migrate.me : Business Consultancy

Call Contact the business

migrate.me : Business Consultancy Invest, Trade, Transfer

“ကျွန်တော်တို့က မြန်မာဆိုင်ပါ။ မြန်မာတွေကိုပဲ ရောင်းတာပါ…”ထိုင်းမှာ Business လုပ်နေတဲ့ မြန်မာတွေဆီက ဒီစကားကို ကြားရတာ မဆ...
29/09/2026

“ကျွန်တော်တို့က မြန်မာဆိုင်ပါ။ မြန်မာတွေကိုပဲ ရောင်းတာပါ…”

ထိုင်းမှာ Business လုပ်နေတဲ့ မြန်မာတွေဆီက ဒီစကားကို ကြားရတာ မဆန်းပါဘူး။

အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ မြန်မာ Customer ကို ရောင်းရတာ လွယ်တယ်။ ဘာသာစကားတူတယ်။ ကိုယ့်အစားအစာနဲ့ Product ကို နားလည်တယ်။ Facebook Group တွေကနေ Customer ရှာရတာလည်း လွယ်တယ်။

အထူးသဖြင့် Thailand ကို ရောက်ခါစ Business Owner တစ်ယောက်အတွက် “ကိုယ့်လူကိုပဲ ရောင်းမယ်” ဆိုတာ အတော်လေး သဘာဝကျတဲ့ ဆုံးဖြတ်ချက်ပါ။

ဒါပေမယ့် ပြဿနာက အဲဒီနေရာကနေ စတာ မဟုတ်ဘူး။

အဲဒီဆုံးဖြတ်ချက်ကို နောက်ပိုင်းမှာ Business ရဲ့ အမြဲတမ်းစည်းမျဉ်းလို သတ်မှတ်လိုက်တဲ့အချိန်မှာ စတာပါ။

ဆိုင်က Bangkok မှာ။

Supplier က Thailand က။

Rent က Baht နဲ့။

Staff လစာက Baht နဲ့။

မီးဖိုး၊ ရေဖိုး၊ ပစ္စည်းသယ်ခ၊ အခွန် စတဲ့ကုန်ကျစရိတ်တွေကလည်း Thailand ထဲမှာပဲ ဖြစ်နေတယ်။

ဒါပေမယ့် ဝင်ငွေဘက်ရောက်ရင်—

“မြန်မာတွေပါပဲ…”

ဒီမှာ စဉ်းစားစရာတစ်ခုရှိပါတယ်။

Business ရဲ့ ကုန်ကျစရိတ်တွေက Thailand တစ်နိုင်ငံလုံးရဲ့ စျေးကွက်နဲ့ တက်နေပြီး Revenue ရလာမယ့် Customer ကိုတော့ Community တစ်ခုထဲမှာပဲ ကိုယ်တိုင်ကန့်သတ်ထားရင် ရေရှည်မှာ ဘယ်လောက်အထိ ကြီးနိုင်မလဲ။

ဒီဟာက “Thai Customer ကို မဖြစ်မနေ ရောင်းရမယ်” ဆိုတဲ့အဓိပ္ပာယ် မဟုတ်ပါဘူး။

တချို့ Business တွေအတွက် မြန်မာ Market ကိုပဲ အဓိကထားတာက မှန်ပါတယ်။

မြန်မာအစားအစာ၊ မြန်မာ Community အတွက် Service၊ မြန်မာဘာသာနဲ့မှ အဆင်ပြေတဲ့ Product ဆိုရင် ကိုယ့်လူကို ကိုယ်ရောင်းတာက အားသာချက်တစ်ခုပါ။

ပြဿနာက Product ကြောင့် Market က သေးတာလား၊ ကိုယ်က Market ကို သေးသေးပဲမြင်ထားတာလားဆိုတာ မခွဲတော့တာပါ။

ဥပမာ မြန်မာစားသောက်ဆိုင်တစ်ဆိုင်ကို ကြည့်ပါ။

မြန်မာ Customer တွေက အရသာကို ကြိုက်တယ်။ သူငယ်ချင်းကို ပြန်ညွှန်းတယ်။ Facebook Group တွေမှာ Share လုပ်တယ်။ ဒီလိုနဲ့ ဆိုင်က တဖြည်းဖြည်း ရပ်တည်လာတယ်။

ဒီအဆင့်အထိ အားလုံးအဆင်ပြေပါတယ်။

ဒါပေမယ့် တစ်နေ့မှာ Customer အသစ်တွေ မတိုးတော့ဘူး။

Promotion လုပ်တယ်။ Discount ပေးတယ်။ Ads ပိုထည့်တယ်။

ပြီးတော့ “အခုဈေးကွက် မကောင်းဘူး” လို့ ပြောလာတယ်။

တကယ်တော့ Market မကောင်းတာ မဟုတ်နိုင်ပါဘူး။

ကိုယ်သွားနေတဲ့ Market လမ်းကြောင်းက အဲဒီလောက်ပဲ ကျယ်တာ ဖြစ်နိုင်ပါတယ်။

ဆိုင်နားက Thai Customer တစ်ယောက်က Google Maps မှာ ကိုယ့်ဆိုင်ကို မတွေ့ဘူး။

တွေ့ရင်လည်း Menu မနားလည်ဘူး။

ဝင်လာရင် ဘာမှာစားရမလဲ မသိဘူး။

ဝန်ထမ်းကလည်း Thai လို မရှင်းပြနိုင်ဘူး။

အဲဒီ Customer က နောက်ဆုံး မဝယ်ဘူး။

ပြီးတော့ Business Owner က—

“Thai Customer တွေက ကျွန်တော်တို့အစားအစာ မကြိုက်ဘူးထင်တယ်”

လို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် တကယ်တော့ သူက Product ကို မစမ်းသပ်ခဲ့သေးပါဘူး။

Customer ကို မရောက်ခင်ကတည်းက Business က သူ့ကို တံခါးပိတ်ထားတာပါ။

ဒီအချက်က စားသောက်ဆိုင်တစ်ခုတည်းအတွက် မဟုတ်ပါဘူး။

Service Business တွေမှာလည်း ဒီလိုပါပဲ။

“မြန်မာ Client တွေပဲ ရှိတယ်” ဆိုတာ တစ်ခါတလေ ကိုယ့် Service က မြန်မာတွေအတွက်ပဲ သင့်တော်လို့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ခါတလေတော့ Thai Customer အတွက် ကိုယ့် Service ကို ဘယ်လိုရှင်းပြရမလဲ၊ ဘယ်လိုရောင်းရမလဲ၊ ဘယ် Channel ကနေ ရောက်အောင်သွားရမလဲ မစမ်းဖူးလို့ ဖြစ်နိုင်ပါတယ်။

ဒီနှစ်ခုကို မခွဲနိုင်ရင် Business Owner က “Market မရှိဘူး” လို့ ထင်သွားတတ်ပါတယ်။

တကယ်တော့ Market မရှိတာနဲ့ ကိုယ်မရောက်နိုင်သေးတာက မတူပါဘူး။

—

ဒါပေမယ့် ဒီနေရာမှာ တစ်ဖက်ကိုလည်း မမေ့သင့်ပါဘူး။

Thai Customer ရှိလို့ ရောင်းရမယ်ဆိုပြီး Product ကို အတင်းပြောင်းစရာလည်း မလိုပါဘူး။

ကိုယ့် Business ရဲ့ အားသာချက်က မြန်မာအရသာဆိုရင် အဲဒါကို မပျောက်စေဘဲ Customer အသစ်တွေ နားလည်အောင် ပြောပြနိုင်ဖို့ပဲ လိုတာ ဖြစ်နိုင်ပါတယ်။

ဥပမာ Menu ကို Thai လိုပါထည့်တာ၊ Product တစ်ခုချင်းစီကို ရိုးရိုးရှင်းရှင်းရှင်းပြတာ၊ Google Maps Review စုတာ၊ Thai Customer တချို့ကို စမ်းပြီးရောင်းကြည့်တာမျိုးက Business တစ်ခုလုံးကို ပြောင်းပစ်တာ မဟုတ်ပါဘူး။

Market ကို နည်းနည်းချဲ့ကြည့်တာပါ။

Business Owner တစ်ယောက်အနေနဲ့ အရင်ဆုံး ဖြေသင့်တဲ့မေးခွန်းက—

“ကျွန်တော်တို့ရဲ့ Customer က ဘယ်သူလဲ?”

မဟုတ်ဘဲ

“ကျွန်တော်တို့ရဲ့ Product ကို တကယ်ဝယ်နိုင်တဲ့သူက ဘယ်သူတွေလဲ?”

