Saine Insurance Advisor

Saine Insurance Advisor Your life is precious.
will protect your life. It's time to take life insurance.

**We're Not Looking for Everyone.**We're looking for individuals who believe they can achieve more than a fixed monthly ...
25/07/2026

**We're Not Looking for Everyone.**

We're looking for individuals who believe they can achieve more than a fixed monthly salary—people who want to build a career where their effort, consistency, and performance determine their success.

# # # **This opportunity may be right for you if you...**

✔ Enjoy meeting new people and building strong relationships.
✔ Have experience in sales, business development, customer service, or other client-facing roles.
✔ Are self-motivated and driven by performance-based rewards.
✔ Stay resilient, embrace challenges, and never give up after rejection.
✔ Are committed to continuous learning and long-term career growth.

# # # **What You'll Receive**

✅ Professional training and mentorship from experienced leaders.
✅ Company-sponsored Insurance Agent Licensing Training and Licensing Examination fees.
✅ Unlimited commission-based earning potential.
✅ Weekly and monthly performance incentives with attractive rewards.
✅ Year-round recognition and incentive campaigns.
✅ Opportunities to qualify for local and international incentive trips.
✅ A career path where your growth depends on your performance and ambition.

# # # **Who We're Looking For**

This opportunity is ideal for ambitious individuals who are willing to work hard, create real value for clients, and build a meaningful long-term career.

If you're ready to take on a new challenge, we'd love to hear from you.

# # # **How to Apply**

📧 **Email:** [email protected]
📱 **Viber:** +95 9759759381

*Only shortlisted candidates will be contacted.*

Manulife သည် Chubb Life Myanmar ၏ ပိုင်ဆိုင်မှုများနှင့် တာဝန်ဝတ္တရားများကို လွှဲပြောင်းရယူမည်Manulife Myanmar Life Insu...
23/07/2026

Manulife သည် Chubb Life Myanmar ၏ ပိုင်ဆိုင်မှုများနှင့် တာဝန်ဝတ္တရားများကို လွှဲပြောင်းရယူမည်

Manulife Myanmar Life Insurance သည် Chubb Life Insurance Myanmar Limited ၏ အသက်အာမခံလုပ်ငန်းလိုင်စင်ကို မိမိသဘောဆန္ဒဖြင့် ပြန်လည်အပ်နှံရန် ဆုံးဖြတ်ခဲ့သည့်နောက်၊ Chubb Life Myanmar ၏ ပိုင်ဆိုင်မှုများ (Assets) နှင့် တာဝန်ဝတ္တရားများ (Liabilities) ကို လွှဲပြောင်းရယူရန် ရွေးချယ်ခံထားရကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက လွှတ်တော်မေးခွန်းတစ်ရပ်အား ဖြေကြားရာတွင် ဖော်ပြထားသည်။

ဤဖြေကြားချက်မှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြတ်သဲဖြူက Chubb Life Myanmar ၏ အာမခံထားသူများအနေဖြင့် မိမိတို့၏ အာမခံအကျိုးခံစားခွင့်များကို မည်သို့ပြန်လည်ရရှိမည်၊ လုပ်ငန်းစဉ်အတွက် မျှော်မှန်းထားသော အချိန်ကာလ မည်မျှဖြစ်မည်၊ ထို့အပြင် Chubb Life Insurance Myanmar အပေါ် ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ရှိ၊ မရှိကို မေးမြန်းခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ပြောကြားချက်အရ Chubb Life Insurance Myanmar သည် ၎င်း၏ လုပ်ငန်းလိုင်စင်ကို မိမိသဘောဆန္ဒဖြင့် ပြန်လည်အပ်နှံခဲ့ပြီး၊ ကျန်ရှိနေသော ပိုင်ဆိုင်မှုများနှင့် တာဝန်ဝတ္တရားများကို မြန်မာနိုင်ငံအတွင်း လိုင်စင်ရ အသက်အာမခံကုမ္ပဏီတစ်ခုထံ လွှဲပြောင်းရန် အဆိုပြုချက်ကိုလည်း တင်သွင်းခဲ့သည်။

