CarePlus Protection with MYAT:Financial Advisor -AIA Myanmar

CarePlus Protection with MYAT:Financial Advisor -AIA Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CarePlus Protection with MYAT:Financial Advisor -AIA Myanmar, Insurance Agent, 22nd Floor, Junction City Tower, Bogyoke Aung San Road, Yangon.

08/08/2026
AIA Myanmar ရဲ့ အာမခံအကာအကွယ်ကို ရယူမယ်ဆိုရင် ဘာတွေမျှော်လင့်ထားလို့ရနိုင်မလဲ။မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အကာအကွယ်ကို ရ...
08/08/2026

AIA Myanmar ရဲ့ အာမခံအကာအကွယ်ကို ရယူမယ်ဆိုရင် ဘာတွေမျှော်လင့်ထားလို့ရနိုင်မလဲ။
မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အကာအကွယ်ကို ရရှိနိုင်ဖို့အတွက် AIA Myanmar ရဲ့ လိုင်စင်ရ ကျွမ်းကျင်ငွေကြေးအတိုင်ပင်ခံများက ပထမဦးစွာ အကြံပေး၊ ဆွေးနွေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာမေးခွန်းများကို တိကျမှန်ကန်စွာ ဖြေဆိုရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ပေါ်လစီအချက်အလက်များကို သေချာစွာ ဖတ်ရှုပြီးနောက် ပရီမီယံကြေးပေးသွင်းပြီးပြီဆိုရင်တော့ AIA Myanmar ရဲ့ တရားဝင်ပြေစာကို လက်ခံ၊ ရရှိသွားမှာပါ။

AIA Myanmar ရဲ့ Member များအနေနဲ့ ‌AIA+ မှာ ပေါ်လစီအကြောင်းအသေးစိတ်ကို ကြည့်ရှုနိုင်မဲ့အပြင် အကျိုးခံစားခွင့်တွေကိုလည်း အလွယ်တကူစီမံခန့်ခွဲနိုင်ပါတယ်။ ဒါ့အပြင် AIA+ နဲ့ AIA Myanmar ဝက်ဘ်ဆိုက်ဒ်တို့မှာ MPU ကတ်နဲ့ဖြစ်စေ၊ ချိတ်ဆက်ထားတဲ့ ဘဏ်များရဲ့ ငွေပေးချေမှု ပလက်ဖောင်းများကနေတစ်ဆင့်ဖြစ်စေ AIA Myanmar ရဲ့ တရားဝင် ငွေပေးချေမှုနည်းလမ်းများကတစ်ဆင့်သာ ပရီမီယံကြေး ပေးသွင်းရမှာ ဖြစ်ပါတယ်။

လွယ်ကူ၊ လျင်မြန်ပြီး လုံခြုံတဲ့ အာမခံအကာအကွယ်ရယူပုံ အဆင့်ဆင့်ကို သိရှိနိုင်စေဖို့ အခုလို မျှဝေပေးလိုက်ပါတယ်။ AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို လျှောက်လှမ်းကြပါစို့‌။

AIA+ အက်ပလီကေးရှင်း ဒေါင်းလုဒ်ပြုလုပ်ရန်
Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq

What can you expect when you choose insurance protection from AIA Myanmar?
AIA Myanmar's licensed Financial Advisors are ready to help you find the protection solution that best suits your needs. Simply answer the required health-related questions, review your policy details carefully, and complete your premium payment to receive an official receipt from AIA Myanmar.

As an AIA Myanmar member, you can conveniently view your policy details and manage your benefits through the AIA+ app. Premium payments should be made only through AIA Myanmar's official payment channels, including the AIA+ app, the AIA Myanmar website, or our partnered banks' payment platforms.

Getting protected with AIA Myanmar is simple, fast, and secure. Join us on the journey to Healthier, Longer, Better Lives.

