Ye Thiha

Ye Thiha ကျန်းမာရေးအတွက် အကာအကွယ်ရယူနိုင်ရန် အာမခံထားကြရအောင်
မိသားစုနောင်ရေးအတွက်အသက်အာမခံထားကြရအောင်

03/02/2026

အာမခံဆိုတာကိုဘယ်အချိန်မှာစထားသင့်တာလဲ

03/02/2026
03/02/2026

လူတိုင်းအတွက်ကျန်းမာရေးကအလွန်အရေးကြီးပါတယ်။ ခေတ်ကာလအခြေအနေအရ ကိုယ့်အိတ်ထဲက ငွေကြေးတွေကို အများဆုံးကုန်ကျစေတာက ကျန်းမာရေးပါပဲ။

28/11/2025

မြန်မာနိုင်ငံကလူအများစုက သေခြင်းတရားနဲ့ပတ်သက်ပြီး ပြောဆိုတဲ့အခါ အတိတ်မကောင်း၊နမိတ်မကောင်းဘူးလို့ ယူဆတတ်ကြပါတယ်။ သေခြင်းတရားဆိုတာရှောင်လွဲလို့ရတဲ့အရာမဟုတ်ပါဘူး။ တစ်နေ့ကျရင် သွားကြရမယ့်လမ်းတစ်ခုပါ။ သေခြင်းတရားကိုကြုံတွေ့ရမယ်ဆိုတာဘယ်အချိန်မှာကြုံတွေ့မယ်ဆိုတာ မသိနိုင်ကြပါဘူး။ အများစုက ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး ပြင်ဆင်ကြပါတယ်။ အဲ့လိုပဲ ငွေကြေးစီမံခန့်ခွဲမှုနဲ့လည်းသေခြင်းတရားကိုပြင်ဆင်နိုင်ပါတယ်။
ဘယ်လိုပြင်ဆင်ကြမှာလဲ ငွေကြေးစီမံမှုနဲ့?????
မိမိတို့အိမ်က အိမ်ထောင်ဦးစီး (ငွေကြေးရှာဖွေသူ) ကွယ်လွန်သွားတယ်ဆိုပါစို့။ ကျန်ရစ်သူမိသားစုမှာ အခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်။
# အဲ့လိုအခက်အခဲတွေမကြုံတွေ့ရအောင် ဘယ်လိုလုပ်သင့်ပါလဲ။????
အိမ်ထောင်ဦးစီး ကွယ်လွန်သွားတဲ့အခါငွေကြေးအခက်အခဲမကြုံရအောင် အာမခံလုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီး အထောက်အပံ့တစ်ခုရရှိအောင် ဆောင်ရွက်ထားသင့်ပါတယ်။
#ဘယ်လိုအထောက်အပံ့လဲ။
အာမခံလုပ်ငန်းဆိုတာဘာလဲဲ ဆိုတာကိုအရင်ပြောပြပါ့မယ်။ အာမခံလုပ်ငန်းဆိုတာက မမျှော်လင့်ထားဘဲ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်လာရင် အထောက်အပံ့တစ်ခုရရှိအောင်၊ ကျန်ရစ်သူမိသားစုတွေ အချိန်အတိုင်းအတာတစ်ခုအထိအဆင်ပြေပြေ ရပ်တည်နိုင်အောင် ကူညီဆောင်ရွက်ပေးတဲ့လုပ်ငန်းအမျိုးအစားဖြစ်ပါတယ်။
အသက်အာမခံ ဝယ်ယူတာက မိမိတို့ရဲ့အသက်ကို အကာအကွယ် ရယူတာမျိုးမဟုတ်ပါဘူး။ ရှောင်လွဲမရတဲ့ သေခြင်းတရားကြောင့် ကျန်ရစ်သူမိသားစုတွေ အခက်အခဲ မတွေ့ရအောင် သက်သာမှုရရှိစေဖို့ ဖန်တီးထားခြင်းတစ်မျိုးဖြစ်ပါတယ်။

အာမခံလိုအပ်သည့်အကြောင်းများ1. ငွေကြေးအာမခံမှုရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဆေး၊ အစိုးရက မဖြည့်ဆည်းနိုင်တဲ့ကုန်ကျစရိတ်တွေကို ပေးဆ...
16/08/2025

အာမခံလိုအပ်သည့်အကြောင်းများ

1. ငွေကြေးအာမခံမှု

ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဆေး၊ အစိုးရက မဖြည့်ဆည်းနိုင်တဲ့ကုန်ကျစရိတ်တွေကို ပေးဆောင်နိုင်ဖို့။

