MYA Real Estate

MYA Real Estate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MYA Real Estate, Financial service, Yangon.

မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ခြင်းများ၂၄ နာရီ ကာလအတွင်းမှာ ကျွန်တော်တို့ နိုင်ငံကို  အပူပိုင်း ဆိုင်ကလုံး မုန်တိုင်း မိ...
12/05/2023

မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ခြင်းများ

၂၄ နာရီ ကာလအတွင်းမှာ ကျွန်တော်တို့ နိုင်ငံကို အပူပိုင်း ဆိုင်ကလုံး မုန်တိုင်း မိုခါ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

အထူးသဖြင့် ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဘက်ကို ဝင်ရောက်မယ်လို့ လည်းခန့်မှန်းထားကြပါတယ်။

တချိန်တုန်းက တိုက်ခိုက်ခဲ့တဲ့ နာဂစ် မုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်တွေ ထပ်မဖြစ်ဖို့အတွက်လည်း လိုအပ်ပါတယ်။

ပြီးတော့ ဆိုင်ကလုံး မုန်တိုင်း ကာကွယ်ရေး လုပ်ငန်းစဥ်များကို သိသလောက် မျှဝေပေးလိုက်ပါတယ်။

(၁) မုန်တိုင်းတိုက်ခိုက်ရာ အရပ်တွေမှာ ရှိတဲ့ နေအိမ်တွေရဲ့ အိမ်ခေါင်မိုးတွေ ကို ခိုင်ခံ့အောင်ပြင်ဆင်ထားသင့်ပါတယ်။

(၂) ကျိုးကျလဲကျနိုင်သော သစ်ပင်တွေကို တက်နိုင်သရွေ့ ခုပ်ထွင်ထားဖို့လိုအပ်ပါတယ်။

(၃) မိမိနေအိပ်ဟာ မုန်တိုင်းဒေသ ရပ်ဝန်းထဲ တိုက်ရိုက်ကျရောက်နေရင်တော့ အကောင်းဆုံးဟာ မုန်တိုင်း ကာကွယ်ရေး နေရာ (Cyclone Shuttle) တွေမှာ ခေတ္တခဏ တမ်းရှောင်သင့်ပါတယ်။

(၄) မုန်တိုင်းတိုက်ခိုက်စဥ် ဘေးအန္တာရယ်ဖြစ်စေနိုင်သော ပစ္စည်းများ ဖြစ်သည့် ဓား၊ ကတ်ကြေး၊ လှေကား၊ မြက်ရိပ်စက်နှင့် တခြား ထိခိုက်ရှနာဖြစ်စေသော ပစ္စည်းများကို သေချာစွာသိမ်းဆည်းထားသင့်ပါတယ်။

(၅) အရေးပေါ် မုန်တိုင်းကာကွယ်ရေး အိတ်များကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

အရေးပေါ် မုန်တိုင်းကာကွယ်ရေး အိတ်ထဲမှာ အောက်ပါ ပစ္စည်းများကို ထည့်သွင်းပြင်ဆင်သင့်ပါတယ်။

(၁) ရေသန့် ၃ဗူး
(၂) အစားအစာများ
(၃) ဆေးဝါးများ
(၄) အသင့်သုံးပြုနိုင်တနိုင်သယ် မီးဖိုးချောင်သုံး ပစ္စည်းများ
(၅)ရေသန့်စင်ဆေးပြား
(၆) အိမ်သာသုံး စက္ကူများ
(၇) တကိုယ်ရည်သုံးပစ္စည်းများ
(၈)ရေဒီယို
(၉)ဓာတ်မီး
(၁၀)လက်အိပ်
(၁၁)အရေးကြီးစာရွက်စာတမ်းများ
(၁၂)အသက်ကယ် အင်္ကျီများ