ဆိုတာ ဖြစ်နိုင်ပါတယ်။

ဒီနှစ်ခုကြားမှာ အကွာအဝေးကြီးပါတယ်။

ကိုယ့်လူကို ရောင်းတာက မမှားပါဘူး။

ကိုယ့်လူကိုပဲ ရောင်းလို့ ရေရှည်ကြီးနိုင်မနိုင်ကို မတွက်ဘဲ ဆက်သွားတာကပဲ ပြဿနာဖြစ်နိုင်ပါတယ်။

Thailand မှာ Business လုပ်နေတဲ့အခါ ကိုယ့်ဆိုင်ရှေ့က လမ်းကိုပဲ ကြည့်ပြီး “ဒီလောက်ပဲ Customer ရှိတယ်” လို့ မဆုံးဖြတ်သင့်ပါဘူး။

တစ်ခါတလေ Customer မရှိတာ မဟုတ်ဘူး။

ကိုယ်က ကိုယ့်လူကိုပဲ စောင့်နေတာ ဖြစ်နိုင်ပါတယ်။

ကိုယ့် Business က မြန်မာတွေအတွက် ကောင်းနေတယ်ဆိုရင် အဲဒါကို ဆက်ထိန်းပါ။

ဒါပေမယ့် အဲဒါနဲ့တင် ရပ်မလား၊ ဒါမှမဟုတ် Thailand မှာရှိနေတဲ့ တခြား Customer တွေအတွက်ပါ ကိုယ့် Product က ဘာကြောင့် အသုံးဝင်နိုင်လဲဆိုတာ စမ်းကြည့်မလားဆိုတာကတော့ Business Owner ကိုယ်တိုင် ဆုံးဖြတ်ရမယ့် နောက်တစ်ဆင့်ပါ။

အရေးကြီးတာက ကိုယ်ရွေးထားတဲ့ Market ဖြစ်လို့လား၊ ကိုယ်ရောက်နိုင်တဲ့ Market ဖြစ်လို့လားဆိုတာ သိထားဖို့ပါ။

Thailand မှာ Business လုပ်ပြီး Customer ကို မြန်မာတွေချည်းပဲ ထားထားတဲ့သူတွေရှိရင်—

အဲဒီ Market က ကိုယ့် Product ကြောင့် သေးနေတာလား၊ ကိုယ်တိုင် သေးအောင်သတ်မှတ်ထားတာလားဆိုတာ တစ်ခါလောက် ပြန်ကြည့်ကြည့်ပါ။

#မြန်မာစီးပွားရေး

မြန်မာဆိုင်မို့ မြန်မာလူမျိုးကိုဘဲဆက်ရောင်းမယ်ဆိုရင် ရေရှည်မှာအဆင်ပြေပါ့လား?
29/09/2026

မြန်မာဆိုင်မို့ မြန်မာလူမျိုးကိုဘဲဆက်ရောင်းမယ်ဆိုရင် ရေရှည်မှာအဆင်ပြေပါ့လား?

“ကျွန်တော်တို့က မြန်မာဆိုင်ပါ။ မြန်မာတွေကိုပဲ ရောင်းတာပါ…”

ထိုင်းမှာ Business လုပ်နေတဲ့ မြန်မာတွေဆီက ဒီစကားကို ကြားရတာ မဆန်းပါဘူး။

အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ မြန်မာ Customer ကို ရောင်းရတာ လွယ်တယ်။ ဘာသာစကားတူတယ်။ ကိုယ့်အစားအစာနဲ့ Product ကို နားလည်တယ်။ Facebook Group တွေကနေ Customer ရှာရတာလည်း လွယ်တယ်။

အထူးသဖြင့် Thailand ကို ရောက်ခါစ Business Owner တစ်ယောက်အတွက် “ကိုယ့်လူကိုပဲ ရောင်းမယ်” ဆိုတာ အတော်လေး သဘာဝကျတဲ့ ဆုံးဖြတ်ချက်ပါ။

ဒါပေမယ့် ပြဿနာက အဲဒီနေရာကနေ စတာ မဟုတ်ဘူး။

အဲဒီဆုံးဖြတ်ချက်ကို နောက်ပိုင်းမှာ Business ရဲ့ အမြဲတမ်းစည်းမျဉ်းလို သတ်မှတ်လိုက်တဲ့အချိန်မှာ စတာပါ။

ဆိုင်က Bangkok မှာ။

Supplier က Thailand က။

Rent က Baht နဲ့။

Staff လစာက Baht နဲ့။

မီးဖိုး၊ ရေဖိုး၊ ပစ္စည်းသယ်ခ၊ အခွန် စတဲ့ကုန်ကျစရိတ်တွေကလည်း Thailand ထဲမှာပဲ ဖြစ်နေတယ်။

ဒါပေမယ့် ဝင်ငွေဘက်ရောက်ရင်—

“မြန်မာတွေပါပဲ…”

ဒီမှာ စဉ်းစားစရာတစ်ခုရှိပါတယ်။

Business ရဲ့ ကုန်ကျစရိတ်တွေက Thailand တစ်နိုင်ငံလုံးရဲ့ စျေးကွက်နဲ့ တက်နေပြီး Revenue ရလာမယ့် Customer ကိုတော့ Community တစ်ခုထဲမှာပဲ ကိုယ်တိုင်ကန့်သတ်ထားရင် ရေရှည်မှာ ဘယ်လောက်အထိ ကြီးနိုင်မလဲ။

ဒီဟာက “Thai Customer ကို မဖြစ်မနေ ရောင်းရမယ်” ဆိုတဲ့အဓိပ္ပာယ် မဟုတ်ပါဘူး။

တချို့ Business တွေအတွက် မြန်မာ Market ကိုပဲ အဓိကထားတာက မှန်ပါတယ်။

မြန်မာအစားအစာ၊ မြန်မာ Community အတွက် Service၊ မြန်မာဘာသာနဲ့မှ အဆင်ပြေတဲ့ Product ဆိုရင် ကိုယ့်လူကို ကိုယ်ရောင်းတာက အားသာချက်တစ်ခုပါ။

ပြဿနာက Product ကြောင့် Market က သေးတာလား၊ ကိုယ်က Market ကို သေးသေးပဲမြင်ထားတာလားဆိုတာ မခွဲတော့တာပါ။

ဥပမာ မြန်မာစားသောက်ဆိုင်တစ်ဆိုင်ကို ကြည့်ပါ။

မြန်မာ Customer တွေက အရသာကို ကြိုက်တယ်။ သူငယ်ချင်းကို ပြန်ညွှန်းတယ်။ Facebook Group တွေမှာ Share လုပ်တယ်။ ဒီလိုနဲ့ ဆိုင်က တဖြည်းဖြည်း ရပ်တည်လာတယ်။

ဒီအဆင့်အထိ အားလုံးအဆင်ပြေပါတယ်။

ဒါပေမယ့် တစ်နေ့မှာ Customer အသစ်တွေ မတိုးတော့ဘူး။

Promotion လုပ်တယ်။ Discount ပေးတယ်။ Ads ပိုထည့်တယ်။

ပြီးတော့ “အခုဈေးကွက် မကောင်းဘူး” လို့ ပြောလာတယ်။

တကယ်တော့ Market မကောင်းတာ မဟုတ်နိုင်ပါဘူး။

ကိုယ်သွားနေတဲ့ Market လမ်းကြောင်းက အဲဒီလောက်ပဲ ကျယ်တာ ဖြစ်နိုင်ပါတယ်။

ဆိုင်နားက Thai Customer တစ်ယောက်က Google Maps မှာ ကိုယ့်ဆိုင်ကို မတွေ့ဘူး။

တွေ့ရင်လည်း Menu မနားလည်ဘူး။

ဝင်လာရင် ဘာမှာစားရမလဲ မသိဘူး။

ဝန်ထမ်းကလည်း Thai လို မရှင်းပြနိုင်ဘူး။

အဲဒီ Customer က နောက်ဆုံး မဝယ်ဘူး။

ပြီးတော့ Business Owner က—

“Thai Customer တွေက ကျွန်တော်တို့အစားအစာ မကြိုက်ဘူးထင်တယ်”

လို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် တကယ်တော့ သူက Product ကို မစမ်းသပ်ခဲ့သေးပါဘူး။

Customer ကို မရောက်ခင်ကတည်းက Business က သူ့ကို တံခါးပိတ်ထားတာပါ။

ဒီအချက်က စားသောက်ဆိုင်တစ်ခုတည်းအတွက် မဟုတ်ပါဘူး။

Service Business တွေမှာလည်း ဒီလိုပါပဲ။

“မြန်မာ Client တွေပဲ ရှိတယ်” ဆိုတာ တစ်ခါတလေ ကိုယ့် Service က မြန်မာတွေအတွက်ပဲ သင့်တော်လို့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ခါတလေတော့ Thai Customer အတွက် ကိုယ့် Service ကို ဘယ်လိုရှင်းပြရမလဲ၊ ဘယ်လိုရောင်းရမလဲ၊ ဘယ် Channel ကနေ ရောက်အောင်သွားရမလဲ မစမ်းဖူးလို့ ဖြစ်နိုင်ပါတယ်။

ဒီနှစ်ခုကို မခွဲနိုင်ရင် Business Owner က “Market မရှိဘူး” လို့ ထင်သွားတတ်ပါတယ်။

တကယ်တော့ Market မရှိတာနဲ့ ကိုယ်မရောက်နိုင်သေးတာက မတူပါဘူး။

—

ဒါပေမယ့် ဒီနေရာမှာ တစ်ဖက်ကိုလည်း မမေ့သင့်ပါဘူး။

Thai Customer ရှိလို့ ရောင်းရမယ်ဆိုပြီး Product ကို အတင်းပြောင်းစရာလည်း မလိုပါဘူး။

ကိုယ့် Business ရဲ့ အားသာချက်က မြန်မာအရသာဆိုရင် အဲဒါကို မပျောက်စေဘဲ Customer အသစ်တွေ နားလည်အောင် ပြောပြနိုင်ဖို့ပဲ လိုတာ ဖြစ်နိုင်ပါတယ်။

ဥပမာ Menu ကို Thai လိုပါထည့်တာ၊ Product တစ်ခုချင်းစီကို ရိုးရိုးရှင်းရှင်းရှင်းပြတာ၊ Google Maps Review စုတာ၊ Thai Customer တချို့ကို စမ်းပြီးရောင်းကြည့်တာမျိုးက Business တစ်ခုလုံးကို ပြောင်းပစ်တာ မဟုတ်ပါဘူး။

Market ကို နည်းနည်းချဲ့ကြည့်တာပါ။

Business Owner တစ်ယောက်အနေနဲ့ အရင်ဆုံး ဖြေသင့်တဲ့မေးခွန်းက—

“ကျွန်တော်တို့ရဲ့ Customer က ဘယ်သူလဲ?”

