𝗠𝗮 𝗘𝗶 - 𝗟𝗶𝗳𝗲 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲

  • Home
  • Myanmar
  • Yangon
  • 𝗠𝗮 𝗘𝗶 - 𝗟𝗶𝗳𝗲 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲

𝗠𝗮 𝗘𝗶 - 𝗟𝗶𝗳𝗲 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 Life Insurance services

ဒီကွန်ဒိုမြေကြီးထဲကျွံဝင်တာကြည့်ပြီးတော်တော်စိတ်မကောင်းဘူးးလူတွေဘယ်လောက်ထိများထိခိုက်လိုက်မလဲ 😢😢 ဒါကြောင့်ကိုယ်လက်လှမ်းမ...
28/03/2025

ဒီကွန်ဒိုမြေကြီးထဲကျွံဝင်တာကြည့်ပြီးတော်တော်စိတ်မကောင်းဘူးးလူတွေဘယ်လောက်ထိများထိခိုက်လိုက်မလဲ 😢😢

ဒါကြောင့်ကိုယ်လက်လှမ်းမိသလောက် အသိမိတ်ဆွေတွေကို
Life Insurance&Health Insurance တွေဟာမဖြစ်မနေထားသင့်ကြောင်းEducated လုပ်ပေးခဲ့တာ မမြင်နိုင်တဲ့ အန္တရာယ်ဟာလက်တစ်ကမ်းမှာရှိနေတယ်ဆိုတာဒီနေ့ငလျင်ကသက်သေပဲ။
Insurance ထားပါလို့အကြံပေးရင် Commissions ရချင်လို့ပြောတယ်ထင်ကြတယ်။😇
Referrals programs ကတော့နေရာတိုင်းမှာရှိတာပဲ ဒါပေမဲ့ အဲ့ကရတဲ့ Referrals bonus ဆိုတာကျွန်တော်Trading လုပ်လို့ရတဲ့ဝင်ငွေရဲ့တစ်ရက်စာတောင်မရှိဘူး။🫢

Insurance ကဘာတွေကာကွယ်ပေးနိုင်လည်း?
ဥပမာ -Emergency (Death ) အခြေနေမှာ မိတ်ဆွေအိတ်ထဲကငွေထုတ်သုံးစရာမလိုဘဲ သိန်းထောင်ကဏန်းပမာဏကို Financial Protection လုပ်ပေးနိုင်တာပါပဲ။အဲ့တွက်ထိုက်သင့်တဲ့ငွေအနည်းငယ်ပမာဏတော့Premium ပေးသွင်းရမှာပေါ့။

ပုံမှန် income ရှိတယ်ဆိုရင် Insurance ဟာမရှိမနေဆောင်ထားသင့်တဲ့အကာကွယ်တစ်ခုပါပဲ။

Thet Tun Aung

ဖေဖော်ဝါရီ(၄)ရက်က ကမ္ဘာ့ကင်ဆာရောဂါနေ့ဖြစ်ပါတယ်သက်ဆိုင်ရာဆရာဝန်အသီးသီးက ကင်ဆာရောဂါသိမှတ်စရာများရေးပြီးသားဖြစ်လို့ ကင်ဆာရေ...
04/02/2025

ဖေဖော်ဝါရီ(၄)ရက်က
ကမ္ဘာ့ကင်ဆာရောဂါနေ့ဖြစ်ပါတယ်
သက်ဆိုင်ရာဆရာဝန်အသီးသီးက
ကင်ဆာရောဂါသိမှတ်စရာများရေးပြီးသားဖြစ်လို့
ကင်ဆာရောဂါနဲ့ပတ်သတ်တဲ့အာမခံအကြောင်းပဲရေးသားလိုက်ပါတယ်

****

ကင်ဆာရောဂါအတွက်အာမခံဝယ်မယ်ဆိုရင် ဒါတွေသိထားဖို့လိုပါတယ်

✅(၁) ရောဂါမဖြစ်ခင် ကြိုဝယ်ပါ

✅(၂) ရောဂါဖြစ်ဖူးတယ်ဆိုရင် အဲဒီရောဂါအတွက်ဆေးမှတ်တမ်း စ/လယ်/ဆုံး ပြပါ
ရောဂါအတွက်ကုသမှုပြီးဆုံးကြောင်းမှတ်တမ်း/
ပုံမှန် follow up လုပ်နေသောမှတ်တမ်းများကို ပြည့်ပြည့်စုံစုံတင်ပြပါ

✅(၃) ကင်ဆာရှိနေတာကို အာမခံထားပြီး
အာမခံကလျော်ကြေးနဲ့ဆေးကုမယ်ဆိုတဲ့
လွယ်ကူရိုးရှင်းတဲ့အတွေးကို‌မေ့လိုက်ပါ
အာမခံကုမ္ပဏီတွေက ပရဟိတကင်ဆာဖောင်ဒေးရှင်းမဟုတ်တာကို သိရပါမယ်