အခြေခံလိုအပ်ချက်များ ကိုကျွန်တော်တို့ တတ်သိသလောက် မျှဝေပေးထားတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီသဘာဝဘေးမုန်တိုင်းကြီးကို အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မုန်တိုင်းကျရောက်တဲ့ ဒေသမှ ညီအစ်ကို မောင်နှမများ ဘေးအန္တာရယ်များကို များကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ပါစေကြောင်း မှ ဆုတောင်းမေတ္တာများ ပို့သလိုက်ရပါတယ်။

2008 ခုနှစ် Nargisရဲ့ အတွေ့အကြုံအရ ကျနော်တို့ ပြည်သူတွေ အထူးသဖြင့် ဧရာဝတီကပြည်သူတွေ လက်တွေ့ခံစားပြီးပြီမလို့ အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ

အရင်တစ်ကြိမ် အထိနာတာဟာ self-awareness မရှိလို့ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ် ။ Natural Disaster Prevention Plan တွေဟာ ၁၄ နှစ်ကြာခဲ့ပြီမလို့ Cyclone Shelter တွေဟာ အဆင်ပြေမှပြေပါလိမ့်မယ်။
တစ်ကြိမ် ကြုံဖူးထားလို့ အရမ်းစိတ်ပူ စိုးရိမ်နေကြမယ်ဆိုပင်မယ့် အတွေ့အကြုံကဘဲ ဒီတစ်ကြိမ်ဘေးကင်းမယ့် သင်ခန်းစာဖြစ်သွားမှာပါ

မိသားစုတွေကွဲသွားခဲ့လျှင် ပြန်ဆုံမယ့် စုရပ်
သတ်မှတ်ထားပါ (ဒါအရေးအကြီးဆုံးပါဘဲ)
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ ပါဝင်ကူညီခဲ့စဉ်က မိသားစုကွဲသွားပြီး အခုအထိ သေလားရှင်လားမသိရတဲ့ ရင့်နင့်ဖွယ် အဖြစ်အပျက်မျိုးတွေ မကြုံစေချင်တော့ပါ

မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိ ကျနော်တို့မှာ
ပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေ
အများကြီးကျန်ပါသေးတယ်

စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ

Cyclone ကိုသာ ဘေးကင်းစွာ ကျော်ဖြတ်ပေးခဲ့ကြပါ

မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအား
ရှာဖွေထားပါ
ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)

*ဂျပန်နိုင်ငံ ဆူနာမီ ဖြစ်ပွါးစဉ်က ကမာအိရှိ ဒေသမှာ ကြိုတင်ပြေးရန် နေရာသတ်မှတ်ထားသော်လည်း အမှန်တကယ်ဖြစ်ပွါးချိန်တွင် မြေနိမ့်ပိုင်းရှိ အဆောက်အဦးအလွတ်ထဲသို့ ရောယောင် ပြေးမိသဖြင့် လူအစုလိုက် အသက် ဆုံးရှုံးခြင်းမျိူး ဖြစ်ပွါးခဲ့ဖူးသည်*

မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ

အားလုံးပို့သတဲ့မေတ္တာများနဲ့ ရခိုင်မြေ
ဘေးကင်းပါစေ🙏

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

https://www.windy.com/?12.125,94.867,6,m:d5GaiNk

ရေးသားမျှဝေပေးတဲ့ "ကိုဝေယံမိုး" နဲ့ GCN system ကို အထူး Credit ပေးပါတယ်။

⚠️မိုခါမုန်တိုင်း သေချာသွားပါပြီ။ အမြန်ပြောင်းရွှေ့ကြပါ ⚠️🔴 နာဂစ်ထပ် အဆများစွာ ဆိုးမယ့် မိုခါ 🔴နောက်ဆုံးရ အတည်ပြုသတင်း (...
12/05/2023

⚠️မိုခါမုန်တိုင်း သေချာသွားပါပြီ။ အမြန်ပြောင်းရွှေ့ကြပါ ⚠️
🔴 နာဂစ်ထပ် အဆများစွာ ဆိုးမယ့် မိုခါ 🔴
နောက်ဆုံးရ အတည်ပြုသတင်း (11.5.2023)