ထို့နောက် ဘဏ္ဍာရေးကြီးကြပ်ရေးဌာန (Financial Regulatory Department)၊ Myanmar Insurance၊ မြန်မာနိုင်ငံအာမခံအသင်းနှင့် လိုင်စင်ရ အသက်အာမခံကုမ္ပဏီများ ပါဝင်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး Chubb Life Myanmar ၏ တာဝန်ဝတ္တရားများကို လက်ခံရယူလိုသော ကုမ္ပဏီကို ရွေးချယ်နိုင်ရန် Expression of Interest (EOI) တင်သွင်းရန် ဖိတ်ခေါ်ခဲ့သည်။

EOI လုပ်ငန်းစဉ်အရ Manulife Myanmar Life Insurance ကို လွှဲပြောင်းရယူမည့် ကုမ္ပဏီအဖြစ် ရွေးချယ်ခဲ့သည်။ လွှဲပြောင်းရေးလုပ်ငန်းစဉ်ကို ဧပြီလ ၃ ရက်နေ့မှ စတင်ကာ အများဆုံး ရက်သတ္တပတ် ၂၀ ခန့် ကြာမြင့်မည်ဟု သတ်မှတ်ထားသည်။

လွှဲပြောင်းရေးလုပ်ငန်းစဉ် ပြီးစီးသွားပြီးနောက်တွင် အာမခံထားသူများ၏ အကျိုးခံစားခွင့်တောင်းဆိုမှုများ (Claims) နှင့် အခြားသော တာဝန်ဝတ္တရားများကို သက်ဆိုင်ရာ အာမခံပေါ်လစီ၏ စည်းကမ်းသတ်မှတ်ချက်များနှင့် အာမခံအမျိုးအစားအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု အစိုးရက ပြောကြားထားသည်။

ထို့အပြင် Chubb Life Insurance Myanmar ၏ အာမခံလုပ်ငန်းလိုင်စင်ကို Insurance Business Law နှင့် ၎င်း၏ အကောင်အထည်ဖော်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း အစိုးရက ဆိုသည်။ ကုမ္ပဏီနှင့်သက်ဆိုင်သော နောက်ထပ်လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (Myanmar Companies Law) နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။

Chubb Life Insurance Myanmar သည် ဆွစ်ဇာလန်အခြေစိုက် Chubb Limited ၏ လက်အောက်ခံကုမ္ပဏီ (Subsidiary) တစ်ခုဖြစ်သည်။

Source: https://finance.frontiermyanmar.com/news/insurance/manulife-take-over-chubb-life-myanmar-assets-liabilities

Chubb Life Insurance Myanmar Company ၏ ပေးရန်ရှိ ရရန်ရှိတာဝန်များကို Manulife Myanmar Life Insurance Company သို့ လွှဲပြ...
24/06/2026

Chubb Life Insurance Myanmar Company ၏ ပေးရန်ရှိ ရရန်ရှိတာဝန်များကို Manulife Myanmar Life Insurance Company သို့ လွှဲပြောင်းပေးအပ်ထားကြောင်း လွှတ်တော်တွင်မေးမြန်းထားသည့်စာထွက်ပေါ်

Chubb Life Insurance Myanmar Company သည် ၁၇-၁၂-၂၀၂၅ ရက်နေ့တွေ လုပ်ငန်းလည်ပတ်မှုအားရပ်နား၍ လုပ်ငန်းလိုင်စင်ပြန်အပ်ပြီး ထွက်ခွာသွားခဲ့ပါသည်။ Chubb Life Insurance Myanmar Company တွင် လုပ်ကိုင်နေသူများ၊ Chubb Life Insurance Myanmar Company သို့ အာမခံပေးသွင်းသူများကို တစုံတရာ ထုတ်ပြန်ကြေညာခြင်းမရှိဘဲ လုပ်ငန်းလိုင်စင်ပြန်အပ်၍ ထွက်ခွာခဲ့သည်မှာ ၆လ ကျော်ကြာမြင့်ခဲ့ပါသည်။ ၆လ ကျော်ကြာမြင့်ပြီးမှ ယခုကဲ့သို့ စာထွက်ပေါ်လာခြင်းဖြစ်ပါသည်။

