18/02/2026
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက သင့်တစ်နေ့တာ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ခံစားနေရပြီလား။
ဒါတွေက ကြိုးစားရုန်းကန်နေသူတွေအတွက် ဘဝမှာ ပုံမှန်ဖြစ်လေ့ရှိတဲ့ စိတ်ခံစားချက်တစ်မျိုးသာဖြစ်ပြီး ဒီလက္ခဏာတွေကို ချိုးနှိမ်ဖို့၊ ကိုယ့်ကိုယ်ကို အပြစ်တင်၊ ဝေဖန်နေဖို့မလိုပါဘူး။
ဘဝဆိုတာ အနိမ့်အမြင့်တွေရှိတာကြောင့် ကောင်းမွန်တဲ့စိတ်ခံစားချက်တွေ အမြဲရှိနေမှာမဟုတ်သလို စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်၊ ရုန်းကန်နေရခြင်းဟာလည်း သင်ဘယ်လောက်ထိ စိတ်ပိုင်းဆိုင်ရာကျန်းမာ၊ ကြံ့ခိုင်သလဲဆိုတာ ပြသနေခြင်း မဟုတ်ပါဘူး။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ၊ ကြံ့ခိုင်ခြင်းဆိုတာ မိမိရဲ့ ခံစားချက်တွေကို နားလည်၊ လက်ခံပြီး ဘဝကို ရှေ့ဆက်နိုင်ခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
အကယ်၍ သင်က ညဉ့်နက်တဲ့အထိ အလုပ်လုပ်နေရတယ်၊ အစားအသောက်ပျက်နေတယ်၊ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေရှိနေတယ်၊ တစ်နေ့တာမှာ ဆက်လက်တောင့်ခံထားဖို့ အားတင်းနေရတယ်၊ တခြားသူတွေနဲ့ နှိုင်းယှဉ်မိနေတယ် စတဲ့ စိတ်ခံစားချက်မျိုးတွေကို မကြာခဏခံစားနေရပြီဆိုရင် ဒီအချက်လေးတွေကို သတိရပေးပါ။
- သင်ဟာ အကောင်းဆုံးကြိုးစား လုပ်ဆောင်နေပါတယ်။
- သင့်ကြိုးစားမှုတွေဟာ လုံလောက်ပါတယ်။
- ခဏလောက် အနားယူပြီး စိတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်ဖြတ်သန်းလိုက်ပါ။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာ၊ ကြံ့ခိုင်ခြင်းဟာ ကျန်းမာခြင်းသုခကို ရရှိပိုင်ဆိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေဆီသို့ အတူတကွလျှောက်လှမ်းကြပါစို့။
Stress and anxiety are normal signals from your body, especially when you are working hard. Those feelings are not meant to be suppressed, nor are they a judgment of who you are.
Life has its ups and downs, and we won’t feel good all the time. Good mental wellbeing isn’t about how much stress you can handle, but about how you accept yourself and manage your emotions even when things feel tough.
If you have been staying up late to finish work, skipping meals, have work stress, feeling overwhelmed by work stress, lacking the energy to get through the day, or finding yourself comparing your life to others, it may be time to pause and remember this:
- You are doing your best.
- You are enough.
- Give your mind a break. Rest, energise, and find courage for the days ahead.
At AIA Myanmar, we believe mental health is a vital part of overall wellbeing. That’s why we are here to support you in living Healthier, Longer, Better Lives.