🔺နာဂစ်တုန်းက
လေတိုက်နှုန်း = ၁ နာရီ ၁၃၅ မိုင်
မုန်တိုင်း မျက်စိ အချင်း = ၁၂ မိုင်

🔺အခုလာမယ့် မိုခါ
လေတိုက်နှုန်း = ၁ နာရီ ၁၀၃.၇ မိုင် (167 km per hr)
မုန်တိုင်းမျက်စိ အချင်း = 50 မိုင် (ခန့်မှန်း)
စက်ကွင်း ကျယ်ပြန့် အချင်းမိုင်ပေါင်း = 500 မိုင်

⚠️နာဂစ် မုန်တိုင်းမျက်စိ အချင်း (12) မိုင်ရဲ့ ပျက်စီးမှုကို မှတ်မိကြမှာပါ။ အခု လာမှာ အချင်း မိုင် (50) နဲ့ လာမယ့် မုန်တိုင်းကြီးပါ။

‼️မုန်တိုင်း အားအပြင်းဆုံးဝင်ရောက်မယ့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ။‼️

ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ကမ်းရိုးတန်းတစ်လျောက် အလွန် အန္တရာယ်ရှိပါတယ်။

⚠️လက်ရှိ မေလ (14) ရက် ညမှာ မုန်တိုင်း ဗဟို ဝင်ရောက်ဖို့ ခန့်မှန်းထားပါတယ်။ အချိန်မရှိပါ။ အမြန်ပြောင်းရွေ့ကြပါ။

⚠️ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးပါ။ အသက်ပေါင်းများစွာ အရေးမို့ ကိုယ့်ရဲ့ ဖုန်းတစ် call၊ Share လေးတစ်ချက်ကလည်း အရေးကြီးနေပါတယ်။

⚠️GDACS (ကမ္ဘာ့သဘာဝဘေးအန္တရာယ်ဆိုင်ရာ အဖွဲ့အစည်း) ကနေ အနီရောင် သတိပေးချက်ပါ ထုတ်ပြန်လိုက်ပါပြီ။

မုန်တိုင်းအကြောင်းအသေးစိတ်ကို အောက်ပါ Link တွေမှာ ဝင်ဖတ်နိုင်ပါတယ်။

🔴မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်ရဲ့ အသေးစိတ် အင်တာဗျူး
https://m.facebook.com/story.php?story_fbid=780965586934929&id=100050644832324&mibextid=Nif5oz

🔴မိုးလေဝသ ခန့်မှန်းသူ မစုစုစံရဲ့ သတိပေးချက်
(မုန်တိုင်းသတင်းများကို su su san page မှာ အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေပါတယ်။)
https://m.facebook.com/story.php?story_fbid=1565803507246950&id=100014519469601&mibextid=Nif5oz

🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်
https://m.facebook.com/story.php?story_fbid=1956026664751736&id=100010332636450&mibextid=Nif5oz

ယခု post ကိုလည်း အချိန်မလွန်ခင် အန္တရာယ်ရှိတဲ့ ဒေသက လူတွေဆီရောက်အောင် မျှဝေပေးဖို့တောင်းဆိုပါရစေ။





ဒေါပုံမြို့နယ် ရဲ့ super  မြို့သစ် ရပ်ကွက် ပြင်ဆင့်ပြီး အသင့်နေ 595 သိန်း(ညှိုနှိုင်း) ရောင်းပါမယ် ရှင့်... ဒေါပုံမြို့န...
03/05/2023

ဒေါပုံမြို့နယ် ရဲ့ super
မြို့သစ် ရပ်ကွက် ပြင်ဆင့်ပြီး အသင့်နေ 595 သိန်း(ညှိုနှိုင်း) ရောင်းပါမယ် ရှင့်...

ဒေါပုံမြို့နယ်၊ ရန်အောင်မှတ်တိုင် အနီး ၊မဂ်လာသိရိ လမ်း ....

