09/11/2025
နင့်ကို ငါ ငါးသောင်းချေးတယ်၊
သူက နင့်ကို တစ်သိန်းချေးတယ်။
ဒါကို နင်က သူကသာ
နင့်အပေါ် အကောင်းဆုံးလို့ ထင်တယ်။
ဒါပေမယ့် သူ့မှာ သိန်း၁ဝဝရှိပြီး
ငါ့မှာ အဲဒီငါးသောင်းပဲရှိတာကို နင်မသိဘူး။
နင့်ကို ငါ ချိုချဉ်တစ်လုံး ပေးတယ်၊
သူ့ကို ငါ နှစ်လုံးပေးတာကို နင်တွေ့ပြီး
ငါ့အပေါ် နင်စိတ်ခုတယ်။
ဒါပေမယ့် ငါ့ကို သူ ချိုချဉ်နှစ်လုံးပေးဖူးပြီး
ငါ့ကို နင် ဘာမှမပေးဖူးတာကို နင်သတိမရဘူး။
ငါ့ဆီမှာ နင်တစ်သောင်း ချေးတယ်၊
မနက်ဖြန် ပြန်ဆပ်မယ်တဲ့။
နောက်တစ်နေ့မှာ နင် မသိသလို နေတယ်။
နင့်ဆီ ငါတောင်းတော့ နင်က
"ကြည့်စမ်း... ကပ်စေးနှဲလိုက်တာ၊
ငွေတစ်သောင်းလေးကို ကပ်တွက်နေတယ်" လို့ ပြောတယ်။
တခြားလူကိုလည်း နင် ဒီလိုပြောတယ်။
နောက်ဆုံးမှာ ငါ ငွေဆုံးသလို နာမည်ဆိုးနဲ့ ကျန်ခဲ့တယ်၊
ယုံကြည်မှုကို နင်ဖျက်ပြီး နင် မြတ်သွားတယ်။
ဒါဟာ အရမ်းအဓိပ္ပာယ်ရှိတဲ့ "လူညစ်လော့ဂျစ်"ပေါ့၊
အမြဲလိုလိုတွေ့ရတတ်တဲ့ လော့ဂျစ်လည်းဖြစ်တယ်၊
ဘယ်လိုပဲပြောပြော
တခြားသူ ကိုယ့်ကို ကူညီရင်
ကိုယ်က ကျေးဇူးတရား သိရမှာပဲ၊
ကျေးဇူးမတင်ရင်တောင် နောက်ကျောဓားမထိုးသင့်ဘူး။
တခြားသူရဲ့ကူညီမှုကို
ကိုယ့်အကျိုးကျေးဇူးလို့ မတွေးပါနဲ့၊
တခြားသူရဲ့ အားနာမှုကို
ကိုယ့်ကံကောင်းမှုလို့ မတွေးပါနဲ့၊
ကိုယ့်အပေါ် သူကောင်းတာဟာ
ကိုယ်ရသင့်ရထိုက်တာလို့ မတွေးပါနဲ့၊
လောကမှာ အလကားရတဲ့ညစာဆိုတာ မရှိပါဘူး။
-- စာဟောင်းတစ်ပုဒ်
💌
#နိုင်းနိုင်းစနေ