Download the AIA+ App:
Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq

💊Pre-Hospital Specialist Consultation Benefit 💊ခွဲစိတ်ကုသမှု မပြုလုပ်ခင် ဆရာဝန်ပြဆေးစစ်ထားသော ကုန်ကျစရိတ် အကျိုးခံစားခွင...
31/07/2026

💊Pre-Hospital Specialist Consultation Benefit

💊ခွဲစိတ်ကုသမှု မပြုလုပ်ခင် ဆရာဝန်ပြဆေးစစ်ထားသော ကုန်ကျစရိတ် အကျိုးခံစားခွင့် Medical claim ပါ

🌻သိုင်းရွိုက်ဟော်မုန်းရောဂါအတွက် ဘန်ကောက်ဆေးရုံတွင် ခွဲစိတ်ကုသမှု မပြုလုပ်မီ ပင်လုံဆေးရုံမှ ဆရာဝန်ကြီးများနှင့် ပြသပြီး လိုအပ်သောစစ်ဆေးမှုများအတွက် ကုန်ကျစရိတ်ငွေ ကျပ် ၂၂၄၃၀၀၀/-အား member ၏ account ထဲသို့ရောက်ရှိအောင် ဆောင်ရွက်ပေးပါသော အား ကျေးဇူးအထူးပါရှင်

🌻သက်ရှည်ကျန်းမာ ကောင်းမွန်သောဘဝကို လူတိုင်းပိုင်ဆိုင်နိုင်ကြဖို့အတွက် နှင့် ယုံကြည်စွာ လက်တွဲကြပါစို့နော်

07/07/2026
09/04/2026

အာမခံအသိပညာပေးဟောပြောပွဲတစ်ခုမှာ “မြန်မာပြည်ကလူတွေက အာမခံဆို အရမ်းကြိုက်ကြတယ်ဗျ၊ အဲ့တာဟုတ်လား” လို့မေးတော့

ခေါင်းမငြိမ့်ကြဘူးဗျ
ဟုတ်တယ်လို့ပြောလိုက်ရင် တခါတည်းအာမခံထားသွားရမှာစိုးလို့ထင်တယ် 😄

မြန်မာပြည်ကလူတွေက တကယ်ကိုအာမခံကြိုက်တာဗျ
ကျွန်တော့်မိတ်ဆွေတစ်ယောက် Solar ဆင်တာ အတူလိုက်သွားကြည့်ပေးတော့ အပြီးအစီး သိန်း ၂၀၀ လောက်ကျတယ်ပေါ့ဗျာ
သူအရင်ဆုံးမေးတာက အာမခံဘယ်လောက်ပါလဲဆိုတာပဲ
ဆိုင်ကတော့ အာမခံ ၅ နှစ်ပါတယ်ပေါ့

တကယ်လို့များ Solar ဆင်ပေးမယ်၊ ၂၀% Discount ပေးမယ်၊ သိန်း ၁၆၀ ပဲကျမယ်၊ ဒါပေမယ့် အာမခံတော့မပေးဘူးဆိုရင် အဲ့မိတ်ဆွေက အာမခံ ၅ နှစ်ပါတာကိုမဝယ်ဘဲ Discount ပေးတာကိုရွေးမယ်ထင်လား?

အာမခံပါတာကိုပဲ စိတ်ချလက်ချရွေးပါလိမ့်မယ်

ဘာကြောင့်လဲဆိုတော့

၁။ တန်ဖိုးကြီးတဲ့အရာ
၂။ အစားထိုးရခက်တဲ့အရာ တွေမှာ

အာမခံဆိုတာ မရှိမဖြစ် ရှိထားဖို့လိုအပ်လို့ပါ

ဟုတ်တယ်မလား
ကလေး ဓာတ်ခဲအရုပ်ဝယ်တာကို အာမခံဘယ်နှနှစ်ပါလဲ ဘယ်သူကြည့်လို့လဲ

ဒါတွေကို မြန်မာပြည်ကလူတွေရဲ့စိတ်ထဲမှာ လက်ခံတယ်၊ သိကြတယ်

အဲ့တာကြောင့် Power Bank ကအစ၊ ကားအဆုံး အာမခံဘယ်နှနှစ်ပါလဲကြည့်ကြတာ

သိပ်ပြီး Aware မဖြစ်ကြသေးတာက

ဘဝမှာ တန်ဖိုးအကြီးဆုံးအရာ၊ အစားထိုးလို့မရတဲ့အရာက အသက်နဲ့ ကျန်းမာရေးဆိုတာကိုမေ့နေကြတာပဲ