Credit: 😌

အာမခံကိုယ်စားလှယ် (Insurance Agent) အဖြစ်ကို ရက်တိုတိုဖြင့် ရောက်ရှိပြီး.. Customer နှင့် ပရီမီယံပမာဏအနည်းငယ်အတွက် အဆင်ပ...
03/02/2026

အာမခံကိုယ်စားလှယ် (Insurance Agent) အဖြစ်ကို ရက်တိုတိုဖြင့် ရောက်ရှိပြီး.. Customer နှင့် ပရီမီယံပမာဏအနည်းငယ်အတွက် အဆင်ပြေသလိုဖြေရှင်းထားရှိလိုက်သည့် အကြောင်းအရာတစ်ခုကို .. Facebook တွင် လတ်တလော သိရှိထားရပါသည်။

လက်တွေ့တွင်
ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းကို ကျော်လွန်ဆောင်ရွက်၍ မရသည့် .. သဘောတရားများ နားမလည်သောသူတစ်ဦး၏ တရားဝင်မှု ဘောင်ကျော်လွန်သောလုပ်ရပ်ဖြစ်ပြီး Professional များ၏ ရပ်တည်မှုကို ထိခိုက်စေသည့်အပြင်
FRD ၏ လုပ်ငန်းဝတ္တရားကို ပတ်သတ်နှောက်ယှက်မှုဖြင့် တိုင်တန်းခံရနိုင် အရေးယူနိုင်ပါသော ကိစ္စရပ်မျိုးဖြစ်ပါသောကြောင့် ..

*လက်ရှိပျံ့နှံ့နေသည့် လုပ်ငန်းအပ်နှံထွက်ခွာသွားသော Insurance Company ကြီးတစ်ခုမှ Agent တစ်ဦးသည် ၎င်း၏ပိုက်ဆံဖြင့် Customer ဆီကို မိမိသဘောဆန္ဒအလျောက် Refund ပေးထားပါသည့် လုပ်ရပ်ဖြစ်စဥ်* အပေါ် နားလည်မှုမလွဲကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

အာမခံကိုယ်စားလှယ်အလုပ်ဟာအလုပ်နဲ့ဘဝ တစ်ထပ်တည်းညှိဆောင်ရွက်ရတဲ့ အခွင့်အလမ်းတွေရှိသလို စိန်ခေါ်မှုများစွာနဲ့လည်း အမြဲယှဉ်တွ...
28/01/2026

အာမခံကိုယ်စားလှယ်အလုပ်ဟာ
အလုပ်နဲ့ဘဝ တစ်ထပ်တည်းညှိဆောင်ရွက်ရတဲ့ အခွင့်အလမ်းတွေရှိသလို စိန်ခေါ်မှုများစွာနဲ့လည်း အမြဲယှဉ်တွဲနေတဲ့အလုပ်တစ်ခုပါ။

အာမခံကိုယ်စားလှယ်များသည်
အာမခံအကာအကွယ်ရယူလိုသူ မိတ်ဆွေများအတွက်
ငွေကြေးစီမံခန့်ခွဲမှု၊ ကာကွယ်မှုနှင့် စိတ်အေးချမ်းသာမှုရရှိစေရန် ဆွေးနွေးအကြံပြုကာ ကူညီပံ့ပိုးပေးကြသူများ ဖြစ်ပါတယ်။