✅(၄) ရှိရင်းစွဲကင်ဆာရောဂါကိုဖုံးကွယ်ထားမယ် အာမခံဝယ်ယူပြီးမှ လျော်ကြေးတောင်းခံမယ်ဆိုရင်
မူလရှိရင်းစွဲကင်ဆာရောဂါများအတွက် ကမ္ဘာပေါ်မှာဘယ်ကုမ္ပဏီကမှ လျော်ကြေးမပေးတာကိုသတိပြုပါ
( ဆေးစစ်ချက်မှာ အားလုံးပေါ်နေမှာကို သတိပြုပါ)

✅(၅) ကင်ဆာရောဂါအာမခံအမျိုးမျိုးရှိကြပါတယ်
ဘယ်အဆင့်ကျရင်လျော်မယ် ဘယ်အဆင့်ဆိုမလျော်ဘူး ဘယ်အပိုင်းမှာဖြစ်တဲ့ကင်ဆာဆို အဆင့်ဘယ်လောက်အထိသတ်မှတ်တယ်ဆိုတာ
ကုမ္ပဏီတိုင်းကတိတိကျကျ ထုတ်ပြန်ကြပါတယ်
( ကင်ဆာရောဂါဆိုတဲ့ခေါင်းစဉ်အောက်မှာ ကင်ဆာမျိုးကွဲပေါင်း ရာနဲ့ချီထပ်ကွဲသွားပါတယ်၊ အဆင့်အမျိုးမျိုးလည်း ထပ်ကွဲပါတယ် )
ဒါတွေကိုသေချာမေးပါ

✅(၆) မကျွမ်းကျင်တဲ့ agent ဆီမှာဝယ်ယူမိရင်
လျော်ကြေးတောင်းရတဲ့အခါ စကားပြောရပါလိမ့်မယ်
" ကင်ဆာဖြစ်ရင်ရမယ် " ဆိုပြီးရောင်းတဲ့ agent ဆိုရင် သတိထားပါ
တချို့ Agent တွေက ဒီလို terms and conditions တွေကိုမသိဘဲ/မလေ့လာဘဲ ရောင်းနေကြတာပါ
တချို့ကသူတို့ရောင်းတဲ့အာမခံကို သူတို့ကိုယ်တိုင်အကုန်မသိပါဘူး

✅(၇) ကင်ဆာရောဂါဆိုတာ တကယ်ဖြစ်လာပြီဆိုရင်
ငွေကုန်ကြေးကျအင်မတန်များပါတယ်
ပြည်သူ့ဆေးရုံမှာ ဆေးသွင်း/ဓာတ်ကင်ဖို့ဆို
ကိုယ့်အလှည့်ရောက်ဖို့ ၆လ/တစ်နှစ်စောင့်ရပါတယ်
စောင့်နေရတဲ့အချိန်မှာ အဆင့်က၃/၄ ထိရောက်သွားပါပြီ
ပုဂ္ဂလိကဆေးရုံမှာကုမယ်ဆို
အနည်းဆုံးက သိန်းရာဂဏန်းကုန်ပါတယ်
( #ကြုံဖူးတဲ့လူအားလုံးအသိပါ )
ဒါ့ကြောင့် medical costs အားလုံးကို ကိုယ့်အိတ်ထဲကထုတ်ကုမလား (ရှိတာ‌တွေထုခွဲရောင်းချပြီးကုမလား ) အာမခံကလျော်ကြေးနဲ့ကုသမလား
နည်းလမ်းနှစ်ခုရွေးချယ်စရာရှိပါတယ်

✅(၈) ကင်ဆာရောဂါအတွက်လျော်ကြေးဟာ
နည်းနည်းဝယ်လည်း သိန်း၅၀၀
များများဝယ်လည်းသိန်း ၅၀၀ ရတဲ့ပုံစံမဟုတ်ပါဘူး
သိန်း ၁၀၀ တန်ထားရင် သိန်း ၁၀၀ ပဲရမှာဖြစ်ပြီး
သိန်း တစ်ထောင်ထားရင် သိန်း တစ်ထောင်ရမှာဖြစ်ပါတယ်
ဘန်ကောက်၊ စင်ကာပူအထိထွက်ကုမယ့်သူအတွက်
‌သိန်းတစ်ရာအာမခံက ခရီးစားရိတ်ပဲရှိတယ်ဆိုတာ သတိပြုပါ ။

✅(၉) ကင်ဆာရောဂါဖြစ်ပြီဆိုရင် ရလာဒ်နှစ်မျိုးပဲရှိပါတယ်
(က) ကုသလို့ပျောက်သွားတာနဲ့
(ခ) ကုနေရင်းသေဆုံးသွားတာ
(ဂ) ဆက်ကုသဖို့ကိုငွေမရှိလို့ အသေခံလိုက်ကြတာပါ

