Thu Financial Hub

Thu Financial Hub Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thu Financial Hub, Finance, yankin, Yangon.

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ ပံ့ပိုးပေးပါသည်။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီပေးပါသည်။
Thu Financial Hub

ကိုယ်ခွင့်ယူထားချိန်မှာ ဘာပြဿနာမှ မရှိပါစေနဲ့Nothing Break When You're On Holiday🧏🏻‍♀️✨ဒီအချက်က Bossတွေရဲ့ Traumaလို့တော...
04/05/2026

ကိုယ်ခွင့်ယူထားချိန်မှာ ဘာပြဿနာမှ မရှိပါစေနဲ့

Nothing Break When You're On Holiday🧏🏻‍♀️✨

ဒီအချက်က Bossတွေရဲ့ Traumaလို့တောင်
ပြောရမလားပဲနော် ဝန်ထမ်းက ခွင့်ယူရင်
ငါတော့ အလုပ်တွေရှုပ်ဦးတော့မယ်ဆိုပြီး
ကိုယ်ခွင့်ယူတော့မယ်လို့ ပါးစပ်ဟတာနဲ့
Boss က စိတ်ဖိစီးမှုများနေတဲ့ ဖြစ်ရပ်မျိုးပေါ့။✨

ကိုယ်ခွင့်ယူတဲ့ရက် ကိုယ်လည်း အိမ်ကနေ
ဖုန်းတဂွမ်ဂွမ်လာတာကို ထိုင်မဖြေပေးချင်သလို
ကိုယ့်နေရာမှာ အစားဝင်လုပ်ပေးတဲ့သူအတွက်လည်း ဝန်မပိအောင်လုပ်လို့ရတဲ့ ရိုးရိုးရှင်းရှင်း
နည်းလေးတွေရှိပါတယ် ။💁🏻‍♀️🌷

ဘာတွေလုပ်လို့ရလဲဆိုရင်
မနက်ဖြန်လို ခွင့်ယူမယ်ဆိုရင်
ဒီနေ့ လိုတည်းက ကိုယ့်ရဲ့ လုပ်လက်စ
Task Status တွေကို Note နဲ့ချရေးပေးခဲ့တာဖြစ်ဖြစ်၊ File လေးတစ်ခုဆောက်ပေးခဲ့တာဖြစ်ဖြစ်၊
Loom video လေးနဲ့ အတိုချုပ် record
လုပ်ပေးခဲ့တာဖြစ်ဖြစ် စီစဉ်ပေးခဲ့လို့ရပါတယ်။
အဲ့လိုဆိုရင် သူတို့လည်း ကိုယ်ခွင့်ယူတာကို
မကြည်မဖြူ ဖြစ်မနေတော့ဘူးပေါ့။💁🏻‍♀️

ပြီးရင် ကိုယ်လုပ်ပေးထားတဲ့
Video record or note တွေကို
လုပ်ငန်းသုံး Viber group chatလို
နေရာမျိုးတွေမှာ ပို့ပေးထားခဲ့လို့ရပါတယ်။
Pin လေးထောက်ပေးခဲ့ရင် ပိုတောင် အဆင်ပြေပါသေးတယ်။

Make their life easier ဆိုသလိုမျိုးပေါ့
ကိုယ့်ကြောင့် သူများတွေ အလုပ်ရှုပ်သက်သာတဲ့အခါ နောက်နေ့ ကိုယ်ရုံးပြန်တက်ရင်
သူတို့လည်း ကိုယ့်ကို အမြင်မကြည်ဖြစ်မနေတော့ဘူးပေါ့။🫶🏻✨

ဒါမျိုးလေးတွေ စီစဉ်တတ်ရင်
လုပ်ငန်းခွင်က ပိုချောမွေ့ပြီး ပိုအဆင်ပြေလာပါလိမ့်မယ်🌷✨

နောက်လည်း ဒီလိုမျိုး ငွေကြေးစီမံမှုဆိုင်ရာ၊ အလုပ်ခွင်ဆိုင်ရာလေးတွေကို တင်သွားပေးမှာဖြစ်တဲ့အတွက် သဘောကျတယ်ဆိုရင်တော့ Like and follow လေးလုပ်သွားပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ လိုအပ်လာပြီဆိုရင်တော့ Thu Financial Hub ကို သတိရလိုက်ပါ။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

ပြဿနာတွေချည်း ယူမလာပါနဲ့အဖြေကိုပါ တပါတည်း ယူလာပါ။(Bring Solutions , Not Just Problems.)💁🏻‍♀️ရှေ့က ၃ချက်ကို မျှဝေခဲ့အပြီး...
27/04/2026

ပြဿနာတွေချည်း ယူမလာပါနဲ့
အဖြေကိုပါ တပါတည်း ယူလာပါ။
(Bring Solutions , Not Just Problems.)💁🏻‍♀️

ရှေ့က ၃ချက်ကို မျှဝေခဲ့အပြီးမှာ
ဒီ စတုတ္တမြောက် အချက်က
Professionalism ကို ရည်ရွယ်ပါတယ်
တချို့အရာတွေမှာ ဒီကိစ္စတော့ဒီလိုဖြစ်သွားပြီ
ကျွန်တော်ကတော့ ဘာလုပ်ဖို့တော့စီစဉ်ထားပါတယ်။ ဒါမျိုး ဖြစ်နေရမှာပါ။
ဒီကိစ္စတော့ ဒီလိုဖြစ်သွားတယ်၊
ကျွန်တော်လည်း ဘာမှမလုပ်တတ်ဘူးဆိုပြီး
ဖြစ်နေရင် ကိုယ့်ရဲ့ Professionalism ကိုထိခိုက်စေပါတယ်။🧏🏻‍♀️