အရာဝတ္ထု၊ ပစ္စည်းတွေမှာတော့ အာမခံပါတာရွေးပြီး၊ Discount ကိုမရွေးဘူး
ကိုယ့်ဘဝကိုကျတော့ Discount နဲ့နေနေကြတယ်

အဲ့ဒီတော့ မိတ်ဆွေက တန်ဖိုးကြီးတဲ့အရာ၊ အစားထိုးရခက်တဲ့အရာတွေမှာ အာမခံလိုအပ်တယ်ဆိုတာတော့သိနေပြီ

မိသားစုအတွက် တန်ဖိုးအကြီးဆုံးနဲ့ အစားထိုးလို့မရတဲ့ ကိုယ့်အသက်နဲ့ ကျန်းမာရေးအတွက် အာမခံထားဖို့ ခြေတစ်လှမ်းပဲလိုပါတယ်

ကိုယ့်ဘဝကို Discount နဲ့မနေချင်ပါနဲ့
အမြန်ဆုံးပဲ နီးစပ်ရာ Professional Life Advisor တွေနဲ့ တိုင်ပင်ပါ 😊

Dr. Phyo

09/04/2026

သင်ဟာ RUBY Member တစ်ဦးဖြစ်ပြီး သင့်ကလေးကို Tottenham Hotspur အသင်းက နိုင်ငံတကာနည်းပြတွေနဲ့ ဘောလုံးလေ့ကျင့်ပေးချင်ပါသလား။

အခုဆိုရင် AIA Myanmar ရဲ့ RUBY Member များအားလုံးဟာ Score With Spurs အစီအစဥ်မှာ ပါဝင်နိုင်‌မှာဖြစ်လို့ ဒီအခွင့်အရေးက သင့်ဆီရောက်ရှိနေပါပြီ။ ဒါ့အပြင် လေ့ကျင့်ရေးမှာ ထူးချွန်တဲ့ ကလေးတွေကို ရွေးချယ်ပြီး ထိုင်းနိုင်ငံ၊ Koh Samui မှာရှိတဲ့ AIA–Spurs Elite Football Camp မှာ ယခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ၅ ညအိပ် ၆ ရက်၊ ထပ်မံလေ့ကျင့်နိုင်မဲ့ အခွင့်အရေးလည်းရှိပါသေးတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ နေ့လယ် ၁၂း၀၀ နာရီ မတိုင်မီ စာရင်းပေးသွင်းနိုင်တာဖြစ်လို့ RUBY Member များရဲ့ သက်ဆိုင်ရာအီးမေးလ်မှာ ပေးပို့ထားတဲ့လင့်ခ်ကနေတစ်ဆင့် အချိန်မီ စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လူဦးရေအကန့်အသတ်ရှိတာကြောင့် ရွှေရောင်အခွင့်အရေးကို လက်လွှတ်မခံနဲ့နော်။

အသေးစိတ်ကို သိရှိဖို့ သက်ဆိုင်ရာ ငွေကြေးအတိုင်ပင်ခံထံ အခုပဲ ဆက်သွယ်လိုက်ပါ။
မျိုးဆက်သစ်များအတွက် အဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းကို အရယူရင်း AIA Myanmar နှင့်အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို လျှောက်လှမ်းကြပါစို့။
အစီအစဥ် စည်းမျဉ်း၊ စည်းကမ်းသိရှိလိုပါက - https://bit.ly/3MPx7br

Are you a RUBY Member who would like your child to receive football training from international coaches of Tottenham Hotspur?