သို့သော် မမျှော်လင့်ထားသော အခြေအနေများကြောင့်
မကြာသေးမီက အာမခံကုမ္ပဏီတစ်ခု လုပ်ငန်းအပ်နှံပိတ်သိမ်းသည့် အခြေအနေ ဖြစ်ပေါ်ခဲ့ပြီး
အာမခံထားသူများအနေဖြင့်
ပရီမီယံငွေများ ပြန်လည်ထုတ်ယူရမည့် အခြေအနေကို ကြုံတွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံလို ခက်ခဲနေသည့် အခြေအနေတွင်
အာမခံအကာအကွယ်ကို ရယူတဲ့အခါ
Company ထက် အာမခံကိုယ်စားလှယ်အပေါ် ယုံကြည်မှုကို အခြေခံပြီးညဆွေမျိုး၊ မိတ်ဆွေ၊ လူမှုဆက်နွယ်မှုများဖြင့်
ဆုံးဖြတ်ကြသူများ အများအပြားရှိခဲ့ပါတယ်။

ဒါကြောင့် ယခုကဲ့သို့
Company ဘက်မှ လုပ်ငန်းရပ်စဲမှု ဖြစ်ပေါ်လာတဲ့အခါ
Agent နဲ့ Customer ကြား တည်ဆောက်လာခဲ့တဲ့ ယုံကြည်မှုတွေဟာ မမျှော်လင့်ဘဲ စိန်ခေါ်မှုကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

သို့ပေမယ့်
အာမခံကုမ္ပဏီနှင့် အစိုးရဌာနအဖွဲ့အစည်း (FRD) တို့က
အာမခံထားသူများ၏ အခွင့်အရေးကို ကာကွယ်ပြီး
ပရီမီယံငွေကြေးများ ပြန်လည်ပေးအပ်ခြင်း၊ ခုနှိမ်ခြင်းများ
ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေငြာထားပါတယ်။

လုပ်ငန်းစဉ်များကို စီစစ်ဆောင်ရွက်နေဆဲဖြစ်သော်လည်း
အချိန်ကာလ ကြာမြင့်နေတဲ့အတွက်အာမခံကိုယ်စားလှယ်များအနေဖြင့် စဉ်းစားရမယ့် မေးခွန်းတစ်ခုတော့ ရှိလာပါတယ်။

“ပရီမီယံပြန်ပေးသည့်လုပ်ငန်းများ အပြီးသတ်သည်အထိ
မိမိ၏ အာမခံကိုယ်စားလှယ် အလုပ်ကို ရပ်နားထားသင့်သလား?
ဒါမှမဟုတ် မိမိဘဝ ရှေ့ဆက်ရပ်တည်မှုအတွက်
အခြားကုမ္ပဏီသို့ ရွှေ့ပြောင်းပြီး ဆက်လက်လုပ်သင့်သလား?”

ဤစဉ်းစားချက်နောက်မှာ
Customer အတွက် တာဝန်ယူသိတတ်မှုနဲ့
ကိုယ်ပိုင် Career တိုးတက်မှု
နှစ်ဘက်စလုံး အရေးကြီးကြောင်းကို မြင်နိုင်ပါတယ်။

ဥပဒေသတ်မှတ်ချက်များအရ
ကုမ္ပဏီရပ်ဆိုင်းမှုနောက်ဆက်တွဲ ပေးချေမှုလုပ်ငန်းများကို
FRD နှင့် Liquidator တို့က တာဝန်ယူဆောင်ရွက်နေကြပြီး
Agent တစ်ယောက်အနေဖြင့်
တိုက်ရိုက်ထိန်းချုပ်နိုင်တဲ့ အခြေအနေမဟုတ်ပါဘူး။