မဟုတ်ဘဲ

“ကျွန်တော်တို့ရဲ့ Product ကို တကယ်ဝယ်နိုင်တဲ့သူက ဘယ်သူတွေလဲ?”

ဆိုတာ ဖြစ်နိုင်ပါတယ်။

ဒီနှစ်ခုကြားမှာ အကွာအဝေးကြီးပါတယ်။

ကိုယ့်လူကို ရောင်းတာက မမှားပါဘူး။

ကိုယ့်လူကိုပဲ ရောင်းလို့ ရေရှည်ကြီးနိုင်မနိုင်ကို မတွက်ဘဲ ဆက်သွားတာကပဲ ပြဿနာဖြစ်နိုင်ပါတယ်။

Thailand မှာ Business လုပ်နေတဲ့အခါ ကိုယ့်ဆိုင်ရှေ့က လမ်းကိုပဲ ကြည့်ပြီး “ဒီလောက်ပဲ Customer ရှိတယ်” လို့ မဆုံးဖြတ်သင့်ပါဘူး။

တစ်ခါတလေ Customer မရှိတာ မဟုတ်ဘူး။

ကိုယ်က ကိုယ့်လူကိုပဲ စောင့်နေတာ ဖြစ်နိုင်ပါတယ်။

ကိုယ့် Business က မြန်မာတွေအတွက် ကောင်းနေတယ်ဆိုရင် အဲဒါကို ဆက်ထိန်းပါ။

ဒါပေမယ့် အဲဒါနဲ့တင် ရပ်မလား၊ ဒါမှမဟုတ် Thailand မှာရှိနေတဲ့ တခြား Customer တွေအတွက်ပါ ကိုယ့် Product က ဘာကြောင့် အသုံးဝင်နိုင်လဲဆိုတာ စမ်းကြည့်မလားဆိုတာကတော့ Business Owner ကိုယ်တိုင် ဆုံးဖြတ်ရမယ့် နောက်တစ်ဆင့်ပါ။

အရေးကြီးတာက ကိုယ်ရွေးထားတဲ့ Market ဖြစ်လို့လား၊ ကိုယ်ရောက်နိုင်တဲ့ Market ဖြစ်လို့လားဆိုတာ သိထားဖို့ပါ။

Thailand မှာ Business လုပ်ပြီး Customer ကို မြန်မာတွေချည်းပဲ ထားထားတဲ့သူတွေရှိရင်—

အဲဒီ Market က ကိုယ့် Product ကြောင့် သေးနေတာလား၊ ကိုယ်တိုင် သေးအောင်သတ်မှတ်ထားတာလားဆိုတာ တစ်ခါလောက် ပြန်ကြည့်ကြည့်ပါ။

#မြန်မာစီးပွားရေး

23/09/2026

ကိုယ့် Company မှာ Thai Shareholder တစ်ယောက်ရှိတယ်ဆိုပါစို့။

သူ့နာမည်နဲ့ Share 40% ရှိတယ်။

အဲဒီ Share တွေအတွက် တကယ်ရင်းနှီးမြှုပ်နှံတဲ့ငွေက သူ့ကိုယ်ပိုင်ငွေလား ဆိုတာက အရေးကြီးလာပါတယ်။

အလွယ်ပြောရရင်…
အရင်က Company တစ်ခုဖွဲ့ထားပြီး
နောက်ပိုင်းမှာ Shareholder ပြောင်းမယ်၊ Director ထည့်မယ်၊ Foreign shareholder ထည့်မယ် ဆိုရင် Company Amendment အနေနဲ့ စာရွက်တင်ပြီး လုပ်ဆောင်လို့ရတဲ့အခြေအနေရှိပါတယ်။အခုက “ဒီလူက တကယ်ငွေထည့်ထားတာလား?”
“ငွေက ဘယ်ကလာတာလဲ?”
“ဒီ Shareholder က ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုလား?”

ဆိုတာတွေကိုပါ စစ်နေတာ
ဒါကြောင့် Foreign involvement ပါတဲ့ သတ်မှတ်ထားတဲ့ Case တွေမှာ Investment Clarification Letter တင်ပြရနိုင်သလို၊ Thai investor ရဲ့ investment ကို စစ်ဆေးဖို့ Bank Statement ၃ လစာ လည်း တောင်းနိုင်ပါတယ်။

ဆိုတော့ အခု Company Structure ပြောင်းမယ်ဆိုရင်—

Shareholder အသစ်ထည့်မယ်
→ သူ့ Investment ကို ရှင်းပြနိုင်လား?

Director အသစ်ထည့်မယ်
→ Foreign person ပါလာလား? Signing Authority ဘယ်လိုဖြစ်သွားမလဲ?

Thai Shareholder ရှိတယ်
→ သူ့ Share အတွက် တကယ်ငွေထည့်ထားတာကို ပြနိုင်လား?

Bank Statement တင်ရမယ်
→ Investment နဲ့ ငွေကြေးအထောက်အထားတွေ ကိုက်ညီလား?

ဒါတွေကို ပြန်ကြည့်ရပါတယ်။

အရေးကြီးတာက—

Foreign shareholder ပါတာနဲ့ Nominee ဖြစ်တာ မဟုတ်ပါဘူး။
တရားဝင် Foreign Investment လုပ်ထားတဲ့ Company တွေလည်း ရှိပါတယ်။

DBD က အမည်ခံ Nominee တွေကိုသာအဓိက ကြည့်နေတာပါ။
အခု လုပ်ငန်းတစ်ကယ်လည်ပတ်ပြီး လုပ်နေတဲ့ တစ်စုလောက်ဘဲကျန်ခဲ့တော့မယ်။

ဘာတွေဘယ်လိုစစ်စစ် ကိုယ့်လုပ်ငန်းအခြေအနေကိုသေချာစစ်ပြီး ဥပဒေနဲ့အညီဆောင်ရွက်ထားတယ်ဆို စိုးရိမ်စရာမလိုပါ။ migrate.me ကလုပ်ငန်းမှန်သမျှကို ဥပဒေနဲ့အညီသာဆောင်ရွက် ပေးပါတယ်။ ဥပဒေနဲ့ မလွတ်ကင်းတာ ဘာကိုမှမလုပ်ဆောင်ပေးပါ။

21/09/2026

ဒီရက်ပိုင်းသတိထားမိတာ Non-B လျှောက်တာပဲဖြစ်ဖြစ်၊ သက်တမ်းတိုးတာပဲဖြစ်ဖြစ် ဒီရက်ပိုင်း စစ်ဆေးမှုတွေ ပိုတင်းကျပ်လာတာတွေ့ရတယ်။

ထိုင်းဘက်က Foreign Investment လုပ်ငန်းတွေနဲ့ပတ်သက်တာကို Visa တစ်ခုချင်းကအစ စစ်လာတာ

ထိုင်းမှာ မှာ Non-B (Business Visa) လျှောက်တာ၊ တစ်နှစ်သက်တမ်းတိုးတာ လုပ်နေတဲ့သူတွေအနေနဲ့ အရင်ကထက် စာရွက်စာတမ်းတွေ ပိုတောင်းခံရတာ၊ Company အခြေအနေကို ပိုစစ်ဆေးလာတာတွေ ကြုံနေရတယ်။

အထူးသဖြင့်— စာရွက်စာတမ်းစုံအောင် တင်ပြီးပြီဆိုတာနဲ့ ချက်ချင်းပြီးသွားတာမျိုး မဟုတ်တော့ဘဲ၊ တချို့ Case တွေမှာ
Company ရုံးခန်းကို လာစစ်တာ၊ Business တကယ်လည်ပတ်နေတာကို ကြည့်တာ၊ တင်ထားတဲ့စာရွက်စာတမ်းတွေနဲ့ လက်တွေ့အခြေအနေ ကိုက်ညီမှုရှိမရှိ စစ်တာ တွေ ကြုံရနိုင်ပါတယ်။

