D Prime Myanmar

D Prime Myanmar Let's walk to the golden future with D Prime Myanmar

အဖြေတစ်ခုပေးကြည့်ပါ ❓Q : Risk Management မရှိရင် Account ပျက်နိုင်တယ်A : မှား ❎ (OR) မှန် ✅
29/05/2026

အဖြေတစ်ခုပေးကြည့်ပါ ❓

Q : Risk Management မရှိရင် Account ပျက်နိုင်တယ်

A : မှား ❎ (OR) မှန် ✅

ကမ္ဘာ့ရေးရာ အဖြာဖြာနဲ့ ယနေ့ စျေးကွက်အခြေအနေများ——————————————————————————May 28 ၊ 2026US နဲ့ အီရန်တို့ကြား အပြန်အလှန်လေက...
28/05/2026

ကမ္ဘာ့ရေးရာ အဖြာဖြာနဲ့ ယနေ့ စျေးကွက်အခြေအနေများ
——————————————————————————
May 28 ၊ 2026

US နဲ့ အီရန်တို့ကြား အပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့အပြီးမှာတော့ ယနေ့စျေးကွက်အတွင်း ဒေါ်လာတန်ဖိုးမာကြောလာကာ၊ ရေနံစျေးမြင့်တက်ခဲ့ပြီး၊ အာရှစတော့စျေးကွက် ကျဆင်းခဲ့ရပါတယ်။ ကူဝိက်နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းအန္တရာယ်အချက်ပေးသံများ ဆူညံနေခဲ့သလို အရှေ့အလယ်ပိုင်းဒေသတစ်လွှား မတည်ငြိမ်မှုတွေ ပြန်လည်ဖြစ်ပွါးလာမှာကို အားလုံးက စိုးရိမ်နေကြပါတယ်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်လေယာဉ်ကွင်းများဟာ ယခုတိုက်ခိုက်မှုအတွက် တာဝန်ရှိပြီး၊ နောက်ထပ်တိုက်ခိုက်မှုများဆက်လက်ပြုလုပ်ပါက “ ပိုမိုပြင်းထန်တဲ့ လက်တုံ့ပြန်မှုနဲ့ ကြုံရမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်အပြီးမှာတော့ ရေနံတန်ဖိုးတွေဟာ တစ်စည်က်ို 3.7% အထိ မြင့်တက်သွားခဲ့ရပါတယ်။

တစ်ချိန်ထဲမှာပဲ အာရှစျေးကွက်က သိသာထင်ရှားစွာကျဆင်းသွားခဲ့ပြီး MSCI Asia-Pacific အညွှန်းကိန်းက 1.8% ကျဆင်းသွားခဲ့ပြီး၊ တောင်ကိုရီးယားရဲ့ KOSPI က 2.7% ကျဆင်းသွားခဲ့ကာ US စတော့​စျေးကွက်တွေလဲ ကျဆင်းသွားခဲ့ရပါတယ်။

ယနေ့မနက်ခင်းမှာ အီရန်ရဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချခဲ့ရကြောင်း ကူဝိက်စစ်တပ်ကကြေညာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ဟောမုဇ်ရေလက်ကြားအဖွင့်အပိတ်ကို ကိုင်တွယ်နေတဲ့ Persian Gulf Strait Authority အဖွဲ့အစည်းကို အမေရိကန်က အမည်ပျက်စာရင်းသွင်းပြီး စီးပွါးရေး ပိတ်ဆို့မှု ပြုလုပ်လိုက်ပါတယ်။

အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ safe-haven assets တွေဘက်ကို အာရုံကျလာကြပါတယ်။ ဆက်လက်ပြီး အရှေ့အလယ်ပိုင်းရဲ့ စွမ်းအင်စျေးနှုန်း မတည်ငြိမ်မှုဟာ ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို ဆိုးရွားစေပြီး တကယ်လို့ စစ်ပွဲ ပြီးဆုံးတယ်ဆိုရင်တောင်မှပဲ ဒီရဲ့ ရိုက်ခတ်မှုကို တစ်ကမ္ဘာလုံးခံရနိုင်ကြောင်း ဥရောပဗဟိုဘဏ်ရဲ့ ဦးဆောင်စီးပွါးရေးပညာရှင် Philip Lane က သတိပေးထားပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

28/05/2026

မရတော့ဘူး ဒီဘဝမှာ တအားနေသားကျနေပြီ 🫪

အီရန်-အမေရိကန် ပဋိပက္ခနဲ့ ငြိမ်သက်နေတဲ့ ရွှေစျေးကွက်——————————————————————————May 27 ၊ 2026အီရန် နဲ့ အမေရိကန်ကြား ဆွေးနွ...
27/05/2026

