FVS Finance

FVS Finance ငွေကြေးဆိုင်ရာလိုအပ်ချက် FVSနဲ့ ခရီးဆက်

7 Financial Habits​Part (7)​​📈 တစ်လတစ်ကြိမ် ကိုယ့်ရဲ့ ငွေကြေးအခြေအနေကို ပြန်လည်စစ်ဆေးကြပါတယ်။​ငွေကြေးစီမံခန့်ခွဲမှုအလေ့အ...
21/08/2026

7 Financial Habits​

Part (7)​

​📈 တစ်လတစ်ကြိမ် ကိုယ့်ရဲ့ ငွေကြေးအခြေအနေကို ပြန်လည်စစ်ဆေးကြပါတယ်။​
ငွေကြေးစီမံခန့်ခွဲမှုအလေ့အကျင့် ၇ ခုထဲက နောက်ဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းတစ်ခုကတော့ "Review Your Finances Regularly" (မိမိရဲ့ ငွေကြေးအခြေအနေကို ပုံမှန်ပြန်လည်စစ်ဆေးခြင်း) ပဲ ဖြစ်ပါတယ်။​
ငွေတွေဘယ်လိုစုပြီး ဘယ်လိုသုံးစွဲနေလဲဆိုတာကို တစ်လတစ်ကြိမ် သေသေချာချာ ပြန်လည်စစ်ဆေးသုံးသပ်နေခြင်းက နောင်လာမယ့်လတွေမှာ ပိုမိုကောင်းမွန်တဲ့ ငွေကြေးဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် အကြီးမားဆုံး အထောက်အကူကို ဖြစ်စေပါတယ်။​
📌 ဒီလိုစစ်ဆေးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးခွန်းတွေကို ပြန်မေးသင့်ပါတယ် -​

ဒီလ ဘယ်လောက်စုနိုင်ခဲ့လဲ?​
ဘယ်နေရာမှာ ပိုသုံးခဲ့လဲ?​
နောက်လ ဘာတွေတိုးတက်အောင် လုပ်မလဲ?​

ဒီလိုအလေ့အကျင့်ကောင်း (၇) မျိုးကို တစ်ဆင့်ချင်း ကျင့်သုံးခြင်းအားဖြင့် ပိုမိုခိုင်မာပြီး တောက်ပတဲ့ ငွေကြေးအနာဂတ်ကို အတူတကွ တည်ဆောက်နိုင်မှာ သေချာပါတယ်။​

FVS Finance ရဲ့ Financial Habits အတန်းစဉ်လေးကို အစအဆုံး အားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ရှင် ✨​

📞 အသေးစိတ်သိရှိလိုပါက - 09 77 100 11 22​
🌐 https://futureveststargroup.com/

7 Financial Habits​Part (6)​​🎯 ရည်မှန်းချက်မရှိဘဲ စုဆောင်းတာထက် Goal နဲ့ စုဆောင်းတာက ပိုထိရောက်ပါတယ်။​ငွေကြေးဆိုင်ရာ အသိ...
20/08/2026

7 Financial Habits​

Part (6)​

​🎯 ရည်မှန်းချက်မရှိဘဲ စုဆောင်းတာထက် Goal နဲ့ စုဆောင်းတာက ပိုထိရောက်ပါတယ်။​
ငွေကြေးဆိုင်ရာ အသိပညာတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လာနိုင်ပြီဆိုရင် ဆဋ္ဌမမြောက် ဆက်လက်လုပ်ဆောင်ရမယ့် အရေးကြီးဆုံးအချက်ကတော့ "Set Financial Goals" (ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ခြင်း) ပဲ ဖြစ်ပါတယ်။​

ပိုက်ဆံတွေကို ရည်ရွယ်ချက် မရှိဘဲ စုနေတာထက် ကိုယ့်ရဲ့ရှေ့ဆက်မယ့် ဘဝခရီးအတွက် တိကျတဲ့ Goal တွေ ချမှတ်ပြီး စုဆောင်းခြင်းက ရည်မှန်းချက် ပန်းတိုင်ကို ပိုမိုမြန်ဆန်စွာ ရောက်ရှိစေပါတယ်။​