ပြီးတော့ စာရွက်တစ်ခုမပြည့်တာတင်မကဘဲ မေးခွန်းတွေအတိအကျကိုမေးလာတာမျိုး

“ဒီအချက်ကို ထပ်ရှင်းပြပါ”
“ဒီ Document ထပ်ပေးပါ”
“Company ဘက်က ဒီအချက်ကို ပြန်စစ်ပေးပါ”

ဆိုပြီး ထပ်မံတောင်းခံတာတွေကြောင့် ၁ လခွဲ၊ ၂ လဝန်းကျင်အထိ ကြာလာတဲ့ Case တွေ လည်း ရှိလာတယ်။

ဥပဒေအပြောင်းအလဲကြောင့်Company ဘက်ကိုပါ ကြည့်ဖို့လိုလာတယ်။

Non-B က Visa တစ်ခုတည်းမဟုတ်ဘဲ အလုပ်လုပ်မယ့် Company နဲ့ Business အခြေအနေကိုပါ တွဲပြီးကြည့်ရတဲ့ Visa ဖြစ်ပါတယ်။

ဒါကြောင့်—
Company Registration / Shareholder
• Financial Statement
• PND.50 / Corporate Tax
• Employee Tax Records
• Social Security
• VAT — သက်ဆိုင်ရင်
• Applicant Personal Income Tax
• Business License — လိုအပ်တဲ့လုပ်ငန်းဆိုရင်
• Company Office / Workplace
• Business တကယ်လည်ပတ်နေမှု
• Work Permit

စတာတွေကို စာရွက်ပေါ်မှာရော၊ လက်တွေ့မှာပါ ကိုက်ညီမှုရှိမရှိ ကြည့်နိုင်ပါတယ်။

ဒါကြောင့် Non-B လုပ်မယ့်သူတွေအနေနဲ့

အသစ်လျှောက်မယ့်သူဖြစ်ဖြစ်
သက်တမ်းတိုးမယ့်သူဖြစ်ဖြစ်

Disclaimer:
အထက်ပါအကြောင်းအရာမှာ ဖော်ပြထားတဲ့ ၁ လခွဲ၊ ၂ လဝန်းကျင် ကြာမြင့်မှုနဲ့ Investigation / Office Verification တွေဟာ လက်တွေ့ Case တွေမှာ တွေ့ရတဲ့အခြေအနေကို ရည်ညွှန်းတာဖြစ်ပြီး Thailand တစ်နိုင်ငံလုံးအတွက် သတ်မှတ်ထားတဲ့ Official Processing Time မဟုတ်ပါ။ Applicant, Company structure, Business type နဲ့ သက်ဆိုင်ရာ Immigration Office အလိုက် လိုအပ်ချက်နဲ့ ကြာချိန် ကွာနိုင်ပါတယ်။ မစခင်မှာ သေချာအောင် သေချာအောင်ဆွေးနွေးပြီးမှ လုပ်တာတော့ စိတ်အချရဆုံးဘဲ။

Main Source — Thai Immigration Bureau

🇹🇭 Thailand မှာ Condo ဝယ်ဖို့စဉ်းစားနေတဲ့ မြန်မာဝယ်လက်တွေ — ဈေးမကြည့်ခင် ဒီ 6 ဆင့်ကို အရင်စဉ်းစားပါလက်ရှိ REIC ရဲ့ H1 20...
18/09/2026

🇹🇭 Thailand မှာ Condo ဝယ်ဖို့စဉ်းစားနေတဲ့ မြန်မာဝယ်လက်တွေ — ဈေးမကြည့်ခင် ဒီ 6 ဆင့်ကို အရင်စဉ်းစားပါ

လက်ရှိ REIC ရဲ့ H1 2026 အချက်အလက်အရ
မြန်မာနိုင်ငံသားတွေက Thailand မှာ Condo ဝယ်ယူတဲ့ နိုင်ငံခြားသားဈေးကွက်ထဲမှာ Value အရ Top 3 ထဲမှာ ရှိနေပါတယ်။

H1 2026 အတွင်း Myanmar buyers တွေက
• 641 units
• စုစုပေါင်း ฿2.457 billion
တန်ဖိုးရှိတဲ့ Condo တွေကို လွှဲပြောင်းဝယ်ယူခဲ့ပါတယ်။

ဒါပေမယ့် ဒီကိန်းဂဏန်းကိုမြင်ပြီး
“မြန်မာတွေ Condo ဝယ်နေကြတာဆိုတော့ ဝယ်သင့်တယ်” လို့ တန်းမဆုံးဖြတ်သင့်ပါဘူး။

Condo ဝယ်တာက Property ရွေးတာထက် Decision တစ်ခုလုံးကို စနစ်တကျစဉ်းစားရတဲ့အလုပ် ဖြစ်ပါတယ်။

1️⃣ ပထမဆုံး — “ဘာအတွက်ဝယ်မှာလဲ?”

ကိုယ့်ကိုယ်ကို အရင်မေးပါ။

• ကိုယ်တိုင်နေဖို့လား?
• မိသားစုအတွက်လား?
• Investment အတွက်လား?
• Rental income ရဖို့လား?
• ငွေကို Asset တစ်ခုအဖြစ်ထားချင်တာလား?

Purpose မတူရင် ရွေးရမယ့် Condo လည်း မတူပါဘူး။

နေဖို့ရွေးတဲ့ Condo နဲ့ Investment အတွက်ရွေးတဲ့ Condo ကို တူတူမကြည့်သင့်ပါဘူး။

2️⃣ ကိုယ့်ရဲ့ “Budget” ကို အပြည့်အစုံတွက်ပါ

Condo ဈေးတစ်ခုတည်းကို မကြည့်ပါနဲ့။

စဉ်းစားရမယ့်အရာတွေက—

• Purchase Price
• Transfer-related costs
• Common Area Fee
• Sinking Fund
• Renovation / Furniture
• Tax / Other expenses
• နောက်ပိုင်း Monthly Holding Cost

“฿3.8M Condo ရှိတယ်” ဆိုတာနဲ့ “฿3.8M ပဲကုန်မယ်” လို့ မယူဆသင့်ပါဘူး။

3️⃣ Foreigner Ownership ရနိုင်မရနိုင် အရင်စစ်ပါ

Thailand မှာ Foreigners အတွက် Condo ownership က လုံးဝမရတာမဟုတ်ပါဘူး။

ဒါပေမယ့် Condominium တစ်ခုအတွင်း Foreign ownership quota က အရေးကြီးပါတယ်။

လက်ရှိ official guidance အရ foreign ownership က သတ်မှတ်ထားတဲ့ 49% limit အတွင်း ဖြစ်ရပြီး၊ transfer လုပ်တဲ့အချိန်မှာ condominium juristic person ရဲ့ quota confirmation လည်း လိုအပ်ပါတယ်။

ဒါကြောင့်—

“ဒီ Condo ကို နိုင်ငံခြားသားဝယ်လို့ရလား?”

ဆိုတာထက်

“ဒီ Unit ကို အခုချိန်မှာ Foreign Quota နဲ့ တကယ် Transfer လုပ်လို့ရလား?”

ကို စစ်ရပါမယ်။

4️⃣ ငွေဘယ်ကလာပြီး ဘယ်လို Transfer လုပ်မလဲ?

ဒါက Myanmar buyer တွေအတွက် အထူးသဖြင့် မကျော်သင့်တဲ့အဆင့်ပါ။

Condo ဝယ်ဖို့ ငွေရှိတာတစ်ခုတည်းမဟုတ်ဘဲ—

Fund Source → Transfer → Bank Documents → Land Department

အဆင့်တွေကိုပါ စဉ်းစားရပါတယ်။

Official Bangkok guidance အရ foreign buyer တွေအတွက် overseas fund transfer နဲ့ သက်ဆိုင်တဲ့ bank documentation / foreign currency transaction evidence တွေ လိုအပ်နိုင်ပါတယ်။

အဲ့ဒါကြောင့် Deposit ပေးပြီးမှ ငွေလွှဲနည်းကို စဉ်းစားတာထက် အစကတည်းက စစ်ထားတာ ပိုလုံခြုံပါတယ်။

5️⃣ “ဝယ်ပြီးရင် ဘယ်လိုသုံးမလဲ?” ကို စစ်ပါ

Condo ဝယ်ပြီးတာနဲ့ အလုပ်ပြီးသွားတာမဟုတ်ပါဘူး။

ကိုယ်တိုင်နေမယ်ဆို—

• Location
• Transportation
• Work / Family needs
• Monthly expenses

Investment ဆို—

• Rental demand
• Actual rental rules
• Building rules
• Holding cost
• Exit market

တွေကို ကြည့်ရပါမယ်။

Property တစ်ခုက “ကောင်းတဲ့ Condo” ဖြစ်နိုင်ပေမယ့် ကိုယ့်ရဲ့ Purpose အတွက် “သင့်တော်တဲ့ Condo” ဖြစ်ချင်မှ ဖြစ်ပါမယ်။

6️⃣ နောက်ဆုံး — “မရောင်းချင်တော့ရင် ဘာလုပ်မလဲ?”

