Life Insurance Advisor by Yu Nandar Htun

  • Home
  • Life Insurance Advisor by Yu Nandar Htun

Life Insurance Advisor by Yu Nandar Htun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Life Insurance Advisor by Yu Nandar Htun, Financial service, No. 11, Corner of Kan Yeik Thar Road & U Aung Myat Road, 16th Floor, Kantharyar Office Tower, Mingalar Taung Nyunt Township, .

Game Changer Team GatheringMemories
18/09/2024

Game Changer Team Gathering
Memories

အသက်အာမခံအကြောင်းပြောကြဆွေးနွေးကြတဲ့အခါ" နိမိတ်မရှိဘူး" ဆိုတဲ့စကားလုံးတွေမကြာခဏကြားရပါတယ်။ကျွန်တော်တို့မြန်မာတွေက အတိတ်န...
18/09/2024

အသက်အာမခံအကြောင်း
ပြောကြဆွေးနွေးကြတဲ့အခါ
" နိမိတ်မရှိဘူး" ဆိုတဲ့စကားလုံးတွေ
မကြာခဏကြားရပါတယ်။

ကျွန်တော်တို့မြန်မာတွေက အတိတ်နိမိတ်တွေကို
ယုံကြည်ကြတဲ့လူမျိုးဖြစ်နေတာကိုး

ကားတွေမှာ ဘီးအပိုအမြဲပါတာ
ဘီးပေါက်ခဲ့ရင် လဲတပ်လို့ရအောင်ပါ
ကားထဲမှာ လေအိတ်ပါပါတယ်
အကယ်၍ Accidence ဖြစ်ခဲ့ရင်
လူကိုထိခိုက်တာ သက်သာစေဖို့ပါ
ဒါကိုနိမိတ်မရှိဘူး ဒါတွေမလိုဘူးလို့
ပြောလို့မရပါဘူး

မီးသတ်ဆေးဗူးတွေ ကြိုဆောင်ထားရပါတယ်
Emergency alarm တွေကြိုတပ်ရပါတယ်
အရေးပေါ်လှေကားတွေ လုပ်ထားရပါတယ်
ဒါတွေကို " ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ" ဆိုပြီး
မတပ်ထားလို့ မဖြစ်ပါဘူး

အရေးပေါ်အခြေအနေဆိုတာ မဖြစ်ခဲ့ရင်
အကောင်းဆုံးပါ
ဖြစ်လာတဲ့အခါမှာတော့
ကြိုတင်ပြင်ဆင်ထားတဲ့သူက
ထိခိုက်မှုသက်သာပါလိမ့်မယ်

ဒီသဘောပါပဲ
မိမိရဲ့ကျန်းမာရေးအတွက်ရော
မိမိစောင့်ရှောက်နေရတဲ့မိသားစုအတွက်ရော
ကြိုတင်မျှော်လင့်လို့မရနိုင်တဲ့
ဖြစ်စဉ်တွေဖြစ်လာတဲ့အခါ
အသက်အာမခံထားရှိထားခြင်းက
ငွေကြေးအတွက်သောကမရောက်ရစေဖို့
ကာကွယ်ဖြေရှင်းပေးသွားမှာဖြစ်ပါတယ်။

သက်မဲ့တွေအတွက်တောင် ကြိုတင်ပြင်ဆင်ရတာ...
အဖိုးမဖြတ်နိုင်တဲ့သက်ရှိဘဝတွေအတွက်
အာမခံထားရှိကြရအောင်လား....

