13/08/2026
Mandalay Smart Pay နဲ့ MMQR ရှိတဲ့ဆိုင်တိုင်းမှာ ငွေပေးချေလို့ရပြီနော်
ရွှေမန်းမြေမှ Mandalay Smart Pay အသုံးပြုသူများအနေနဲ့ မြန်မာနိုင်ငံတဝန်းရှိ MMQR ဖြင့် ငွေလက်ခံသောဆိုင်/လုပ်ငန်းတွေမှာ Scan ပြုလုပ်ပြီး ငွေပေးချေနိုင်ပါပြီ။
ဒါကြောင့် MMQR ရှိတဲ့ဆိုင်/လုပ်ငန်းတိုင်းမှာ အလွယ်ကူဆုံးနဲ့ ငွေပေးချေနိုင်ဖို့ဆိုရင် MMQR အဖွဲ့ဝင် (၁၅)ခုမှ မိမိအသုံးပြုသော Mobile Wallet/Bank App ကိုဖွင့် “Now with MMQR” ပါလျှင် Scan ပြုလုပ်၍ ငွေပေးချေလိုက်ရုံပါပဲ။
ဒါ့အပြင် MMQR ဖြင့်ငွေလက်ခံချင်သော စီးပွားရေးလုပ်ငန်းရှင်များအနေနှင့်လည်း MMQR အဖွဲ့ဝင် (၁၄)ခုမှ မိမိအသုံးပြုလိုသော အဖွဲ့အစည်းကို စိတ်ကြိုက်ရွေးချယ်ပြီး လွယ်ကူ၊အဆင်ပြေ၊လုံခြုံသော ဒီဂျစ်တယ်ငွေလက်ခံမှုများကို ပိုမိုဆောင်ရွက်နိုင်တော့မှာပါ။
MMQR ကို လုပ်ငန်းသုံးအတွက်ဖြစ်စေ၊ ငွေပေးချေသူများအနေနဲ့ပဲဖြစ်စေ မိမိအသုံးပြုတဲ့ Bank/Payment များရဲ့ Hotline များကို ဆက်သွယ်နိုင်စေဖို့ MMQR Website ရဲ့ လုပ်ငန်းစဉ်မိတ်ဆက် Onboarding မှာ ဝင်ရောက်လေ့လာမှတ်သားထားနိုင်ပါတယ်။
👉 https://myanmarpay.com.mm/onboarding
မြန်ဆန်၊ လွယ်ကူ၊ စိတ်ချရတဲ့ ငွေပေးချေမှုတိုင်းအတွက် နေရာတိုင်းမှာရှိနေမှာ မြန်မာတို့ရဲ့ MyanmarPay MMQR
Great News for Mandalay Smart Pay Users!
For Mandalay Smart Pay users from the Mandalay, you can now make payments by scanning MMQR codes at shops and businesses across the nation.
Therefore, to make payments most easily at every shop/business that has MMQR, simply open your preferred Mobile Wallet or Bank App from the 15 MMQR members, look for “Now with MMQR”, scan, and pay.
In addition, business owners who want to accept digital payments via MMQR can select their preferred institution from the 14 MMQR member organizations to conduct easy, convenient, and secure digital payments receptions for their business.
Whether for business owner or as a consumer, you can visit the Onboarding section of the MMQR website to learn more and find the hotline numbers for your respective Banks/Payments:
👉 https://myanmarpay.com.mm/onboarding
For every fast, easy, and reliable payment, Myanmar people's MyanmarPay MMQR will be everywhere!