📌 ဥပမာအနေနဲ့ အဆိုပါ ရည်မှန်းချက်များကို ချမှတ်နိုင်ပါတယ်:​

✅ အိမ်ဝယ်ရန်: ကိုယ်ပိုင်အိမ်လေး ပိုင်ဆိုင်နိုင်ရန်အတွက် ရန်ပုံငွေစုဆောင်းခြင်း​
✅ ကလေးပညာရေးအတွက်: သားသမီးလေးတွေရဲ့ တောက်ပတဲ့ အနာဂတ်ပညာရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း​
✅ ခရီးသွားရန်: စိတ်ဖိစီးမှုတွေ ဖြေလျှော့ဖို့အတွက် လိုချင်တဲ့နေရာတွေဆီ ခရီးထွက်နိုင်ဖို့ စုဆောင်းခြင်း​
✅ Retirement Fund: အသက်အရွယ်ကြီးလာတဲ့အခါ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရန် စီစဉ်ခြင်း​

စတဲ့တိကျတဲ့ ရည်မှန်းချက်တွေက သင့်ရဲ့ ငွေကြေးစုဆောင်းမှုခရီးလမ်းကို ပိုမိုအဓိပ္ပာယ်ရှိစေပြီး အောင်မြင်မှုဆီအရောက်လှမ်းနိုင်စေမှာ သေချာပါတယ်။​
နောက်ဆုံး ကျန်ရှိတဲ့ ဆတ္တမမြောက် Financial Habit လေးကိုလည်း မနက်ဖြန်မှာ ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်ပြီး စောင့်မျှော်အားပေးကြပါဦးနော် ✨​

📞 အသေးစိတ်သိရှိလိုပါက - 09 77 100 11 22​
🌐 https://futureveststargroup.com/

7 Financial Habits​Part (5)​​📚 အောင်မြင်သူတွေက ငွေကိုပဲ မစုပဲ အသိပညာမှာလည်း ရင်းနှီးမြှုပ်နှံကြပါတယ်။​အရေးပေါ်ရန်ပုံငွေထ...
19/08/2026

7 Financial Habits​

Part (5)​

​📚 အောင်မြင်သူတွေက ငွေကိုပဲ မစုပဲ အသိပညာမှာလည်း ရင်းနှီးမြှုပ်နှံကြပါတယ်။​
အရေးပေါ်ရန်ပုံငွေထားရှိခြင်းနဲ့ မလိုအပ်တဲ့ အကြွေးတွေကို ထိန်းချုပ်လာနိုင်ပြီဆိုရင် ပဉ္စမမြောက် ဆက်လက်လုပ်ဆောင်ရမယ့် အလွန်အရေးကြီးတဲ့ အလေ့အကျင့်ကတော့ "Invest in Learning" (အသိပညာတွင် ရင်းနှီးမြှုပ်နှံခြင်း) ပဲ ဖြစ်ပါတယ်။​

စစ်မှန်တဲ့ အောင်မြင်မှုကို တည်ဆောက်တဲ့နေရာမှာ ငွေကြေးစုဆောင်းမှုတစ်ခုတည်းတင် မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ စွမ်းရည်နဲ့ ငွေကြေးဆိုင်ရာ အသိပညာတွေကိုပါ အမြဲတမ်း ဖြည့်ဆည်းပေးနေဖို့ လိုအပ်ပါတယ်။​

📌 Tip - အသိပညာတိုးပွားစေရန်အတွက် အောက်ပါနည်းလမ်းများကို လုပ်ဆောင်နိုင်ပါတယ်:​

Reading Books: စာအုပ်ဖတ်ခြင်းဖြင့် ဗဟုသုတအသစ်များကို ရှာဖွေခြင်း​
Online Courses: ငွေကြေးဆိုင်ရာ သင်တန်းများကို လေ့လာသင်ယူခြင်း​
Financial Podcasts: ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ Podcast များကို နားထောင်ခြင်း​