တချို့အာမခံတွေက ကုသဖို့လည်းလျော်ကြေးရမယ် ၊ ပျောက်သွားရင်လည်း နှစ်ပြည့်တဲ့အခါ အာမခံကြေးအပြည့်ပြန်ရမယ် ၊ သေဆုံးသွားခဲ့ရင်လည်း အသက်အာမခံအတွက်လျော်ကြေးထပ်မံရရှိမယ်ဆိုတဲ့ benefits တွေပါဝင်ကြပါတယ်
တချို့အာမခံတွေကတော့ ကင်ဆာအတွက်လျော်ပြီးပြီးဆုံးသွားတဲ့အာမခံတွေလည်းရှိပါတယ်

✅(၁၀) ဒါတွေဖတ်ပြီး ရှုပ်တယ်ဆို အတိုချုပ်က
ရောဂါမရှိတုန်း၊ အသက်ငယ်တုန်း၊ ငွေသွင်းနိုင်တုန်းကင်ဆာပါတဲ့‌အာမခံကိုဝယ်ထားပါ ။
တချိန်ချိန်ကိုယ်တိုင်ကြုံလာတဲ့အခါ သင့်အနေနဲ့အားကိုးစရာတစ်ခုအဖြစ် အာမခံကအသုံးဝင်လာပါလိမ့်မယ်

**********************

မိမိကျန်းမာရေးအတွက်အရေးကြီးတဲ့ကာကွယ်ရေး၊ကြိုတင်ပြင်ဆင်ရေးအစီအစဉ်တွေဟာ မုန့်ဆိုင်မှာဇီးထုတ်ဝယ်သလောက်တော့ လွယ်ကူမနေပါဘူး
ဆွေးနွေးရပါတယ် အချိန်‌ပေးလေ့လာရပါတယ်။

ကင်ဆာရောဂါပါဝင်တဲ့ အာမခံအတွက်
ဆွေးနွေးလိုပါက မက်ဆန်ဂျာမှတဆင့်
ဆက်သွယ်နိုင်ပါတယ်

Crd
Min Yel Kyaw Swar

🚨 မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း ဒေသကြီး ကော်မတီရုံး)09-76711911909-78711911909-440119119🚨(ကျောက်ဆည်ကယ...
12/09/2024

🚨 မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့

(မန္တလေးတိုင်း ဒေသကြီး ကော်မတီရုံး)

09-767119119

09-787119119

09-440119119

🚨(ကျောက်ဆည်ကယ်ဆယ်ရေး)

KYAUKSE RESCUE

09256006355
09258444414

🚨(ဝမ်းတွင်းကယ်ဆယ်ရေး)

ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက်

092165003

09444484129

09444484128

🚨(ပျော်ဘွယ်ကယ်ဆယ်ရေး )

09-449988191
09-2228214
09-43020516
09-459975496
09-2049021

09-449988191မီးသတ်ဦးစီးမှူး

09-2228214ကိုကျော်ကျော်ဝင်း

09-43020516 ကိုအောင်ဇော်မိုး

09-459975496ကိုရဲမင်းထွန်း

🚨(ရမည်းသင်း ကယ်ဆယ်ရေး)

09404590001(မိုးစေတနာ)

064-4007(ရမည်းသင်းမီးသတ်)

064-40787- ရမည်းသင်း

🚨(တောင်ငူ ကယ်ဆယ်ရေး)

T.E.R.Tအသင်း
09443555502

T.Rescueအသင်း
09791232000

မေတ္တာရှင်အသင်း
09428155773

အာယုပါလအသင်း
09687635151

ရှင်စောပုအသင်း
09770313323

၆ရပ်ကွက်အသင်း
09973775151

T.E.R.T

🚨(မိတ္ထီလာ ကယ်ဆယ်ရေး )

မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း

09402684996

09696860666

🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး)

0943106850
ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့

09681000095
09797604667
09775207713
09 972755311
09 420771405(မိုးစေတနာ)
09 404590001(မိုးစေတနာ)
09 677080162(တပ်ကုန်းမီးသတ်)
09 677080126(တပ်ကုန်းမီးသတ်)

095044564
ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း

ဟန်းရာဇာ

09420085147
09420085147

🚨(ညောင်ရွှေ ရွှေညောင် တာချီလိတ် ကယ်ဆယ်ရေး)

ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး
ကိုစိုးမင်းလတ် 09428310586
ကိုသက်ပိုင်စိုး 09261932939
ကိုတိုးအောင်ရွှေ 09428311563

ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း
09442747077 (MM)
09690876226(MM)
09257263334(MM)
081-8816772 (Thai)
09-47025411 (Thai)