ကိုယ့်ရဲ့အထက်လူကြီးဆီကို ပြဿနာတွေပဲ သယ်သယ်သွားတာက ကိုယ့်ရဲ့အလုပ်ကို
ပိုပြီး ပင်ပန်းခက်ခဲစေပါတယ်။
ကိုယ်ဘာကြောင့် ရာထူးမတိုးလဲဆိုရင်
အထက်လူကြီးရဲ့ အလုပ်တွေကို
ပိုပြီး သက်သာချောမွေ့အောင် မလုပ်ပေးနိုင်သေးလို့ပါ။ ရာထူးမတိုးတာဟာ ဒီတစ်ချက်တည်းကြောင့်မဟုတ်ဘဲ တခြားသော other factorsတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။💁🏻‍♀️✨

ဒီအတွက် ဘာတွေလုပ်လို့ရလဲဆိုရင်
သေးသေးမွှားမွှား ကိစ္စတွေမှာ
အထက်ကို တင်ပြမနေတော့ပဲ
ကိုယ့်ရဲ့ common sense နဲ့ဆုံးဖြတ်ပါ။
အရာရာတိုင်းကို လိုက်မေးမနေပါနဲ့
လုံးဝမသိ အဖြေရှာမရမှသာ မေးကြည့်ပါ။
အဲ့လိုမှမဟုတ်ရင် တချို့အရာတွေကို
ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းကြည့်ပါ။✅✨

အကြံပြုချက် (Recommendation)
ပေးတဲ့အခါမှာ ရွေးစရာ option
နှစ်ခု သုံးခုလောက်ကို ကြိုတင်ပြင်ထားပါ။
တစ်ခုပဲပြင်ဆင်ထားတဲ့အခါ
အဲ့တစ်ခုက အဆင်မပြေရင်
နောက်ဟာတွေ ထပ်ရှာထပ်ပြနဲ့
ပိုပြီး အချိန်ကုန် အလုပ်ရှုပ်စေပါတယ်။💁🏻‍♀️✨

ပြီးရင် အဲဒီ့ ရွေးချယ်စရာ တစ်ခုခြင်းဆီရဲ့
အားသာချက်၊ အားနည်းချက် (Trade-offs) တွေကို
သေချာလေးရှင်းပြတတ်ဖို့လိုပါမယ်
ဒါမှသာ ကိုယ့်ရဲ့ အထက်လူကြီးက
အဆင်ပြေဆုံးဖြစ်မယ့်အရာတစ်ခုကို
မှန်မှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန် ရွေးချယ်ပေးနိုင်ပါလိမ့်မယ်။✅✨

ကိုယ်က
Problem-Solver လား
Problem-Reporter လားဆိုတာကို
ဒီ article လေးကနေ အဖြေရှာကြည့်ကြပါဦးနော်။

နောက်လည်း ဒီလိုမျိုး ငွေကြေးစီမံမှုဆိုင်ရာ၊ အလြပ်ခွင်ဆိုင်ရာလေးတွေကို တင်သွားပေးမှာဖြစ်တဲ့အတွက် သဘောကျတယ်ဆိုရင်တော့ Like and follow လေးလုပ်သွားပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ လိုအပ်လာပြီဆိုရင်တော့ Thu Financial Hub ကို သတိရလိုက်ပါ။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

နောက်ဆက်တွဲ ကိစ္စတွေကို ဂရုစိုက်ပါ(Never Miss A Follow-Up)ဒီအချက်က ကိုယ့်ကို လုပ်ငန်းခွင်မှာရောဘဝမှာရော "အားကိုးထိုက်တဲ့...
21/04/2026

နောက်ဆက်တွဲ ကိစ္စတွေကို ဂရုစိုက်ပါ

(Never Miss A Follow-Up)

ဒီအချက်က ကိုယ့်ကို လုပ်ငန်းခွင်မှာရော
ဘဝမှာရော "အားကိုးထိုက်တဲ့သူ"
ဖြစ်လာစေမယ့်အချက်ပါ။

"အားကိုးထိုက်သူ" ဖြစ်စေလာဖို့က
ကိုယ်လုပ်ထား၊ ပြောထား၊ စီစဉ်ထားတဲ့
အရာတွေရဲ့ နောက်ဆက်တွဲကို တာဝန်ယူပေးနိုင်ခြင်းပါ။ ကိုယ့်လုပ်ရပ်တစ်ခုအပေါ် တာဝန်ယူပေးတာ၊
ကိုယ့်စကားတစ်ခွန်းအပေါ် တာဝန်ယူပေးတာ၊
ဖြေရှင်းပေးတာ၊ ကိုယ်ပြောထားတဲ့ စကားပေါ်မှာ
ကတိတည်စွာ လုပ်ပေးတာ ၊
ဒါတွေက ကိုယ့်ကို အားကိုးထိုက်သူ
ဖြစ်လာစေမှာပါ။

ဥပမာ ကျွန်တော်တို့ ပစ္စည်း တစ်ခုခု ဝယ်ရင် After service ကိုကြည့်ပြီး စားသုံးသူနဲ့ရောင်းသူမှာ ဆက်ဆံရေးတည်ဆောက်ကြတယ်ဟုတ် ။ Electronic showroomတစ်ခုကနေ အဝတ်လျှော်စက် တစ်လုံးဝယ်ကြတယ်ပဲထားပါစို့။ ဝယ်သူကို မဝယ်ဝယ်ချင်အောင်
ဘယ်သို့ ဘယ်ဝါ ဘာကံစမ်းမဲတွေဖောက်ပေးမှာ
မက်လုံးပေါင်းတသိန်းပေးပြီး ရောင်းလိုက်ပြီး
ဝယ်သူက ဒီitemအတွက် တခုခုအကူအညီလိုအပ်တယ်လို့ လာမပြောခင်မှာတင် After serviceရှိရမှာ။
အစ်ကိုရေ ညီမတို့ဆီက ဝယ်သွားတဲ့ ပစ္စည်းလေး တစ်လပြည့်ပြီမို့လို့ဖုန်းဆက်ပေးတာပါ ၊သုံးရတာအဆင်ပြေရဲ့လားရှင့်။ ဒါမျိုးနောက်ဆက်တွဲတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိရမှာပါ။ ဟင့်အင်း ကျွန်မကရောင်းပဲရောင်းလိုက်တာ ကျန်တာတွေ ကျွန်မမသိဘူး လုပ်လို့မရပါဘူး။