12.5'*50' အသင့်နေ ဒုတိယထပ်လေး.....ဗန္ဓုလတံတားဆင်းရင် နှစ်မှတ်တိုင် ပါဘဲနော်....မြို့ထဲနဲ့လည်း နီး...ရပ်ကွက်သန့်.... လမ်းကျယ် .....

ပြင်ဆင်ပြီး သားလေးကတော့ ပုံထဲကအတိုင်းကွက်တိ....သုံးထားတဲ့ material တွေကလည်း best quality တွေပါနော်... မီးဖိုခန်း၊ ဝရံတာ ကြွေပြားခင်း.....Cabinet.....spc ရေစိုခံ ပါကေးပါနော်....Partition.....ဘုရားစင်ပါ မကျန်......အားလုံးက အသစ်အသစ်တွေ 👍....ပြင်ဆင်ပြီး လူလုံးဝမနေရသေးပါဘူးနော်.....
Bcc၊ ကိုယ်ပိုင်မီတာ ၊ ရေမော်တာ ပါပြီး စာရွက်စာတမ်းက စိတ်ချရသလားမမေးနဲ့ ရှေ့နေနဲ့ စာချုပ်ထားတာပါ ရှင့်....
အခန်းလေးကို စိတ်ဝင်စားလို့ လာကြည့်မယ် ဆို ကျေးဇူးပြုပြီး ဖုန်းလေးကြိုတင်ဆက် ပေးပါနော် .....

MYA Real Estate
09254110021

နှစ်သစ်မှာ ပရိတ်အိုး၊ပရိတ်ချည်၊ပရိတ်ရေပြင်ဆင်တတ်ဖို့🙏နှစ်သစ်ကူးအခါသမယမှာ ပရိတ်တရားမှ မနာယူ၊မရွတ်ဖတ်ရလျှင် စိတ်ထဲ နှစ်သစ်...
16/04/2023

နှစ်သစ်မှာ ပရိတ်အိုး၊ပရိတ်ချည်၊ပရိတ်ရေပြင်ဆင်တတ်ဖို့
🙏

နှစ်သစ်ကူးအခါသမယမှာ ပရိတ်တရားမှ မနာယူ၊မရွတ်ဖတ်ရလျှင် စိတ်ထဲ နှစ်သစ်မှာ မပြည့်စုံသလိုခံစားရတာ အမှန်ပါပဲ

ပရိတ်တရားဆိုသည်မှာ "ဘေးရန်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်တတ်သော တရား၊အန္တရာယ်ကင်းစေတတ်သော တရား" ဟုအဓိပ်ပါယျဖှင့ျဆိုပါတယျ ဒါ့အပြင် ချမ်းသာသုခနှင့်ပြည့်စုံခြင်းအကျိုးကိုလည်း ရရှိစေနိုင်ပါတယ်

ပရိတ်အိုး ပြင်ဆင်နိုင်ရန်
*************************
ပရိတ်အိုးပြင်ဆင်ပြီဆို ပရိတ်ရေ၊ပရိတ်ချည်၊ပရိတ်ဆန်၊ပရိတ်သဲ ဒါတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် ကေသပုတ္တဇာတ်တော်မှာ ပရိတ်ပန်းကို ဘာပန်း ညာပန်းဟူ၍ အထူးညွှန်းဆိုထားတာတော့မရှိပါဘူး

ပရိတ်အိုးမှာ ပနံတင့်အောင် ပရိတ်ပန်းတွေကိုတော့ အတာအိုးပြင်ဆင်သကဲ့သို့ ခုနစ်နေ့နံ ပန်း၊အညွှန့်များကို ပြင်ဆင်နိုင်ပါတယ် ပြင်ဆင်ပြီးပြီဆိုရင်တော့ ပရိတ်ရွတ်ဖတ်တဲ့ ရဟန်းသံဃာတော်များရှေ့မှာထားပြီး ပရိတ်ရွတ်ဖတ်နာယူနိုင်ကြောင်းကို ကျမ်းဂန်များထဲမှာ လမ်းညွှန်ထားပါတယ်

