Mingalarbyuhar Welfare Organization

Mingalarbyuhar Welfare Organization The motto of MBWO is " Lending a helping hand for welfare "
မင်္ဂလာဗျူဟာ ပရ?

Mingalar Byuhar Welfare Organization (MBWO) is an additional branch of Mingalar Byuhar Association (MBA) which promotes the spread auspicious deeds and the development of nation, religion and dispensation.
မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့ သည် မင်္ဂလာတရားတော် ပြန့် ပွားရေးနှင့် အမျိုး၊ ဘာသာ၊ သာသနာထွန်းကားရေးတို့  အတွက် ဆောင်ရွက်နေသော မင်္ဂလာဗျူဟာ အသင်းချုပ်၏ တိုးချဲ့ ဖွဲ့ စည်းထားသည့် လူမှုရေးဆိုင်ရာ အဖွဲ့ တစ်ခု ဖြစ်ပါသည်။

14/09/2024

တာချီလိတ်မြို့တွင် ကန်စွန်းရွက် တစ်ကီလို ဘတ်(၁၅၀)နှုန်းဖြင့် ကုန်စိမ်းဈေးနှုန်း (၂)ဆကျော် မြင့်တက်လာ၍ တာဝန်ရှိသူများ ဖြေရှင်းပေးရန် လိုအပ်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရေဖုံးလွှမ်းမှုကြောင့် နယ်စပ်တံတားကနေ တဆင့် မယ်ဆိုင်ဘက်သွားရောက်ကာ ကုန်စိမ်းများကို သယ်ယူရန် အခက်အခဲများကြောင့် တာချီလိတ်မြို့တွင် ကုန်စိမ်းများ၏ ဈေးနှုန်းမှာ အဆမတန်မြှင့်တက်လာနေ၍ ဒေသအုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့တွင် ကန်စွန်းရွက် (၁)ကီလိုကို ထိုင်းဘတ်ငွေ (၁၀၀)ဘတ်မှ ဘတ်(၂၀၀)အထိ၊ မုန်ညင်း(၁)ကီလို (၁၈၀)ဘတ်၊ ခရမ်းချဉ်သီး(၁)ကီလို (၁၂၀)ဘတ်၊ နံနံပင် (၁)မစ် ဘတ်(၆၀)၊ ဂေါ်ဖီထုပ် (၁၀၀)ဘတ်၊ ရွှေဖရုံသီး (၃၀၀)ဘတ် စသည်ဖြင့် ကုန်စိမ်းဈေးနှုန်းများမှာ (၂)ဆ ကျော်အထိ မြှင့်တက်လာနေကြောင်း သိရသည်။

"အခုက ဒီဈေးနဲ့ ရနေတာတောင် ကံကောင်းတယ်ပြောရမလိုပဲ။ မနေ့ကဆို ကြက်ဥဒိုင်မှာ အလုအယက် ဝယ်နေကြတာ။ ကျွန်မတောင် နောက်တစ်ခေါက် ပြန်သွားတော့ မရတော့ဘူး။ နောက်ပြီး လျှပ်စစ်မီး မရကြတော့ မီးသွေးပဲ ဝယ်ကြရတာ။ မီးသွေးလဲ အထုပ်သေးသေးပဲ လိုသလောက် ဝယ်မရတော့ဘူး။ အရင်ကဆိုရင် မီးသွေးအိတ်အကြီးတွေ ကားနဲ့ရောင်းတာတောင် ဝယ်မယ့်သူမရှိဘူး။"ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။

ယခင် ပုံမှန်ကာလက ကန်စွန်းရွက် (၁)ကီလိုကို ဘတ်(၄၀)၊ မုန်ညင်း (၁)ကီလိုကို ဘတ်(၄၀)မှ ဘတ်(၅၀)အကြား၊ ခရမ်းချဉ်သီး (၁)ကီလိုလျှင် (၃၀)ဘတ်၊ နံနံပင် (၁)မစ်လျှင် (၁၀)ဘတ်သာရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အသားငါးများမှာ စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်စောပိုင်းကတည်းက ပြတ်လပ်နေကြောင်း သိရသည်။