မေတ္တာရှင် လူမှုကူညီရေးအသင်း
(09694339969)၊

ရွှေမယ်ယန်း (ပရဟိတ) လူမှုကူညီရေးအသင်း
(09258736136)၊

တာချီလိတ် သဒ္ဓါ ပရဟိတအသင်း
(09449946298)၊

ခရိုင် ကြက်ခြေနီအသင်း ( 09251003560 )
မြို့နယ် ကြက်ခြေနီအသင်း (09456515770)၊

ရွှေတာချီ လူမှုကူညီရေးအသင်း
(09686944969)၊

အလင်းရောင် ပရဟိတအသင်း
(09697334523)၊

မြို့နယ်အထွေထွေအုပ်ချုပ်ရေး
(09401619797)၊

တာလော့ရပ်ကွက် အုပ်ချုပ်ရေးမှူး
(0941006512)၊

ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး
(09457715667)၊

မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး
(09698130664)၊

ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး
(09968310777)၊

ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး
(095240634)

ကိုစိုးမင်းလတ် 09428310586
ကိုသက်ပိုင်စိုး 09261932939
ကိုတိုးအောင်ရွေ 09428311563

🚨တောင်ကြီး ကလော ဟိုပုံး (အစားအသောက်)

Win Naing Soe

09791248510

🚨 (ပဲခူး ကယ်ဆယ်ရေး)

ပဲခူးမြို့ ကူညီကယ်ဆယ်ရေးနှင့်
လူမှုရေးအသင်းများအား
ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များ

၁ ။ ကြီးလေးကြီးမင်းမင်းထွန်း
( 09777047759 )

၂ ။ ဦးမောင် rescue
( 095001419)

၃ ။ ဆန်းလွင်ဦး
( 09428180490 )

၄ ။ ကိုကုလား
( 095140662 )(09776247452 )

၅ ။ ဖြိုးဘို
( 09792145520 )

၆ ။ ကိုကျော်ထိုက်
( 095302140 )

၇ ။ နန်းတော်ရာလူမှု
( 09796946368 )

၈ ။ မာတလိလူမှု
( 09423666014 )

၉ ။ သကျနွယ်လူမှု
( 09428175000 )

၁၀ ။ မေတ္တာသီတာရေစင်(ရွှေ့ပြောင်းကယ်ဆယ်)
( 09447222929 )

၁၁ ။ သုဘ လူမှုကူညီရေး
( 09428139424 )

🚨ကျိုက်ထို ဘီးလင်း သဲဖြူ ကယ်ဆယ်ရေး

ကျိုက်ထိုလူငယ်ပရဟိတအဖွဲ့

Yan naing Win
Soe myatMoe

09941337925
09425260411
09941337925
09941337925

🚨(နယ်ဝေးအထွေထွေကယ်ဆယ်ရေး)

လူကယ်ပြန် ဝန်ကြီးဌာန
၀၆၇ - ၃၄၀၄၆၆၆၊
၀၆၇ - ၃၄၀၄၇၇၇
Email - [email protected]
[email protected]
[email protected]

79 Living Hotel Mandalay
မြန်မာပြည်အလယ်ပိုင်းရေဘေးကယ်ဆယ်ရေး

09963000963

ကိုသက်ကြီး စိန်ပန်း
မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး။

ဖုန်း- 09402600033

အသင်းရုံး ဖုန်း ---
09-775 192 192
09- 441 119 119

မြို့ဦးလုလင်နာရေးကူညီမူအသင်း

Ph. 09975801060

ကပ်ဘေးအန္တရာယ်ဆိုးအပေါင်းမှ
အားလုံးလွတ်ကင်းကြပါစေ 🙏🙏🙏


#ရေဘေး

ဆေးလိပ်တော့ဝယ်သောက်တယ် ကြက်ဥကျ ဈေးကြီးတယ်တဲ့ဘီယာတော့ဝယ်သောက်တယ်အုန်းရည်ကျ ဈေးကြီးတယ်တဲ့Ktv သားတော့ ဝယ်စားတယ်အသီးအရွက်တွေ...
26/07/2024

ဆေးလိပ်တော့ဝယ်သောက်တယ်
ကြက်ဥကျ ဈေးကြီးတယ်တဲ့

ဘီယာတော့ဝယ်သောက်တယ်
အုန်းရည်ကျ ဈေးကြီးတယ်တဲ့

Ktv သားတော့ ဝယ်စားတယ်
အသီးအရွက်တွေကျ ဈေးကြီးတယ်တဲ့

နေ့တိုင်း Bar သွားသိန်းချီရှင်းသောက်စားတယ်
တနေ့မှ ထောင်ဂဏာန်းလောက်ရှိတယ့်
အသက်အာမခံ ကျန်းမာရေးအာမခံ ကျတော့ ဈေးကြီးတယ်တဲ့