ဒါကြောင့်
မိမိ၏ Career ကို ရပ်ဆိုင်းရန် မလိုအပ်ပါ။

Company ၏ liquidation process အတွင်း
အခြားကုမ္ပဏီသို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်းသည်
Agent တစ်ယောက်အတွက် လုပ်ရိုးလုပ်စဉ်လမ်းကြောင်းတစ်ရပ်ဖြစ်ပြီး
ယခင် Customer များအပေါ်ရှိ တာဝန်ယူသိတတ်မှုကို
မျက်ကွယ်ပြုခြင်း မဟုတ်ပါဘူး။

အရေးကြီးဆုံးက
မှန်ကန်တဲ့ သတင်းအချက်အလက်များကို ဆက်လက်ပေးအပ်ပြီး နားလည်အောင် ကူညီရှင်းပြနေနိုင်ခြင်းပါပဲ။

အာမခံကိုယ်စားလှယ်တစ်ယောက်၏ Professional ဖြစ်မှုဆိုတာ မိမိ၏ အကျင့်စာရိတ္တ၊ တာဝန်ယူသိတတ်မှု
နဲ့ ဆုံးဖြတ်ချက်ချမှတ်ပုံများအပေါ် မူတည်နေပါတယ်။

အဆုံးသတ်လိုသည်မှာ…

အာမခံကိုယ်စားလှယ်တစ်ယောက်အတွက်
အရေးကြီးဆုံးအရာက
“ဘယ်ကုမ္ပဏီနဲ့ လုပ်နေသလဲ” မဟုတ်ဘဲ
“ဘယ်လို Agent တစ်ယောက်အဖြစ် ရပ်တည်နေသလဲ” ဆိုတာပါပဲ။

ဒီအခြေအနေမှာ
မေးခွန်းတစ်ခုကို အတူစဉ်းစားကြည့်ချင်ပါတယ် —

မိမိတန်ဖိုးထားခဲ့သော Customer များ၏ ယုံကြည်မှုကို မပျက်စီးစေရန် Career ကို ခဏရပ်တန့်ထားခြင်းနဲ့
အခက်အခဲကြားမှပင် Professional ပီသစွာ
ရှေ့ဆက်တည်ဆောက်နေခြင်းတို့အနက်
ဘယ်လမ်းကြောင်းက Customer များအတွက် ပိုမိုစိတ်ချရစေပြီး
မိမိ၏ Career အတွက်လည်း သင့်လျော်နိုင်မလဲ? ဆိုတာပါပဲ ...






နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအခက်အခဲတွေကြားမှာ “တည်ငြိမ်တဲ့ Career” ဆိုတဲ့ အဓိပ္ပါယ်က ပိုပြီး နက်ရှိုင်းလာပါတယ်။ ဖွ...
26/01/2026

နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအခက်အခဲတွေကြားမှာ “တည်ငြိမ်တဲ့ Career” ဆိုတဲ့ အဓိပ္ပါယ်က ပိုပြီး နက်ရှိုင်းလာပါတယ်။ ဖွံ့ဖြိုးမှုဟန့်တားခံရပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ မတည်ငြိမ်တဲ့ မြန်မာနိုင်ငံလို အခြေအနေမှာ ခံနိုင်ရည်ရှိပြီး အဓိပ္ပါယ်ရှိတဲ့ Career တွေက ပိုမိုအရေးကြီးလာပါတယ်။

Insurance Agent Career က အဲ့ဒီလို Career တွေထဲက တစ်ခုပါ။

Life Insurance ဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ပါဘူး။ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြားမှာ မိသားစုတွေကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ လုံခြုံရေးစနစ်တစ်ခုပါ။ Agency Manager အဖြစ် တာဝန်ထမ်းဆောင်ရင်း Insurance Agent တွေဟာ ရောင်းချသူတွေထက်ပိုပြီး လူတွေကို အသိပညာပေးသူ၊ လမ်းညွှန်သူ၊ ယုံကြည်ရတဲ့ အကြံပေးသူများဖြစ်လာတာကို မြင်တွေ့ရပါတယ်။