ကိုယ့်ရဲ့ အသိပညာအတွက် ရင်းနှီးမြှုပ်နှံမှုဟာ အကောင်းဆုံးနဲ့ အပြန်အလှန် အကျိုးအများဆုံး ပြန်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်။​

မနက်ဖြန်မှာ ဆက်လက်တင်ဆက်ပေးမယ့် ဆဋ္ဌမမြောက် Financial Habit လေးကိုလည်း ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော် ✨​

📞 အသေးစိတ်သိရှိလိုပါက - 09 77 100 11 22​
🌐 https://futureveststargroup.com/

7 Financial Habits​Part (4)​​💳 လိုအပ်ချက်အတွက်ပဲ အကြွေးယူပြီး မလိုအပ်တဲ့ ဝယ်ယူမှုတွေအပေါ် အသုံးမပြုမိအောင် စီမံခန့်ခွဲ အ...
18/08/2026

7 Financial Habits​

Part (4)​

​💳 လိုအပ်ချက်အတွက်ပဲ အကြွေးယူပြီး မလိုအပ်တဲ့ ဝယ်ယူမှုတွေအပေါ် အသုံးမပြုမိအောင် စီမံခန့်ခွဲ အသုံးပြုခြင်း။​

အရေးပေါ်ရန်ပုံငွေ တည်ဆောက်ပြီးပြီဆိုရင် စတုတ္ထမြောက် ဆက်လက်လုပ်ဆောင်ရမယ့် အရေးကြီးဆုံးအချက်ကတော့ "Avoid Unnecessary Debt" (မလိုအပ်ဘဲ အကြွေးတင်ခြင်းမှ ရှောင်ရှားခြင်း) ပဲ ဖြစ်ပါတယ်။​
ငွေကြေးလွတ်လပ်မှုကို တည်ဆောက်တဲ့နေရာမှာ အကြီးမားဆုံး အတားအဆီးကတော့ မလိုအပ်တဲ့ အသုံးစရိတ်တွေအတွက် အကြွေးတင်ခြင်းပါပဲ။​

📌 Tip:မဝယ်ယူခင် ဒါမှမဟုတ် အကြွေးမယူခင်မှာ ဒါက တကယ် လိုအပ်တာလား၊ ဒါမှမဟုတ် မလိုအပ်ဘဲ ဆန္ဒဇောနဲ့ ဝယ်ချင်တာလား ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး မေးမြန်းဖို့လိုအပ်ပါတယ်။ မလိုအပ်တဲ့ ဝယ်ယူမှုတွေကို ထိန်းချုပ်နိုင်ခြင်းက သင့်ရဲ့ ငွေကြေးအနာဂတ်ကို ပိုမိုခိုင်မာစေပါတယ်။​

မနက်ဖြန်မှာ ဆက်လက်တင်ဆက်ပေးမယ့် ပဉ္စမမြောက် Financial Habit လေးကိုလည်း ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော် ✨​

📞 အသေးစိတ်သိရှိလိုပါက - 09 77 100 11 22​
🌐 https://futureveststargroup.com/

7 Financial Habits​Part (3)​​အရေးပေါ်ဖြစ်ရပ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် ၃ - ၆ လစာခန့် အရေးပေါ်ရန်ပုံငွေ ထားရှိခြင်း။​လ...
17/08/2026

7 Financial Habits​

Part (3)​

​အရေးပေါ်ဖြစ်ရပ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် ၃ - ၆ လစာခန့် အရေးပေါ်ရန်ပုံငွေ ထားရှိခြင်း။​
လစာထဲကနေ အရင်စုပြီး ဘတ်ဂျက် plan ကို စနစ်တကျ ဆွဲတတ်လာပြီဆိုရင် တတိယမြောက် ဆက်လက်လုပ်ဆောင်ရမယ့် အရေးကြီးဆုံးအချက်ကတော့ "Build an Emergency Fund" (အရေးပေါ်ရန်ပုံငွေ တည်ဆောက်ခြင်း) ပဲ ဖြစ်ပါတယ်။​