Now is your chance! All AIA Myanmar RUBY Members are eligible to take part in the Score With Spurs programme, and this exciting opportunity is now available to you. In addition, children who demonstrate outstanding performance during the training will be selected for further advanced training at the AIA–Spurs Elite Football Camp in Koh Samui, Thailand, where they will enjoy a 5-night, 6-day training programme between September and November this year.

Registration is open until 12:00 PM on 20 April 2026. We warmly invite RUBY Members to register as fast as possible via the registration link from their email address. As places are limited, don’t miss out on this golden opportunity. For more details about the programme, please contact your respective Financial Advisor today.

Let’s seize this priceless opportunity for the next generation and, together with AIA Myanmar, move forward towards Healthier, Longer, Better Lives.
The full terms and conditions here - https://bit.ly/3PjE4Cc

09/04/2026

၂၀၂၀ တုန်းက ရွှေတစ်ကျပ်သား ၁၂ သိန်းလောက်
၂၀၂၆ မှာ ရွှေတစ်ကျပ်သား သိန်း ၁၀၀ ကျော်
တခြားအထွေထွေကုန်စျေးနှုန်းတွေလည်း စျေးအများကြီးတက်တယ်

၆ နှစ်အတွင်း စျေးမတက်တာက ကျန်းမာရေးအာမခံပဲရှိတယ်

၂၀၂၀ တုန်းကလည်း သိန်း ၄၀ နီးပါး ဆေးကုသစရိတ် Cover အတွက် ၁ သိန်းခွဲ ၂ သိန်းဝန်းကျင်ပဲ
၂၀၂၆ မှာလည်း သိန်း ၄၀ နီးပါး ဆေးကုသစရိတ် Cover အတွက် ၁ သိန်းခွဲ ၂ သိန်းဝန်းကျင်ပဲ

Cover ဖြစ်တဲ့ Amount မှမပြောင်းတာ စျေးကဘာလို့တက်စရာလိုလဲ မေးမလို့မဟုတ်လား 😄

ကုန်စျေးနှုန်းတက်ရင် ဆေးကုသစရိတ်တက်တယ်
ဆေးကုသစရိတ်တက်တော့ တစ်ခုခုဖြစ်ရင် Claim ပေးရတဲ့ Amount တက်မယ်ဗျ

ဥပမာ- ၂၀၂၀ တုန်းက ကျန်းမာရေးအာမခံထားထားတဲ့သူက အူအတက်ပေါက်လို့ ဆေးရုံတက်ရရင် ၁၀ သိန်းလောက်ပဲ Claim ပေးရနိုင်ချေရှိတယ်

ဒါပေမယ့် ၂၀၂၆ မှာ စျေးအတူတူ ကျန်းမာရေးအာမခံထားထားတဲ့သူက အူအတက်တစ်ခါပေါက်လို့ဆေးရုံတက်ရရင် သိန်း ၄၀ လောက်ကို Claim ပေးရနိုင်တယ်

ကျန်းမာရေးအာမခံရဲ့စျေးနှုန်းက တက်မလာပေမယ့် တစ်ခုခုဖြစ်ရင် Claim ပေးရနိုင်ခြေရှိတဲ့ Amount က တက်လာတယ်

အဲ့တာဆို Cost of Insurance တွေလည်းလိုက်တက်တယ်ဗျ

ဒါပေမယ့် မြန်မာပြည်တွင်းမှာရှိနေတဲ့ ကျန်းမာရေးအာမခံတွေရဲ့ စျေးနှုန်းက လုံးဝမတက်ခဲ့ပါဘူး
အဲ့တာကြောင့် ဒီအချိန်မှာ ကျန်းမာရေးအာမခံထားတာ အရမ်းတန်တယ်လို့ပြောချင်တယ်

Dr. Phyo

Address

22nd Floor, Junction City Tower, Bogyoke Aung San Road
Yangon

Website

Alerts

Be the first to know and let us send you an email when CarePlus Protection with MYAT:Financial Advisor -AIA Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share