ဒါကို မဝယ်ခင်ကတည်းက စဉ်းစားထားသင့်ပါတယ်။

Exit Plan မရှိဘဲ Entry Plan တစ်ခုတည်းနဲ့ Property မဝယ်သင့်ပါဘူး။

ကိုယ့်ကိုယ်ကို မေးပါ—

• 3–5 နှစ်နေရင် ရောင်းမလား?
• Rental ဆက်ထားမလား?
• ကိုယ်တိုင်ပြောင်းနေမလား?
• Ownership transfer အခြေအနေက ဘယ်လိုလဲ?

📌 လက်ရှိ Market ကို ဘယ်လိုဖတ်သင့်လဲ?

REIC ရဲ့ H1 2026 data အရ Thailand မှာ foreign condo market က ဆက်ရှိနေသေးပေမယ့် overall foreign transfers က 6,533 units နဲ့ YoY 8.8% ကျဆင်းခဲ့ပါတယ်။

Myanmar buyers လည်း Top 3 ထဲမှာရှိပေမယ့် unit count နဲ့ value နှစ်ခုလုံး YoY ကျဆင်းထားပါတယ်။

ဒါကြောင့်—

“လူတွေဝယ်နေကြတယ် → ကိုယ်လည်းဝယ်မယ်”

ဆိုတဲ့ Decision ထက်

“ကိုယ့် Purpose + Budget + Ownership + Fund Transfer + Usage + Exit Plan”

ဒီ 6 ခုကို အရင်စစ်ပြီးမှ ဆုံးဖြတ်တာက ပိုအရေးကြီးပါတယ်။

Condo ဝယ်တာဟာ အိမ်တစ်ခန်းဝယ်တာတင်မဟုတ်ဘဲ Asset တစ်ခုကို ကိုယ့်နာမည်နဲ့ ကိုင်ထားမယ့် Decision ဖြစ်လို့ပါ။

မိတ်ဆွေဆိုရင် Thailand မှာ Condo ဝယ်တဲ့အခါ ဘယ်အချက်ကို အရင်ဆုံးစစ်မလဲ?

ကိုယ့်အမြင်၊ ကိုယ့်အတွေ့အကြုံရှိရင် Comment မှာ ပြောပြလို့ရပါတယ်။

📌 Source: REIC — Foreign Condominium Transfer Situation, Q2 & H1 2026
📌 Property ownership rules: Bangkok / Thai Government official guidance

Disclaimer: ဒီ Post က General Information / Reference အတွက်သာ ဖြစ်ပါတယ်။ Condo တစ်ခုချင်းစီရဲ့ ownership quota၊ transfer requirements၊ building rules နဲ့ buyer တစ်ဦးချင်းစီရဲ့ အခြေအနေ မတူနိုင်တာကြောင့် Deposit မပေးခင် လက်ရှိသက်ဆိုင်ရာ စည်းမျဉ်းနဲ့ Document Requirements တွေကို သေချာစစ်ဆေးသင့်ပါတယ်။

လုပ်ငန်းရှင်တွေ ထိုင်းမှာ အခုတလော "၃၆,၂၇၇"ကို သတိထားမိကြလား ? ဒါက ထိုင်းဘုန်းကြီးက ချဲနံပါတ်ပေးတာ မဟုတ်ပါဘူး။  “နိုင်ငံခ...
15/09/2026

လုပ်ငန်းရှင်တွေ ထိုင်းမှာ အခုတလော "၃၆,၂၇၇"ကို သတိထားမိကြလား ?

ဒါက ထိုင်းဘုန်းကြီးက ချဲနံပါတ်ပေးတာ မဟုတ်ပါဘူး။

“နိုင်ငံခြားသားပိုင်ကုမ္ပဏီ ၃၆,၂၇၇ ခု” ကိုဆိုလိုတာပါ။

တချို့က ဒီသတင်းကိုမြင်ပြီး
“နိုင်ငံခြားသားပိုင်ကုမ္ပဏီ ၃၆,၂၇၇ ခုလုံးကို အရေးယူတော့မယ်”
လို့ နားလည်သွားနိုင်ပါတယ်။

ဒါပေမယ့် အဓိပ္ပါယ်က အဲဒီလိုမဟုတ်ပါဘူး။

အခုဖြစ်နေတာက DBD က ဒီကုမ္ပဏီတွေကို စစ်ဆေးမယ့် pool ထဲ ထည့်ထားတာ ဖြစ်ပြီး ၃၆,၂၇၇ ခုလုံးကို ဥပဒေချိုးဖောက်ထားတယ်လို့ သတ်မှတ်ထားတာ မဟုတ်ပါဘူး။

ဘာတွေ့ထားတာလဲ?

Thailand Department of Business Development (DBD) က Department of Lands ရဲ့ အချက်အလက်တွေနဲ့ ကုမ္ပဏီစာရင်းတွေကို cross-check လုပ်ခဲ့ပါတယ်။

September 4, 2026 အထိ ရရှိထားတဲ့ data အရ—

အိမ်ခြံမြေနဲ့ ကွန်ဒိုပိုင်ဆိုင်မှုဆိုင်ရာ legal entities — 144,706 ခု
DBD ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ entities — 125,622 ခု
မြေယာပိုင်ဆိုင်ထားတဲ့ entities — 123,542 ခု
အဲဒီထဲမှာ နိုင်ငံခြားသား ပါဝင်ရင်းနှီးထားတဲ့ entities — 36,277 ခု
ဒီ 36,277 ခုက မြေကွက် 305,838 ကွက် ကို ပိုင်ဆိုင်ထားပြီး စုစုပေါင်း 1,064,265.38 rai ရှိပါတယ်။

ဒီအချက်က September 7 ရက်နေ့မှာ DBD ဘက်က ထုတ်ဖော်ပြောခဲ့တဲ့ လက်ရှိ data ဖြစ်ပါတယ်။

ဒါပေမယ့် 36,277 ခုလုံး Nominee မဟုတ်ပါဘူး

ဒီနေရာက အရေးကြီးပါတယ်။

36,277 ဆိုတာ—

“Nominee Company 36,277 ခုတွေ့တယ်”

လို့ ဆိုတာမဟုတ်ပါဘူး။

နိုင်ငံခြားသားပါဝင်တဲ့ company တွေကို စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ အုပ်စုပါ။

အထူးသဖြင့်—

Foreign Shareholding 0.01%–49% ရှိတဲ့ 31,516 ခု

ကို ပိုပြီးအာရုံစိုက်စစ်ဆေးနေပါတယ်။

အကြောင်းက Thai shareholder က တကယ်ရင်းနှီးထားတာလား၊ ဒါမှမဟုတ် နိုင်ငံခြားသားအတွက် နာမည်ခံထားတာလားဆိုတာကို စစ်ဆေးဖို့ပါ။

တစ်ဖက်မှာလည်း 100% foreign-owned entities 3,450 ခု ရှိပါတယ်။ Foreign ownership ရှိတာတစ်ခုတည်းနဲ့ အဲဒီ company က မတရားဘူးလို့ မဆိုနိုင်ပါဘူး။

DBD ကိုယ်တိုင်လည်း ဒီ data ထဲက company အားလုံးကို nominee လို့ မသတ်မှတ်နိုင်ကြောင်း၊ တချို့က တကယ်တမ်း တရားဝင် Thai–foreign joint investment ဖြစ်နိုင်ကြောင်း ပြောထားပါတယ်။

ဘာကြောင့် အခုလို စစ်လာတာလဲ?

အဓိကက Company structure နောက်ကွယ်မှာ တကယ်ပိုင်တဲ့သူ ဘယ်သူလဲ ဆိုတာကို ပိုပြီးကြည့်လာတာပါ။

အထူးသဖြင့်—

Thai shareholder က တကယ်ငွေရင်းနှီးထားလား
Shareholding နဲ့ financial records ကိုက်ညီလား
Company ရဲ့ ownership structure က တကယ့် business relationship ကို ပြသလား
Foreign investor က Thai shareholder နာမည်ကို အသုံးပြုပြီး မြေယာပိုင်ဆိုင်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ရှောင်ထားတာလား

ဆိုတာတွေကို ဆက်ပြီးစစ်ဆေးသွားမှာပါ။

September 4 ရက်နေ့မှာ Commerce Ministry, Interior Ministry, DBD နဲ့ Department of Lands တို့က data တွေ update လုပ်ပြီး nominee အသုံးပြုမှုကို တားဆီးဖို့ စစ်ဆေးရေးကို ပိုမိုတင်းကျပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။

နောက်ပိုင်းမှာ DBD က သက်ဆိုင်ရာအေဂျင်စီတွေဆီ company registration, property ownership, shareholder နဲ့ financial information တွေကို ပေးပို့ပြီး ဆက်လက်စစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။

မြန်မာ Business Owner တွေအတွက် ဘာကြောင့် အရေးကြီးလဲ?