ဒီလို ကိစ္စအသေးမွှားနောက်ဆက်တွဲတွေက
ကိုယ့်ဆီမှာတင်ပြီးမသွားပဲ Bossဆီ ရောက်သွားရင်
ကိုယ်က လုပ်ငန်းခွင်မှာ အားကိုးထိုက်သူ
ဖြစ်လာတော့မှာမဟုတ်ပါဘူး။

Reliability ဆိုတဲ့ ယုံကြည်စိတ်ချရမှုက ကိုယ့် Career ကို Peak ဖြစ်လာစေမှာပါ။ အားကိုးရတဲ့ ဝန်ထမ်းဆိုတာ မေးမှဖြေတာမျိုးထက် မမေးခင်တည်းက အလုပ်အခြေအနေကို အသိပေးတတ်သူ ဖြစ်ရပါမယ်။
တကယ်အရေးကြီးတဲ့အလုပ်တွေကိုလည်း
ဦးစားပေး သတ်မှတ်ပြီး ခွဲခြားလုပ်တတ်ရပါမယ်။

အလုပ်မြန်စေမယ့် နည်းပညာတွေကို
အသုံးချတတ်အောင်လေ့လာထားရပါမယ်။
ဥပမာမှာ Meeting တွေ Loom AI လို Toolsတွေကို အသုံးပြုပြီး အချိန်ကုန်သက်သာအောင်
Follow-up လုပ်တာမျိုးတွေဖြစ်သင့်ပါတယ်။

အခုပြောသွားတဲ့အချက်တွေမဟုတ်ပဲနဲ့လည်း
ကိုယ်တိုင်ကျင့်သုံးနေတဲ့ အချက်တွေရှိရင်လည်း
မျှဝေသွားလို့ရပါတယ်။

နောက်လည်း ဒီလိုမျိုး ငွေကြေးစီမံမှုဆိုင်ရာ၊ အလုပ်ခွင်ဆိုင်ရာလေးတွေကို တင်သွားပေးမှာဖြစ်တဲ့အတွက် သဘောကျတယ်ဆိုရင်တော့ Like and follow လေးလုပ်သွားပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ လိုအပ်လာပြီဆိုရင်တော့ Thu Financial Hub ကို သတိရလိုက်ပါ။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

Handle Things Without Being Told To.(တချို့အရာတွေကို ပြောစရာမလိုဘဲ အလိုက်သိပါစေ)လုပ်ငန်းခွင်မှာဖြစ်စေ ဘဝမှာဖြစ်စေInitiat...
19/04/2026

Handle Things Without Being Told To.
(တချို့အရာတွေကို ပြောစရာမလိုဘဲ အလိုက်သိပါစေ)

လုပ်ငန်းခွင်မှာဖြစ်စေ ဘဝမှာဖြစ်စေ
Initiative ဖြစ်ဖို့ ဒီအချက်ကိုသိထားရပါမယ်။
အလိုလို သိနေရမယ်တော့ ဆိုလိုတာမဟုတ်ပေမယ့်
အလိုက်တသိနဲ့လုပ်ပေးရမယ်ဆိုတာမျိုးပါ။ ဘယ်သူမှ စွမ်းအားရှင်မဟုတ်လို့ အလိုလိုသိမနေကြပါဘူး။ အလိုက်တသိ လုပ်ပေးမှုတွေကပဲ
လုပ်ငန်းခွင်မှာ Performance ကောင်းတယ်၊ မကောင်းဘူးဆိုတာတွေကို သတ်မှတ်ပေးကြတာပါ။

အလိုက်သိတယ်ဆိုတာ Soft skill ထဲမှာပါပါတယ်။
လုပ်ငန်းခွင်မှာ ဘယ်လောက်ပဲ Hard skill တွေတော်နေ တတ်နေပါစေ၊ Soft skill မရှိရင်က အလကားပါပဲ။ အသေးအဖွဲလေးတွေမှာ အလိုက်တသိရှိဖို့လွယ်ပါတယ်။ ကိုယ်က အတွင်းရေးမှူးလုပ်နေပြီး ကိုယ့် bossက ခိုင်းမှ ကော်ဖီထဖျော်ပေးတာမျိုး၊ Boss က ဒီနေ့မီတင် ရှိတယ်ဆိုတာကို Meeting minutes မှတ်ဖို့ မသိသလို လုပ်နေတာမျိုး
ဒါမျိုးတွေ မဖြစ်ဖို့ပဲ လိုပါတယ်။ အလိုက်တသိရှိခြင်းက ယုံကြည်မှုတည်ဆောက်ရာမှာ
အရမ်းကို အသုံးဝင်ပါတယ်။

ကိုယ်က Department head(ဌာနမှူး) တစ်ယောက်ပဲထားပါစို့။ ကိုယ့်လက်အောက်လူတွေ ဘာလိုအပ်နေလဲ ၊ဘာစီမံပေးရမလဲ ၊ သူတို့မှာဘာပြဿနာတွေရှိနေလဲ ၊ ဒါတွေကို note down ချရေးထားပြီး
တစ်ပတ်ကို တစ်ခုလောက် ဖြေရှင်းပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးရပါမယ်။

ဒါဆိုရင် ဒီအသေးမွှား ကိစ္စတွေကို Bossက အချိန်ကုန်ခံဖြေရှင်းနေစရာမလိုပဲ ကိုယ့်ဆီမှာတင် ပြဿနာတွေက ပြေလည်သွားတော့ Bossကလည်း ကိုယ့်ကို ယုံကြည်မှုတိုးလာစေပါတယ်။