ပရိတ်အကျိုးတရားများ ဧကန်မုချရရှိစေရန်....
ပရိတ်ရွတ်ဖတ်သူ၊ နာယူသူများ အင်္ဂါ သုံးချက်နဲ့ ပြည့်စုံရန် ကြိုးစားအားထုတ်ဖို့လိုပါတယ်

ပရိတ်ရွတ်ဖတ်သူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
***************************
၁။ အနကျသဒ်ဒါကို သုတ်သင်၍ ကောင်းစွာသင်ယူထားခြင်း

၂။ ပုဒ်၊ ဗျည်းတို့ကို မယုတ်စေရ။ ပြည့်စုံအောင်လေ့လာကျက်မှတ်ထားခြင်း

၃။ လာဘ်လာဘကိုမငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်းတို့ ဖြစ်ပါတယ်
(ပါထိကအဋ္ဌကထာ၊ အာဋာနာဋိယသုတ် (၁၄၉) )

ပရိတ်နာသူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
************************
၁။ ပဉ္စာနန္တရိယကံမရှိခြင်း (ပဉ္စာနန္တရိယကံဆိုသည်မှာ - အမိရင်းကိုသတ်သူ၊အဖရင်းကိုသတ်သူ၊ရဟန္တာကိုသတ်သူ၊ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ)

၂။ နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း (နိယတမိစ္ဆာဒိဋ္ဌိဆိုသည်မှာ -သတ္တဝါတို့အား ညစ်ညူးခြင်း၊ ဖြူစင်ခြင်းမရှိဟု စွဲယူခြင်း)

၃။ ပရိတ်တန်ခိုးကို ယုံကြည်ခြင်း တို့ဖြစ်ပါတယ်
(မိလိန္ဒပဥှာ (၁၅၅) )

ပရိတ် ရွတ်ပြီးနောက် ပရိတ်အိုး ပရိတ်ပန်း ခြံစည်းရိုးများ အိမ်အဝများမှာ ထားခြင်း ပရိတ်ဆန် ပရိတ်သဲများ ဖြူးခြင်း စည်းချခြင်းဖြင့် မကောင်းသော ဒုက္ခပေးနိုင်တဲ့ နာနာဘာဝများ သရဲတစ္ဆေများ၊မကောင်းသော အညံ့များ ဝင်မလာနိုင်အောင် အဟန့်ဖြစ်စေရန်လည်းကောင်း၊ ပရိတ်ရေကို သောက်သုံးပြီး ကျန်းမာစေရန်၊ကြံတိုင်းအောင်၊ဆောင်တိုင်းမြောက်စေရန်အတွက်လည်းကောင်း၊ ပရိတ်ချည်၊ပရိတ်ကြိုးများကို သွားလေရာမှာ အန္တရာယ်ဘေးကင်းစေရန်အတွက် ဆောင်ထားနိုင်ပါတယ်😊

Photo - Dhama School Foundation


#ပရိတ်အိုး #ပရိတ်ချည် #ပရိတ်ရေ

Sold Out😱 မိမိုက်နေတဲ့ အခန်းလေး ပြင်ဆင်ပြီး 425 သိန်း နဲ့ရောင်းပါမယ် ရှင့်......... ဒေါပုံမြို့နယ်၊ 12.5'*50'၊စတုတ္ထထပ်၊...
03/03/2023

Sold Out
😱 မိမိုက်နေတဲ့ အခန်းလေး ပြင်ဆင်ပြီး 425 သိန်း နဲ့ရောင်းပါမယ် ရှင့်.........