ဒီသတင်းက မြေယာပိုင်ဆိုင်တဲ့ company တွေအတွက်ပဲ မဟုတ်ပါဘူး။

ထိုင်းမှာ Business လုပ်နေတဲ့ မြန်မာတွေထဲမှာ—

“Company ထောင်တုန်းက အဆင်ပြေခဲ့တယ်”

“အရင်က ဒီ Structure နဲ့ပဲ လုပ်လာတာ”

“သူငယ်ချင်းတွေကလည်း ဒီလိုပဲလုပ်တယ်”

ဆိုပြီး လုပ်ငန်းကို နှစ်နဲ့ချီ လည်ပတ်လာတဲ့ Case တွေ ရှိနိုင်ပါတယ်။

အခုလို database တွေကို တစ်ခုနဲ့တစ်ခု cross-check လုပ်ပြီး စစ်ဆေးလာတဲ့အချိန် မှာတော့ အရင်က ဘယ်လိုလုပ်ခဲ့လဲဆိုတာထက်—

“လက်ရှိအခြေအနေမှာ ကိုယ့် Company Structure က ဘယ်လောက်ရှင်းလဲ”

ဆိုတာ ပိုအရေးကြီးလာပါတယ်။

အထူးသဖြင့် ဒီလို Business Owner တွေက သတိထားသင့်တယ်
Thai / Foreign shareholder structure နဲ့ မြေယာပိုင်ဆိုင်ထားသူ
Company နာမည်နဲ့ Property ကိုင်ထားသူ
Thai shareholder ပါပေမယ့် အရင်းအနှီးဘယ်လိုဝင်လာတယ်ဆိုတာ စာရွက်စာတမ်းမရှင်းသူ
Company ရဲ့ လက်တွေ့လုပ်ငန်းနဲ့ registration information မကိုက်နိုင်တဲ့သူ
အရင်က တခြားသူအကြံနဲ့ company structure တည်ဆောက်ထားသူ

ဒါပေမယ့် Foreign shareholder ပါတာနဲ့ ပြဿနာရှိတယ် လို့တော့ မယူဆသင့်ပါဘူး။

ဥပမာ BOI promotion ဒါမှမဟုတ် Industrial Estate ဆိုင်ရာ ဥပဒေအရ တရားဝင်မြေယာပိုင်ဆိုင်ခွင့်ရှိတဲ့ company တွေလည်း ဒီ data ထဲမှာ ပါနိုင်ပါတယ်။

⚠️ Disclaimer

ဒီ Post က DBD နဲ့ ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားတဲ့ data နဲ့ သတင်းအချက်အလက်တွေကို Business Information အဖြစ် နားလည်လွယ်အောင် ပြန်လည်ရှင်းပြထားခြင်း ဖြစ်ပါတယ်။

36,277 entities ဆိုတာ စစ်ဆေးမယ့်အုပ်စုဖြစ်ပြီး 36,277 ခုလုံး ဥပဒေချိုးဖောက်ထားတယ်လို့ မဆိုလိုပါဘူး။

ကိုယ့် Company က ဒီအုပ်စုထဲ ပါ/မပါ၊ ကိုယ့် Ownership Structure နဲ့ Property Holding က လက်ရှိစည်းမျဉ်းတွေနဲ့ ကိုက်ညီ/မကိုက်ညီဆိုတာက Case by Case သီးခြားစစ်ဆေးဖို့လိုပါတယ်။

Source: Thailand Ministry of Commerce / Department of Business Development (DBD), data as of September 4, 2026; Bangkok Post, September 7–8, 2026; Thai PBS.

မိတ်ဆွေတို့အမြင်ကရော—

အခုလို Company, Shareholder နဲ့ Property Data တွေကို Cross-check လုပ်လာတာက Business Owner တွေအတွက် ဘာတွေ ပိုပြင်ဆင်ထားသင့်တယ်လို့ ထင်လဲ?

ထိုင်းမှာ အဖိုးတန်လိုင်စင်ယူချိန်တန်ပြီ  ထိုင်းမှာ Business လုပ်နေပြီဆိုရင် လိုင်စင်ကိစ္စကို “နောက်မှ” မထားသင့်တော့ဘူးအခ...
14/09/2026

ထိုင်းမှာ အဖိုးတန်လိုင်စင်ယူချိန်တန်ပြီ ထိုင်းမှာ Business လုပ်နေပြီဆိုရင် လိုင်စင်ကိစ္စကို “နောက်မှ” မထားသင့်တော့ဘူး

အခု ထိုင်းမှာ Business စည်းမျဉ်းတွေကို တစ်ဖက်မှာ ဖြေလျှော့ဖို့ ပြန်သုံးသပ်နေတယ်။

တစ်ဖက်မှာလည်း လုပ်ငန်းတွေကို စည်းမျဉ်းနဲ့ကိုက်ညီအောင် Compliance / Licensing ဘက်က ပိုအရေးကြီးလာနေပါတယ်။

ဒီလိုအချိန်မှာ Business Owner တွေ စဉ်းစားသင့်တာက—
“စည်းကမ်းတင်းလာမှ လိုင်စင်သွားယူမလား?”
ဒါမှမဟုတ်—
“လိုအပ်တာကို အခုထဲက စနစ်တကျလုပ်ထားမလား?”
အခုလုပ်တာနဲ့ နောက်မှလုပ်တာ ဘာကွာလဲ?

အခုထဲက License / Permit စစ်ထားမယ်ဆိုရင်
- လက်ရှိ Business Activity နဲ့ ကိုက်ညီမှုကို သိထားနိုင်တယ်
- လိုအပ်တဲ့ Documents တွေ ကြိုပြင်နိုင်တယ်
- Renewal / Extension လိုအပ်ချက်တွေ သိထားနိုင်တယ်
- Inspection ဖြစ်လာရင် အဆင်သင့်ဖြစ်နေတယ်

နောက်မှ စလုပ်မယ်ဆိုရင်
- စည်းမျဉ်းအသစ်နဲ့ ထပ်ကိုက်ရနိုင်တယ်
- လိုအပ်ချက်ပြောင်းရင် Documents ပြန်ပြင်ရနိုင်တယ်
- License မရှိတာကြောင့် လုပ်ငန်းလည်ပတ်မှု ထိခိုက်နိုင်တယ်
- ပြဿနာဖြစ်ပြီးမှ အချိန်နဲ့ငွေ ပြန်ထည့်ရနိုင်တယ်

အဓိကက “စည်းကမ်းတင်းလာမလား?” ကို ခန့်မှန်းနေတာထက်၊ ကိုယ့်လုပ်ငန်းမှာ အခုတကယ်လိုအပ်တဲ့ License ရှိ/မရှိကို အရင်စစ်ထားတာ ပိုလက်တွေ့ကျပါတယ်။

အထူးသဖြင့် FDA၊ Restaurant၊ Hotel လို လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်တဲ့ License တွေရှိရင် မကုန်ခင်၊ မပြဿနာဖြစ်ခင် ပြန်စစ်ထားတာက Business Owner အတွက် ပိုအေးချမ်းပါတယ်။

Policy က ဘယ်နေ့ပြောင်းမလဲ စောင့်နေဖို့ထက်၊ ကိုယ့် Business က ဒီနေ့မှာ Ready ဖြစ်မဖြစ် သိထားတာ ပိုအရေးကြီးတယ်။

မိတ်ဆွေတို့ ကိုယ့်လုပ်ငန်းမှာ ဘယ် License အပိုင်းကိုအဓိကစစ်သင့်တယ်ထင်လဲ ?
Policy အပြောင်းအလဲ တွေကြားထဲမှာ ကိုယ့်လုပ်ငန်းသေချာလည်ပတ်ဖို့တော့ သတိထားသင့်ပါပြီ။

.me

11/09/2026

October မှာ FATF က မြန်မာကို ပိုအရေးယူတော့မယ်ဆိုလို့
ဒေါ်လာတွေထုတ်ထားရမလား၊ အိမ်ခြံမြေရောင်းရမလား၊ ရွှေဝယ်ရမလား မေးလာကြပါတယ်။

အရင်ဆုံး သိထားရမှာက—

October ရောက်တာနဲ့ မြန်မာကို မြောက်ကိုရီးယားလို ကမ္ဘာ့ဘဏ်စနစ်ကနေ ဖြတ်ပစ်တော့မယ်ဆိုတာ မသေချာသေးပါဘူး။

ဒါပေမယ့် Risk မရှိတာလည်း မဟုတ်ပါဘူး။

အလွယ်ဆုံးကနေ စရှင်းပါမယ်။

FATF ဆိုတာ ဘာလဲ?

