Life Insurance KMA 101 Plus

Life Insurance KMA 101 Plus Insurance Advisor

02/07/2024

IGCSE ကျောင်းသူကျောင်းသား/ မိဘတွေ အမေးများတဲ့ မေးခွန်းလေးပါ

Polytechnic က English as a Second Language (ESL) လက်ခံသလားဆိုတာလေးပါ

Stella ဒါနဲ့ပတ်သက်ပြီး အရင်ကလည်းတင်ဖူးပါတယ်

အခုပုံမှာပြထားသလိုပါဘဲ polytechnic ONLY accepts English as a First Language (EFL) ပါ

ESL ယူထားတဲ့သူတွေအနေနဲ့ EFL ပြန်ဖြေပြီးလျှောက်ရင် အကောင်းဆုံးပါ

ညီမလေး Amelia video မှာပြောသွားသလိုပါဘဲ EFL အမှတ်အများကြီးတောင်းခြင်းမရှိပါဘူး

The video 👉🏻 Singapore Polytechnic (Diploma in banking and finance) sharing by Amelia
https://youtu.be/fhTDj2_n3g0

နောက်ဆုံးမမှီတော့ဘူးဆိုရင်တော့ IELTS နဲ့ ကြိုးစားကြည့်လို့ရပါတယ် ကျောင်းကလက်ခံခြင်းလက်မခံခြင်းကတော့ အာမခံချက်မရှိပါဘူး တချို့ကျောင်းသားလေးတွေ ဝင်ခွင့်ရထားတာတော့ရှိပါတယ် So, you can give it a try

Admission period ကတော့ website မှာကြေညာထားခြင်းမရှိသေးပါဘူး page မှာကြေညာပေးသွားပါမယ်

All the best and achieve all your dream ✨

Telegram channel: https://t.me/StellainSingapore

Information sharing!!!
02/07/2024

Information sharing!!!

ဟိုနေ့က ညီမလေးတယောက် tuition fees loan and grant အကြောင်းလေးလာမေးလို့ ပြန်ရေးပေးတာပါ

ဒါကတော့ အသေးစိတ် ပြောပြထားတာလေးပါ

Tuition Grant and Tuition Loan (Polytechnics)
https://youtu.be/VD6yKfZPy9Q

အကျဉ်းချုပ်အနေနဲ့ကတော့

👉🏻tuition grant

ဒါကတော့လူတိုင်းရပါတယ် ကျောင်းဝင်ခွင့်ရပြီးတာနဲ့လူတိုင်းလျှောက်ပိုင်းခွင့်ရှိပါတယ် (All Singaporeans/ PR and international students)

PR and international students အနေနဲ့ Singapore မှာတော့ ၃ နှစ်အလုပ်ပြန်လုပ်ပေးရမှာပါ

အလုပ်မလုပ်ဘူးဆိုရင်တော့ tuition fees without tuition grant (SGD 20000++ per year) ပေးရမှာဖြစ်ပါတယ်

👉🏻tuition loan

ဒါကတော့ Singaporeans and PR လက်မှတ်ထိုးပေးမှာဘဏ်ကနေချေးလို့ရမှာပါ up to 75% ထိချေးလို့ရပါတယ် ကျောင်းတတ်နေတဲ့အချိန်မှာ zero interest rate ပါ full time diploma student ဖြစ်ရပါမယ်

ကျောင်းပြီးသွားမှ interest rate စရှိတာပါ ကျောင်းပြီးမှစပြီးပြန်ဆပ်လို့ရပါတယ်

Website မှာအသေးစိတ်ဖတ်ကြည့်လို့ရပါတယ်

https://www.dbs.com.sg/personal/loans/education-loans/tuition-fee-loan

All the best for studies and achieve your dream ✨

Telegram channel မ join ရသေးတဲ့သူတွေအတွက် join ထားလို့ရပါတယ်

၂ ခုလုံးမှာတခါတည်း update လုပ်ပေးပါတယ်✨

https://t.me/StellainSingapore

02/07/2024
27/06/2024

Copy and shared!!!