So ကျမတို့အာမခံ‌မှာ အမျိုးသားတွေကို ဆို Mortality rate နဲ့ Risk ပိုများကြောင်း တွက်ချက်တာဖြစ်မယ်

ဆေးလိပ်တော့ဝယ်သောက်တယ်
ကြက်ဥကျ ဈေးကြီးတယ်တဲ့

ဘီယာတော့ဝယ်သောက်တယ်
အုန်းရည်ကျ ဈေးကြီးတယ်တဲ့

Ktv သားတော့ ဝယ်စားတယ်
အသီးအရွက်တွေကျ ဈေးကြီးတယ်တဲ့

ကျန်းမာရေးဟာ ဉာဏ်နဲ့ပဲဆိုင်တယ် သားရီးတို့
မင်းတို့ မဒမ်တွေကို သူငယ်စားသွားမယ်နော်
ဇနီးဆိုတာက ခင်ပွန်းနဲ့ဝေးလေ လှလာလေပဲ
ဒီခေတ်လူငယ်တွေ က မုဆိုးမ တခုလတ် ကိုလည်း တန်ဖိုးထားချစ်တတ်ကြတယ် ဂုဏ်ယူပြီးတွဲကြ
လက်ထပ်ကြတယ်

ချစ်တဲ့

ပိုပိုလှနု



စိတ်မကောင်းစရာ ကိစ္စဆိုပေမဲ့  Chubb Customer တွေထဲက ပထမဆုံး Dead claim လေးကို ကူညီခွင့်ရခဲ့လို့ မှတ်တမ်းတင်ပါရစေရှင် မန္...
25/07/2024

စိတ်မကောင်းစရာ ကိစ္စဆိုပေမဲ့ Chubb Customer တွေထဲက ပထမဆုံး Dead claim လေးကို ကူညီခွင့်ရခဲ့လို့ မှတ်တမ်းတင်ပါရစေရှင်

မန္တလေးတိုင်းအတွင်းနေထိုင်တဲ့ ကျွန်မ Ma Khin Swe Yu ရဲ့customerအသက် (၂၉)နှစ် အရွယ် အမျိုးသမီးလေးဟာ CHUBB Life Myanmar ရဲ့ သိန်း(၅၀)တန် နှစ်ဆအကာအကွယ် ကို ၁၄နှစ်သက်တမ်း အသက်အာမခံကို ထားရှိထားခဲ့သူပါ ယခု
၂နှစ်အကြာမှာ သွေးပေါင်ကျရောဂါနဲ့ ရုတ်တရက်ဆုံးပါးသွားခဲ့တာပါ..😥💔

တစ်လမှ ငွေကျပ် တစ်သိန်းကျော် ( တစ်ရက် ကို ကျပ် ထောင်ဂဏန်း ) နဲ့ မိသားစုနောင်ရေး ကိုပါ အကာအကွယ်ပေးခဲ့နိုင်တာမို့ ခုဆိုရင် သူ့ရဲ့ ခင်ပွန်းဖြစ်သူရဲ့ bank account ထဲကို claim amount လေး လွှဲပေးလိုက်နိုင်ပါပြီ..အစစအရာရာ လျင်မြန်တိကျစွာ ကူညီဆောင်ရွက်ပေး တဲ့ CHUBB ရဲ့ Claim ဌာနကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🙏🙏🙏😔

‼️အရွယ်မတိုင်ခင် မှာ အချိန်မရွေး ဘာဖြစ်မယ်ဆိုတာမသိနိုင်တာမို့
မိမိကိုယ်ကို ချစ်ရင်..
မိသားစုကို ချစ်ရင် အသက်အာမခံထားရှိကြပါရှင်‼️
Life Myanmar
-Khin Swe Yu

အာမခံ က ဘယ်အရာတွေကို မကာကွယ်နိုင်ဘူးလဲ။ ဘယ်အရာတွေကို ကာကွယ်ပေးနိုင်လဲ။▪️မသေဆုံးအောင်▪️ရောဂါဘယတွေ မဖြစ်အောင်▪️မတော်တဆထိခိ...
14/07/2024

အာမခံ က ဘယ်အရာတွေကို မကာကွယ်နိုင်ဘူးလဲ။
ဘယ်အရာတွေကို ကာကွယ်ပေးနိုင်လဲ။

▪️မသေဆုံးအောင်
▪️ရောဂါဘယတွေ မဖြစ်အောင်
▪️မတော်တဆထိခိုက်မှု မဖြစ်အောင်
▪️မီးမလောင်အောင်
▪️Car Accident မဖြစ်အောင်

ဒီအချက်တွေကို တစ်ခုမှ ကာကွယ်မပေးနိုင်ပါဘူး။ အာမခံမှ မဟုတ်ဘူး ... ခေတ်မီသိပ္ပံပညာရပ်တွေနဲ့တောင်မှ ဒါတွေ ဖြစ်မလာအောင် မတားဆီးနိုင်ပါဘူး။