အလွယ်ပြောရရင် ကမ္ဘာ့ငွေကြေးစနစ်ထဲမှာ

ငွေမည်းခဝါချတာ၊
မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုကရတဲ့ငွေတွေ၊
အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ ငွေကြေးစီးဆင်းမှုတွေ

ကို နိုင်ငံတွေက သေချာထိန်းချုပ်ထားလား စောင့်ကြည့်တဲ့အဖွဲ့ပါ။

FATF ကိုယ်တိုင်က မြန်မာဘဏ်တစ်ခုကိုလာပြီး တံခါးပိတ်တာမျိုး မလုပ်ပါဘူး။

သူ့ရဲ့အားက ဘာလဲဆိုတော့—

ကမ္ဘာ့ဘဏ်တွေကို

“ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် Risk မြင့်တယ်၊ ပိုစစ်ပါ”

လို့ Signal ပေးနိုင်တာပါ။

ဒီ Signal က အရေးကြီးပါတယ်။

မြန်မာဟာ 2022 ကတည်းက FATF ရဲ့ High-Risk စာရင်းထဲမှာ ရှိနေပါတယ်။

ဒါကြောင့် မြန်မာနဲ့ဆိုင်တဲ့ နိုင်ငံတကာငွေလွှဲမှုတွေမှာ အခုတောင် အခက်အခဲတွေ ရှိနေပြီးသားပါ။

June 2026 မှာ FATF က မြန်မာဘက်က တိုးတက်မှုတချို့ရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ့် လုပ်စရာတွေ မပြီးသေးပါဘူး။

October 2026 အထိ နောက်ထပ်တိုးတက်မှုမရှိရင်

“Countermeasures”

လို့ခေါ်တဲ့ ပိုပြင်းထန်တဲ့ အရေးယူမှုတွေကို စဉ်းစားမယ်လို့ ပြောထားပါတယ်။

ဒီနေရာမှာ “စဉ်းစားမယ်” နဲ့ “ဆုံးဖြတ်ပြီးပြီ” ကို ခွဲဖို့ အရေးကြီးပါတယ်။

အခုအချိန်အထိ Countermeasures လုပ်မယ်လို့ အတည်ပြုပြီးသား မဟုတ်သေးပါဘူး။

October မှာ အကြမ်းဖျင်း ၃ လမ်း ဖြစ်နိုင်ပါတယ်။

၁။ လက်ရှိအတိုင်း ဆက်စောင့်ကြည့်မယ်။

“တိုးတက်မှုရှိတယ်၊ ဒါပေမယ့် မပြီးသေးဘူး၊ ဆက်လုပ်ပါ”

ဆိုပြီး အချိန်ထပ်ပေးနိုင်ပါတယ်။

ဒီလိုဖြစ်ရင် လက်ရှိအခြေအနေနဲ့ သိပ်မကွာပါဘူး။

၂။ Warning ပိုပြင်းလာနိုင်ပါတယ်။

မြန်မာကို ဆက်ပြီး High-Risk ထားမယ်။

နိုင်ငံခြားဘဏ်တွေကလည်း မြန်မာနဲ့ဆိုင်တဲ့ transaction တွေကို ပိုသတိထားလာနိုင်ပါတယ်။

၃။ အဆိုးဆုံးက Countermeasures တကယ်စတာပါ။

ဒါလည်း

“မနက်ဖြန်ကစပြီး မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်စနစ်နဲ့ လုံးဝအဆက်အသွယ်ပြတ်ပြီ”

လို့ အဓိပ္ပါယ်မရပါဘူး။

ဘာဖြစ်နိုင်လဲဆိုတာ ဥပမာနဲ့ပြောပါမယ်။

စင်ကာပူက ကုမ္ပဏီတစ်ခုကို မြန်မာကုမ္ပဏီတစ်ခုက USD 50,000 ပေးရမယ်ဆိုပါစို့။

အရင်က ဘဏ်က

ဘယ်သူပို့တာလဲ?
ဘာအတွက်လဲ?

လောက်ပဲ စစ်တယ်ဆိုရင်—

Risk ပိုမြင့်သွားတဲ့အခါ

ငွေဘယ်ကရလဲ?
ကုမ္ပဏီပိုင်ရှင်ဘယ်သူလဲ?
ကုန်ပစ္စည်းဘာလဲ?
Invoice ဘယ်မှာလဲ?
နောက်ဆုံးအကျိုးခံစားခွင့်ရှိသူ ဘယ်သူလဲ?

ဆိုတာအထိ ပိုစစ်နိုင်ပါတယ်။

စာရွက်စာတမ်းပြည့်စုံရင်တောင် ကြာနိုင်ပါတယ်။

Fees ပိုများနိုင်ပါတယ်။

တချို့ဘဏ်တွေကတော့

“Transaction တစ်ခုရဖို့ ဒီလောက်စစ်နေရတာ မတန်ဘူး”

ဆိုပြီး မြန်မာနဲ့ဆိုင်တဲ့ Business ကို လျှော့တာ၊ မလုပ်တော့တာ ဖြစ်နိုင်ပါတယ်။

အဲ့ဒီမှာ FATF က သာမန်လူနဲ့ စပြီးဆက်စပ်လာပါတယ်။

Banking ခက်
↓
နိုင်ငံခြားငွေပေးချေမှု ခက်
↓
Import/Export လုပ်ရတာ ပိုခက်
↓
ကုန်သည်ရဲ့ Cost တက်
↓
Risk Premium တက်
↓
နောက်ဆုံး ကုန်ဈေးနှုန်းထဲ ထည့်ရောင်း
↓
စားသုံးသူက ပေးရ

ဥပမာ ဆေးဝါး၊ စက်ပစ္စည်း၊ ကုန်ကြမ်းတစ်ခုကို တင်သွင်းဖို့ အရင်က 100 ကုန်တယ်ဆိုရင်—

Banking fee၊ ကြားခံ၊ exchange risk၊ payment risk တွေကြောင့် 110၊ 120 ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် FATF ပြဿနာက “ဘဏ်သမားတွေရဲ့ပြဿနာ” တစ်ခုတည်း မဟုတ်ပါဘူး။

နောက်ဆုံးမှာ ကုန်ဈေးနှုန်း၊ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေအထိ သက်ရောက်နိုင်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာလည်း အစွန်းနှစ်ဖက် မသွားဖို့လိုပါတယ်။

“ဘာမှမဖြစ်ဘူး” ဆိုတာလည်း မမှန်ပါဘူး။

“October ရောက်တာနဲ့ Export/Import အကုန်သေမယ်၊ Remittance လုံးဝပိတ်မယ်၊ မြန်မာက မြောက်ကိုရီးယားဖြစ်မယ်”

ဆိုတာလည်း လက်ရှိအချက်အလက်အရ ပြောလို့မရသေးပါဘူး။

အထူးသဖြင့် North Korea နဲ့ Myanmar ကို တန်းတူထားလို့ မရသေးပါဘူး။

North Korea ကို FATF က Countermeasures လုပ်ဖို့ တိတိကျကျ တောင်းဆိုထားပါတယ်။

Myanmar ကိုတော့ လက်ရှိမှာ Enhanced Due Diligence လုပ်ဖို့ တောင်းဆိုထားတာဖြစ်ပြီး October မှာ progress မရှိရင် Countermeasures ကို စဉ်းစားမယ်လို့ ပြောထားတာပါ။

အလွယ်ဆုံးပြောရရင်—

မြန်မာက အခု အန္တရာယ်ရှိတဲ့အခန်းထဲ ရောက်နေပြီးသားပါ။

ဒါပေမယ့် အခန်းတံခါးကို သော့ခတ်ပိတ်လိုက်တဲ့အဆင့်တော့ မရောက်သေးပါဘူး။

October က

“အခုအခန်းထဲမှာပဲ ဆက်ထားမလား”

“စည်းကမ်းပိုတင်းကြပ်မလား”

“နောက်တစ်ဆင့် အရေးယူမလား”

ဆုံးဖြတ်နိုင်တဲ့ အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။

ဒါကြောင့် အခုလုပ်သင့်တာက Panic မဟုတ်ပါဘူး။

အိမ်ရောင်း၊ မြေရောင်း၊ ရွှေအကုန်ဝယ်၊ ဒေါ်လာအကုန်ပြောင်းတာမျိုး မလုပ်ခင်—

October FATF statement တကယ်ထွက်လာတဲ့အခါ

“Countermeasures” ပါလာသလား?

ပါလာရင် ဘယ်လို Countermeasures လဲ?

ဘဏ်တွေ ဘယ်လိုတုံ့ပြန်လဲ?

International transfer နဲ့ Trade Finance တကယ်ဘယ်လောက်ထိ ထိခိုက်လာလဲ?

အဲ့ဒါတွေကြည့်ပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

Risk ကို လျှော့တွက်လို့ မရပါဘူး။

ဒါပေမယ့် Risk ကို Worst Case နဲ့လည်း တန်းတူမထားသင့်ပါဘူး။

သတင်းကြားပြီး ကြောက်တာထက်
ဘာဖြစ်နေလဲ နားလည်ပြီး ပြင်ဆင်ထားတာက ပိုအရေးကြီးပါတယ်။

10/09/2026

ထိုင်းမှာ နိုင်ငံခြားသား 100% ပိုင်တဲ့ ကုမ္ပဏီတွေ ဖွင့်ခွင့်ပေးတော့မလား?