ပြီးရင် ထပ်ခါတလဲလဲလုပ်နေရတဲ့အလုပ်တွေကို
ကြာလာလေ အချိန်ကုန် လူပင်ပန်းသက်သာအောင်
ကိုယ်က အလိုက်တသိ စီစဉ်ပေးပါ။ ဥပမာ လစာပေးတဲ့ ရက်ဆိုပါစို့ ၊ ဒီလစာ ပေးရက်မတိုင်ခင် Payroll ဆွဲရတာတွေရှိတယ်။ ဒီအလုပ်က ဒီဝန်ထမ်းတွေရှိနေသ၍ ထပ်ခါတလဲလဲလုပ်နေရတဲ့အလုပ်မျိုးပါ။ ဒါမျိုး လုပ်ငန်းဆောင်တာတွေမှာ
ကိုယ်က အလိုက်တသိနဲ့ အချိန်ကုန်
လူပင်ပန်း သက်သာအောင် အလိုက်တသိနဲ့ဆောင်ရွက်ပေးပါ။

အလိုက်တသိ လုပ်ပေးတာက ကြာလာလေ ကိုယ့်တန်ဖိုးကို မြှင့်လာစေပါတယ်။ တစ်ဖက်က ပါးစပ်ကထုတ်ပြောလာခါမှ လုပ်ပေးရင် ကိုယ်လည်း ကျေးဇူးတင်မခံရသလို ကိုယ့်တန်ဖိုးကိုလည်း ကျစေပါတယ်။ ကိုယ့်နဲ့ကိုယ့် Bossကြားမှာ
ဆက်ဆံရေး တစ်ခုရှိလို့ အလိုက်တသိလုပ်ပေးရတာပါ။

ဆက်ဆံရေးမရှိရင် အလိုက်တသိ မလုပ်ပေးလည်း
ဘယ်သူ့ကမှ လာပြီး အပြစ်ပြောနေမှာမဟုတ်ပါဘူး။ ဆက်ဆံရေးတွေ ရှိလို့ ပတ်သက်မှုတွေရှိလို့
လုပ်ပေးရခြင်းတွေမှာ လုပ်ပေးနေရပါလားဆိုပြီး
ခေါင်းစဉ်တပ်နေရင် ကိုယ့်တန်ဖိုးက
ဘယ်တော့မှ မြင့်တက်လာတော့မှာမဟုတ်ပါဘူး

ကျန်တဲ့အချက်လေးတွေကို နောက်ရက်တွေမှာ
ဆက်ဝေမျှပေးသွာပါဦးမယ်နော်။

နောက်လည်း ဒီလိုမျိုး ငွေကြေးစီမံမှုဆိုင်ရာ၊ အလုပ်ခွင်ပိုင်းဆိုင်ရာလေးတွေကို တင်သွားပေးမှာဖြစ်တဲ့အတွက် သဘောကျတယ်ဆိုရင်တော့ Like and follow လေးလုပ်သွားပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ လိုအပ်လာပြီဆိုရင်တော့ Thu Financial Hub ကို သတိရလိုက်ပါ။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

အားလုံးပဲ မင်္ဂလာနှစ်သစ်ပါခင်ဗျာ။ ပျော်ရွှင်ဖွယ်မြန်မာ့နှစ်သစ်ကူးအခါသမယလေးဖြစ်ပါစေလို့ ဦးစွာပထမပြောကြားလိုပါတယ်။🤍🌷ဒီတစ်ခ...
17/04/2026

အားလုံးပဲ မင်္ဂလာနှစ်သစ်ပါခင်ဗျာ။ ပျော်ရွှင်ဖွယ်မြန်မာ့နှစ်သစ်ကူးအခါသမယလေးဖြစ်ပါစေလို့ ဦးစွာပထမပြောကြားလိုပါတယ်။🤍🌷

ဒီတစ်ခေါက် ပြောပြမယ့် အကြောင်းအရာလေးကတော့ "6 Smart ways to impress your boss" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အချက် ၆ချက်ကို ရှင်းပြပေးသွားပါမယ်။🫶🏻

လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ Bossနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့လူမျိုးတွေ Positionမျိုးတွေရှိပါလိမ့်မယ်။ အခုပြောပြမယ့် ၆ချက်ကို နောကျေအောင်
သိထားရင် ခင်များနဲ့ခင်များbossကြားက ဆက်ဆံရေးက အခုထက်ပိုကောင်းလာပါလိမ့်မယ်။✨

ပထမဆုံး အချက်က "Don't waste their time" ပါ။🧏🏻‍♂️✨

ခင်များ Bossရဲ့ အချိန်တွေကို မဖြုန်းမိဖို့ပါ။ ထုံးစံအတိုင်း သူတို့က အလုပ်တွေရှုပ်တယ်။ အချိန်ကလည်း ခပ်ရှားရှားပဲဆိုတာ သိတယ်ဟုတ်?🧏🏻‍♂️

ရာထူးကြီးကြီး ယူထားရတော့ အလုပ်ရှုပ်ကြတယ်ပေါ့။အဲ့တော့ ခင်များတို့က ဆုံးဖြတ်ချက်အသေးအမွှားလေးတွေကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ရပါမယ်။ Tik tokမှာ ကြည့်ရတဲ့ဟာသလေးလိုပေါ့။
Boss ကျွန်တော် ဒီခွက်လေးဆေးပြီးပြီ။ ဘယ်နားထားလိုက်ရမလဲဆိုပြီး မေးတဲ့အခါ Boss က ငါ့နားရွက်မှာ လာချိတ်ထားဆိုပြီး ပြန်ဖြေတယ်။
အသေးအမွှားကတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်၊
မှားရင် သူတို့ပြင်ပေးလိမ့်မယ်။💁🏻

မပြင်ပေးဘဲ အပြစ်ပဲဖိပြောနေရင် အဲ့အလုပ်မှာ ကြာကြာမနေသင့်တော့ဘူး ။ တစ်ခုရှိတာက ကိုယ်ကလည်း မှားပြီးသားကြီးကို ခဏခဏမှားမနေဖို့တော့ လိုတာပေါ့။🧏🏻‍♂️✨