ဘဝဆိုတာ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ကြုံလာနိုင်ပါတယ်။ ဥပမာ- ကျန်းမာရေးကိစ္စ၊ ကားပျက်လို့ ပြင်ဆင်ရတာ၊ အိမ်ပြုပြင်စရာရှိတာ ဒါမှမဟုတ် အလုပ်အကိုင် အပြောင်းအလဲဖြစ်တာမျိုးတွေ နဲ့ အမြဲကြုံတွေ့နိုင်ပါတယ်။ အဲ့ဒီလိုအချိန်တွေမှာ လက်ထဲမှာ ငွေရှိနေဖို့ ကိုယ့်ရဲ့ပုံမှန်ဝင်ငွေ ၃ လစာကနေ ၆ လစာခန့်ကို အရေးပေါ်ရန်ပုံငွေအဖြစ် သီးသန့်ဖယ်ထားသင့်ပါတယ်။​

📌 Tip:Emergency Fund ရှိနေခြင်းက ဘဝရဲ့ မမျှော်လင့်တဲ့ ဖိစီးမှုတွေကို လျော့ပါးစေပြီး စိတ်အေးချမ်းသာစွာနဲ့ ရှေ့ဆက်နိုင်ဖို့ အဓိက အထောက်အကူပြုပေးပါတယ်။​

မနက်ဖြန်မှာ ဆက်လက်တင်ဆက်ပေးမယ့် စတုတ္ထမြောက် Financial Habit လေးကိုလည်း ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော် ✨​

📞 အသေးစိတ်သိရှိလိုပါက - 09 77 100 11 22​
🌐 https://futureveststargroup.com/

7 Financial Habits​Part (2)​​📊 ကိုယ့်ရဲ့ ဝင်ငွေဘယ်လောက်ဝင်ပြီး ဘယ်လောက်ထွက်လဲဆိုတာ သိအောင် လုပ်ဖို့လိုအပ်ပါတယ်။​လစာရပြီး...
16/08/2026

7 Financial Habits​

Part (2)​

​📊 ကိုယ့်ရဲ့ ဝင်ငွေဘယ်လောက်ဝင်ပြီး ဘယ်လောက်ထွက်လဲဆိုတာ သိအောင် လုပ်ဖို့လိုအပ်ပါတယ်။​
လစာရပြီးတာနဲ့ အရင်ဆုံးစုဆောင်းတဲ့ ပထမအဆင့်ကို ဖြတ်ကျော်ပြီးပြီဆိုရင်တော့ ဒုတိယမြောက် ဆက်လုပ်ရမယ့် အရေးကြီးဆုံးအချက်က "Have a Budget Plan" ပဲ ဖြစ်ပါတယ်။​
လစာဝင်လာတိုင်း ဘယ်ရောက်သွားမှန်းမသိဘဲ ကုန်သွားတတ်တာမျိုးတွေ မဖြစ်ရအောင် ကိုယ့်ရဲ့ဝင်ငွေနဲ့ ထွက်ငွေကို စာရင်းဇယားနဲ့ သေသေချာချာ ဘတ်ဂျက်ဆွဲ စီမံခန့်ခွဲထားသင့်ပါတယ်။​

📌 အသုံးဝင်တဲ့ Tip တစ်ခုအနေနဲ့ 50-30-20 Rule ကို အသုံးပြုနိုင်ပါတယ် -​
50% – Needs: အိမ်ငှားခ၊ စားသောက်စရိတ်၊ သွားလာရေးစရိတ် စတဲ့ မဖြစ်မနေသုံးရမယ့် အသုံးစရိတ်များ​

30% – Wants: Shopping၊ Entertainment ၊ ကော်ဖီသောက်ခြင်းနဲ့ ခရီးသွားလာခြင်း စတဲ့ ကိုယ့်အတွက် အသုံးစရိတ်များ​

20% – Savings & Investments: ငွေစုဆောင်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် သီးသန့်ဖယ်ထားခြင်း။​