တလောက အာမခံအမေးအဖြေတစ်ခုမှာ မေးတာလေးတစ်ခု

" ဆရာ လူတိုင်း အာမခံထားဖို့ Marketing ဆင်းနေကြလို့ ဘယ်လိုရွှေးချယ်သင့်ပါသလဲ " တဲ့

ဖြေပေးလိုက်ပါတယ်

" ပထမ ဝယ်မဲ့ Product ချင်း ယှဥ်ပါ
တူနေရင်
ဒုတိယ ကုမ္ပဏီ image ကိုကြည့်ပါ
ထပ်ပြီးတူနေရင်တော့
တတိယ ဝန်ဆောင်မှုပေးမဲ့ Agent ကိုကြည့်ပါ " လို့ ဖြေပေးခဲ့ဖူးပါတယ်

ဒီနေ့ ကိုယ်တိုင်တွေ့ကြုံတာလေးတစ်ခု

မော်တော်ကား အာမခံမှာ
အာမခံထားသူ ဝယ်သူက ကားအာမခံ ထားလျင် မဝယ်မနေရ Compulsory သတ်မှတ်ထားတာရှိသလို မိမိသဘောအရ Optional အရ မိမိဆန္ဒအရ ဝယ်ချင်မှ ဝယ်လို့ ရတာတွေ ရှိနေရက်နဲ့
မဝယ်ချင်တာကို ဇွတ်တွေ မဝယ်မနေရ
Compulsory သတ်မှတ်တာတွေ့တော့
အံ့သွမိတာပါ 🙀

War Risk ဆိုတာ မဝယ်မနေရ မဟုတ်ပေမဲ့ ကုမ္ပဏီက ရောင်းချင်မှ ရောင်းတာ မပြောလိုပါ

ထို့အတူ Excess တို့ Betterment တို့ကိုလည်း မဝယ်မနေရမဟုတ်ပေမဲ့ ကုမ္ပဏီက မရောင်းတာ မဆန်းပါဘူး
ကုမ္ပဏီက သူတို့ စျေးကွက်နဲ့ Risk Management အရ ဆုံးဖြတ်ကြတာကိုး

ဒီနေ့ တွေ့မိတာကတော့ Betterment ကို
Customer က မဝယ်ချင်တာကို မဝယ်မနေရ Compulsory သတ်မှတ်တယ်ဆိုတော့ အတော်လေး အံ့သြမိသလို

အာမခံရဲ့ အနှစ်သာရတွေ ပျောက်ကုန်တယ်လို့ ဆိုရမလိုပါပဲ🙀🙀

ဒါကြောင့် ဘယ်နေရာမှာ ဘယ်သူနဲ့ ဘယ်ကုမ္ပဏီကို ရွှေးချယ်သင့်သလဲဆိုရင် အထက်က အမေးကိုဖြေတာလေးနဲ့ပဲ ဆုံးဖြတ်ရပါဦးမယ် 👍

Credit to

အာမခံဆိုတာ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကြောင့် ငွေကြေးဆိုင်ရာ ပူပန်မှုတွေ မရှိစေဖို့ အကာအကွယ်ဖြစ်သလို ရင်းနှီးမြှုပ်နှံမ...
16/05/2024

အာမခံဆိုတာ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကြောင့် ငွေကြေးဆိုင်ရာ ပူပန်မှုတွေ မရှိစေဖို့ အကာအကွယ်ဖြစ်သလို ရင်းနှီးမြှုပ်နှံမှု တစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ပေးသွင်းရမယ့်ပမာဏ၊ ကိုယ်နဲ့ကိုက်ညီတဲ့ အာမခံအမျိုးအစားကို ရွေးချယ်နိုင်ဖို့ အခုပဲ Manulife ကို ဆက်သွယ်လိုက်ပါနော်။

Manulife အာမခံအမျိုးအစားတွေကို အသေးစိတ် သိချင်ရင်တော့ ဒီလင့်မှာ (https://bit.ly/3PPmuUL) ကြည့်နိုင်ပါတယ်။

Insurance is an investment as well as protection against financial worries due to unexpected events. Contact Manulife now to choose the types of insurance that suits you and also fits your budget.

Visit this link (https://bit.ly/3rmXF94) for more Manulife product details.