စီးပွားရေးခက်ခဲလာတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းတွေ လျော့နည်းလာပေမယ့် Risk ဆိုတာတော့ မပျောက်သွားပါဘူး။ ဒါကြောင့် Insurance Career ဟာ ဆက်လက်လိုအပ်နေပါတယ်။ အရင်းအနှီးကြီးမလိုဘဲ ကိုယ်ပိုင်ဝင်ငွေတည်ဆောက်နိုင်ခြင်း၊ ဆက်သွယ်ပြောဆိုမှု၊ ခေါင်းဆောင်မှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို ဖွံ့ဖြိုးစေနိုင်တဲ့ Career ဖြစ်ပါတယ်။

ဒီ Career က ကိုယ်တိုင်အောင်မြင်မှုသာမက လူမှုအကျိုးပြုမှုကိုပါ ဖန်တီးပေးပါတယ်။ Insurance Agent တွေက ငွေကြေးအသိပညာ မြှင့်တင်ပေးပြီး မိသားစုတွေကို အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နိုင်အောင် ကူညီပေးကြပါတယ်။ Policy တစ်ခုချင်းစီဟာ ကျန်းမာရေး၊ အရေးပေါ်အခြေအနေတွေ၊ ပညာရေးလိုအပ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားမှုကို ကိုယ်စားပြုပါတယ်။

မသေချာမှုတွေများတဲ့ ကာလမှာ အလုပ်တစ်ခုသာမက လူတွေကို တည်ဆောက်ပေးပြီး လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တဲ့ Career တွေ လိုအပ်ပါတယ်။ Insurance Career က အဲ့ဒီလို Career တစ်ခုပါ။

English Below:

In times of political uncertainty and economic instability, the idea of a “stable career” takes on a new meaning. In Myanmar, where development is challenged and traditional job security is increasingly fragile, careers that are resilient, meaningful, and socially relevant matter more than ever.

The insurance agent career is one of those paths.

Life insurance is not a luxury — it is a protection mechanism. It exists to help families prepare for uncertainty, something our society is facing daily. As an Agency Manager, I have witnessed how insurance agents go beyond sales. They educate, guide, and support individuals who often have limited access to financial knowledge and long-term planning tools.

In difficult economic environments, job opportunities shrink, but risk does not disappear. This is why insurance remains relevant. The career offers flexibility, low entry barriers, and the ability to build sustainable income while developing leadership, communication, and problem-solving skills. It creates opportunities for young professionals, career switchers, and individuals rebuilding their lives during uncertain times.

The impact goes beyond personal success. Insurance agents contribute to financial literacy, promote responsibility, and help families protect their future. Each policy represents preparedness — for healthcare needs, emergencies, or education — and collectively, this strengthens communities.

The skills gained through an insurance career — empathy, resilience, financial awareness, and leadership — empower individuals to contribute positively not only within the industry, but also to society at large.

In uncertain times, we don’t just need jobs. We need careers that protect people, build capabilities, and create long-term value. Insurance is one of those careers.


လက်ရှိတွင် လုပ်ငန်းရပ်ဆိုင်းရန်ကြေငြာထားသော Insurance Company အခြေအနေနဲ့ပတ်သက်ပြီးCustomer များ စိုးရိမ်ပူပန်နေကြတာကိုAd...
22/01/2026

လက်ရှိတွင် လုပ်ငန်းရပ်ဆိုင်းရန်ကြေငြာထားသော
Insurance Company အခြေအနေနဲ့ပတ်သက်ပြီး
Customer များ စိုးရိမ်ပူပန်နေကြတာကို
Advisor တစ်ယောက်အနေနဲ့ အပြည့်အဝ နားလည်ပါတယ်။

ဒီဖြစ်စဉ်ဟာ Regulator နှင့် သက်ဆိုင်ရာဝန်ကြီးဌာနအဆင့်ဆင့်တွင် တရားဝင်စာရင်းဇယားများကို စိစစ်သုံးသပ်ကာ နည်းလမ်းတကျ စီမံဆောင်ရွက်နေဆဲလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။

