04/02/2025
ကျန်းမာရေးအာမခံ/အသက်အာမခံ ဆိုတာ
ကျန်းမာနေတဲ့အချိန်မှာ ပဲ ဝယ်လို့ရတာပါရှင့် ☺️
ဦးကြီးရေ ကျွန်တော်က အားကစားလည်း ပုံမှန်လုပ်တယ်ဗျာ၊ အစားအသောက်လည်း ဂရုစိုက်တယ်၊ ဆေးလိပ်လည်း မသောက်တတ်ဘူး။ အဲ့လိုဆိုရင် ပြင်းထန်ရောဂါအာမခံလိုမျိုးတော့ ကျွန်တော်ဝယ်ဖို့မလိုဘူးထင်တယ်နော်။
ငါ့တူ ကျန်းမာရေးကို ဂရုစိုက်တာကြားရတော့ ဝမ်းသာတယ်ကွာ။ ဒါပေမဲ့ ကျန်းမာပါပေ့ဆိုတဲ့ သူတွေတောင်မှ ကင်ဆာတို့ နှလုံးရောဂါတို့ ဖြစ်တတ်တာကိုး။ တချို့ရောဂါတွေဆိုတာက ဘဝနေထိုင်ပုံနဲ့မဆိုင်ဘူးငါ့တူ။ မျိုးရိုးကြောင့်လည်းဖြစ်နိုင်တယ်၊ တခြားထင်မထားတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်ကွ။
ကျွန်တော်အဲ့လိုမျိုး မစဉ်းစားမိခဲ့ဘူးဗျာ။ ဆိုလိုတာက ကျန်းမာနေရင်တောင် အာမခံနဲ့ဆို ပိုစိတ်ချရတဲ့သဘောပေါ့နော်။
ဒါပေါ့ ငါ့တူရာ။ အရာရာကို မင်းမထိန်းချုပ်နိုင်ရင်တောင် ကြိုတင်ပြင်ဆင်လို့ရပါတယ်။
“ချစ်ခြင်းများစွာဖြင့်” အစီအစဉ်ဟာ ဦးကြီးနဲ့ တူမောင်တို့ နှစ်ဦးကြားက အမေးအဖြေကဏ္ဍပုံစံနဲ့ အာမခံဆိုင်ရာ ဗဟုသုတတွေနဲ့ ယုံတမ်းစကားတွေကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ (၆) နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါဦးခင်ဗျာ။
"Uncle, I exercise regularly, eat healthy, and don’t smoke. I don’t think I need critical illness insurance."
"So glad to hear that, but even the healthiest people can still get cancer or heart disease. Some of these illnesses don’t come from lifestyle choices alone,genetics and unexpected factors play a big role too."
"I never thought of it that way. So, even if I stay healthy, insurance is still a safety net?"
"Exactly! You can’t control everything, but you can prepare for anything."
Tune in to our "With Lots of Love" program, featuring conversations between U Gyi (Uncle) and Tu Maung (Nephew) about the facts and myths of insurance. Catch it every Sunday at 6 PM. Stay tuned!