04/05/2024

❝ #သေဒဏ်ပေးခံရတဲ့ဘဏ်သူဌေးလူလိမ်❞
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးထဲမှာပါတဲ့ ဗီယက်နမ်အမျိုးသမီး ထျုံမီလန်း (Trương Mỹ Lan) ကို မနေ့က ဧပြီလ ၁၁ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

သူနာမည်က မြန်မာလိုပီသအောင်ရေးပြဖို့ခက်လို့ Trương Mỹ Lan လို့ပဲဆက်ရေးပါမယ်။

Trương Mỹ Lan လက်ချက်နဲ့ ဗီယက်နမ်ပြည်သူတွေရဲ့ ဘဏ်အပ်ငွေ ဒေါ်လာ (၄၄) ဘီလျံလောက်နစ်နာဆုံးရှုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

၂၀၂၂ အောက်တိုဘာလမှာ သူမဟာ Sai Gon Joint Stock Commercial Bank (ဆိုင်ဂုံအစုစပ်စတော့ကော်မာရှယ်ဘဏ်) ကနေ အမေရိကန်ဒေါ်လာ (၁၂•၅) ဘီလျံဖိုးကျော် ချေးငွေတွေကို မသမာတဲ့နည်းနဲ့ လိမ်လည်ထုတ်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

တကယ်တမ်းပြောရင် ဒီနည်းက အလွယ်ဆုံးနည်းပါ။ သူက ဗီယက်နမ်ရဲ့အကြီးဆုံးဘဏ်ကြီးတစ်ခုရဲ့ ဥက္ကဋ္ဌကြီးဆိုတော့ သူ့ဘဏ်ထဲ ပြည်သူတွေအပ်ထားတဲ့ငွေတွေကို သူ့လုပ်ငန်းထဲရောက်အောင် မသမာတဲ့နည်းနဲ့လုပ်လိုက်တာပေါ့။

ဒါဟာ (သူ့ထက်ပြည်သူ့ငွေကို လိမ်ထားတဲ့သူမပေါ်သေးမချင်း) အရှေ့တောင်အာရှမှာ အကြီးဆုံးဘဏ်အပ်ငွေကို လိမ်လည်မှုကြီးပါ။

မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်လိမ်တာက ယူရိုငွေ (၄•၁) ဘီလျံရှိပါတယ်။

အစကတော့ ရိုးတိုးရိပ်တိပ်သတင်းတွေထွက်နေပေမဲ့ ဘယ်သူမှ ဗီယက်နမ်ရဲ့အကြီးဆုံးဘဏ်ကြီးတစ်ခုမှာ အခုလိုပြဿနာရုတ်တရက်ကြီးထပေါ်လိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ။

လူတွေက SCB ဘဏ်မှာပဲငွေအပ်ကြ၊ SCB ဘဏ်ကပဲငွေပေးငွေယူ ငွေလွှဲမှုတွေလုပ်ကြတာပေါ့။

အဲ ၂၀၂၂ အောက်တိုဘာလ ၆ ရက်နေ့၊ ၉ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ SCB ဘဏ်အရာရှိ (၃) ယောက် ဆက်တိုက်ဆူဆိုက်လုပ်ကုန်ကြရာကနေ လူတွေက ဘဏ်ကငွေပြေးထုတ်မှု (Bank Run) ထဖြစ်တော့တာပဲ။

ဗီယက်နမ်အစိုးရက ဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါမှာ Trương Mỹ Lan ဟာ အမေရိကန်ဒေါ်လာ (၁၂•၅) ဘီလျံကျော်ဖိုး fake loan (ဘဏ်ကနေတရားမဝင်ချေးယူမှု) တွေဖန်တီးပြီး ပြည်သူ့ငွေတွေကို သူ့ငွေအဖြစ်ရယူထားတယ်ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။

SCB ဘဏ်ရဲ့ ဥက္ကဋ္ဌကြီးလည်းဖြစ်သလို ဘဏ်ရဲ့အစုရှယ်ယာ (၉၀) ရာနှုန်းကျော်ဟာ သူပိုင်တယ်ဆိုပေမဲ့ ဘဏ်အပ်ငွေတွေကတော့ ပြည်သူလူထုရဲ့အပ်ငွေတွေပါပဲ။

ဗီယက်နမ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး Nguyễn Phú Trọng က လာဘ်စားမှုတိုက်ဖျက်ရေးမှာ နာမည်ကြီးသူဖြစ်ပါတယ်။

Trương Mỹ Lan ဟာ သူ့တူမ Trương Huệ Vân ကို မွေးကတည်းက သားသမီးလို အိမ်မှာအတူနေပြီး မွေးစားထားတာပါ။

