U Khin Win Audit Firm

U Khin Win Audit Firm Quarterly & Annual Tax Return
Income & Financial Statement
Internal & External Audit
Tax & DICA Svcs

Accounting System ဘာကြောင့်လိုအပ်တာလဲ ? =================================        လုပ်ငန်းအဖွဲ့စည်းတစ်ခု စတင်ပြီဆိုတာနဲ့ ...
09/06/2025

Accounting System ဘာကြောင့်လိုအပ်တာလဲ ?
=================================
လုပ်ငန်းအဖွဲ့စည်းတစ်ခု စတင်ပြီဆိုတာနဲ့ တပြိုင်နက် ပထမဆုံးခန့်အပ်တဲ့ ဝန်ထမ်းက ငွေကြေးကိုင်တွယ်ထိန်းသိမ်းဖို့အတွက် Casheir ပါ။ ဒုတိယခန့်အပ်တဲ့ ဝန်ထမ်းကတော့ စာရင်းရေး၊ စာရင်းရေးဆွဲဖို့အတွက် စာရင်းကိုင်ပါ။ Casheir ဆိုတာ နေ့စဥ်ရငွေကို လက်ခံရယူရတယ်၊ နေ့စဥ်ပေးငွေကို ထုတ်ပေးရတယ်။ ပေးငွေရငွေတွေအတွက် ငွေရငွေပေးပြေစာရှိရတယ်။ သချာ်ပညာဥ် ရှိရင်လုပ်လို့ရပါတယ်။ သူလုပ်ရတဲ့လုပ်ငန်းစဥ်က ရှင်းပါတယ်။
စာရင်းကိုင်ဆိုတာကတော့ စာရင်းကိုင်ပညာရပ်ကို အတိုင်းအတာတစ်ခုအထိ သင်ယူတက်မြောက်ပြီးမှသာလျှင် လုပ်လို့ရပါတယ်။ အငယ်တန်းစာရင်းကိုင်တစ်ဦးအတွက် သူရဲ့အထက်မှာ အထက်တန်းစာရင်းကိုင်တစ်ဦးက ကြီးကြပ်ပေးနေဖို့လိုအပ်ပါတယ်။ အထက်တန်းစာရင်းကိုင် တစ်ဦးအတွက်ဆိုရင် စာရင်းကိုင်လုပ်သက်၊ စာရင်းကိုင်အတွေ့အကြုံ ရှိပြီးဖြစ်ရပါမယ်။ စာရင်းကိုင်ဆိုတာ လုပ်ငန်းသဘာဝပေါ်မူတည်ပီး လုပ်ငန်းလိုအပ်ချက်အရ စာရင်းခေါင်းစဥ်တွေကို ခွဲခြားသက်မှတ် ထားရှိရပါမယ်။ လုပ်ငန်းအသုံးစရိတ်နဲ့ ရုံးစရိတ်ကို ကွဲပြားရပါမယ်။ မတည်အသုံးစရိတ်နဲ့ သာမန်အသုံးစရိတ်ကွဲပြားရပါမယ်။
ငွေသွင်းပြေစာ၊ ငွေထုတ်ပြေစာများအရ ငွေစာရင်းစာအုပ်ရေးသွင်းရပါမယ် အထွေထွေလယ်ဂျာရေးသွင်းရပါမယ်၊ အစမ်းရှင်းတမ်းရေးဆွဲရပါမယ်။ အရှုံးအမြတ်စာရင်းနဲ့ လက်ကျန်ရှင်းတမ်း ရေးဆွဲရပါမယ်။ ဒီလိုရေးဆွဲဖို့အတွက် လိုအပ်တဲ့ စာရင်းညှိနှိုင်းချက်တွေ ပြုလုပ်ရမယ်။ မြေပြင်လက်ကျန်ကောက်ယူရမယ်။