ဒေါပုံမြို့နယ်၊ 12.5'*50'၊စတုတ္ထထပ်၊၅ ထပ်တိုက် ရဲ့ တစ်မိုးအောက် အသင့်နေ.....
ဗန္ဓုလတံတားအဆင်း...မြို့ထဲနဲ့အနီးဆုံးနေရာ ..
အထူးကု ဆေးခန်း/ဈေး/Bank /GYM ဘာပဲလိုလို အနီးဆုံးမှာ အားလုံးရှိတာဆိုတော့...
ရေမီးအစုံနဲ့ လေထီး ခုန်ဖို့ ဘဲကျန်တော့တယ်ပေါ့😁

ပြင်ဆင်ပြီးသားလေးကတော့ ပုံထဲကအတိုင်း...အပြင်မှာ လာကြည့် ကွက်တိမဖြစ်ဘူး
အပြင်မှာက ပိုလှ ပိုမိုက်နေတာ ပုံထဲထက် 🤭😌

သုံးထားတဲ့ material တွေကလည်း best quality တွေဆိုတော့ အကောင်းကြိုက်တဲ့သူတွေနဲ့အကိုက်ပဲ!

ကြွေပြားလှလှလေးနဲ့ SPC ရေစိုခံ ပါကေးလေးနော်
Ceiling နဲ့ Lighting ကလည်း မိမိုက်နေရောပဲ ...

အားလုံးက အသစ်အသစ်တွေ😁....
ပြင်ဆင်ပြီး လူလုံးဝမနေရသေးပါဘူးရှင့်.....

Main လမ်းမကြီးတွေနဲ့လည်း နီးသလားမမေးနဲ့
အိမ်ပေါ်က လှမ်းကြည့်တောင် မြင်နေရတယ်😁...

Bcc၊ ကိုယ်ပိုင်မီတာ ၊ ကိုယ်ပိုင်မော်တာအားလုံးအသင့်
စာရွက်စာတမ်းအပြည့်အစုံနဲ့ စိတ်ချလက်ချ၀ယ်လို့ရတဲ့ စျေးသင့် အခန်းလေးမို့
လာကြည့်တာ မြန်မှတော့ ဖြစ်မယ်နော🤔

စိတ်ဝင်စားလို့ လာကြည့်မယ် ဆို ကျေးဇူးပြုပြီး ဖုန်း လေးတော့ ကြိုဆက်ချိန်းပေးပါ လို့😁.....

MYA Real Estate
09978033358

အခန်းလေး sold out ပါ😍 ဝယ်ယူသွားတဲ့ မောင်လေးနဲ့ ညီမလေးကို MYA Real Estate မှ ကျေးဇူးအထူးတင်ပါတယ်ရှင့် 🤗 အတူတူရောင်းပေးတဲ့...
03/03/2023

အခန်းလေး sold out ပါ😍 ဝယ်ယူသွားတဲ့ မောင်လေးနဲ့ ညီမလေးကို MYA Real Estate မှ ကျေးဇူးအထူးတင်ပါတယ်ရှင့် 🤗 အတူတူရောင်းပေးတဲ့ အကျိုးတူ ညီမလေး လည်းကျေးဇူးပါနော် 🤝

SOLD OUTသာကေတမြို့နယ်  မြို့ထဲ အနီးဆုံးနေရာ ..... လူကြိုက်များဆုံး .....နေရာကောင်း တဲ့ ၄/တောင်ရပ်ကွက် ၊အောင်မေတ္တာလမ်းမက...
02/03/2023