အသက် (၃၄) နှစ်ရှိ Trương Huệ Vân က Trương Mỹ Lan ရဲ့ အိမ်ခြံမြေလုပ်ငန်းစုကြီးရဲ့ CEO ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ စုဆောင်းအပ်ထားငွေတွေကို ခိုးယူမှုမပေါ်ပေါက်ခင်တုန်းကတော့ သူတို့တူအရီးဟာ ဗီယက်နမ်မှာ လျှမ်းလျှမ်းတောက်အမျိုးသမီးတွေဖြစ်ပါတယ်။

သမ္မတတွေနဲ့ တွဲရိုက်လိုက်၊ ဟိုအလှူအတန်းမှာပါလိုက်၊ ဒီအလှူအတန်းမှာပါလိုက်နဲ့ သူတို့က ဗီယက်နမ်ရဲ့ထိပ်သီး VIP တွေဖြစ်ခဲ့ကြတာပါ။

၂၀၂၄ ဒီနှစ်မတ်လထဲမှာ တူမဖြစ်သူ Trương Huệ Vân က Trương Mỹ Lan အရှုပ်တော်ပုံကို ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

သူ့တူမက SCB ကော်မာရှယ်ဘဏ်ကြီးထံမှာ ပြည်သူလူထုအပ်ထားတဲ့ ဒေါ်လာ ဘီလျံများစွာကို ကုမ္ပဏီအစစ် (၄) ခုနဲ့ ကုမ္ပဏီအတု (၅၂) ခုပြုလုပ်ပြီး အကြီးအကျယ်ဘဏ်ချေးငွေပေါင်း (၁၅၅) ခုပြုလုပ်ထားကြောင်း ဝန်ခံခဲ့ပါတယ်။

အသက် (၆၇) နှစ်ရှိ ဘဏ်နဲ့အိမ်ခြံမြေသူဌေးကြီး Trương Mỹ Lan ရဲ့လိမ်လည်မှုကြီးမှာ သူမရဲ့ယောက်ျား၊ သူမရဲ့တူမ၊ သူမရဲ့မြေးမလေးအပြင် - SCB ဘဏ်ကြီးရဲ့ အရာရှိပေါင်း (၄၅) ယောက်၊ ဗီယက်နမ်အစိုးရဘဏ်အရာရှိ (၁၅) ယောက်၊ အစိုးရစုံစမ်းစစ်ဆေးရေးအရာရှိ (၃) ယောက်၊ အစိုးရစစရင်းစစ်ချုပ်ရုံးမှ အရာရှိ (၁) ယောက်အပါအဝင် လူပေါင်း (၈၂) ယောက်ပါတရားစွဲခံထားရပါတယ်။

အဲ့ဒီအထဲမှာ SCB ဘဏ်ရဲ့ ထိပ်တန်းအရာရှိ (၅) ယောက်က အခုထက်ထိထွက်ပြေးတိမ်းရှောင်နေပါတယ်။

အခုလိုမျိုးဒေါ်လာ ဘီလျံပေါင်းများစွာလိမ်လည်ရယူမှုဟာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ် (၄) နှစ်တာကာလအတွင်းမှာ ဖြစ်ခဲ့တာပါ။

၄ နှစ်တာကာလအတွင်းလေးမှာ ပြည်သူလူထုရဲ့ငွေ ဒေါ်လာ (၄၄) ဘီလျံလောက်ကို တရားမဝင်နည်းနဲ့ ရယူသွားခဲ့တာလို့ သတင်းတွေမှာ ဖတ်ရပါတယ်။

၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ တရားမဝင်ဘွန်းစာချုပ်ပေါင်းများစွာကို အမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ရောင်းစားခဲ့သေးတယ်လို့ ဆိုပါတယ်။

သူမရဲ့ အိမ်ခြံမြေအင်ပါယာက ဗီယက်နမ်သာမက ဟောင်ကောင်၊ စင်ကာပူအထိကျယ်ပြန့်တယ်လို့ ဆိုပါတယ်။

ဗီယက်နမ်အစိုးရက သူမကို ​ဒေါ်လာ (၂၇) ဘီလျံပြန်ပေးဖို့ အမိန့်ချခဲ့ပေမဲ့ ငွေအတော်များများက ပြန်ရမယ့်လမ်းမပြင်ပါ။