လုပ်ငန်းရှင်တစ်ဦးက သူ့လုပ်ငန်းကို စာရင်းစစ်ပေးဖို့ အဆိုပြုလာပါတယ်။ စာရင်းကိုင်ရှိသလားမေးတော့ ရှိပါတယ်တဲ့။ ရေးသွင်းထားတဲ့ စာရင်းတွေရှိသလားမေးတော့ ရှိပါတယ်တဲ့။ ဒါနဲ့ပဲစာရင်းမစစ်‌သေးခင်မှာ စာရင်းတွေပြည့်စုံမှုရှိမရှိ သွားကြည့်ပါတယ်။ လုပ်ငန်းမှာ ငွေကိုင်တစ်ဦး၊ အငယ်တန်းစာရင်းကိုင်တစ်ဦး၊ အထက်တန်းစာရင်းကိုင်တစ်ဦး တို့ရှိကြပါတယ်။ Cash Book ကိုကြည့်လိုက်တော့ ငွေစာရင်းခေါင်းစဥ် ရေးမထားဘူး။ ငွေရ ငွေပေး အကြောင်းအရာတွေကိုပဲ ရေးထားတယ်။ ငွေသားအရအပေး၊ ဘဏ်အရအပေး၊ Kpayအရအပေးတွေ အားလုံးကိုမခွဲပဲရောပြွန်းရေးသွင်းထားတယ်၊ အထွေထွေလယ်ဂျာမရှိဘူး၊ ကုန်အရအပေးစာရင်း၊ ကုန်ဝယ်ကုန်ရောင်းစာရင်း၊ အကြွေးစားရင်တွေကို Excel နဲ့အပေါင်းအနုတ်လုပ်ပြီး ရေးသွင်းထားတယ်။
စာရင်းကိုင်က စာရင်းတွေကို Debit Credit မရေးသွင်းပဲ သချာ်လိုတွက်ချက်ပြီး ရေးသွင်းထားတယ်။ လုပ်ငန်းဆောင်ရွက်ချက်နည်းရင် သချာ်လိုတွက်ချက်နိုင်ပင်မဲ့ လုပ်ငန်းဆောင်ရွက်ချက်များလာရင် သချာ်လိုတွက်ချက်လို့ မရပါဘူး။ ဒါကြောင့်လည်း စာရင်းကိုင်ပညာဆိုတာ လိုအပ်ချက်တစ်ရပ်အနေနဲ့ ပေါ်ပေါက်လာတာပါ။ လုပ်ငန်းဆောင်ရွက်ချက်များကို မမှားရအောင် သင့်‌ငွေတစ်ရပ်ကို စာရင်းခေါင်းစဥ်တစ်ခုမှာ Debit ရေးသွင်းပီး၊ အခြားစာရင်းခေါင်းစဥ်တစ်ခုမှာ Credit ရေးသွင်းပီး Debit ရေးသွင်းချက်နဲ့ Credit ရေးသွင်းချက်ကို တမင်ချိတ်ဆက်ထားတာပါ၊ စာရင်းရေးသွင်းထားတာပါ၊ စာရင်းရေးသွင်းရာမှာ လိုက်နာရမဲ့ အခြေခံမူတွေရှိပါတယ်။
ဒါဖြင့်ရင် ဘာကြောင့်များ အများလက်ခံကျင့်သုံးတဲ့ နှစ်ဖက်သွင်း စာရင်းရေးသွင်းခြင်းစနစ်ကို မပြုလုပ်တာလဲ။ ဘဏ္ဌာရေးအခြေနေမှန်ကို ဖော်ပြနိုင်တဲ့ စာရင်းမျိုးကို မထားရှိသင့်ဘူးလား။ လုပ်ငန်းရှင်ကဖြစ်စေ စာရင်းစစ်ကဖြစ်စေ အလွယ်တကူသိမြင်နိုင်တဲ့ စာရင်းမျိုး မဖြစ်သင့်ဘူးလား။ ဒီလိုအနေထားမျိုးက ဘာကြောင့်များ အချိန်အများကြီးကြာပြီး ဖြစ်နေရဝာလဲ စသည်ဖြင့် မေးခွန်းတွေအများကြီးပေါ်ပေါက်လာပါတယ်။
ဒီမေးခွန်းတွေရဲ့ အဖြေကတော့ တစ်ခုထဲပဲရှိပါတယ် အဲ့ဒါက စာရင်းကိုင်နည်းစနစ် Accounting System မရှိလို့ပါပဲ။လုပ်ငန်းအဖွဲ့စည်းတိုင်းမှာ Accounting System ချမှတ်ထားရပါမယ်။ Accounting System ကို Store Keeper, Casheir, Accountant နဲ့ ဘဏ္ဌာရေးဌာနတစ်ခုလုံးလက်နာဆောင်ရွက်ရပါမယ်။