"တာချီလိတ်မှာ ရေကြီးရေလျှံဖြစ်လို့ လက်ထဲ ငွေရှိရင်တောင် ဝယ်စားဖို့ မလွယ်တော့ဘူး။ ဈေးဘယ်လောက်ကြီးကြီး မဖြစ်မနေ ဝယ်ရတော့တာဆိုတော့ တော်တော်များများ ပြတ်လပ်နေပြီ။"ဟု အိမ်ရှင်မ တစ်ဦးက ပြောသည်။

လက်ရှိတွင် ကုန်စိမ်းဈေးနှုန်းများနှင့် ပတ်သတ်ပြီး တစ်ဈေးနှင့် တစ်ဈေး မတူကြဘဲ ဈေးနှုန်းအပြိုင်တက်နေသလို ဖြစ်နေကြောင်း အိမ်ရှင်မများက ဆိုသည်။

"မနေ့က ရိက္ခာြပတ်သွားလို့ ထွက်ဝယ်တာ။ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်။ ကန်စွန်းရွက် တစ်ကီလို ဘတ်(၂၀၀)တဲ့။ ငြုပ်သီးတစ်ကီလို ဘတ်(၆၀၀)၊ ခရမ်းချဉ်သီး တစ်ကီလို(၁၀၀)၊ ကြက်ဥတောင် ခါတိုင်း ဘတ်(၈၀) (၉၀)ကို အခု တစ်ကဒ် (၁၅၀)တဲ့"ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

လောင်းကစားလုပ်ငန်းများကလွဲ၍ မည်သည့်ထုတ်ကုန်မှ မရှိသည့် တာချီလိတ်မြို့သည် တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ ဆောက်လုပ်ရေး ပစ္စည်းများကို မှီခိုရသလို အသားငါးနှင့် ကုန်စိမ်းများကို မှီခိုနေရပြီး မယ်ဆိုင်ကနေ နေ့စဉ် တင်သွင်းကာ ပြန်လည်ရောင်းချနေကြရခြင်း ဖြစ်သည်။

"ဒီအတိုင်းသွားနေရင်တော့ ကုန်စိမ်းဈေးနှုန်းတွေက အဆမတန် တက်နေမှာ လတ်တလော တံတား(၁)ကနေ သယ်ဖို့ မလွယ်သေးရင် တံတား(၂)ကနေ ဆိုရင်ရော အဆင်ပြေမလားဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒေသခံ ပြည်သူတွေအတွက် အလေးထားစဉ်းစားပြီး ဆောင်ရွက်ပေးစေချင်တယ်။"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက အကြံပြုပြောဆိုသည်။

တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးများကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့၏ မွန်းလွဲပိုင်းချိန်ကနေ စပြီး ဖြတ်တောက်ချိန်မှစပြီး နောက်ပိုင်းတွင် တာချီလိတ်တစ်မြို့လုံး ဒေသအချင်းချင်းအပြင် အဝေးရောက်မိသားစုများနှင့်ပါ အဆက်အသွယ်ပြတ်တောက်သွားသည်အထိ ဆက်သွယ်ရေးလိုင်းများပါ ပြတ်တောက်သွားခဲ့ရသည်။

ယင်းသို့ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ချိန်တွင် အော်ရီဒူး ဖုန်းလိုင်းများသာ အဆင်ပြေ၍ အော်ရီဒူး ဖုန်းကတ်များမှာ တစ်ကတ်လျှင် ဘတ်(၄၀၀)အထိ တိုးမြှင့်ရောင်းချသူများ ရှိသလို ထိုင်းဖုန်းကတ်များလည်း ဘတ်(၅၀၀)အထိ တိုးမြှင့်ရောင်းချမှုများရှိကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/37442

ဝမ်းမြောက်စွာ သာဓုခေါ်ဆိုခြင်း။မင်္ဂလာဗျူ ဟာပရဟိတအဖွဲ့၏ (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံ တစ်ဝန်းမှ အသက် ရာကျော် ဘိုးဘွားပူဇော်...
25/05/2018