ဒါဆို အာမခံက ဘယ်လိုအရာတွေကို ဘယ်လိုပုံစံမျိုးနဲ့ ကာကွယ်ပေးတာလဲ။ အထက်ပါ အချက်တွေ မမျှော်လင့်ဘဲ ကြုံတွေ့လာခဲ့ရင် နောက်ဆက်တွဲ ပေါ်ပေါက်လာမယ့် ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ပေးတာပါ။

📌 မသေအောင်လို့ မလုပ်ပေးနိုင်ပါဘူး...
မမျှော်လင့်ဘဲ ဆုံးပါးခဲ့ရင်တော့ မိမိကို မီခိုနေရတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးမှာ ငွေကြေးကြောင့် ဒုက္ခဆင်းရဲ မကြုံတွေ့ရအောင်၊ ခြေလွတ်လက်လွတ် မဖြစ်သွားအောင်၊ သားသမီးအတွက် ရည်မှန်းချက်တွေ မပျက်စီးသွားအောင်၊ သားသမီးတွေရဲ့ ပညာရေးမှာ အခက်အခဲမရှိ ဆုံးခန်းတိုင် လျှောက်လှမ်းနိုင်အောင် ငွေကြေးအရ အာမခံက ကာကွယ်မှု ပေးထားပါတယ်။

📌 ရောဂါဘယနဲ့ မတော်တဆမှု မဖြစ်အောင် မလုပ်ပေးနိုင်ဘူး။
ဖြစ်လာခဲ့ရင်တော့ ဆေးကုသဖို့ ကုန်ကျစရိတ်အတွက် မပူပန်ရအောင်၊ စုဆောင်းထားတဲ့ငွေကြေးတွေ ထုတ်မသုံးရအောင်၊ ပိုမိုကောင်းမွန်တဲ့ ကုသမှုအစီအစဥ်တွေ ရွေးချယ်နိုင်အောင်၊ ရောဂါ သက်သာပျောက်ကင်းမှု ရာခိုင်နှုန်း ပိုများလာအောင်၊ တစ်ပူပေါ် တစ်ပူမဆင့်ရလေအောင် ငွေကြေးပိုင်းအရ အာမခံက ကာကွယ်ပေးနိုင်ပါတယ်။

📌 မီးမလောင်အောင် မကာကွယ်ပေးနိုင်ဘူး။
ဒါပေမယ့် မီးလောင်ခဲ့လို့ ကြုံတွေ့ရမယ့် ငွေကြေးဆုံးရှုံးမှုတွေကို ကာကွယ်ပေးနိုင်တယ်။ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်တယ်။ လုပ်ငန်းကို နောက်ဆံမတင်းရဘဲ လုပ်ကိုင်နိုင်စေတယ်။

📌 Car Accident မဖြစ်အောင် မလုပ်ပေးနိုင်ဘူး။
ဖြစ်လာခဲ့ရင် ကားပြင်ဆင်စရိတ်အတွက် စုဆောင်းထားတာတွေ ထုတ်မသုံးရဘူး၊ လုပ်ငန်းကို အရှိန်မပျက် အမြန်ဆုံး ပြန်လည်ထူထောင်နိုင်စေတယ်။

အချုပ်ဆိုရရင် -
ကိုယ့်ရဲ့ ပိုင်ဆိုင်မှု ကြီးထွားအောင်၊ ဝင်ငွေတိုးလာအောင် မိတ်ဆွေတို့ရဲ့ ကြိုးစားမှုနဲ့ပဲ သက်ဆိုင်ပါတယ်။

ဒါပေမယ့် ဘယ်အရာမှ သေချာမှု မရှိတဲ့ လောကမှာ
ဘေးပယောဂတွေကြောင့် မိတ်ဆွေတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရှင်သန်မှုဟာ နေ့ချင်းညချင်း ပြောင်းလဲသွားနိုင်ချေလည်း ရှိနေပါတယ်။

ဒါတွေကို ထိန်းထားနိုင်အောင်၊ အခြေမပျက်အောင်၊ မိသားစုရဲ့ စားဝတ်နေရေး အနာဂတ် အသုံးစရိတ်တွေအတွက် မပူပန်ရအောင်၊ သားသမီးတွေရဲ့ ပညာရေးနဲ့ အနာဂတ် စိတ်အေးလုံခြုံရအောင် ငွေကြေးနဲ့ပဲ တည်ဆောက်နေရတာမလို့
အထက်ပါ ငွေကြေးဆုံးရှုံးနိုင်မှုတွေကို အာမခံနဲ့ ငွေကြေးစီမံခန့်ခွဲမှု လုပ်ဆောင်ထားပြီး ကိုယ်ကိုယ်တိုင်နဲ့ မိသားစုရဲ့ အနာဂတ်တွေကို စိတ်ချလုံခြုံရစေတဲ့ ကာကွယ်မှု ပေးထားနိုင်ပါတယ်။

