Life Insurance by Khin Lay

Life Insurance by Khin Lay Insurance

အာမခံကို ဥာဏ်ရှိသလိုအသုံးချတတ်ရင် ​ပေါ်လစီပိုင်ရှင်အတွက် အမြတ်ချည်းပဲရှင်တနှစ်စာ အသက်အာမခံသွင်း​ငွေဟာ အခွန်တွက်ချက်တဲ့​န...
07/10/2023

အာမခံကို ဥာဏ်ရှိသလိုအသုံးချတတ်ရင်
​ပေါ်လစီပိုင်ရှင်အတွက် အမြတ်ချည်းပဲရှင်

တနှစ်စာ အသက်အာမခံသွင်း​ငွေဟာ အခွန်တွက်ချက်တဲ့​နေရာမှာ ထည့်သွင်းအသုံးပြုလို့ရပါတယ်..
👇👇👇
📝 Life Insurance (အသက်အာမခံ)ထားခြင်းနှင့်
ဝင်ငွေခွန် ကင်းလွတ်ခွင့် 🔖

အခွန်ထမ်းဆောင်နေရတဲ့မိဘပြည်သူများဝင်ငွေခွန်
ပေးဆောင်ရခြင်းအား လျော့နည်း သက်သာခွင့် အခွင့်အရေး📣

ဝင်ငွေခွန် ကင်းလွတ်ခွင့်သည် ကိုယ့် အသက်အာမခံထားထားသည့် တစ်နှစ်စာ Premium ကြေးပေါ် မူတည်၍ ကင်းလွတ်ခွင့်ရှိပါတယ်။

အာမခံထားရှိမှုနှင့်ပတ်သက်ပြီးအခွန်ကင်းလွတ်ခွင့်သက်သာခွင့်ပြုထားခြင်းနှင့်ပတ်သက်ပြီးဒွိဟဖြစ်နေခြင်းများပိုမိုသိရှိရှင်းလင်းနားလည်စေရန်တင်ပြပေး
အပ်ပါတယ်။

ဝင်ငွေခွန် ဥပဒေ ပုဒ်မ၆ ပုဒ်မခွဲ(ဂ)ပုဒ်မခွဲငယ်(၂)ပုဒ်မ
ခွဲငယ်စိတ်(ဂဂ)တွင်သက်သာခွင့်အနေဖြင့်

#အခွန်ထမ်းနှင့်အိမ်ထောင်ဖက်၏အသက်အာမခံအတွက်ပေးရသောပရီမီယံဟုပြဌာန်းပါရှိတဲ့အတွက်
တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများအား(လစာ၊သက်မွေး၊စီးပွါး၊အခြားရလမ်းမှဝင်ငွေ)ခေါင်းစဉ်များဖြင့်အခွန်စည်းကြပ်ရာတွင်သက်သာခွင့်များနုတ်ပယ်ပေးရာတွင် အခွန်ထမ်းနှင့်အိမ်ထောင်ဖက်၂ဦးလုံးက
#အသက်အာမခံထားရှိပါကဖြတ်တောက်ပေးသွင်းသည့်အသက်အာမခံပရီမီယံကိုနုတ်ပယ်ခွင့်ရမှာဖြစ်ပါတယ်။

#အသက်အာမခံမှအပဖြစ်သည့်အခြားအာမခံအမျိုးအစများသည်အခွန်စည်းကြပ်ရာတွင်သက်သာခွင့်အဖြစ်နုတ်ပယ်ခွင့်မရှိပါ၊ထို့အပြင်ကင်းလွတ်ခွင့်ရရှိမှုကိုလည်းဆက်လက်တင်ပြအပ်ပါသည်၊ဝင်ငွေခွန် ဥပဒေပုဒ်မ၅၊ပုဒ်မခွဲ(က)ပုဒ်မခွဲငယ်(၅)တွင်ကင်းလွတ်ခွင့်အနေဖြင့် #အာမခံပေါ်လစီအတွက်ထုတ်ပေး၍ရရှိငွေဟုပြဌာန်းပါရှိပါသဖြင့် နှစ်ပြည့်ပြီးသည့်အတွက်ပြန်လည်ထုတ်ယူရရှိသောအသက်အာမခံငွေသည်ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။

သို့ဖြစ်ပါ၍အခွန်စည်းကြပ်ရာတွင်သက်သာခွင့်အဖြစ်
အခွန်ထမ်းနှင့်အိမ်ထောက်ဖက်၂ဦးလုံးအတွက်အသက်အာမခံံအဖြစ်ပေးသွင်းငွေအားသက်သာခွင့်အဖြစ်နုတ်ပယ်ခွင့်ရရှိမည်ဖြစ်ပြီးနှစ်ပြည့်သဖြင့် အသက်
အာမခံငွေအား ပြန်လည်ထုတ်ယူရရှိပါကအခွန်ကင်းလွတ်ခွင့်ရရှိပါကြောင်းတစ်နည်းဆိုသော်ဝင်ငွေ
ရလမ်း စိစစ်မှုတွက်ထည့်သွင်းတင်ပြနိုင်ပါကြောင်းတင်ပြအပ်ပါသည်။



Credit to original writer 🙏

Address

No. 23/25, Phyar Pone Street
Yangon

Telephone

+959420108636

Website

Alerts

Be the first to know and let us send you an email when Life Insurance by Khin Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share