ဝမ်းမြောက်စွာ သာဓုခေါ်ဆိုခြင်း။
မင်္ဂလာဗျူ ဟာပရဟိတအဖွဲ့၏ (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံ တစ်ဝန်းမှ အသက် ရာကျော် ဘိုးဘွားပူဇော်ပွဲအတွက်
ဆရာဒေါက်တာတင်ထွန်းဦးနှင့်ဇနီး ဆရာမ ဒေါက်တာ ခင်မိုးမိုး မိသားစု Swe Sone Media Group က ကျပ်တစ်ဆယ်သိန်းတိတိကို (၁၃)ကြိမ်မြောက် သုတစွယ်စုံ စာပေဆုချီးမြှင့်ပွဲတွင် လှူဒါန်းမည်ဟု ပြောကြားခဲ့သကဲ့သို့ ရန်ကုန်မြို့၊ (၁၃)လမ်းနေ၊ မိခင်ကြီးအား အမှူးထား၍ အလှူ ရှင် ဦးမျိုးအောင်က ကျပ်ခုနစ်သိန်း လှူဒါန်းမည်ဖြစ်ကြောင်း အကြောင်းကြားလာမှုအတွက် အဖွဲ့အမှုဆောင်များက ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါသည်။ အခြားသော အလှူရှင် များကလည်း ဝိုင်းဝန်းလှူဒါန်းကြပါရန်နှင့် ဘိုးဘွားများ စာရင်းကို အချိန်မီတင်ပေးကြပါရန် နှိုးဆော်အပ်ပါသည်။
(ဦးမျိုးအောင်က ချောင်းဆုံမြို့နယ်မှ အသက် (၉၀)ကျော် ဘိုးဘွား (၈၈)ဦးသို့ လှူဒါန်းရန် အလှူငွေ ကျပ်တစ်ဆယ့် ခုနစ်သိန်း နှစ်သောင်းကိုလည်း လှူဒါန်းသွားပါသည်။)