Credit to Ko Min Yel Kyaw Swar

Manulife ရဲ့ ပြင်းထန်ရောဂါအာမခံအကြောင်းလေး ပြောပြချင်ပါတယ်ရှင် Manulife ရဲ့ CI(Critical Illness) အကာအကွယ် ဟာဆိုလျှင်ဖြင့...
18/09/2024

Manulife ရဲ့ ပြင်းထန်ရောဂါအာမခံအကြောင်းလေး ပြောပြချင်ပါတယ်ရှင်

Manulife ရဲ့ CI(Critical Illness) အကာအကွယ် ဟာဆိုလျှင်ဖြင့် အာမခံစတင်ထားရှိစဉ်မှာ ကတည်းကရှိနေသည့် ကျန်းမာရေးအခြေအနေကို အခြေထားပြီး
နောက် ၁၀နှစ်/ အနှစ်၂၀ အထိ အကာအကွယ်ပေးထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အရွယ်ပြောင်းလဲ ကြီးပြင်းလာသော်လည်း စတင်ထားရှိချိန်က အခြေထားရှိသော ပရီမီယမ်ကြေး အတိုင်း ပုံသေရှိနေမည့်အာမခံပုံစံမျိုးပါ။

အားသာချက်များအနေနဲ့

💛သတ်မှတ်ထားတဲ့ရောဂါ(၆)မျိုးရဲ့ ပြင်းထန်ရောဂါအဆင့်ကိုရောက်ရှိလာတဲ့အခါ အာမခံထားရှိငွေ၏ ၁၀၀% ကိုအပြီးပေးလျော်လိုက်ပါတယ်။ ငွေကုန်ကြေးကျများနိုင်တဲ့ ကင်ဆာ / နှလုံး/ အဆုတ်/ အသည်း/ကျောက်ကပ်/ဦီးနှောက် စတဲ့ရောဂါတွေရဲ့ပြင်းထန်အဆင့်မှာ..
နှလုံး/အဆုတ်/အသည်း/ကျောက်ကပ်/ပန်ကရိယစတဲ့အင်္ဂါတွေအစားထိုးကုသတဲ့အချိန်မှာ...
အာမခံထားငွေရဲ့ ၁၀၀% အပြည့်အဝအကျိုးခံစားခွင့်ရနိုင်တာပါ။

💛ကျန်ရှိနေသေးတဲ့ အာမခံပေါ်လစီနှစ်တွေအတွက် ပရီမီယမ်ပေးချေမှုကိုလည်း ကုမ္ပဏီမှ ကင်းလွတ်ခွင့်‌ပြုလိုက်ပြီး အသက်အာမခံနဲ့ ထာဝစဉ်မသန်စွမ်း အတွက်အာမခံက တော့ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။

Manulife Protector MP ဘဝအာမခံနဲ့တွဲဖက်ထားရှိရတဲ့ အပိုဆောင်းအာမခံတခုဖြစ်လို့အကျိုးခံစားခွင့်(၂)မျိုး ရရှိနိုင်တာလည်းဖြစ်ပါတယ်။

လူငယ် လူလတ်ပိုင်း အရွယ်တွေအတွက် ဒီအာမခံဟာ နှစ်ရှည်ထားရှိဖို့အသင့်တော်ဆုံးပဲမို့ CI ပြင်းထန်ရောဂါအာမခံကိုစိတ်ဝင်စားသူများအနေနဲ့ Messenger, Viber, WhatsApp တို့မှ တဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
Yu Nandar Htun
Life Insurance Advisor
09441075496
[email protected]

18/09/2024

ချစ်ခြင်းတွေ ပြည့်နေတဲ့ မိသားစုလေးတစ်ခုမှာ အပိုင်းအစလေးတစ်ခု ပဲ့ထွက်သွားပေမဲ့ ချစ်ခြင်းတွေသာ ရှိနေမယ်ဆို ကိုယ့်မိသားစုကို ဆက်ပြီး လုံခြုံစေနိုင်ဦးမှာပါ။ ဒီအတွက်လည်း Manulife က အမြဲ အဆင်သင့် ရှိနေပါတယ်။ မိသားစုဘဝတိုင်းကို ကာကွယ်ပေးဖို့ဆိုတာ Manulife ရဲ့ ကတိစကားပါ။ အခုထိလည်း ကာကွယ်ပေးနေဆဲပါပဲ။ ဒါဆို Manulife က တကယ့်မိသားစုတစ်ခုကို ဘယ်လိုကာကွယ်ပေးခဲ့လဲဆိုတာ ဒီဖြစ်ရပ်မှန်ဗီဒီယိုလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်နော်။

Even if a loved one is missing, love remains, and with it, protection for your family. Manulife is always ready to provide that protection. We are committed to safeguarding every family, and we continue to do so. Watch this real-life video to see how Manulife protects families in action.

