဲ့ အကာအကွယ်တွေကို မှန်ကန်စွာ ရွေးချယ်ထားနိုင်ဖို့ ပိုအရေးကြီးပါတယ်။

Armor မှ Zero Kilo / Brand New ကားများအတွက် သင့်လျော်တဲ့ အာမခံအစီအစဉ်များကို စနစ်တကျ အကြံပြုပေးပြီး Claim ဖြစ်ပေါ်လာချိန်မှာလည်း Customer ဘက်မှ မလိုအပ်တဲ့ အပိုကုန်ကျစရိတ်များ လျော့နည်းစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။

အထူးသဖြင့် Betterment Charges ကြောင့် Claim ပေးချေမှုမှ နုတ်ဖြတ်ခံရခြင်းမရှိစေရန် သင့်လျော်သော အာမခံအကာအကွယ်များကို ရွေးချယ်စီစဉ်ပေးပါတယ်။

🚙 ကားအသစ်ဝယ်ယူထားသူများအတွက် သင့်တော်မှန်ကန်တဲ့ အာမခံအကာအကွယ်နဲ့ စိတ်ချရတဲ့ Claim Service များ ရရှိစေဖို့ Armor မှ အမြဲအတူရှိနေပါတယ်။

Back Up With Armor

📞 Hotline / Viber : 09-440201201

🚢 သင်္ဘောဆိပ်ကပ်ပြီး ဆိပ်ကမ်းရောက်ပြီဆိုတာနဲ့ ကုန်ပစ္စည်းတွေရဲ့ အန္တရာယ်က ပြီးဆုံးသွားတာ မဟုတ်ပါဘူး။သင်္ဘောပေါ်ကနေ ကုန်ပ...
22/09/2026

🚢 သင်္ဘောဆိပ်ကပ်ပြီး ဆိပ်ကမ်းရောက်ပြီဆိုတာနဲ့ ကုန်ပစ္စည်းတွေရဲ့ အန္တရာယ်က ပြီးဆုံးသွားတာ မဟုတ်ပါဘူး။

သင်္ဘောပေါ်ကနေ ကုန်ပစ္စည်းတွေကို ချတဲ့အချိန်ကစပြီး ဆိပ်ကမ်းကနေ သိုလှောင်ရုံ၊ သတ်မှတ်ထားတဲ့ နောက်ဆုံးနေရာအထိ ရွှေ့ပြောင်းသယ်ယူတဲ့ လမ်းတစ်လျှောက်မှာ မမျှော်လင့်ထားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါသေးတယ်။

📦 ဘယ်လိုအန္တရာယ်တွေ ဖြစ်နိုင်လဲ?

• Loading / Unloading ပြုလုပ်စဉ် ပြုတ်ကျခြင်း၊ ထိခိုက်ပျက်စီးခြင်း
• Handling ပြုလုပ်စဉ် ပွန်းပဲ့ခြင်း၊ ကျိုးပဲ့ခြင်း
• ရေဝင်ခြင်း၊ စိုစွတ်ခြင်းကြောင့် ကုန်ပစ္စည်းပျက်စီးခြင်း
• ဆိပ်ကမ်းမှ နောက်တစ်နေရာသို့ ရွှေ့ပြောင်းသယ်ယူစဉ် ပျက်စီးဆုံးရှုံးခြင်း

ဒါကြောင့် Marine Cargo Insurance ကို သင်္ဘောပေါ်မှာ သယ်ယူနေတဲ့အချိန်အတွက်သာ မဟုတ်ဘဲ၊ Loading, Unloading နဲ့ သတ်မှတ်ထားတဲ့ Transit အဆင့်တွေအတွင်း ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး သင့်လျော်တဲ့ Coverage ကို ရွေးချယ်ထားဖို့ အရေးကြီးပါတယ်။

🛡️ ကုန်ပစ္စည်းရဲ့ ခရီးစဉ် မပြီးဆုံးသေးသရွေ့ အန္တရာယ်လည်း ရှိနေဆဲပါ။ Back it up with Armor.

Marine Cargo Insurance အပါအဝင် အခြားသော အာမခံအမျိုးအစားများအတွက် သင့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ အာမခံအကာအကွယ်ကို ရွေးချယ်နိုင်ဖို့ Armor မှ အခမဲ့ တိုင်ပင်ဆွေးနွေးပေးလျက်ရှိပါတယ်။

📞 Hotline / Viber : 09-440201201

ရနောင်းမှ ရန်ကုန်သို့ Bulk Shipment ဖြင့် သယ်ဆောင်လာသော Marine Cargo Insurance ထားရှိထားသည့် စက္ကူလိပ်များ ရေစိုပျက်စီးမ...
19/09/2026

ရနောင်းမှ ရန်ကုန်သို့ Bulk Shipment ဖြင့် သယ်ဆောင်လာသော Marine Cargo Insurance ထားရှိထားသည့် စက္ကူလိပ်များ ရေစိုပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်အတွက် Armor Insurance Team မှ ကုန်ပစ္စည်းထားရှိရာ ဂိုဒေါင်သို့ ကိုယ်တိုင်သွားရောက်၍ ပျက်စီးမှုအခြေအနေများကို မျက်မြင်စစ်ဆေးပေးခဲ့ပါသည်။

အာမခံထားရှိခြင်း အတွက်သာမက ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာသည့်အခါ လျော်ကြေးတောင်းခံမှုကို စနစ်တကျ ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် Claim Process များကိုလည်း Armor Team မှ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုအတွက် Marine Cargo Insurance အကြောင်း သိရှိလိုပါက Armor ၏ 📞 Hotline / Viber : 09-440201201 သို့ ဆက်သွယ်၍ အသေးစိတ် မေးမြန်းနိုင်ပါတယ်။

မိမိတို့အတွက် တန်ဖိုးထားရတဲ့အရာတွေကို ကာကွယ်ဖို့အတွက် ARMOR ကို ယုံကြည်စွာ ရွေးချယ်ပြီး အာမခံထားရှိပေးကြတဲ့ Customer တစ်...
17/09/2026

မိမိတို့အတွက် တန်ဖိုးထားရတဲ့အရာတွေကို ကာကွယ်ဖို့အတွက် ARMOR ကို ယုံကြည်စွာ ရွေးချယ်ပြီး အာမခံထားရှိပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Customer များရဲ့ ယုံကြည်မှုဟာ ကျွန်တော်တို့အတွက် အားအင်တစ်ခုဖြစ်သလို၊ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့လည်း အမြဲကြိုးစားသွားမယ့် အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

အာမခံထားဖို့ စိတ်ဝင်စားတယ်ဆိုရင် ARMOR မှာ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ကိုယ်နဲ့သင့်တော်မယ့် အာမခံအမျိုးအစားနဲ့ လိုအပ်တဲ့ အကာအကွယ်တွေကို 📞 Hotline / Viber : 09-440201201 သို့ဆက်သွယ်၍ အသေးစိတ် မေးမြန်းနိုင်ပါတယ်။

Thank you for choosing and trusting ARMOR. 💛

Address

Room/201 (B), 51st Street
Yangon
11161

Alerts

Be the first to know and let us send you an email when Armor Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share