သူတို့ရဲ့ အချိန်တွေကို မဖြုန်းမိအောင်
ကိုယ်လုပ်ပေးလိူ့ရတဲ့ အရာတွေရှိသေးတယ်။
ဥပမာ ဖုန်းခေါ်မယ့်အစား voice clip လေး ပို့ထားတာမျိုး၊ SMS လေး ပို့ထားတာမျိုးလုပ်လို့ရတယ်။
အရမ်းအရေးကြီးရင်တော့ တစ်မျိုးပေါ့။ မဖြစ်မနေဆိုရင်တော့ ဖုန်းခေါ်ပြီးတော့ ပြောပြရမှာပေါ့။
ဒီလို လုပ်ပေးခြင်းက သူ့အတွက်ရော
ကိုယ့်အတွက်ရော အချိန်ကုန်သက်သာစေပါတယ်။🍀🤍

ပြီးရင် Short to the point ပြောပါ။ ဘာဖြစ်သွားတယ်၊ ဘာလုပ်လိုက်တယ် ၊ဘာပေးလိုက်တာဆိုတာကို အရင်ပြောပြပါ။ ပြီးမှ ဖြစ်စဉ်ကို ဘယ်လိုကြောင့် ဘာဖြစ်တယ်၊ ဘာလုပ်တယ်ဆိုတာကို အသေးစိတ်ရှင်းပြပါ။ ဖြစ်စဉ်ကြီးကိုအရင် တရှည်တလျားပြောပြီး အဓိက main point နောက်ဆုံးမှပြောတာမျိုးမလုပ်ပါနဲ့။

ခင်ဗျားရဲ့ bossနဲ့ ဆက်ဆံရေး အဆင်ပြေစေဖို့
ကျွန်တော်တို့ ဒီအချက်လေးကို စပြီးမျှဝေပေးလိုက်ပြီနော် ၊ ခင်ဗျားတို့ဘက်က အသုံးချကြည့်ဖို့ပဲလိုတော့မယ်။

နောက်ရက်တွေမှာလည်း နောက်ထပ်အချက်တွေကို
ထပ်ပြီး ဝေမျှသွားပါဦးမှာမို့ pageလေးကို ဆက်လက်စောင့်ကြည့်ပေးပါဦး🤍✨

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ လိုအပ်လာပြီဆိုရင်တော့ Thu Financial Hub ကို သတိရလိုက်ပါ။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

ငွေစုဖော် ငွေစုဖက် ရှာကြည့်ပါ (Buddy Up)ငွေဖြုန်းဖော် ဖြုန်းဖက် လည်းရှိကြသလိုငွေစုဖော် စုဖက်လည်း ထားသင့်ပါတယ်။စုတာနဲ့ဖြု...
16/04/2026

ငွေစုဖော် ငွေစုဖက် ရှာကြည့်ပါ (Buddy Up)

ငွေဖြုန်းဖော် ဖြုန်းဖက် လည်းရှိကြသလို
ငွေစုဖော် စုဖက်လည်း ထားသင့်ပါတယ်။
စုတာနဲ့ဖြုန်းတာဆိုရင် စုတာကဖြုန်းတာထက်
ပိုလွယ်ပါတယ်။ ဖြုန်းဖို့ဆိုရင်အခုခေတ်မှာ
Click တစ်ချက်နှိပ်ရုံနဲ့ ငွေပမာဏများများကို
ဖြုန်းလို့ရတဲ့ နည်းတွေတပုံကြီးရှိပါတယ်။
စုဖို့ကတော့ အင်မတန်ခက်ပါတယ်။

ခက်ခဲတဲ့ အလုပ်ကို လုပ်ကြည့်တဲ့အခါမှာလည်း
အဖော်အပေါင်းလေး ရှိသင့်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ထိန်းကျောင်းပေးကြတာမျိုးပေါ့။
Accountabilibuddy လို့လည်း ခေါ်နိုင်ပါတယ်။

စုဘူးတစ်လုံးတည်းနဲ့ ပိုက်ဆံ အတူတူစုခိုင်း
တာမျိုးမဟုတ်ပါဘူး။
မလိုအပ်တဲ့တွေဝယ်တဲ့အခါ ဘေးကနေ ဟန့်တာပေးတာမျိုး
သုံးတာမဟုတ်ပဲ ဖြုန်းတာမျိုးတွေကို
မမြောက်ပေးပဲနဲ့ အမုန်းခံပြောပေးတဲ့သူမျိုး
သုံးသင့်သုံးထိုက်တာတွေကို
ကျိုးကြောင်းလျော်ညီစွာ ပြောပြပေးတဲ့
သူမျိူးကို ဆိုလိုတာပါ။

ကိုယ် ၅ခါ ဖြုန်းရင် ဘေးနားကလူက
၅ခါလုံးမြောက်ပေးနေတာမျိုးထက်
ကိုယ် ၅ခါ ဖြုန်းရင် ၄ခါလောက် မဖြုန်းမိအောင်
ဘေးက ထိန်းပေးနိုင်တဲ့မိတ်ဆွေသူငယ်ချင်း
မိသားစုဝင်လိုမျိုး လိုအပ်ပါတယ်။

ကိုယ့်ရဲ့ဘတ်ဂျတ်ကို စနစ်တကျထိန်းကျောင်းပေးတဲ့သူက
ကိုယ့်ရဲ့ မိတ်ဆွေကောင်း အဖော်ကောင်းပါပဲ။

နောက်လည်း ဒီလိုမျိုး ငွေကြေးစီမံမှုဆိုင်ရာလေးတွေကို တင်သွားပေးမှာဖြစ်တဲ့အတွက် သဘောကျတယ်ဆိုရင်တော့ Like and follow လေးလုပ်သွားပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ လိုအပ်လာပြီဆိုရင်တော့ Thu Financial Hub ကို သတိရလိုက်ပါ။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