"အသက်အာမခံထားရင်ဘယ်လောက်ကျမလဲ"လို့ အမြဲလိုလိုမေးတတ်ကြပါတယ်။လူတယောက်အတွက်ပုံသေမရှိနိုင်ပါဘူး။အနည်းဆုံး မွေးတဲ့ခုနှစ်ဖြစ်ဖ...
30/05/2024

"အသက်အာမခံထားရင်ဘယ်လောက်ကျမလဲ"လို့
အမြဲလိုလိုမေးတတ်ကြပါတယ်။

လူတယောက်အတွက်ပုံသေမရှိနိုင်ပါဘူး။

အနည်းဆုံး မွေးတဲ့ခုနှစ်ဖြစ်ဖြစ်
လက်ရှိအသက်ပဲဖြစ်ဖြစ်ပြောပြရပါတယ်
ကျား/မ နဲ့ လက်ရှိအသက်သိရမှ
အနည်းဆုံး ဘယ်လောက်သက်တမ်းယူလို့ရပြီး
အနည်းဆုံးဘယ်လောက်ကျသင့်မယ်ဆိုတာ
အကြမ်းတွက်ချက်ပေးလို့ရတာမျိုးပါ။

ဒါတောင် ရောဂါအခံရှိနေတာ
ဆေးလိပ်သောက်/မသောက်
လက်ရှိအလုပ်အကိုင်အမျိုးအစား
ဒါတွေကိုလိုက်ပြီး အာမခံကြေးအတက်အကျရှိနိုင်ပါသေးတယ်။

အသက်အရွယ်ပေါ်မူတည်ပြီး
တစ်နှစ်ကို နှစ်သိန်းကျော်လောက်ကနေ
အများဆုံး သိန်းရာနဲ့ချီထားလို့ရပါတယ်။
( တနေ့ကို မြန်မာငွေဘယ်လောက်ပဲကျသင့်ပါတယ်ဆိုတဲ့ ကုမ္ပဏီပေါင်းစုံက အာမခံကြော်ငြာမျိုးစုံကိုမြင်ဖူးကြမှာပါ )

အာမခံကြေးများလေလေ
သွင်းရမယ့်နှစ်စဉ်ကြေးများလေလေဖြစ်ပြီး
Emergency ဖြစ်ခဲ့ရင် ခံစားခွင့်များလေလေပါ။

အနည်းဆုံးအာမခံကြေးနဲ့ယူထားမယ်ဆိုရင်တောင်
သေဆုံးခြင်း/ထာဝရမသန်စွမ်းဖြစ်ခြင်းတွေအတွက်
သိန်း ၁၀၀ ကျပ်ရမှာဖြစ်ပါတယ်။

အာမခံလုံးဝမရှိတာထက်စာရင်
အနည်းဆုံးတစ်ခုလောက်ရှိနေတာက
မိမိအတွက်ရော/မိသားစုအတွက်ပါ
အခြေအနေတစ်ခုမှာ ခုသာခံသာဖြစ်နိုင်ပါတယ်။

ဘယ်အရာမှ အစိုးမရတဲ့အခြေအနေမှာ
မိတ်ဆွေအားလုံး အာမခံထားရှိဖို့အကြုံပြုပါတယ်။

ဆွေးနွေးလိုပါက
Messenger ကို လာခဲ့နိုင်ပါတယ်။

Crd ကိုစွာ

Address

No. 11, Corner Of Kan Yeik Thar Road & U Aung Myat Road, 16th Floor, Kantharyar Office Tower, Mingalar Taung Nyunt Township

Telephone

+959441075496

Website

Alerts

Be the first to know and let us send you an email when Life Insurance Advisor by Yu Nandar Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Finance Company?

Share