Customer များ၏ အခွင့်အရေးများနှင့်အကျိုးအမြတ်များကိုအကောင်းဆုံး ကာကွယ်နိုင်ရန်အတွက်
စနစ်တကျ စီမံချက်များ ချမှတ်နေခြင်းဖြစ်သောကြောင့်
အချိန်အနည်းငယ်ယူရခြင်း ဖြစ်ပါတယ်။

တရားဝင်ကြေညာချက်များ သို့မဟုတ် ညွှန်ကြားချက်များ ထွက်ရှိလာပါက မှန်ကန်သေချာသည့် အချက်အလက်များကို
အမြန်ဆုံး မျှဝေပေးသွားပါမယ်။

စိုးရိမ်ပူပန်မှုများရှိပါက အမြဲ မေးမြန်းဆက်သွယ်နိုင်ပြီး
Advisor အနေနဲ့ အတတ်နိုင်ဆုံး တာဝန်ယူလက်တွဲပေးသွားပါမယ်။

* English Below 👇

As an insurance advisor, I fully understand the concerns and uncertainty that many customers are currently experiencing.

At present, this matter is undergoing a formal review and coordination process at the regulatory and relevant ministry levels, where policy data and related records are being carefully assessed in accordance with established procedures.

This process is intended to ensure that customers’ rights and interests are properly safeguarded, and therefore requires a certain amount of time to be handled systematically and responsibly.

Once any official announcements or regulatory directives are issued, accurate and verified information will be shared promptly.

If you have any concerns or questions, please feel free to reach out.
As an advisor, I remain committed to supporting you responsibly and transparently throughout this period.


- Saine Insurance Advisor

ကံကိုယုံပြီး ဆူးပုံမနင်းနဲ့ ကိုယ့်ကိုယ်ကို ယုံပြီး ကားကို မမောင်းနဲ့ .. ကားတစ်စီးပိုင်ဆိုင်ထားပြီးရင် အာမခံလည်း လိုအပ်ပါ...
17/01/2026

ကံကိုယုံပြီး ဆူးပုံမနင်းနဲ့

ကိုယ့်ကိုယ်ကို ယုံပြီး ကားကို မမောင်းနဲ့ ..
ကားတစ်စီးပိုင်ဆိုင်ထားပြီးရင်
အာမခံလည်း လိုအပ်ပါတယ် 🤍🚗


နောက်ဆို... အသက်အာမခံ ထားပါလို့ ချစ်မိတ်ဆွေ‌တို့ကို ပြောမယ့်အစား ... လယ်တီဆရာတော်ဘုရားကြီးရဲ့ တေးထပ်ပဲ ရွတ်ပြလိုက်တော့မယ...
30/11/2025

နောက်ဆို... အသက်အာမခံ ထားပါလို့ ချစ်မိတ်ဆွေ‌တို့ကို ပြောမယ့်အစား ...
လယ်တီဆရာတော်ဘုရားကြီးရဲ့ တေးထပ်ပဲ ရွတ်ပြလိုက်တော့မယ် ...

နိဗ္ဗာန်ရောက်အောင် လမ်းပြရတာနဲ့
အသက်အာမခံထားဖို့ ရှင်းပြရတာနဲ့ ... ခက်ခဲပုံ ဆင်တူတာမို့ ...

နေကောင်းတုန်း ကျန်းမာတုန်း .. ဝင်ငွေရှာဖွေနိုင်တုန်း ..
" ခွင့်သာခိုက်မှာ မလိုက်ချင်လျှင် " ........


Address

18F, Myanmar Centre Tower 2, 192 Kabar Aye Pagoda Road, Bahan Township
Yangon

Telephone

+959443005877

Website

Alerts

Be the first to know and let us send you an email when Saine Insurance Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Saine Insurance Advisor:

Shortcuts

Share