အာမခံ (Insurance) အကာအကွယ် ရှိထားခြင်းဟာ ငွေကြေးအကာအကွယ် အပြင် စိတ်အေးချမ်းမှု ရရှိစေခြင်း၊ နောက်ဆံမတင်းရခြင်း၊ စိုးရိမ်ပူပန်နေရမှု ကင်းခြင်း တို့ ရရှိစေလို့ ...
မိတ်ဆွေတို့ အနေနဲ့ Financial Planning / Financial Protection လို့ ခေါ်ကြတဲ့ အာမခံ စနစ် (ငွေကြေးစီမံခန့်ခွဲမှု) ကို ဘယ်လို အသုံးချမလဲ ဆိုတာပဲ အရေးကြီးတာပါ။

သားသမီး နဲ့ မိသားစုတွေရဲ့ အနာဂတ်ဟာ လူကြီးမင်းတို့ရဲ့ တန်ဖိုးထားမှုနဲ့ ကာကွယ်ပေးမှု၊ ငွေကြေးစီမံခန့်ခွဲမှုတွေ ပေါ်မှာ အလုံးစုံ မူတည်နေပါတယ်။

ဆိုတော့ ...
▪️ကျန်းမာရေးကို တန်ဘိုးထားရင်
#ကျန်းမာရေးအာမခံ ရှိတယ်။
▪️သားသမီး ပညာရေးပန်းတိုင်အတွက် တန်ဘိုးထားရင်
#ပညာရေးအသက်အာမခံ ရှိနေတယ်။
▪️သားသမီး ရှေ့ရေးအနာဂတ်အတွက် စီစဉ်ထားချင်ရင်
#ငွေစုအသက်အာမခံ ရှိတယ်။
▪️မိဘတွေ ကျေးဇူးအတွက် ဂရုစိုက်မှုနဲ့ စီစဉ်ထားချင်ရင်
#ကာကွယ်မှု အသက်အာမခံ ရှိတယ်။
▪️မိသားစုအတွက် သုံးနေရတဲ့ ကားအတွက် ဆိုရင်
#ကားအာမခံ ရှိတယ်။
▪️မိသားစု အသိုက်အဝန်း နေအိမ်လေးကို လုံခြုံမှုပေးချင်ရင်
#အိမ်အာမခံ #မီးအာမခံ တွေ ရှိတယ်။
▪️အကြောင်းအမျိုးမျိုးနဲ့ ပေးဆပ်စရာ ချေးငွေတွေ ရှိနေရင်
#ချေးငွေအသက်အာမခံ ရှိနေတယ်။
▪️ကိုယ့်ဝန်ထမ်း/လုပ်ဖော်ကိုင်ဘက်တွေရဲ့ ဘဝကို တန်ဘိုးထားရင်
#စုပေါင်းအသက်အာမခံ
#စုပေါင်းကျန်းမာရေးအာမခံ တွေ ရှိနေတယ်။
▪️ငါသေရင် ငါ့မိသားစုအတွက်
လုံခြုံခိုင်မာတဲ့ အမွေ တခု ချန်ထားခဲ့ချင်တယ်ကွာ ဆိုရင်
#ရာသက်ပန်အသက်အာမခံ ရှိတယ်။

မိတ်ဆွေတို့အတွက် ဘယ်အရာကို တန်ဘိုးထားရပါသလဲ။
တခုတည်းသော အကြောင်းရင်းကို ဆွဲထုတ်ပြပါဆိုရင် အပေါ်ကအချက်တွေအားလုံးဟာ မိသားစုအတွက် ဆိုတဲ့ အရာကိုပဲ ဦးတည်နေပါတယ်။

#မိသားစုနဲ့သားသမီးတွေရဲ့အနာဂတ်ဟာ_ဂရုစိုက်ဖို့_ထိုက်တန်ပါတယ်။

#ကျော်ကျော် (မူရင်းရေးသားသူ) Credid

ခုလို မိုးဦးကျ မိုးရာသီဥတုကာလ ရောက်ပြီမို့မိသားစုအားလုံးကို   #ကျန်းမာရေးအာမခံလေး ပြေးလာဝယ်ထားစေချင်ပါတယ်နော် ခုချိန် အရ...
12/06/2024

ခုလို မိုးဦးကျ မိုးရာသီဥတုကာလ ရောက်ပြီမို့
မိသားစုအားလုံးကို #ကျန်းမာရေးအာမခံလေး ပြေးလာဝယ်ထားစေချင်ပါတယ်နော်