ဒီရက်ပိုင်း စိတ်ဝင်စားစရာ အဆိုပြုချက်တစ်ခု ထွက်လာပါတယ်။

ထိုင်း Senator တစ်ဦးက—

နိုင်ငံခြားသားက လုပ်ငန်းအတွက် ငွေ 100% တကယ်ရင်းနှီးထားရင် ကုမ္ပဏီကိုလည်း 100% ပိုင်ခွင့်ပေးသင့်တယ်

လို့ အဆိုပြုထားတာပါ။

အရင်ဆုံး အရေးကြီးဆုံးတစ်ချက်—

အခု 100% ပိုင်ခွင့်ပေးလိုက်ပြီ မဟုတ်ပါဘူး။
ဥပဒေလည်း မပြောင်းသေးပါဘူး။

လက်ရှိမှာ အဆိုပြုချက်အဆင့်ပဲ ရှိပါသေးတယ်။

နောက်တစ်ခုက—

ထိုင်းမှာ ကုမ္ပဏီထောင်တိုင်း Thai 51% မဖြစ်မနေ ထည့်ရတာလည်း မဟုတ်ပါဘူး။

အဓိကက ကိုယ်လုပ်မယ့် Business Activity ဟာ Foreign Business Act အောက်မှာ ကန့်သတ်ထားတဲ့လုပ်ငန်း ဟုတ်/မဟုတ်ဆိုတာပါ။

ကန့်သတ်ထားတဲ့လုပ်ငန်းဖြစ်ပြီး Foreign Business License၊ BOI ဒါမှမဟုတ် တခြားတရားဝင်ခွင့်ပြုချက် မရှိရင် Foreign Ownership ကို ကန့်သတ်ခံရနိုင်ပါတယ်။

အဲဒီနေရာမှာ လူသိများတဲ့—

Thai 51% / Foreign 49%

Structure တွေ ဝင်လာပါတယ်။

ဒါပေမယ့် ပြဿနာက 51/49 ဖြစ်တာမဟုတ်ဘူး။

Thai 51% က တကယ်ပိုင်တာလား ဆိုတာပါ။

နိုင်ငံခြားသားက ငွေအကုန်ထည့်တယ်။

ထိုင်းလူမျိုးက နာမည်ပဲခံတယ်။

တကယ်ရင်းနှီးထားတာမရှိဘူး။

လုပ်ငန်းကိုလည်း နိုင်ငံခြားသားကပဲ ထိန်းချုပ်တယ်။

ဒီလိုဆိုရင် စာရွက်ပေါ်မှာ 51/49 မှန်နေလည်း Nominee Arrangement ဖြစ်နိုင်ပါတယ်။

အခု ထိုင်းဘက်က စစ်ဆေးလာတဲ့အခါလည်း ဒီအချက်တွေကို အဓိကကြည့်လာပါတယ်။

Thai Shareholder က တကယ်ရင်းနှီးနိုင်လား။

ငွေဘယ်ကလာလဲ။

ဝင်ငွေနဲ့ Bank Statement ကိုက်ညီလား။

Share Transfer၊ Director နဲ့ လက်မှတ်ထိုးခွင့်တွေ ဘယ်လိုပြောင်းထားလဲ။

စာရွက်ပေါ်က ပိုင်ရှင်ထက် တကယ်ငွေထည့်သူ၊ တကယ်ပိုင်သူ၊ တကယ်ထိန်းချုပ်သူ ဘယ်သူလဲဆိုတာ ပိုအရေးကြီးလာပါတယ်။

ဒီတော့ အခုထွက်လာတဲ့ အဆိုပြုချက်က စိတ်ဝင်စားစရာကောင်းပါတယ်။

Nominee မဖြစ်စေချင်ရင် Nominee သုံးဖို့လိုအောင် ဘာလို့ စနစ်ကိုထားမလဲ?

နိုင်ငံခြားသားက 100% တကယ်ရင်းနှီးတယ်ဆိုရင်—

Source of Fund စစ်။
တကယ်ရင်းနှီးထားတာ သက်သေပြခိုင်း။
Tax မှန်မှန်ကောက်။
ပြီးရင် 100% ပိုင်ခွင့်ပေးဖို့ စဉ်းစားသင့်တယ်

ဆိုတဲ့သဘောပါ။

တကယ်လို့ ဒီအဆိုက ဥပဒေအဖြစ် ပြောင်းလာရင် ဘာတွေဖြစ်လာနိုင်လဲ?

ပထမဆုံး—

နိုင်ငံခြားလုပ်ငန်းရှင်တွေအတွက် Thai Partner ရှာရတဲ့ Risk လျော့သွားနိုင်ပါတယ်။

ကိုယ်ငွေ 100% ထည့်ပြီး ကိုယ့်လုပ်ငန်းကို 49% ပဲ ပိုင်ရတဲ့ ပြဿနာတွေ လျော့နိုင်ပါတယ်။

ဒုတိယ—

Nominee Market တော်တော်ထိနိုင်ပါတယ်။

တရားဝင် 100% ပိုင်လို့ရရင် နာမည်ခံ Thai Shareholder ရှာဖို့ အကြောင်းပြချက်လည်း နည်းသွားနိုင်ပါတယ်။

တတိယ—

ထိုင်းကို Foreign Investment ပိုဝင်လာနိုင်ပါတယ်။

အထူးသဖြင့် SME၊ Digital Business၊ Consulting၊ Regional Service လုပ်ငန်းတွေအတွက် စိတ်ဝင်စားစရာ ပိုကောင်းလာနိုင်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း Risk ရှိပါတယ်။

100% ပိုင်ခွင့်ကို အလွန်ကျယ်ကျယ်ဖွင့်လိုက်ရင်—

ထိုင်း SME တွေနဲ့ ပြိုင်ဆိုင်မှု ပိုပြင်းလာနိုင်ပါတယ်။

Local Business တွေ၊ မြေယာနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေ၊ Strategic Industries တွေမှာ နိုင်ငံခြား Capital အားသာချက်ကြီးလာနိုင်လို့ ထိုင်းဘက်က ကန့်သတ်ချက်တွေ ဆက်ထားနိုင်ပါတယ်။

ဒါကြောင့် တကယ်ပြောင်းလာရင်တောင်—

နိုင်ငံခြားသားအားလုံး၊ လုပ်ငန်းအားလုံး 100%

ဆိုတာထက်

Minimum Investment သတ်မှတ်တာ၊
လုပ်ငန်းအမျိုးအစားခွဲတာ၊
Source of Fund စစ်တာ၊
တချို့ Strategic Sector တွေ ဆက်ကန့်သတ်ထားတာမျိုး ဖြစ်နိုင်ခြေပိုများပါတယ်။

အဲဒါကြောင့် ဒီအဆိုရဲ့ အဓိကအချက်က 100% Ownership တစ်ခုတည်း မဟုတ်ပါဘူး။

ထိုင်းက Foreign Investment လိုချင်တယ်။
တစ်ဖက်မှာ Foreign Ownership ကို ကန့်သတ်ထားတယ်။
အဲဒီကြားမှာ Nominee ပေါ်လာတယ်။
ပြီးတော့ Nominee ကို ပြန်စစ်ဆေးနေရတယ်။

ဒီအဆိုက အဲဒီစနစ်ကို ပြန်စဉ်းစားဖို့ ပြောလာတာပါ။

ဒါပေမယ့် ထပ်ပြောမယ်—

အခု ဥပဒေမပြောင်းသေးပါဘူး။

ထိုင်းမှာ လုပ်ငန်းစမယ့်သူက—

100% ပိုင်ခွင့်ရတော့မယ်

ဆိုပြီး မစောင့်သင့်ပါဘူး။

လက်ရှိဥပဒေအောက်မှာပဲ—

ငါလုပ်မယ့်လုပ်ငန်းကို နိုင်ငံခြားသားအနေနဲ့ ဘယ် Structure နဲ့ တရားဝင်လုပ်ခွင့်ရှိလဲ?

ကို အရင်စစ်သင့်ပါတယ်။

ကျွန်တော်သာ ရွေးရမယ်ဆိုရင်တော့—

Source of Fund ရှင်းပါ။
တကယ်ပိုင်သူ ဘယ်သူလဲ ရှင်းပါ။
Tax မှန်မှန်ဆောင်ပါ။
ပြီးရင် တကယ်ရင်းနှီးတဲ့သူကို တကယ်ပိုင်ခွင့်ပေးပါ။

Nominee ကို လိုက်ဖမ်းနေတာထက်—

Nominee သုံးစရာမလိုတဲ့ စနစ်ဆောက်တာ ပိုရှင်းပါတယ်။

ခင်ဗျားတို့ကရော—

Foreign Investment ပိုဝင်လာဖို့ 100% ပိုင်ခွင့် ပိုဖွင့်ပေးသင့်လား၊
Thai SME တွေကို ကာကွယ်ဖို့ Ownership ကန့်သတ်ချက် ဆက်ထားသင့်လား?

Address

No. 62, 2nd Floor, Thida Street, Kyimyindaing
Yangon

Telephone

+959976477823

Website

Alerts

Be the first to know and let us send you an email when migrate.me : Business Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to migrate.me : Business Consultancy:

Shortcuts

Share