မိမိရဲ့ ငွေစုနိုင်မှုအတွက် မိမိကိုယ်ကို ဆုချပေးပါ(Reward yourself for saving )ငွေတွေကစုသာစုနေတယ်၊ ကိုယ့်အတွက်ကိုယ်ပြန်အသ...
14/04/2026

မိမိရဲ့ ငွေစုနိုင်မှုအတွက် မိမိကိုယ်ကို ဆုချပေးပါ
(Reward yourself for saving )

ငွေတွေကစုသာစုနေတယ်၊ ကိုယ့်အတွက်ကိုယ်
ပြန်အသုံမချ တခြားအရာတွေအတွက်လည်း
အသုံးမချဘူးဆိုရင် ငွေစုရတာက ပျင်းလာတတ်ပါတယ်။ Target လေးတွေထားပေးပါ။ ဥပမာ ငါဖုန်းလဲဖို့စုမယ်၊ ငါအိမ်ဝယ်ဖို့စုမယ်စသဖြင့်ပေါ့။

ငွေသုံးရတာကလည်း ပျော်ဖို့ကောင်းသလို ငွေစုရတာကလည်း ပျော်ဖို့ကောင်းတယ်ဆိုတာသိထားပေးပါ။ ငွေသုံးလိုက်လို့ ဖြစ်လာတဲ့ ပီတိထက်
ငွေစုလိုက်နိုင်လို့ ရလာတဲ့ပီတိက ကိုယ့်အတွက် ပိုကျေနပ်စရာကောင်းနေပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီပေ့ခ်ျက အမြဲတမ်း စာဖတ်သူတို့ကို ငွေစုဖို့
တိုက်တွန်းပေးနေတာပါ။

ဘာအတွက်စုတယ် ဘယ်အချိန်မှာပြည့်သွားတယ်
ကိုယ်ရည်မှန်းထားတဲ့အတွက် သုံးလိုက်နိုင်တယ်ဆိုတာလေးတွေကို မှတ်တမ်းလုပ်ထားပြီး တစ်ခါအောင်မြင်သွားရင် နောက်ထပ်အခေါက်တွေ၊ နောက်ထပ်အရာတွေအတွက် ငွေစုချင်လာပါလိမ့်မယ် ။ တစ်ခါအောင်မြင်တိုင်းလည်း ကိုယ့်ကိုယ့်ကိုယ် ဆုချဖို့မမေ့ပါနဲ့။

တစ်ခုပဲ ကိုယ်စုတာက တစ်ရာ ကိုယ့်ဟာကိုယ် ဆုပြန်ချတာက နှစ်ရာတော့မဖြစ်စေနဲ့ပေါ့။

ဒီပေ့ခ်ျလေးကနေ မိတ်ဆွေတို့ရဲ့ငွေစုဖို့planတွေ
Budget plan တွေ retire planတွေအတွက်
ငွေကြေးပိုင်ဆိုင်မှာ အတွေ့အကြုံရှိတဲ့
Professional တွေနဲ့ ဆွေးနွေးမှုရယူနိုင်ပါတယ်
အကြံဉာဏ်တွေ တောင်းလို့ရပါတယ်

အားလုံးကို ငွေစုဖို့ တိုက်တွန်းလိုက်ပါရစေနော်

နောက်လည်း ဒီလိုမျိုး ငွေကြေးစီမံမှုဆိုင်ရာလေးတွေကို တင်သွားပေးမှာဖြစ်တဲ့အတွက် သဘောကျတယ်ဆိုရင်တော့ Like and follow လေးလုပ်သွားပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ လိုအပ်လာပြီဆိုရင်တော့ Thu Financial Hub ကို သတိရလိုက်ပါ။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

စဉ်းစားချင့်ချိန်ပြီး လက်ဆောင်ပေးပါ။(Gift Thoughtfully) 🎁 ✨လက်ဆောင်ပေးတာနဲ့ ကိုယ်ရဲ့ငွေကြေးကိုစီမံတာဘယ်လို ဆက်စပ်လဲဆိုပြ...
13/04/2026

စဉ်းစားချင့်ချိန်ပြီး လက်ဆောင်ပေးပါ။(Gift Thoughtfully) 🎁 ✨

လက်ဆောင်ပေးတာနဲ့ ကိုယ်ရဲ့ငွေကြေးကိုစီမံတာ
ဘယ်လို ဆက်စပ်လဲဆိုပြီး တွေးကောင်းတွေးမိပါလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေးတွေမှာ လက်ဆောင်ပေးရတဲ့ ကဏ္ဍဆိုတာရှိပါတယ်။ ဂါရဝပြုရတာမျိုး၊ ဂုဏ်ပြုလက်ဆောင်ပေးရတာမျိုး၊
အမှတ်တရလက်ဆောင်ပေးရတာမျိုးတွေ အမျိုးမျိုးရှိတတ်ပါတယ်။

လူတိုင်းကိုတော့လက်ဆောင်လိုက်ပေးနေလို့မရပါဘူး။ထိုက်ထိုက်တန်တန်ပေးရမယ့် လူမျိုးကို
တွန့်တိုနေလို့မရသလို မလိုအပ်တဲ့လူအတွက်လည်း
အများကြီး ကုန်ကျခံစရာမလိုပါဘူး။

Commercial value ထက် Sentimental value က ပိုအရေးပါပါတယ်။ ကိုယ်ပေးလိုက်တဲ့ ပစ္စည်းတစ်ခုအပေါ်မှာ ကိုယ့်ရဲ့စေတနာ ထင်ဟပ်နေဖို့လိုပါတယ်။လူတွေကို ပေါင်းသင်းဆက်ဆံရေးတည်ဆောက်တဲ့အခါ ပေးရကမ်းရတာတွေက ရှိတတ်စမြဲပါ။ ဒါလေးကို သေချာတွေးပြီး
ကိုယ့် budget ကိုလည်း save ဖြစ်အောင်ပေးရမှာပါ။

