31/12/2024
မင်္ဂလာပါ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတော့မဲ့ အချိန်ကာလလေးပါ။
2024 အတွက် ချခဲ့တဲ့ ကိုယ့်ရဲ့ goals တွေ လက်တွေ့မှာ ပြီးမြောက်ကြပြီလား?
2025 အတွက်ရော ကိုယ်ရဲ့ target goals တွေ ချပြီးကြပြီလား?
Eira တို့ စာရင်းကိုင်လေးတွေက လုပ်ငန်းခွင်မှာသာ လုပ်ငန်းရဲ့ cash flow နဲ့ financial performance တွေကို အာရုံစိုက်ပြီး review & analyse လုပ်လေ့ရှိကြပေမယ့် ကိုယ့်ရဲ့ personal financing ကို manage လုပ်ဖို့ တော့ မေ့လျော့နေတတ်ပါတယ်။
Financial freedom ကို လူတိုင်း လိုချင်ကြပါတယ်။ Financial freedom ကိုရဖို့ အလုပ်ချည်းပဲ လုပ်နေရုံနဲ့ မလုံလောက်ပါဖူး။ Personal financing လည်း လုပ်ဖို့လိုပါတယ်။
Personal financing လုပ်ဖို့ဆိုရင် မိမိရဲ့ cash inflow (ဝင်ငွေ) နဲ့ cash outflow (အသုံးစရိတ်) တွေကို အရင်သိဖို့လိုပါတယ်
1. Budgeted monthly income ကိုရေးဆွဲပါ။
2025 ရဲ့ Monthly income ကို လအလိုက် စတင်သတ်မှတ်ပါ။ ဝန်ထမ်းဆိုရင် လစဉ် လစာ အပြင် ဘယ်လမှာတော့ commission ရမယ်၊ ဘယ်လမှာတော့ bonusရမယ် စသည်ဖြင့် တတ်နိုင်သလောက် အနီးစပ်ဆုံး မိမိရဲ့ monthly income ကို လ အလိုက် သတ်မှတ်ပါ။ ပြီးရင် တစ်လချင်းစီ ၁၂လစလုံး လအလိုက်ချရေးထားပါ။
2. Budgeted monthly expenses ကိုရေးဆွဲပါ။
မိမိရဲ့ လက်ရှိ လစဉ်အိမ်သုံးစရိတ်၊ လစဉ် သာရေး/နာရေး/ဘာသာရေး/ အလှူအတန်း တွေအတွက် လစဉ် donation စရိတ်၊ လစဉ်ဆေးဝါးဝယ်ယူရတဲ့ စရိတ် တွေကိုသတ်မှတ်ပါ။ ဆေးဝါးဝယ်ယူတဲ့ စရိတ်က လွှဲပြီး ကျန်တဲ့ စရိတ်တွေကို လက်ရှိ 2024မှာ ကုန်ကျတဲ့ စရိတ်အတိုင်းပဲ 2025အတွက်လည်း same budget ကိုသတ်မှတ်သင့်ပါတယ်။ အကြောင်းကတော့ လက်ရှိ 2024 ဝင်ငွေထက် 2025မှာ ဝင်ငွေတိုးဖို့ဆိုတာ မသေချာလို့ပါ။ ဝင်ငွေ တိုးရရင်လည်း financial freedom ရဖို့အတွက် တိုးပြီး စုရမှာပါ။ တိုးပြီး သုံးရမှာ မဟုတ်ပါ။
3. Monthly saving amount ကို သတ်မှတ်ပါ။
လစဉ်ဝင်ငွေထဲက လစဉ် အသုံးစရိတ်ကို နှုတ်လိုက်ရင် လစဉ် စုဆောင်းနိုင်မဲ့ ငွေပမာဏတစ်ခုကိုရမှာပါ။ Monthly saving amount သည် မိမိ monthly income ရဲ့ 10% တော့ အနည်းဆုံးရှိပါစေ။ 10% သာစုရမယ်လို့ မဆိုလိုပါ။ များများစုနိုင်လေကောင်းလေပါ။ အနည်းဆုံးတော့ ဝင်ငွေရဲ့ 10% တော့ စုရပါမယ်။ လိုအပ်ရင် budgeted monthly expenses amount တွေကို လျော့ပါ။