ဘတ်ဂျက် စနစ်တကျဆွဲထားခြင်းအားဖြင့် ငွေကြေးပိုင်းဆိုင်ရာ ဖိစီးမှုတွေကို လျော့ပါးစေပြီး ကိုယ့်ရဲ့ဝင်ငွေတွေအလေအလွင့်မရှိအောင် စီမံခန့်ခွဲနိုင်စေပါတယ်။ ​

မနက်ဖြန်မှာ ဆက်လက်တင်ဆက်ပေးမယ့် တတိယမြောက် Financial Habit လေးကိုလည်း ဆက်ပြီး စောင့်မျှော်အားပေးကြပါဦးနော် ✨​

📞 အသေးစိတ်သိရှိလိုပါက - 09 77 100 11 22​
🌐 https://futureveststargroup.com/

7 Financial Habits​Part (1)​💵 လစာရလို့ သုံးပြီးမှ ကျန်တာကို စုတာမဟုတ်ဘဲ အရင်ဆုံး စုဆောင်းပြီးမှ ကျန်တာကို သုံးကြပါ။​အောင...
15/08/2026

7 Financial Habits​

Part (1)​

💵 လစာရလို့ သုံးပြီးမှ ကျန်တာကို စုတာမဟုတ်ဘဲ အရင်ဆုံး စုဆောင်းပြီးမှ ကျန်တာကို သုံးကြပါ။​
အောင်မြင်သူတွေဟာ ငွေကြေးစီမံခန့်ခွဲတဲ့နေရာမှာ အဓိကကျတဲ့ အလေ့အကျင့်တစ်ခုကို အမြဲကျင့်သုံးကြပါတယ်။ အဲ့ဒါကတော့ "Pay Yourself First" လို့ခေါ်တဲ့ လစာဝင်လာတာနဲ့ သုံးစရာရှိတာတွေအတွက် အရင်မထုတ်ဘဲ ကိုယ့်အတွက် အရင်ဆုံး စုဆောင်းတာပဲ ဖြစ်ပါတယ်။​
💡လစာထဲကနေ သီးသန့် ရာခိုင်နှုန်းတစ်ခုကို အရင်ဖယ်ပြီးမှ ကျန်တဲ့ငွေနဲ့ ဆက်လက်သုံးစွဲတာက နောင်တစ်ချိန်မှာ ခိုင်မာတဲ့ ငွေကြေးလွတ်လပ်မှုကို ရရှိစေဖို့အတွက် အကောင်းဆုံး အုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့ကစပြီး ကိုယ့်အတွက် အရင်ဆုံး စုဆောင်းတဲ့ အလေ့အကျင့်လေးကို FVS နဲ့ အတူတူ စတင်လိုက်ရအောင်နော်✨​

နောက်ရက်တွေမှာလည်း ဆက်လက်တင်ဆက်ပေးမယ့် ငွေကြေးစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းတွေကို ဆက်ပြီး စောင့်မျှော်အားပေးကြပါဦးနော်။​

📞 အသေးစိတ်သိရှိလိုပါက - 09 77 100 11 22​
🌐 https://futureveststargroup.com/

Happy International Youth Day​​“အနာဂတ်ကို မခန့်မှန်းနိုင်ပေမယ့် ကြိုတင်ပြင်ဆင်နိုင်ပါတယ်” ဆိုတဲ့အတိုင်း လူငယ်ဘဝမှာ အဖိုး...
12/08/2026

Happy International Youth Day​

“အနာဂတ်ကို မခန့်မှန်းနိုင်ပေမယ့် ကြိုတင်ပြင်ဆင်နိုင်ပါတယ်” ဆိုတဲ့အတိုင်း လူငယ်ဘဝမှာ အဖိုးတန်ဆုံး ရင်းနှီးမြှုပ်နှံသင့်တာကတော့ ကိုယ့်ရဲ့ အနာဂတ်ပါပဲ။​