SOLD OUT
သာကေတမြို့နယ် မြို့ထဲ အနီးဆုံးနေရာ ..... လူကြိုက်များဆုံး .....နေရာကောင်း တဲ့ ၄/တောင်ရပ်ကွက် ၊အောင်မေတ္တာလမ်းမကြီးပေါ် မှာ အထပ်နိမ့် ဒုတိယထပ် လေးကို ပြင်ဆင်ပြီး 545 သိန်း .....
#အခန်း အကျယ် 13*55 ပေ (ဒေါပုံ အခန်းတွေထက် ပိုကျယ် ပြီး ..... အနောက် ကို ၁၀ ပေ ပိုရှည်တဲ့ .....)
#ပြင်ဆင်ပြီး ဒုတိယထပ် (အထပ် နိမ့် လေးမို့ လှေကားတက်ရတာလုံးဝ မမောပါဘူးနော် ...... မှန်ခန်း ပါလို့ တတိယထပ် နဲ့ ညီပါတယ်ရှင့်
စျေးနီး၊ ကျောင်းနီး၊ဆေးရုံ ဆေးခန်း နီး၊ Bank ဘာဘဲ လိုလို .....အားလုံးနဲ့ နီးနေတော့ ဘာလိုသေးလဲ နော့ 😃....
ပါကေးခင်း အသစ်၊ မီးဖိုခန်း ဝရံတာ ကြွေပြားခင်း၊ ဗိုလ်ထိုင် အသစ် ၊ရေလိုင်း၊ မီးလိုင်း၊ cabinet၊ Bar counter ပါ မကျန် လိုလေသေး မရှိ အသင့်နေလေးပါ.....
ဘေးတိုက် မရှိတဲ့အတွက် အလင်းရောင်.....လေဝင်လေထွက် အလုံ အလောက် ရပါတယ်နော်.....
BCC ကိုယ်ပိုင် မီတာ ရေမော်တာ စာရွက်စာတမ်းက စုံတာထက်ကို ပိုပါတယ် နော်.....
အခန်းလေးကို စိတ်ဝင်စားလို့ လာကြည့်မယ် ဆို ကျေးဇူးပြုပြီး ဖုန်းလေး ကြို ဆက်ပေးပါနော် 😊
MYA Real Estate
09978033358

SOLD OUT📣 ရပ်ကွက် မိန်းလမ်းမပေါ်  ပြင်ဆင့်ပြီး အသင့်နေ သိန်း495(ညှိုနှိုင်း) ရောင်းပါမယ် ရှင့်...♦ ဒေါပုံမြို့နယ်၊ ရန်အေ...
02/03/2023

SOLD OUT
📣 ရပ်ကွက် မိန်းလမ်းမပေါ် ပြင်ဆင့်ပြီး အသင့်နေ သိန်း495(ညှိုနှိုင်း) ရောင်းပါမယ် ရှင့်...

♦ ဒေါပုံမြို့နယ်၊ ရန်အောင်မှတ်တိုင် အနီး ၊ဗိုလ်လရောင်လမ်းမကြီးပေါ် ....

♦ 12.5'*50' အသင့်နေ ပထမထပ်လေး.....ဗန္ဓုလတံတားဆင်းရင် နှစ်မှတ်တိုင် ပါဘဲနော်....မြို့ထဲနဲ့လည်း နီး....အထူးကု ဆေးခန်းတွေကလည်း အနီးမှာရှိ ....စျေးတန်း ကလည်း ဗိုလ်လရောင်လမ်းမကြီး ပေါ်မှာဘဲ ...Bank တွေနဲ့လည်းနီးသလားတော့ မမေးနဲ့ 😁.....

♦ ပြင်ဆင်ပြီးသားလေးကတော့ ပုံထဲကအတိုင်းကွက်တိ....သုံးထားတဲ့ material တွေကလည်း best quality တွေပါနော်...ကြွေပြား၊ spc ရေစိုခံ ပါကေးပါနော်....Partition လေးတွေပါ ပါသေးတယ်.....အားလုံးက အသစ်အသစ်တွေနော်😁....ပြင်ဆင်ပြီး လူလုံးဝမနေရသေးပါဘူးနော်.....
Bcc၊ ကိုယ်ပိုင်မီတာ ၊ ရေမော်တာ ပါပြီး စာရွက်စာတမ်းက စိတ်ချရသလားမမေးနဲ့ ရှေ့နေနဲ့ စာချုပ်ထားတာပါ ရှင့်😁....
အခန်းလေးကို စိတ်ဝင်စားလို့ လာကြည့်မယ် ဆို ကျေးဇူးပြုပြီး ဖုန်းလေးကြိုတင်ဆက် ​ပေးပါလို့😁.....

MYA Real Estate
09978033358

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MYA Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share