4.သတ်မှတ်ထားတဲ့ Monthly saving amount ကို အရင်ဖယ်ထားပါ။
လစာရပြီဆိုရင် monthly saving amount ကို အရင်ဖယ်ထားပါ။ ပြီးရင် budgeted monthly expenses တွေကိုခေါင်းစဉ် အလိုက် ပိုက်ဆံတွေခွဲပြီးထားပါ။ အဲ့ဒီ့ပိုက်ဆံကုန်ရင် အဲ့လအတွက်သုံးစရာ ကုန်ပြီဆိုတာ သိအောင်လို့ပါ။ ဒီလ bonus ရလို့ ပိုသုံးမယ်တို့ commission ရလို့ ပိုသုံးမယ်ဆိုတာတွေ ကို မေ့လိုက်ပါ။ နောက်လပိုသုံးချင်ရင် ဒီလအရင်လျော့သုံးထားပါ။
5. Monthly saving ကို လက်ထဲမှာ ကိုင်မထားပါနဲ့။
ဒီအချက်က အရေးကြီးပါတယ်။ လက်ထဲမှာ monthly saving တွေရှိနေရင် အကြောင်းအမျိုးမျိုးနဲ့ သုံးဖြစ်မှာပါ။ အခုဆိုရင် ဘဏ်ကအတိုးနှုန်းတွေလည်း မြင့်လာပြီမို့ ဘဏ်ထဲမှာ fixed deposit ထည့်ထားတာလဲ စဉ်းစားသင့်တဲ့ Option တစ်ခုပါ။ Fixed deposit 30days ထားရင် လက်ရှိ 11.5% per year အတိုးရတဲ့အတွက် Normal saving account တွေထက် အတိုးပိုရသလို ကိုယ်လည်း ပြန်ထုတ်မသုံးဖြစ်တဲ့အတွက် အကျိုးရှိပါတယ်။ (အတိုးပိုလိုချင်လို့ တစ်နှစ် fixed deposit ထားတာထက် 30days fixed deposit က ပိုသင့်တော့မယ်ထင်ပါတယ်။ )
6. Monthly Saving ပမာဏတစ်ခု စုမိတာနဲ့ investment လုပ်ပါ။
Saving ဘယ်လောက် amount ရတာနဲ့ investment လုပ်မယ်ဆိုတာ သတ်မှတ်ထားပါ။ ဥပမာ 2သိန်းပြည့်တာနဲ့ ဘာ investment လုပ်မယ်ပေါ့။ သို့မဟုတ် ၅သိန်းပြည့်တာနဲ့ ဘာinvestment လုပ်မယ်ပေါ့။ သိထားရမှာက investment တိုင်းမှာ အရှုံးရော အမြတ်ရော ရှိနိုင်ပါတယ်။ ဒါကြောင့် investment အတွေ့အကြုံမရှိသေးခင် ငွေ ပမာဏ အရမ်းအများကြီးအထိ invest မလုပ်စေချင်တဲ့အတွက် ကိုယ်အဆုံးရှုံးခံနိုင်လောက်တဲ့ ပမာဏကို သာ investment လုပ်ဖို့ သတ်မှတ်ပါ။ investment မလုပ်ပဲ လစဉ် လစာရဲ့ % တစ်ခုကို စုနေရုံနဲ့ financial freedom ရဖို့ ခက်ပါလိမ့်မယ်။
7. Investment ကရတဲ့ profit/ သင်ခန်းစာ သည် next investment အတွက်ပဲဖြစ်ပါစေ။
Investment တစ်ခုကနေ (အမြတ်) သို့မဟုတ် (အရှုံးကရတဲ့ သင်ခန်းစာ) တစ်ခုခုတော့ ရမှာသေချာပါတယ်။ ဘာပဲရရပါ။ Investment ကရလာတာအားလုံးသည် next investment အတွက်ပဲဖြစ်ပါစေ။
Eira ရဲ့ စာရင်းကိုင်လေးတွေ မိမိဲရဲ့ personal financing ကို well plan နဲ့ manage လုပ်နိုင်ကြပါစေ။ ❤️