25/05/2018

FB မိတ်ဆွေများ နှင့် ဓမ္မမိတ်ဆွေများ ခင်ဗျား။
မင်္ဂလာဗျူ ဟာအသင်းချုပ်၏ အဖွဲ့ငယ်တစ်ခုဖြစ်သော မင်္ဂလာဗျူ ဟာပရဟိတအဖွဲ့ ထူထောင်ခြင်း (၂၁)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတစ်ဝန်းမှ အသက် (၁၀၀)နှင့်အထက် ဘိုးဘွားများအား (၁၄)ကြိမ်မြောက် အသက် ရာကျော်ဘိုးဘွား ပူဇော်ပွဲကို လာမည့် (၂၃)ရက် ဇွန်လ ၂၀၁၈ (စနေနေ့) မွန်းလွဲ (၁)နာရီတွင် ရွှေတိဂုံ စေတီတော်၏အရှေ့ဘက်မုခ်နှင့် မြောက်ဘက်မုခ်အကြား၊ အာဇာနည်လမ်း၌ရှိသော “မင်္ဂလာဗျူ ဟာ အသင်းချုပ်” အဆောက်အအုံတွင် ကျင်းပရန် စီစဉ်ထားပါသည်။ ယမန်နှစ် (၂၀၁၇)ခုနှစ် ပူဇော်ပွဲတွင် အသက်ရာကျော် ဘိုးဘွား(၁၁၀)ဦးကို တစ်ဦးလျှင် ကျပ်ငါးသောင်း၊ ပူဇော်ပွဲသို့ ကြွရောက်သော ဘိုးဘွားများကို အဆိုပါ ပူဇော်ငွေအပြင် လှူ ဖွယ်ပစ္စည်းများနှင့် ခရီးစရိတ်အဖြစ် ကျပ်ငါးထောင်တို့ ထပ်မံ၍ ပူဇော်နိုင်ခဲ့ပါသည်။ ဓမ္မမိတ်ဆွေ များအနေဖြင့် ပူဇော်ပွဲသို့ ကြွရောက်ကာ ပူဇော်ပွဲတက် အသက်(၁၀၀)နှင့်အထက် ဘိုးဘွားများကို ကြည်ညိုကြပါ ရန်နှင့် အသက်ရာကျော် ဘိုးဘွားများအတွက် အလှူငွေနှင့် လှူ ဖွယ်ပစ္စည်း ထည့်ဝင် လှူ ဒါန်းကြစေလိုပါသည်။ လှူ ဒါန်းမှုကို မင်္ဂလာဗျူ ဟာပရဟိတအဖွဲ့၊ အာဇာနည်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လာရောက်၍လည်းကောင်း၊ ရုံးတာဝန်ခံ ဖုန်း၀၉၄၂၀၀၉၈၅၂၆သို့ ဆက်သွယ်၍
လည်းကောင်း၊ အဖွဲ့နာယက ဒေါက်တာဦးမင်းဆွေ ဖုန်း၀၉၅၀၀၃၁၁၇၊ အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်မျိုးဟန် ဖုန်း ၀၁၅၅၅၅၁၂၅၊ အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးမင်း ဖုန်း ၀၉၅၁၉၆၈၂၂၊ အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဦး ဖုန်း ၀၉၅၁၅၂၃၁၃၊ အဖွဲ့အတွင်းရေးမှူးဒေါ်ခင်လဲ့ဝင်း ဖုန်း ၀၉၇၃၀၂၁၃၆၈၊ တွဲဖက်အတွင်းရေးမှူး ဦးလှအုန်း ဖုန်း ၀၉၇၃၁၉၁၅၆၂ နှင့် အဖွဲ့အမှုဆောင်များနှင့် ဆက်သွယ်၍ လည်းကောင်း ပါဝင်လှူ ဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန် အကျိုး မျှော်၍ နှိုးဆော်လိုက်ပါသည်။
စာရင်း ပေးသွင်းလိုသော အသက်(၁၀၀)နှင့်အထက် ဘိုးဘွားများ ကျန်ရှိနေသေးပါက -
(၁) ဘိုးဘွား၏ ၄လက်မ၊ ၆လက်မ အရွယ် ဓာတ်ပုံ တစ်ပုံ၊
(၂) ဘိုးဘွား၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ တစ်စောင်၊
(၃) ဘိုးဘွား၏ သန်းခေါင်စာရင်း မိတ္တူ တစ်စောင်၊
(၄) ဘိုးဘွား အသက်ရှင် နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာ မူရင်း၊
(၅) ဘိုးဘွားနှင့် ပတ်သက်၍ ဤအဖွဲ့မှ ပြန်ကြား အကြောင်းကြားရမည့် ပုဂ္ဂ္ဂိုလ်၏ အမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်နှင့် တယ်လီဖုန်း နံပါတ်များကို ဖော်ပြကာ ဤအဖွဲ့သို့ (၁၅-၆-၂၀၁၈) (သောကြာနေ့) နောက်ဆုံးထားကာ အမြန် ဆက်သွယ်ကြ စေလိုပါသည်။
ဤနှိုးဆော်လွှာကို ဆက်လက်၍ Share ပေးခြင်းဖြင့် ကုသိုလ်ယူကြစေလိုပါသည်။ ဓမ္မမိတ်ဆွေများ၏ Share ပေးခြင်းဖြင့် ကန်တော့ခံမည့် ဘိုးဘွားများ တိုးပွားလာမည် ဖြစ်သကဲ့သို့ အသက်ရာကျော်ဘိုးဘွား ပူဇော်ပွဲသို့ ပါဝင် လှူ ဒါန်းကြမည့် အလှူရှင်များ များပြားမည်ဖြစ်ကာ၊ ပူဇော်ပွဲသို့ ကြွရောက်ပူဇော်သူ များပြားမည်ဟု ယုံကြည်မိပါသည်။
မင်္ဂလာဗျူ ဟာပရဟိတအဖွဲ့၏ (၁၄)ကြိမ်မြောက် အသက် ရာကျော်ဘိုးဘွား ပူဇော်ပွဲ ကျင်းပရန် (၂၈)ရက်သာ လိုပါ တော့သည်။
ဦးအောင်မျိုးမင်း
အဖွဲ့ ဒုတိယဥက္ကဋ္ဌ
၀၉၅၁၉၆၈၂၂