FVS Group အနေဖြင့် လူငယ်တွေရဲ့ ထက်မြက်တဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ရဲရင့်တဲ့ အိပ်မက်များကို အကောင်အထည်ဖော်ပေးနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို အစဉ်တစိုက် ဖန်တီးပေးလျက် ရှိပါတယ်။​

ဒီနေ့ကျရောက်တဲ့ International Youth Day မှာ FVS Group နဲ့အတူ Stakeholders တွေ၊ Customers တွေ၊ တစ်နည်းအားဖြင့် အဖွဲ့အစည်းတစ်ခုလုံးအတွက် ကောင်းမွန်သော ပြောင်းလဲမှုအသစ်တွေကို ဦးဆောင်ဖန်တီးပေးနေကြတဲ့ လူငယ်များရဲ့ စွမ်းဆောင်ချက်များနှင့် ခံစားချက်များကို လေးစားဂုဏ်ပြုစွာဖြင့် မျှဝေလိုက်ပါတယ်ရှင်... 💙✨​

လူငယ်များရဲ့ ပြောစကားနှင့် ခံစားချက်အပြည့်အစုံကို အောက်ပါ FVS Youtube Channel Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင် 👇​

📺 Youtube Link: https://youtu.be/RyqRwIvP8MQ

FVS Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင်🔔✨

🚗 ကိုယ်ပိုင်ကားတစ်စီးပဲ ဝယ်ဝယ်၊ လုပ်ငန်းပဲ တိုးချဲ့တိုးချဲ့... လစဉ်ဘယ်လောက်သွင်းရမလဲဆိုတာ အိမ်မှာတင် အလွယ်တကူ တွက်ချက်ကြ...
10/08/2026

🚗 ကိုယ်ပိုင်ကားတစ်စီးပဲ ဝယ်ဝယ်၊ လုပ်ငန်းပဲ တိုးချဲ့တိုးချဲ့... လစဉ်ဘယ်လောက်သွင်းရမလဲဆိုတာ အိမ်မှာတင် အလွယ်တကူ တွက်ချက်ကြည့်ရအောင်။​

​အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဒါမှမဟုတ် လုပ်ငန်းအတွက် ချေးငွေတစ်ခုခု ယူတော့မယ်ဆိုရင်... "ငါ လစဉ် တကယ်ရော အဆင်ပြေပြေ ပြန်ဆပ်နိုင်ပါ့မလား" ဆိုတဲ့ အတွေးမျိုး ဝင်တတ်တာ သဘာဝပါပဲ။​

ဘဏ္ဍာရေးအစီအစဉ် ချမမှားစေဖို့နဲ့ မိမိနဲ့အကိုက်ညီဆုံးဖြစ်မယ့် ချေးငွေသက်တမ်း၊ Down Payment ပမာဏတွေကို ကြိုတင်တွက်ချက်ထားတာက အကောင်းဆုံးပါပဲ။​

အခု FVS Finance ရဲ့ Website မှာ Loan Calculator စနစ်အသစ်လေး ရှိနေပြီမို့လို့ လူကြီးမင်းတို့ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေတစ်ဆင့် စိတ်ကြိုက် ဝင်ရောက်တွက်ချက်နိုင်ပါပြီ။​

💡ဘာတွေ အလွယ်တကူ တွက်လို့ရလဲဆိုရင် -​

​🚘 Auto Loan & Hire Purchase: ကားတန်ဖိုးအလိုက် မိမိပေးသွင်းချင်တဲ့ Down Payment % နဲ့ ပြန်ဆပ်မယ့်လသက်တမ်း ကို ရွေးချယ်လိုက်ရုံနဲ့ လစဉ်ပေးသွင်းရမယ့် ပမာဏ (Monthly Repayment) ကို တိတိကျကျ ချက်ချင်းပြသပေးမှာဖြစ်ပါတယ်။​

​💰 Personal Loan & SME Loan: ကိုယ်ပိုင်အသုံးပြုမှုအတွက်ပဲဖြစ်ဖြစ်၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း တိုးချဲ့ဖို့ပဲဖြစ်ဖြစ် လိုအပ်တဲ့ ချေးငွေပမာဏအလိုက် ကြိုတင်တွက်ချက်နိုင်ပါတယ်။​