မိသားစုဝင်အနာတရ ဖြစ်သွားရင် သားသမီး/မိသားစု အတွက် ငွေကြေးအကူအညီ ထားပေးနိုင်ဖို့။

2. အသက်/ကျန်းမာရေးအာမခံ

အရေးပေါ်နဲ့ ဆေးကုန်ကျစရိတ်ကြီးမားသွားမယ့်အချိန်မှာ စိုးရိမ်စရာမလိုအောင် ကူညီပေးနိုင်တယ်။

3.အနာဂတ်အတွက် စိတ်ချစရာ

မိမိနဲ့ မိသားစုဘဝကို စိတ်ချစွာ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့။

အရေးကြီးတဲ့အချိန်မှာ ငွေကြေးနဲ့ပက်သက်ပြီး အချိန်ကုန်၊ စိုးရိမ်မှု မရှိစေရန်။

---

အကျဉ်းချုပ် : အာမခံဆိုတာ အန္တရာယ်အမျိုးမျိုးကြောင့် ရနိုင်မယ့် စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ အကျိုးဆက်အရှုံးကြီးတွေကို လျော့ချပေးဖို့ အရေးကြီးတဲ့ ကာကွယ်မှု တစ်မျိုး ဖြစ်တယ်။

မင်းစိတ်ဝင်စားတာ ကျန်းမာရေးအာမခံ လိုအပ်သလား၊ စိတ်ဝင်စားပါသလား?

09/08/2025

အာမခံလုပ်ငန်း (Insurance business) ကို အခြေခံအားဖြင့် MLM (Multi-Level Marketing) လို့ မဆိုလိုပါဘူး။
ကွာခြားချက်တွေကိုရှင်းပြရမယ်ဆိုရင်— အချက်၂ချက်ရှိပါတယ်။
1. လုပ်ငန်းပုံစံကွာခြားချက်
အာမခံလုပ်ငန်း
ငွေပေးချေပြီး အာမခံသတ်မှတ်ချက်အရ အန္တရာယ်/ထိခိုက်မှုအချိန်မှာ claim လုပ်နိုင်တယ်

အဓိကရောင်းသမျှဟာ "ကုန်ပစ္စည်း" မဟုတ်ပေမဲ့ "ဝန်ဆောင်မှု" (Risk protection)

တရားဝင် ဥပဒေစည်းမျဉ်းနဲ့ စည်းကမ်းတကျ စီမံခန့်ခွဲထားတယ်

ငွေရင်းချထားတာက စျေးဝယ်လိုက်တာ မဟုတ်ပဲ အာမခံ premium ပေးသွားတာ

MLM (Multi-Level Marketing)

အဓိကအားဖြင့် ကုန်ပစ္စည်း/ဝန်ဆောင်မှုရောင်းချပြီး network တစ်ခုတည်ဆောက်သလို အကွက်လိုက်လစာယူခြင်း

အများစုမှာ ရောင်းချမှုထက် လူဆွဲသွင်းတာ က များတတ်

တချို့ MLM များမှာ တရားမဝင် Pyramid Scheme နဲ့ ဆင်တူလာနိုင်တယ်

2. အာမခံမှာ MLM element တချို့ပါတတ်တယ်

အချို့သောအာမခံကုမ္ပဏီတွေမှာ Agent network system သုံးတတ်တယ်

အဲဒီမှာ Senior Agent သည် Junior Agent ဆွဲသွင်းရင် override commission ယူတတ်တယ်

ဒီကဏ္ဍက MLM ရဲ့ network commission concept နဲ့ တူသလို ဖြစ်နိုင်ပေမဲ့ အဓိကအနေနဲ့ အာမခံရောင်းခြင်း ဖြစ်လို့ တရားဝင်လုပ်ငန်းအမျိုးအစားထဲဝင်တယ်

အဓိကသဘောတရား
အာမခံလုပ်ငန်း = တရားဝင် licensed financial service

MLM = တချို့မှာတရားဝင်၊ တချို့မှာ ပိုင်ရာမရှိတဲ့ scheme

အာမခံကုမ္ပဏီမှာ MLM လို structure သုံးတတ်ပေမဲ့ အဓိကရည်ရွယ်ချက်က ပစ္စည်း/ဝန်ဆောင်မှုရောင်း ဖြစ်လို့ အဆင့်တန်းကွာတယ်

အာမခံလုပ်ငန်းက MLM မဟုတ်ပါ၊ ဒါပေမဲ့ agent commission network ပုံစံတချို့က MLM နည်းစနစ်နဲ့ ဆင်တူတတ်ပါတယ်။

#အာမခံ

Address

Kawliya 25st , 13 Block , South Okkalapa Township
Yangon

Website

Alerts

Be the first to know and let us send you an email when Ye Thiha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share