04/10/2024
❝ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဘယ်အရာက အရေးကြီးဆုံးလို့ထင်လဲ ? ❞
💰 ရင်းနှီးမြှုပ်နှံဖို့ ငွေလား ?
🎯 ဝန်ထမ်းကောင်းတွေလား ?
‼️ လုပ်ငန်းကျွမ်းကျင်မှုလား ?
👉🏻 ဈေးကွက်အခြေအနေ သိဖို့လား ?
ဒါတွေအားလုံး အရေးကြီးတယ်။ ဒါပေမယ့် အဲ့ဒါထက် အရေးကြီးတာက စိတ်ဓာတ် !! စိတ်ဓာတ်ဘယ်လောက်ကြံ့ခိုင်သလဲ ဆိုတာ ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့နေရာမှာ သိပ်သိသာတယ်။
ကိုယ်ပိုင်စီးပွားရေးလုပ်တယ်ဆိုတာ အကျိုးအမြတ်ဘယ်လောက်ရမယ်ဆိုတာကိုလည်း တိတိကျကျမသိနိုင်ဘူး။ မြတ်ချင်ရင် မြတ်မယ်၊ ရှုံးချင်ရင် ရှုံးသွားနိုင်တာပဲ။ အရင်းပဲ ကျန်တဲ့လတွေလည်း ရှိမယ်။ ဒီတော့ တော်ရုံစိတ်ဓာတ်နဲ့တော့ စီးပွားရေးလောကထဲ ဝင်လို့မရဘူး။ ကိုယ်က အရှုံးခံနိုင်လား၊ ကျရှုံးရင်ရော မပြိုလဲဘဲ ရှေ့ဆက်ရဲလားဆိုတာတွေကို အရင်တွေးရမယ်။ အဲ့လိုမှ မဟုတ်ရင် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ မစတာ ကောင်းတယ်။
လူဆိုတာ ကိုယ့်အကြောင်း ကိုယ်သိကြတယ်။ ကိုယ် လုပ်နိုင်ရင် ဆက်လုပ်၊ စိတ်ဓာတ်မာတယ်ထင်ရင် ဇွဲမလျှော့နဲ့။ ကိုယ်မလုပ်နိုင်ဘူးထင်ရင်တော့ ကိုယ်ပိုင်စီးပွားရေးက မစသင့်တဲ့ အရာထဲမှာ ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်က အဓိကပဲ။
ကြိုးစားရင် ၊ စိတ်ဓာတ်မာရင် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် သင့်ရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်က ခိုင်မာစွာ ရှင်သန်နေပါလိမ့်မယ်။
🔷 သင့်ရဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ချင်တဲ့ စိတ်ကူးကို မဟာဘောဂရဲ့ ချေးငွေဝန်ဆောင်မှုနဲ့ အကောင်အထည်ဖော်လိုက်ပါ။
မဟာဘောဂမှာ ချေးငွေရယူချင်သူတိုင်းလအတွက် တနင်္လာနေ့ မှ တနင်္ဂနွေနေ့ (ပိတ်ရက်မရှိ)၊
(မနက်8နာရီ မှ ညနေ6နာရီခွဲ) အထိ ဝန်ဆောင်မှုပေးနေပါတယ်။
#ကိုယ်ပိုင်စီးပွားရေး
#မဟာဘောဂ