​အချိန်ကုန်ခံပြီး ရုံးခန်းအထိ လာမေးနေစရာမလိုတော့ဘဲ အခမဲ့ ချက်ချင်းသိရှိနိုင်မယ့် အခွင့်အရေးမို့ အခုပဲ ဝင်ရောက်စမ်းသပ် တွက်ချက်ကြည့်လိုက်ပါနော်။​

​အခုပဲ အခမဲ့ ဝင်ရောက် တွက်ချက်ကြည့်ပါ -👉https://futureveststargroup.com/loan-calculator-2/

08/08/2026

အသက် ၃၀ မတိုင်ခင် လုပ်ထားသင့်တဲ့ ငွေကြေးပန်းတိုင် ၅ ခု​

​လူငယ်ဘဝ ရည်မှန်းချက်တွေနဲ့ ရှေ့ဆက်နေချိန်မှာ ငွေကြေးလွတ်လပ်ခွင့်နဲ့ တည်ငြိမ်မှုရှိဖို့က အဓိကကျပါတယ်။ အသက် ၃၀ မတိုင်ခင် ဒီအချက် ၅ ချက်ကို စတင်ပြင်ဆင်ထားနိုင်ရင် နောင်လာမယ့်ဘဝအတွက် အများကြီး သက်သာစေပါတယ် -​

​Emergency Fund - မမျှော်လင့်ထားတဲ့ အရေးပေါ်ကိစ္စတွေအတွက် ကိုယ့်ဝင်ငွေရဲ့ ၃ လစာကနေ ၆ လစာလောက်ကို သီးသန့်စုဆောင်းထားပါ။​

Insurance - ကျန်းမာရေးအာမခံ နဲ့ အသက်အာမခံတွေဆိုတာက မဖြစ်မနေ လိုအပ်တဲ့ ဘဝအတွက် မိုးကာတစ်ခုပါပဲ။​

​Own Vehicle - နေ့စဉ်သွားလာရေး၊ လုပ်ငန်းခွင်နဲ့ ခရီးသွားလာမှုတွေအတွက် ကိုယ်ပိုင်ကား ဒါမှမဟုတ် မော်တော်ယာဉ် တစ်စီးပိုင်ဆိုင်နိုင်ဖို့ ကြိုးစားပါ။ (လိုအပ်လာရင် FVS Finance ရဲ့ Auto Loan / Hire Purchase ဝန်ဆောင်မှုတွေနဲ့လည်း အကောင်အထည်ဖော်နိုင်ပါတယ်)။​

​Skills Upgrade - ကိုယ့်ရဲ့ စွမ်းရည်နဲ့ အခွင့်အလမ်းအသစ်တွေအတွက် ရင်းနှီးမြှုပ်နှံခြင်းက ရေရှည်မှာ ဝင်ငွေတိုးလာဖို့ အကောင်းဆုံးလမ်းကြောင်း ဖြစ်ပါတယ်။​

​Side Income - ပုံမှန်ဝင်ငွေရတဲ့ လုပ်ငန်းအပြင် ကိုယ်ဝါသနာပါတဲ့ လုပ်ငန်းငယ်လေးတွေ ဒါမှမဟုတ် အခြားဝင်ငွေရလမ်းတစ်ခုကို ဖန်တီးထားပါ။​

​သင့်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့အတွက် ငွေကြေးအထောက်အပံ့ လိုအပ်လာပြီဆိုရင်တော့ FVS Finance ရဲ့ Auto Loan, Personal Loan, SME Loan, Hire Purchase နဲ့ Education Loan ဝန်ဆောင်မှုတွေက အမြဲတမ်း အဖော်မွန်အဖြစ် အသင့်ရှိနေပါတယ်။

Address

No. 21, Nature Park Residence, Mindhama Road, Mayangon Township
Yangon
11061

Alerts

Be the first to know and let us send you an email when FVS Finance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FVS Finance:

Shortcuts

Share