လောလောဆယ် သူမပိုင်ဆိုင်တဲ့ အိမ်ခြံမြေ (၁၀၀၀) ကျော်ကို သိမ်းဆည်းထားတယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။

Trương Mỹ Lan ဟာ ဆိုင်ဂုံမြို့ကြီးရဲ့ တရုတ်တန်းရပ်ကွက်မှာ မွေးဖွားခဲ့တဲ့ ဗီယက်နမ်တရုတ်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။

အစကတော့ ဈေးထဲမှာသူမအမေနဲ့အတူ မိတ်ကပ်နဲ့ ဆံပင်အလှပြင်ပစ္စည်းတွေရောင်းပါတယ်။

ဗီယက်နမ်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့တဲ့ ၁၉၉၀ ကျော်ကာလတွေမှာ သူမဟာအိမ်ခြံမြေပွဲစားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီကနေပြီးတော့ ကွန်ဒိုတွေ၊ ဟော်တယ်တွေ၊ ရှော့ပင်းစန်တာတွေ ပိုင်ဆိုင်တဲ့အထိကြီးပွားလာခဲ့ပါတယ်။

၂၀၁၁ မှာ ဒေဝါလီခံရခါနီး ဘဏ် (၃) ဘဏ်ကို ပူးပေါင်းပြီး SCB ကော်မာရှယ်ဘဏ်အဖြစ် ၂၀၁၂ မှာထူထောင်ခဲ့ချိန်ကစလို့ Trương Mỹ Lan ဟာ အဲ့ဒီဘဏ်ကိုထိန်းချုပ်ကိုင်တွယ်သူဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကနေပြီးတော့ ပြည်သူလူထုယုံကြည်စွာအပ်နှံထားတဲ့ငွေတွေကို အလွဲသုံးစားလုပ်ခဲ့လို့ အခုလို သေဒဏ်အပြစ်ပေးခံရတာဖြစ်ပါတယ်။

တချိန်မှာလူတွေအားကျရတဲ့ မျက်နှာဖုံးဘီလျံနာသူဌေးကြီးဖြစ်နေပေမဲ့ နောက်ကွယ်မှာ ပြည်သူ့ငွေလိမ်ယူထားတဲ့ လူလိမ်အကြီးစားအဖြစ်ပေါ်ပေါက်သွားတဲ့အခါမှာ သေဒဏ်အပေးခံရတာဖြစ်ပါတယ်။

Richard Myo Thant
12-April -2024

Manulife ရဲ့ “ပြုံးပျော်သုံး” အစီအစဉ်နဲ့ဆို အသက်အာမခံဝယ်ယူထားသူတိုင်း ကိုယ့်ကျန်းမာရေးအတွက် ပြင်ဆင်တဲ့အခါ အထူးခံစားခွင့်...
09/04/2024

Manulife ရဲ့ “ပြုံးပျော်သုံး” အစီအစဉ်နဲ့ဆို အသက်အာမခံဝယ်ယူထားသူတိုင်း ကိုယ့်ကျန်းမာရေးအတွက် ပြင်ဆင်တဲ့အခါ အထူးခံစားခွင့်တွေရှိနေတယ်နော်။
ဓာတ်ခွဲ စစ်ဆေးမှုတွေ လုပ်ရတော့မယ်၊ ကာကွယ်ဆေးထိုးဖို့ ရှိတယ်ဆိုရင် Manulife ရဲ့ အသက်အာမခံဝယ်ယူထားသူတွေအနေနဲ့ “ပြုံးပျော်သုံး” အစီအစဉ်နဲ့ ပန်းလှိုင် နိုင်ငံတကာ ဆေးရုံကြီးမှာ ၃၀% အထိ အထူးလျှော့စျေးတွေ ရနိုင်မှာဖြစ်ပြီး လိုအပ်ရင်လည်း အရေးပေါ်ကားကို အခမဲ့ခေါ်လို့ရနိုင်မယ့် ခံစားခွင့်တွေ ပေးနေပါပြီ။​

“ပြုံးပျော်သုံး” အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ သိချင်ရင်တော့ ဒီလင့်ခ် [https://bit.ly/3VwOjEu] မှတဆင့် ဝင်ကြည့်လို့ရသလို Manulife Myanmar ရဲ့ call center နံပါတ် 09 765 467 100 ကို ဆက်သွယ်မေးမြန်းလို့ရပါတယ်။​

Unlock exclusive privileges by prioritizing your health with our loyalty program, available to all policyholders. Enjoy up to a 30% discount on lab tests, vaccination packages, and receive complimentary ambulance services at Pun Hlaing Hospitals.​
For further information, you can visit this link [https://bit.ly/3VwOjEu] or reach out to Manulife Myanmar’s Call Center at 09765467100.