မင်္ဂလာဗျူဟာအသင်းချုပ် ပိဋကဗြူဟာ၉ကြိမ်မြောက်ဓမ္မစာဆိုတော်နေ့ဩဝါဒခံယူပွဲ ၁၂ - ၁၂-၂၀၁၆
12/12/2016

မင်္ဂလာဗျူဟာအသင်းချုပ် ပိဋကဗြူဟာ၉ကြိမ်မြောက်ဓမ္မစာဆို
တော်နေ့ဩဝါဒခံယူပွဲ ၁၂ - ၁၂-၂၀၁၆

20/08/2016

ရေဘေးဒုက္ခသည်များနှင့် ရေဘေးပြန်လည်ထူထောင်ရေး အတွက် မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့က စုပေါင်းအလှူငွေ ကျပ်သိန်းနှစ်ဆယ် လှူဒါန်းမည်ဖြစ်ပါ၍ အလှူငွေများအမြန်ဆုံး ထည့်ဝင်ကြပါလို့ နိဗ္ဗာန်� အကျိုးမျှော်လို နှိုးဆော်အပ်ပါသည်။

16/06/2016

ယနေ့ညနေ ရရှိစာရင်းမှာ စုစုပေါင်း ဘိုးဘွား ၁၁၄ဦး၊ ပွဲတက် ဘိုးဘွား ၂၂ဦးပါ။

10/06/2016

အဖွဲ့၏ ၁၂ကြိမ်မြောက် မြန်မာနိုင်ငံတစ်ဝန်းမှ အသက်ရာကျော်ဘိုးဘွားများပူဇော်ပွဲကို ၂၅.၆.၂၀၁၆(စနေနေ့) မွန်းလွဲ ၁နာရီမှာ မင်္ဂလာဗျူဟာအသင်းချုပ် ခန်းမ မှာ ကျင်းပပါမယ်။ ယခုနှစ်အကန်တော့ခံ ဘိုးဘွား၉၄ဦး စာရင်းရရှိထားပါတယ်။

၂၇.၆.၂၀၁၅ စနေနေ့. နေ့လယ် ၁နာရီ မှာ ၁၁ကြိမ်မြောက် အသက်ရာကျော် ဘိုးဘွားများ ပူဇော်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းမှ ဘိုးဘွား ၈...
03/07/2015

၂၇.၆.၂၀၁၅ စနေနေ့. နေ့လယ် ၁နာရီ မှာ ၁၁ကြိမ်မြောက် အသက်ရာကျော် ဘိုးဘွားများ ပူဇော်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းမှ ဘိုးဘွား ၈၆ဦးကို ပူဇော် ဖြစ်ခဲ့ပါတယ်။ ပူဇော်ပွဲ တက်ရန် ဘိုးဘွား ၁၄ဦးက စာရင်းပေးပြီး အမှန်တကယ် တွင် ၁၀ဦးသာ တက်ဖြစ်ပါတယ်။ တစ်ဦးကို ကျပ်ငါးသောင်းစီ၊ ပွဲတက်အတွက် ခရီးစရိတ် ထပ်ပံ့ပိုး ကျပ်ငါးထောင်စီ၊ လှူဘွယ်ပစ္စည်း အမျိုးမျိုး နှင့် ကန်တော့ပြီး၊ အကျွေးအမွေးများနှင့်ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။ ယခုနှစ် ပူဇော်ပွဲတွင် အသက်အကြီးဆုံး အဘွား ဒေါ်မြကြည်ကို အလှူရှင် ဦးမောင်မောင်နှင့် ဒေါ်ဥမ္မာစိုး မိသားစုက ထပ်မံ၍ ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့ပါသည်။ အလှူရှင်အားလုံး ကို ကျေးဇူးတင်ပါကြောင်းနှင့် ပူဇော်ပွဲ အတွက်လည်း အမျှ ဝေအပ်ပါသည်။ သာဓု သာဓု သာဓု။