ခုချိန် အရေးပေါ်မို့ လိုအပ်လို့ ဆေးရုံတက်ရလို့ တစ်ပတ်ဆိုရင်တောင် 25သိန်း လောက်ကုန်ကျပါတယ် (ဖြစ်ရပ်မှန်ပါ)

Chubb Health Shield လို့ ခေါ်တဲ့
ကျန်းမာရေး အာမခံလေး သာ စီမံထားရင်
(မြန်မာနိုင်ငံတွင်း) မည်သည့်ဆေးရုံမဆို
Chubb Life Insurance Myanmar Ltd က
Hospital Cash ဆေးရုံတက်စရိတ် နဲ့
Surgical cash ခွဲစိတ်ကုသစရိတ် တွေ ရမှာ ဆိုတော့ ကိုယ့်အိတ်ကပ်လေး လည်း သိပ်မပိန်တော့ဘူးပေါ့နော်

ကိုယ်ချစ်တဲ့ သူတွေကို ဝန်ထုတ်ဝန်ပိုးတွေ လျော့စေချင်လို့ပါနော်

ကိုယ့် အတွက် ဘာအာမခံ အမျိုးအစားသင့်တော်လဲဆိုတာ သိချင်ရင် မအိ ကို ခုပဲ Hello လုပ်လိုက်ပါရှင့်

#နေကောင်းနေတုန်းကျန်းမာနေတုန်းအာမခံထားပါ
Ma Ei - Life Insurance
Senior Agency Manager
Financial Advisor
Phone 📱 Viber 09256953964/09895664551
18 F, Myanmar Centre Tower 2 , Kabar Aye Pagoda road, Bahan Township, Yangon.

ကိုယ်ချစ်ရတဲ့ သားသားမီးမီးတွေရဲ့ အနာဂတ်ဘဝဖြောင့်ဖြူးဖို့အတွက် ခိုင်မာတဲ့ ဘဝအာမခံချက်တစ်ခုရှိနေဖို့လိုအပ်ပါတယ်။သင့်ရဲ့ဘဝတ...
12/06/2024

ကိုယ်ချစ်ရတဲ့ သားသားမီးမီးတွေရဲ့ အနာဂတ်ဘဝဖြောင့်ဖြူးဖို့အတွက် ခိုင်မာတဲ့ ဘဝအာမခံချက်တစ်ခုရှိနေဖို့လိုအပ်ပါတယ်။

သင့်ရဲ့ဘဝတစ်သက်တာလုံးကို အပြည့်အဝအကာအကွယ်ပေးမယ့်အပြင် သင့်ရင်သွေးငယ်ရဲ့ရှေ့ဆက်ရမယ့် ခရီးလမ်းကိုပါ လုံခြုံစိတ်ချရအောင် ကာကွယ်ပေးနိုင်ဖို့ Chubb ထာဝရသုခအသက်အာမခံက အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Chubb ထာဝရသုခအသက်အာမခံဟာ ငွေကြေးစုဆောင်းပေးမယ့်အပြင် ထပ်ပေါင်းအတိုးနှုန်း၊ ပရီမီယံကြေး ကင်းလွတ်ခွင့်များနဲ့ အခြားအပိုဆုကြေးများကိုပါ အကျိုးခံစားခွင့်ရရှိစေနိုင်တာကြောင့် စိတ်ရောကိုယ်ပါ ပျော်ရွှင်ငြိမ်းချမ်းစေပြီး သင့်ကလေးငယ်ရဲ့နောင်ရေး စိတ်ပူစရာကင်းဝေးစေမယ့် “Chubb ထာဝရသုခအသက်အာမခံ” Guardian’s Legacy အစီအစဉ်က သင့်ရဲ့အနီးအနားမှာ အမြဲရှိနေမှာပါ။

Chubb ထာဝရသုခအသက်အာမခံအကြောင်း အသေးစိတ်ပိုမိုသိရှိလိုပါက

မအိ - အသက်အာမခံ
📱/Viber 09895664551 (သို့) 09256953964
ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါတယ်။

Secure Your Children's Future with Chubb Lifetime Elite.

Chubb Lifetime Elite is the simplest way to guarantee your complete protection for the remainder of your life and the future of your beloved children.

The "Guardian's Legacy Plan" offers special features including premium waivers, compound interest, and other rewards that can completely cover your lifetime and relieve you of any concerns about your children's future.

If you have questions about Chubb Lifetime Elite,
contact us

Ma Ei - Life Insurance
Senior Agency Manager
Phone /Viber 📱 09-895664551 /09256953964
Chubb Life Myanmar


Address

Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959895664551

Website

Alerts

Be the first to know and let us send you an email when 𝗠𝗮 𝗘𝗶 - 𝗟𝗶𝗳𝗲 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗠𝗮 𝗘𝗶 - 𝗟𝗶𝗳𝗲 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲:

Share