ကျန်းမာရေးအတွက်ပါ စိတ်ချရအောင် အသက်အာမခံအတွက်စိတ်ဝင်စားလို့ နားထောင်ချင်ရင် April 7, 2024 (1:00-3:00 pm)Park Royal Hotel...
04/04/2024

ကျန်းမာရေးအတွက်ပါ စိတ်ချရအောင်
အသက်အာမခံအတွက်

စိတ်ဝင်စားလို့ နားထောင်ချင်ရင်
April 7, 2024 (1:00-3:00 pm)
Park Royal Hotel, Yangon မှာပြုလုပ်မယ့်

My Health, My Career, My Future
“Life Insurance awareness seminar”

ပွဲလေးသို့တက်ရောက်နိုင်ပါကြောင်း
ကြိုတင်၍အသိပေးလိုက်ပါတယ်ရှင်

တက်ရောက်ချင်သူများ registration အတွက်
Messenger သို့လည်းဆက်သွယ်နိုင်ပါတယ်ရှင်!!!

(Snacks အစီအစဉ်လည်းပါပါမယ်)

အဆင်ပြေပါတယ်။ ​အမှားလုပ်မိရင်လည်း အဆင်ပြေတယ်။ သင်ခန်းစာယူပြီး ပြန်ပြင်ရမှာပေါ့။ ဒီနေ့ဟာ ကိုယ့်အတွက် ကံကောင်းတဲ့နေ့တစ်ရက်...
24/03/2024

အဆင်ပြေပါတယ်။ ​အမှားလုပ်မိရင်လည်း အဆင်ပြေတယ်။ သင်ခန်းစာယူပြီး ပြန်ပြင်ရမှာပေါ့။ ဒီနေ့ဟာ ကိုယ့်အတွက် ကံကောင်းတဲ့နေ့တစ်ရက် မဟုတ်လည်း အဆင်ပြေတယ်။ ကောင်းတာလေးတွေ တွေးပြီး ဖြတ်သန်းကြတာပေါ့။
အများနဲ့မတူလို့ ဝေဖန်ခံရရင်လည်း အဆင်ပြေပါတယ်။ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တန်ဖိုးထားရမှာပေါ့။ ​ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး အကောင်းမြင်စိတ်လေးထားလို့ နေ့စဉ်ဘဝကို ဖြတ်သန်းကြည့်လိုက်ရအောင်နော်။

It's fine. It's okay to make a mistake. You just have to learn the lesson and fix it. It’s alright if today is not a lucky day for you. Let’s just think of good things and move on.
It's okay to be criticized for being different. You have to value your own existence. Let's go through everyday life with self-love and positive attitude.

Manulife ဟာ John Hancock နာမည်နဲ့ အမေရိကန်နိုင်ငံမှာ အာမခံဝန်ဆောင်မှုတွေ ပေးနေပြီး ကမ္ဘာတစ်ဝန်းမှာတော့ Manulife နာမည်နဲ့...
16/03/2024

Manulife ဟာ John Hancock နာမည်နဲ့ အမေရိကန်နိုင်ငံမှာ အာမခံဝန်ဆောင်မှုတွေ ပေးနေပြီး ကမ္ဘာတစ်ဝန်းမှာတော့ Manulife နာမည်နဲ့ ဝန်ဆောင်မှု ပေးနေခဲ့တာဟာ အခုဆို (၁၃၇) နှစ် တိုင်ခဲ့ပါပြီ။ မိသားစုတွေရဲ့ နောင်ရေးမှာ ငွေကြေးဆိုင်ရာ ပူပန်မှုတွေ မရှိရအောင် ကာကွယ်ပေးဖို့ Manulife က အမြဲ အသင့်ရှိနေပါတယ်နော်။

Manulife has been providing insurance services in the United States under the name of John Hancock and has been offering services worldwide under the name of Manulife for 137 years. Manulife is always ready to protect families from financial worries in the future.

Address

Yangon
11191

Website

Alerts

Be the first to know and let us send you an email when Life Insurance KMA 101 Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share