ဒီက နေ့ မင်္ဂလာ ဗျူဟာ အသင်းချုပ်မှာ (၁၃၅)ကြိမ်မြောက် ဒါနဥပပါရမီ သွေး လှူဒါန်းပွဲ ကျင်းပရာ ကျန်းမာရေးဝန်ကြီဌာန ကျန်းမာရေးဥ...
22/02/2015

ဒီက နေ့ မင်္ဂလာ ဗျူဟာ အသင်းချုပ်မှာ (၁၃၅)ကြိမ်မြောက် ဒါနဥပပါရမီ သွေး လှူဒါန်းပွဲ ကျင်းပရာ ကျန်းမာရေးဝန်ကြီဌာန ကျန်းမာရေးဦးစီးဌာန ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အမျိုးသားသွေးဌာန သို့ စေတနာရှင် များ၏ စေတနာ သွေး (၄၆၀)ယူနစ် လှူဒါန်းနိုင ခဲ့ပါသည်။ အဆိုပါ သွေး လှူဒါန်း ပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန ဆေးသုတေ သနဦးစီးဌာန (အောက်မြန်မာပြည်)၏ နယ် လှည့် သွေးလှူဒါန်းကလည်း လာရောက် ကူညီပါသည်။ အားလုံးကို ကျေးဇူးပါပဲ

မ နေ့ က နေ့လယ် ၂း၃၀နာရီလောက်မှာဓမ္မယာန နဲ့ မဇ္ဈိမယာန ဆရာတော် ဦးဆောင်ပြီး ဒါယကာ ဒါယိကာမ များ က ပညာရေး ရန်ပုံငွေအတွက် ထပ်မံ...
06/07/2014

မ နေ့ က နေ့လယ် ၂း၃၀နာရီလောက်မှာဓမ္မယာန နဲ့ မဇ္ဈိမယာန ဆရာတော် ဦးဆောင်ပြီး ဒါယကာ ဒါယိကာမ များ က ပညာရေး ရန်ပုံငွေအတွက် ထပ်မံ၍ အလှူငွေ ကျပ် တစ်ဆယ့်လေးသိန်းတိတိလှူဒါန်းကို လက်ခံပြီး ဂုဏ်ပြုလွှာပြန် ပေးအပ်ပါတယ်။

28/06/2014

မင်္ဂလာဗျူဟာ ပရ ဟိတအဖွဲ့ကို likeလုပ်သူများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ အဖွဲ့ အမှုဆောင် များနဲ့ like လုပ်ကြသူများတစ်ချိန်မှာ ဆုံတွေ့ ကြဖို့ စီစဉ်ပါဦးမယ်။