အီရန်-အမေရိကန် ပဋိပက္ခနဲ့ ငြိမ်သက်နေတဲ့ ရွှေစျေးကွက်
——————————————————————————
May 27 ၊ 2026

အီရန် နဲ့ အမေရိကန်ကြား ဆွေးနွေးမှုဆက်ဖြစ်မဖြစ်ကို အာရုံစိုက်လာကြပြီးနောက် ယနေ့စျေးကွက်အတွင်းမှာ ရွှေစျေးအနည်းငယ်လှုပ်ရှားလာခဲ့ပါတယ်။ ယခုပဋိပက္ခတွေရဲ့ မသေချာမရေရာမှုကြားမှာ ရွှေစျေးအနေနဲ့ ပြီးခဲ့တဲ့ 10 ရက်ဆက်တိုက် အကြပ်အတည်းဆိုက်ခဲ့တာကိုလဲ တွေ့ခဲ့ရပါတယ်။

Spot gold တန်ဖိုးတွေဟာ တစ်အောင်စကို $4,505 ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပြီး၊ ရွှေရှယ်ယာတွေရဲ့ တန်ဖိုးဟာလဲ ကျဆင်းခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ စျေးကွက်သုတေသီတွေကတော့ ရေနံနှင့် စွမ်းအင်စျေးနှုန်းကြီးမြင့်လာခြင်းဟာ ရွှေစျေးကွက်အတွက်အဟန့်အတားတစ်ခုဖြစ်စေလိမ့်မယ်လို့လဲ သတိပေးထားပါတယ်။

ဆက်လက်ပြီး စျေးကွက်အတွင်း ဗဟိုဘဏ်တွေနဲ့ပတ်သတ်လ်ို့ အတိုးနှုန်းမြှင့်တင်ဖို့လိုလားနေကြကြောင်းကိုလဲ ကြားသိရပါတယ်။ Federal Reserve အနေနဲ့ လာမဲ့ December လမှာ အတိုးနှုန်းမြှင့်တင်နိုင်ခြေ 40% ရှိနေပြီး၊ တကယ်လို့ အတိုးနှုန်းမြှင့်တင်ခဲ့ရင် ရွှေဝယ်လ်ိုအားကျဆင်းနိုင်ပါတယ်။

နောက်ထပ်အနေနဲ့ အီရန်နဲ့အမေရိကန်တို့ဟာ လက်ရှိမှာ စစ်ရေးအရတင်းမာနေပေမဲ့၊ စားပွဲဝိုင်းမှာတော့ ဆွေးနွေးပွဲက ဆက်ဖြစ်နေပါသေးတယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ လက်ရှိအချိန်မှာ US ရဲ့ အဓိက GDP အညွှန်းကိန်းကို စောင့်မျှော်လျှက်ရှိနေကြပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

27/05/2026

🎁 DPM Myanmar 3Years Anniversary ကူပွန်ကမ်ပိန်း ⭐️🔥

ဘယ်လိုပါဝင်လို့ရမလဲ ❓ ဆိုတာနဲ့ စည်းမျည်းစည်းကမ်းများကိုတော့

📨 m.me/dprimemyanmar ကနေ မေးမြန်းနိုင်ပါပြီ။

❝ ယုံကြည်စိတ်ချစွာ Trade ကြည့်ပါ ! DPM Myanmar မှာ ❞


အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်လိုက်တဲ့နောက် စျေးကွက်ကမောက်ကမ ဖြစ်မည်ကိုစိုးရိမ်လာကြ—————————————————————...
26/05/2026

အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများ ပြုလုပ်လိုက်တဲ့နောက် စျေးကွက်ကမောက်ကမ ဖြစ်မည်ကိုစိုးရိမ်လာကြ
——————————————————————————
May 26 ၊ 2026