များသောအားဖြင့် လူမှုရေးအရ သွားရတဲ့ပွဲမျိုးတွေပေါ့။မင်္ဂလာဆောင်တွေ မွေးနေ့မျိုးတွေပေါ့။
ဒီလူနဲ့ကိုယ့်ရဲ့ ဆက်ဆံရေး အပေါ်မူတည်ပြီးငွေကြေးကို သုံးစွဲတတ်ဖို့ပါ။ တစ်လမှာ မင်္ဂလာဆောင် ၃ပွဲပဲ သွားရတယ် ထားပါစို့။
ပွဲတိုင်းကို လက်ဖွဲ့ သိန်းဂဏန်းသုံးလို့ရပါ့မလား??
မရဘူးလေးနော်။ အရမ်းရင်းနှီးရင် ပမာဏတမျိုး၊
သိပ်မရင်းနှီးရင် ပမာဏ တမျိုး၊ ဒါမျိုးလေး စဉ်းစားချင့်ချိန်ပြီး ပေးရမှာမျိုးပေါ့နော်။

ဒါတွေအတွက် ငွေကြေးသုံးစွဲမှုက အလကားတော့မဖြစ်ပါဘူး။ Networking တည်ဆောက်ဖို့တွေ၊
Social communication အရတွေမှာတော့ အကျိုးရှိပါတယ်။

သေချာလေးချင့်ချိန်ပြီး သုံးတတ်ရင် Budget လည်း Saveဖြစ်ပြီး ကိုယ့်အတွက်လည်း အကျိုးရှိလာပါလိမ့်မယ်။

နောက်လည်း ဒီလိုမျိုး ငွေကြေးစီမံမှုဆိုင်ရာလေးတွေကို တင်သွားပေးမှာဖြစ်တဲ့အတွက် သဘောကျတယ်ဆိုရင်တော့ Like and follow လေးလုပ်သွားပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ လိုအပ်လာပြီဆိုရင်တော့ Thu Financial Hub ကို သတိရလိုက်ပါ။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

ကိုယ့်ရဲ့လူမှု့ဘဝကို ပုံစံအသစ်ဖြင့်ဖန်တီးကြည့်ပါ ။ (Reimagine your social life )✨ကိုယ့်ရဲ့ Social life ကြောင့် ငွေကုန်ကြ...
11/04/2026

ကိုယ့်ရဲ့လူမှု့ဘဝကို ပုံစံအသစ်ဖြင့်ဖန်တီးကြည့်ပါ ။ (Reimagine your social life )✨

ကိုယ့်ရဲ့ Social life ကြောင့် ငွေကုန်ကြေးကျများနေတာတွေကို လူတော်တော်များများဟာ သတိမထားမိကြပါဘူး။ အရင်ခေတ်နဲ့ အခုခေတ် Social life ချင်းကလည်း မတူပြန်တော့
ငွေကြေးကုန်ကျမှုတွေက ပိုများလာတတ်ပါတယ်။

အရင်က လက်ဖက်ရည်ဆိုင်ထိုင်တဲ့ culture ကနေ အခုက Bar ထိုင်တဲ့ culture ကိုပြောင်းလာပါတယ်။ အဲ့အတွက် ကုန်ကျစရိတ်ကလည်း သိသိသာသာ ကွာခြားသွားပါတယ် ။
တစ်လမှတစ်ခါလောက်ထိုင်တာ ၊ Pay dayမို့လို့ hangout လုပ်တာလောက်က မသိသာပေမယ့် အပတ်တိုင်းထိုင်နေတာမျိုးဆိုရင် ကိုယ့်ဝင်ငွေကို ကိုယ့်ရဲ့ social life ကုန်ကျစရိတ်တွေက
တော်တော်လေး ထိလာပါလိမ့်မယ်။

အဲဒီ့အစား အိမ်မှာပဲ သူငယ်ချင်းတွေစုပြီး ဟင်းချက်စားကြတာမျိုး၊ ပြီးရင် လူအများပါဝင်လို့ရတဲ့ activitiesလေးတွေ လုပ်ကြတာမျိုး။ ဥပမာ~ Uno ဆော့ကြတာမျိုးပေါ့။ငွေကုန်ကြေးကျလည်း သက်သာသလို။Funဖြစ်ပြီး အမှတ်တရလည်းတိုးစေပါတယ်။

တချို့သော Social event တွေကို
ငြင်းတတ်ဖို့လိုပါလိမ့်မယ်။ ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့လူတွေရဲ့ဖိတ်ကြားမှုတွေ ၊ ကိုယ်နဲ့ အရမ်းဝေးပြီး တသီးတသန့်ပြင်ဆင် ခြယ်သပြီးမှ သွားလာရမယ့် ပွဲမျိုးတွေကို ကိုယ်က အဆင်မပြေရင် ယဉ်ယဉ်ကျေးကျေးနဲ့ငြင်းတတ်ဖို့လိုတယ်။

ပွဲတစ်ခုသွားရတာက လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး ။ပြင်ဆင်ခြယ်သရတယ်၊ သံားလာရကုန်ကျစရိတ်တွေရှိမယ် ။

ကုန်ရကျိုးနပ်ပြီး ကိုယ်အတွက် ပျော်ရွှင်မှု
အကျိုးရှိမယ့်ပွဲမျိုးတွေဆိုရင်တော့ တစ်ခါတလေ သွားကြည့်ပါ။ အတွေ့အကြုံလည်းရပြီး လူသစ်တွေနဲ့လည်းဆုံရသလို လူဟောင်းတွေရဲ့ အတွေကြံု တွေ နားထောင်ရတာကိုယ် ရဲ့ စီးပွါးရေး ပြင်စရာ လိုအပ်ချက် အတွက် နည်းလမ်းကောင်း ရတက်ပါတယ်.