16/06/2014

ဓမ္မမိတ်ဆွေများ ခင်ဗျား။
မင်္ဂလာဗျူဟာအသင်းချုပ်၏ အဖွဲ့ငယ်တစ်ခုဖြစ်သော မင်္ဂလာဗျူဟာပရဟိတအဖွဲ့ထူထောင်ခြင်း (၁၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၁၀)ကြိမ်မြောက် အသက်ရာကျော်ဘိုးဘွား ပူဇော်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းမှ အသက် (၁၀၀)နှင့်အထက် ဘိုးဘွားများအား လာမည့် (၂၁)ရက် ဇွန်လ ၂၀၁၄ (စနေနေ့) မွန်းလွဲ (၁)နာရီတွင် ရွှေတိဂုံ စေတီတော်၏ အရှေ့ဘက်မုခ်နှင့် မြောက်ဘက်မုခ်အကြား၊ အာဇာနည်လမ်း၌ ရှိသော “မင်္ဂလာဗျူဟာအသင်းချုပ်” အဆောက်အအုံတွင် ကျင်းပရန် စီစဉ်ထား ပါသည်။ ယမန်နှစ် ပူဇော်ပွဲတွင် အသက်ရာကျော် ဘိုးဘွား(၁၀၈)ဦးကို တစ်ဦးလျင် ကျပ်ငါးသောင်း၊ ပူဇော်ပွဲသို့ ကြွရောက်သော ဘိုးဘွားများ ကို အဆိုပါ ပူဇော်ငွေအပြင် လှူဖွယ်ပစ္စည်းများနှင့် ခရီးစရိတ် ကျပ်ငါးထောင်တို့ဖြင့် ပူဇော်နိုင်ခဲ့ပါသည်။ မိတ်ဆွေများအနေဖြင့် ပူဇော်ပွဲသို့ တက်ရောက် ပူဇော်ကြပါရန်နှင့် အသက်ရာကျော် ဘိုးဘွားများအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်း ထည့်ဝင် လှူဒါန်းလိုပါက မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့၊ အာဇာနည်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လာရောက်၍ လည်းကောင်း၊ ရုံးတာဝန်ခံ ဖုန်း၀၉၄၂၀၀၉၈၅၂၆သို့ ဆက်သွယ်၍ လည်းကောင်း၊ အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဦးမင်းဆွေ ဖုန်း၀၉၅၀၀၃၁၁၇၊ အဖွဲ့အတွင်းရေးမှူး ဒေါ်ခင်လဲ့ဝင်း ဖုန်း ၀၉၇၃၀၂၁၃၆၈ နှင့် အဖွဲ့အမှုဆောင်များနှင့် ဆက်သွယ်၍လည်းကောင်း ပါဝင် လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန် အကျိုး မျှော်၍ နှိုးဆော်လိုက်ပါသည်။ ယနေ့(၁၅-၆-၂၀၁၄)(တနင်္ဂနွေနေ့)အထိ ရရှိသော စာရင်းအရ ဘိုးဘွား (၁၀၇)ဦး စာရင်းရရှိ ထားပြီး ဘိုးဘွား(၂၂)ဦးက ပူဇော်ပွဲ ကြွရောက်မည်ဟု အကြောင်းကြားထား ပါသည်။
စာရင်း မပေးသွင်းရသေးသော အသက်(၁၀၀)နှင့်အထက် ဘိုးဘွားများ ကျန်ရှိနေသေးပါက -
(၁) ဘိုးဘွား၏ ၄လက်မ၊ ၆လက်မအရွယ် ဓာတ်ပုံ တစ်ပုံ၊ (၂) ဘိုးဘွား၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ တစ်စောင်၊ (၃) ဘိုးဘွား၏ သန်းခေါင်စာရင်းမိတ္တူတစ်စောင်၊ (၄) ဘိုးဘွားအသက်ရှင် နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ မူရင်း၊ (၅) ဘိုးဘွားနှင့် ပတ်သက်၍ ဤအဖွဲ့မှ ပြန်ကြားအကြောင်းကြားရမည့် ပုဂ္ဂ္ဂိုလ်၏ အမည်၊ နေရပ်လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် တယ်လီဖုန်းနံပါတ်များကို ဖော်ပြကာ ဤအဖွဲ့သို့ အမြန် ဆက်သွယ်ကြစေလိုပါသည်။
ဤနှိုးဆော်လွှာကို ဆက်လက်၍ Share လုပ်ပေးခြင်းဖြင့် ကုသိုလ်ယူကြ စေလိုပါသည်။ ထို့အပြင် အကန်တော့ခံမည့် ဘိုးဘွားများ တိုးပွားလာမည် ဖြစ်သကဲ့သို့ အသက်ရာကျော်ဘိုးဘွား ပူဇော်ပွဲသို့ ပါဝင် လှူဒါန်းကြမည့် အလှူရှင်များ များပြား မည်ဖြစ်ကာ၊ ပူဇော်ပွဲသို့ ကြွရောက်ပူဇော်သူ များပြားမည်ဟု ယုံကြည်မိ ပါသည်။
မင်္ဂလာဗျူဟာ ပရဟိတအဖွဲ့၏ (၁၀)ကြိမ်မြောက် အသက်ရာကျော်ဘိုးဘွား ပူဇော်ပွဲ ကျင်းပရန် (၄)ရက်သာ ကျန်ရှိပါတော့သည်။

ဦးအောင်မျိုးမင်း
အဖွဲ့တွဲဖက်အတွင်းရေးမှူး

Address

MARTYR(ARZARNI) Road, BAHAN TOWNSHIP
Yangon

Alerts

Be the first to know and let us send you an email when Mingalarbyuhar Welfare Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mingalarbyuhar Welfare Organization:

Share