အပစ်အခတ်ရပ်ဆဲရေးကို ချိုးဖောက်တဲ့ မည်သည့်တိုက်ခိုက်မှုကိုမဆို “ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ ပြင်းထန်စွာတုံ့ပြန်သွားမည်” ဟု အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အမေရိကန်ရဲ့ ဒရုန်းများကို ပစ်ချခဲ့ပြီး တိုက်လေယာဉ်များကိုလဲ နိုင်ငံလေပိုင်နက်အတွင်းမှ လိုက်လံမောင််းထုတ်ခဲ့ရကြောင်း ၎င်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အမေရိကန်စစ်တပ်ကတော့ မိမိတို့ဟာ အီရန်ရဲ့ ဒုံးကျည်ပစ်စင်များ နဲ့ ရေမြှုပ်မိုင်းထောင်ရန်လာတဲ့ ဖျက်သင်္ဘောများကို “ ခုခံကာကွယ်တဲ့အနေနဲ့” တိိုက်ခိုက်ခဲ့ကြောင်းပြောပါတယ်။ CENTCOM ရဲ့ ပြောကြားချက်အရ ယခုတိုက်ခိုက်မှုဟာ အမေရိကန်တပ်ဖွဲ့များကို ကာကွယ်ရန်အတွက်ဖြစ်ပြီး အပစ်အခတ်ရပ်ဆဲရေးကို မထိခိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ယခုတိုက်ခိုက်မှု ပြီးတဲ့နောက်မှာတော့ အပစ်အခတ်ရပ်ဆဲရေးအတွက် မျှော်လင့်ချက်တွေ မှေးမှိန်လာခဲ့ရပြီလဲ ဖြစ်ပါတယ်။ သတင်းတွေအရ ဝါရှင်တန် နဲ့ တီဟီရန် တို့ရှိ အစိုးရတွေဟာ အပစ်အခတ်ရပ်ဆဲရေးနဲ့ ဟောမုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးတို့အတွက် အစွမ်းကုန် ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံတော် အတွင်းရေးမှူးချုပ် မာက်ိုရူဘီယ်ိုကတော့ အဆိုပါရေလမ်းကြောင်းကို “ တစ်နည်းမဟုတ် တစ်နည်း” နဲ့ ရအောင်ပြန်ဖွင့်မယ် လို့ပြောထားတဲ့ အတွက်ကြောင့် စျေးကွက်အတွင်း စိုးရိမ်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ကတော့ မည်သည့်သဘောတူညီချက်ရရှိစေကာမူ အီရန်အနေနဲ့ လက်နက်အဆင့် ယူရေနီယံတွေကို လွှဲပြောင်းပေးဖို့ အဓိကဖြစ်ကြောင်း သတိပေးထားပါတယ်။ ဖေဖော်ဝါရီလနောက်ဆုံးရက်မှာ စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေးဟာ အီရန်ရဲ့ နျူကလီးယားလက်နက်တွေကို ဖျက်စီးရန် အဓိက ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ထပ်မံပြောကြားခဲ့ပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

26/05/2026

Trading မှာ Emotion ကိုဘယ်လို Manage လုပ်မလဲ ❓

သင်ကိုယ်တိုင်ကလည်း Begineer Trader ဖြစ်တယ် Emotion လည်းမထိန်းချုပ်နိုင်သေးဘူးဆိုရင် ဒီ Video လေးကအထောက်အကူဖြစ်စေမှာပါ 💪🏻💯

❝ ယုံကြည်စိတ်ချစွာ Trade ကြည့်ပါ ! DPM Myanmar မှာ ❞


Trading ဆိုတာက တစ်ယောက်ယောက်ကနေ အစားထိုးလုပ်ပေးရတဲ့ အရာမဟုတ်ပါဘူး 🤞🏽Market ကို ကိုယ်တိုင်နားလည်ပြီး ၊ Chart ကို ကိုယ်တို...
25/05/2026

Trading ဆိုတာက တစ်ယောက်ယောက်ကနေ အစားထိုးလုပ်ပေးရတဲ့ အရာမဟုတ်ပါဘူး 🤞🏽

Market ကို ကိုယ်တိုင်နားလည်ပြီး ၊ Chart ကို ကိုယ်တိုင်ကြည့်ပြီး ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ Trade လုပ်ရတဲ့ Process တစ်ခုပါ ✅

ဒါကြောင့် …

👨🏻‍💻 Trader တစ်ယောက်အတွက် အရေးကြီးဆုံးက ကိုယ်တိုင်နားလည်ပြီး Trade လုပ်နိုင်ဖို့ ဖြစ်ပါတယ်။

D Prime Myanmar မှာတော့

Trading ကို ကိုယ်တိုင်လေ့လာပြီး ကိုယ်ပိုင် Strategy နဲ့ Trade လုပ်ချင်တဲ့ Traders တွေအတွက် လိုအပ်တဲ့ Trading Environment နဲ့ Support များကို စီစဉ်ပေးထားပြီး 🎯

Platform အသုံးပြုမှု ၊ Deposit / Withdrawal Process , Trading နှင့်ပတ်သက်တဲ့ အခြေခံ Information များကိုလည်း နားလည်အောင် ကူညီပေးထားတာကြောင့် Traders များအနေနဲ့ Market ကို ပိုမိုစနစ်တကျနဲ့ Trade လုပ်နိုင်မှာပဲဖြစ်ပါတယ် ✔️