ကိုယ့်ရဲ့Social life ကြောင့် ငွေယိုပေါက်တွေရှိနေတတ်တာကို ဒီပို့စ်လေး ဖတ်ပြီး သတိထားမိသွားမယ်ထင်ပါတယ်။ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။

နောက်လည်း ဒီလိုမျိုး ငွေကြေးစီမံမှုဆိုင်ရာလေးတွေကို တင်သွားပေးမှာဖြစ်တဲ့အတွက် သဘောကျတယ်ဆိုရင်တော့ Like and follow လေးလုပ်သွားပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

Professional Accountant (9+ yrs exp) — SME များအတွက် အရည်အသွေးမြင့် Accounting & Financial Management ဝန်ဆောင်မှုများ လိုအပ်လာပြီဆိုရင်တော့ Thu Financial Hub ကို သတိရလိုက်ပါ။
တိကျမှု၊ စနစ်တကျနှင့် ယုံကြည်စိတ်ချမှုဖြင့် လုပ်ငန်းတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ Page messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

မလိုအပ်သော အပိုအသုံးစရိတ်များကို လျော့ချပါ (Cut back on "extras")"Extras"ဆိုတဲ့ စကားလုံးကို ဘယ်လိုမျိုးနားလည်ထားကြပါသလဲ ...
11/04/2026

မလိုအပ်သော အပိုအသုံးစရိတ်များကို လျော့ချပါ (Cut back on "extras")

"Extras"ဆိုတဲ့ စကားလုံးကို ဘယ်လိုမျိုးနားလည်ထားကြပါသလဲ ⁉️

"Extras" ဆိုတာ တကယ့်အပိုဆာဒါးမျိုးတွေကို
ဆိုလိုတာပါ ။အိမ်မှာ ထမင်းဟင်းချက်ပေးထားရက်နဲ့ တစ်ပတ်ကို သုံးလေးရက်လောက် အပြင်စာတွေချည်း ၊ Hotpotတွေ ၊ မာလာတွေချည်း စားချင်နေရင် ဒါက "extras" ဖြစ်နေပြီ။

နှုတ်ခမ်းနီ သုံးလေးချောင်းအပြင် ဒီ့ထက်ပိုပြီး ဝယ်မိနေရင် ဒါက "Extras" တွေဖြစ်နေပြီ
ကိုယ်က celebrityမဟုတ်ဘူး။ Influencer လည်း မဟုတ်ဘူးဆိုရင်မလိုအပ်ပါဘူး။

စာအုပ်တွေ ဝယ်သာဝယ်နေတာ မဖတ်ဖြစ်ဘူး။စာအုပ်စင်ပေါ်မှာ ဖှုန်တက်ရုံကလွဲလို့ ဘာမှ ထူခြားမလာဘူးဆိုရင် ဒါက "extras" တွေပါ။ကိုယ့်အတွက် အသုံးတည့်တယ် ၊ အသုံးဝင်တယ် ကိုယ်ကိုယ်တိုင်လည်း ဒီအတွက် သုံးလိုက်ရတာကို enjoyဖြစ်တယ်ဆိုရင် သုံးပါ လုပ်ပါ။

ဥပမာ အိမ်မှာ ကော်ဖီထုတ်လေးတွေဖျော်သောက်ရင် ငွေတစ်ထောင်လောက်ပဲကုန်မယ်။
သို့မဟုတ် ကော်ဖီဆိုင်မှာ မနက်တိုင်းဝယ်သောက်ရင် ၅ထောင်လောက်ကုန်မယ်သို့မဟုတ် ကိုယ့်ဟာကိုယ် အိမ်မှာပဲ စက်နဲ့ Brew လုပ်ပြီး သောက်မယ်ဆိုရင် ကျန်မာရေးနဲ့ညီညွှတ်မယ် ပိုက်ဆံတော့ပိုကုန်မယ်။

ဒါပေမဲ့ ကိုယ့်အတွက် ဒီကော်ဖီတစ်ခွက်ကြောင့်
စိတ်လန်းဆန်းသွားရတယ် စိတ်ကျေနပ်သွားရတယ် ၊Ideaအသစ်တွေရတယ် အလုပ်လုပ်ဖို့ ခွန်အားတွေရတယ်ဆိုရင် သုံးလိုက်ပါ။ သုံးလိုက်ရတဲ့ ပိုက်ဆံက Extrasမဖြစ်ပါဘူး။

တစ်ခုသတိထားရမှာက ကိုယ့်ကိုယ်ကိုယ်အတင်းချုပ်တီးပြီး အပိုတွေကိုလျော့ပြီး ပိုက်ဆံစုတာမျိုးတော့မလုပ်ပါနဲ့။ ပိုက်ဆံစုရတာကို ‌မုန်းလာတတ်ပါတယ်။ ပျင်းပြီး ငြီးငွေ့လာတတ်ပါတယ်။ သုံးစရာရှိတာကိုသုံးပြီးတော့ စုပါ။ ဒါဆိုရင် အသုံးနဲ့အဖြုန်းကို ပိုနားလည်ပြီး ပိုက်ဆံစုချင်စိတ်ပိုဖြစ်လာပါလိမ့်မယ်။

ဒီလိုမျိုး ငွေးရေးကြေးရေးစီမံမှုဆိုင်ရာ content လေးတွေကို အမြဲတမ်းတင်ပေးသွားမှာဖြစ်တဲ့အတွက် Page လေးကို Like and Follow လုပ်ပြီး စောင့်ကြည့်ပေးပါဦးရှင်။ Financial accounting ဆိုင်ရာ Package လေးတွေလည်း ရှိတာမို့လို့ စိတ်ပါဝင်စားမယ်ဆိုရင် Cb က‌တစ်ဆင့်ဆက်သွယ်ပေးနိုင်ပါတယ်ရှင်✨

Address

Yankin
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00

Website

Alerts

Be the first to know and let us send you an email when Thu Financial Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category