ဒါကြောင့် … Trading ကို ကိုယ်တိုင်နားလည်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ Trade လုပ်ချင်တယ်ဆိုရင်တော့ D Prime Myanmar နဲ့အတူစတင်ကြည့်ဖို့ ကြိုဆိုလျက်ရှိပါတယ်ရှင် 💯

📥 DM us for detail information - m.me/dprimemyanmar

❝ D Prime Your Private Broker ❞

နျူကလီးယားလက်နက်အရေး ကန်-အီရန် တင်းမာ၊ ဟောမုဇ်ရေလက်ကြားအတွင်း ပိတ်မိကုန်သင်္ဘောဦးရေ မြင့်တက်လျှက်ရှိ————————————————————...
22/05/2026

နျူကလီးယားလက်နက်အရေး ကန်-အီရန် တင်းမာ၊ ဟောမုဇ်ရေလက်ကြားအတွင်း ပိတ်မိကုန်သင်္ဘောဦးရေ မြင့်တက်လျှက်ရှိ
——————————————————————————
May 22 ၊ 2026

အီရန်နိုင်ငံရဲ့ လက်နက်ထုတ်ရန်သိုလှောင်ထားသော သန့်စင်ပြီး ယူရေနီယံတွေကို မည်သည့်တိုင်းပြည်က်ိုမှ လွှဲပြောင်း မပေးနိုင်ဘူးလို့ ခေါင်းဆောင် အာယာတိုလာ မိုဂျ့်တာဘာ ခါမေနီက ပြောကြားလိုက်ပါတယ်။ ဒီသတင်းဟာ ယုံကြည်ရတဲ့ အတွင်းလူတွေထံက လာတာဖြစ်ပြီး၊ အမေရိကန်ရဲ့ နျူလက်နက်ဖြုတ်သိမ်းရေးတောင်းဆ်ိုမှုနဲ့လဲ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

အီရန်နိုင်ငံအပေါ် အလုံးစုံနျူလက်နက်ဖျက်သိမ်းရေးမှာ ယခုစစ်ပွဲပြီးဆုံးရန် အဓိကအချက်ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ စစ်ပြေငြိမ်းရန်နီးကပ်လာပြီ ဖြစ်ကြောင်း နှစ်ဖက်လုံးက ပြောကြားလာခဲ့ကြပေမဲ့ တကယ်လို့ ညှိနှိုင်းရေး အဆင်မပြေပါက စစ်ရေးအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

အီရန်ကတော့ ၎င်းတို့ရဲ့ ယူရေနီယံတွေဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက်သာဖြစ်ပြီး တစ်ခြားဘာရည်ရွယ်ချက်မှမပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီရန်အစိုးရက အမေရိကန်ရဲ့ ကမ်းလှမ်းချက်များကို သေချာစစ်ဆေးနေကြောင်းနဲ့ လာမဲ့ကာလတွေမှာ လာရောက်တိုက်ခိုက်ခဲ့ပါက ပြင်းထန်စွာပြန်လည်တုံ့ပြန်မှာဖြစ်ကြောင်း ပြောပါတယ်။

ပဋိပက္ခတွေကြောင့် ဟောမုဇ်ရေလက်ကြားဟာ အထိအနာဆုံးဖြစ်ပြီး၊ ပိတ်မိနေတဲ့ ကုန်တင်သင်္ဘောတွေဟာ ပုံမှန်ထက်များပြားလာနေကြောင်းကိုလဲ သတင်းတွေအရ သိရှိရပါတယ်။ ဆက်လက်ပြီးအီရန်က ညှိနှိုင်းရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ဖြတ်သန်းသွားရာ သင်္ဘောတိုင်းကို ဖြတ်သန်းခ ကောက်ခံသွားဖို့ ရှိနေကြောင်းလဲ သိရှိရပါတယ်။

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

22/05/2026

ဒီအချက်ကိုလည်း Trading မှာ သတိထားသင့်ပါတယ် 🚨

❝ ယုံကြည်စိတ်ချစွာ Trade ကြည့်ပါ ! DPM Myanmar မှာ ❞



Address

Yangon
11181

Opening Hours

Monday 02:00 - 16:00
Tuesday 02:00 - 16:00
Wednesday 02:00 - 16:00
Thursday 02:00 - 16:00
Friday 02:00 - 16:00
Saturday 02:00 - 16:00

Telephone

+959400499036

Alerts

Be the first to know and let us send you an email when D Prime Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to D Prime Myanmar:

Share