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်

ဆက်သွယ်မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

-09 450 244778

နိုင်ငံခြား သို့ကျောင်းဝင်ခွင့်လျှောက်ထားခြင်း===================================Applying for school admission to overse...
17/05/2025

နိုင်ငံခြား သို့ကျောင်းဝင်ခွင့်လျှောက်ထားခြင်း
===================================
Applying for school admission to oversea

ကျောင်းသားတစ်ယောက်က ပြည်ပမှာ ပညာရပ်တစ်ခု ကိုသင်ယူရာတွင် သက်ဆိုင်ရာသံရုံးသို့ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရပါမယ်။ ​ပြည်ပနိုင်ငံမှာ ပညာရပ်တစ်ခုကို သင်ယူရာမှာ ကုန်ကျစရိတ်တွေရှိပါတယ်။🔶🔶

ပြည်ပကျောင်းမှာ ကုန်ကျတဲ့ကုန်ကျစရိတ်ကို ကျောင်းသားမိဘတွေက ကျခံရပါမယ်။ ဒါကြောင့် ကျောင်းသားမိဘမှာ အမြတ်အစွန်းရှိတဲ့ စီးပွားရေး လုပ်ငန်းရှိဖို့လိုပါတယ်။ စီးပွားရေးလုပ်ငန်းရဲ့ ဝင်ငွေရှင်းတမ်း နဲ့ ဘဏ္ဍာရေး ရှင်းတမ်းကို သက်ဆ်ိုင်ရာသံရုံးသို့တင်ပြရပါမယ်။ 🔶🔶

ဝင်ငွေရှင်းတမ်းရှိ အသားတင်အမြတ်က ပြည်ပ ကျောင်းရဲ့ ကုန်ကျစရိတ်ကိုကာမိဖို့လိုပါတယ်။ ဘဏ္ဍာရေး ရှင်းတမ်းကလည်းသင့်တင့်လျောက်ပတ်တဲ့အခြေအနေမှန်ကို ဖော်ပြနိုင်ဖို့လိုပါတယ်။🔶🔶

ဒါကြောင့်ဝင်ငွေရှင်းတမ်း နဲ့ ဘဏ္ဍာရေးရှင်းတမ်းကို လိုင်စင်ရစာရင်းစစ်ဖြစ်တဲ့ က စစ်ဆေးပြီးစာရင်းစစ်အစီရင်ခံစာထုတ်ပြန်ပေးရပါမယ်။ CPA စစ်ဆေးပြီး CPA ရဲ့ စာရင်းစစ်အစီရင်ခံစာပါရှိတဲ့ဝင်ငွေရှင်းတမ်းနဲ့ ဘဏ္ဍာရေးရှင်းတမ်းကိုသာ သံရုံးကလက်ခံမှာဖြစ်ပါတယ်။🔶🔶

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် postများ ကိုလဲ share နိုင်ပါတယ်💁‍♂️

ဆက်သွယ်​မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

☎️-09 450 244778
-09 4500 26361
📧[email protected]

ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ထားရှိရမည့်စာရင်းများ================================================       B...
11/12/2024

ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ထားရှိရမည့်စာရင်းများ
================================================
Businessလုပ်တော့မယ်ဆိုရင် Company မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်လျှောက်ထားရပါမယ်။ Company မှတ်ပုံတင်လက်မှတ်ရရှိမှသာ Company အဖြစ် တရားဝင်ရပ်တည်ခွင့်ရှိပါမယ်။ Company မှတ်ပုံတင်လက်မှတ်မရှိပါက Company အဖြစ် အသိအမှတ်ပြုလို့မရပါဘူး။ ပရဟိတလုပ်မယ်ဆိုရင်လည်း ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှာ မှတ်ပုံတင်လျှောက်ထားရပါမယ်။ မှတ်ပုံတင်လက်မှတ်ရရှိမှသာလျှင် ပရဟိတလုပ်ငန်းအဖြစ် တရားဝင်ရပ်တည်ခွင့်ရှိပါမယ်။ မှတ်ပုံတင်လက်မှတ်မရှိပါက ပရဟိတလုပ်ငန်းအဖြစ် အသိအမှတ်ပြုလို့မရပါဘူး။ အကယ်၍ ယာယီမှတ်ပုံတင်လက်မှတ် ရရှိထားပါကလည်း အတည်ပြုမှတ်ပုံတင်လက်မှတ် ရအောင်ဆက်လက်လျှောက်ထားရပါမယ်။
Companyပဲဖြစ်ဖြစ်၊ ပရဟိတလုပ်ငန်းပဲဖြစ်ဖြစ် မှတ်ပုံတင်လက်မှတ်ရရှိပြီးရင် လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းခွင့်ပြုမိန့် (လုပ်ငန်းလိုင်စင်) ရရှိရန်အတွက် သက်ဆိုင်ရာ အစိုးရဌာနသို့ ဆက်လက်လျှောက်ထားရပါမယ်။ လုပ်ငန်းခွင့်ပြုမိန့်ရရှိ ပြီးမှသာလျှင် လုပ်ငန်းဆောင်ရွက်ခွင့်ရှိပါတယ်။ Hotel ဖွင့်ချင်လို့ Company ဖွဲ့စည်းတယ်လို့ဆိုကြပါစို့ Company မှတ်ပုံတင်လက်မှတ် ရရှိပြီးရုံနဲ့တင် Hotelလုပ်ငန်းကိုလုပ်လို့မရသေးပါဘူး။ Hotelနဲ့ခရီးသွားညွန်ကြားမှု ဦးစီးဌာနသို့ Hotelလုပ်ငန်းလုပ်ဆောင်ခွင့် လျှောက်ထားရပါမယ်။ Hotelနဲ့ခရီးသွားညွန်ကြားမှု ဦးစီးဌာနရဲ့ ခွင့်ပြုမိန့်ရရိှပြီးမှသာ Hotelလုပ်ငန်းလုပ်ကိုင်ခွင့်ရပါမယ်။
အလားတူ Companyတစ်ခုက ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်ချင်ရင် ကုန်သွယ်ရေးဦးစီးဌာနသို့ သွင်းကုန်လုပ်ငန်းရှင်၊ ပို့ကုန်လုပ်ငန်းရှင် လက်မှတ်ရရှိအောင်လျှောက်ထားရပါမယ်။ ဒီလက်မှတ်ရရှိပြီးနောက် သွင်းကုန်ပြုလုပ်ချင်တိုင်း၊ ပို့ကုန်ပြုလုပ်ချင်တိုင်း ကုန်သွယ်ရေးဦးစီးဌာနသို့ သွင်းကုန်ပါမစ် ပို့ကုန်ပါမစ် လျှောက်ထားရပါမယ်။ ပါမစ်ရရှိမှသာ ပါမစ်ပါခွင့်ပြုချက်များအတိုင်း သွင်းကုန် ပို့ကုန် များကိုဆောင်ရွက်ခွင့်ရှိပါတယ်။ Companyတစ်ခုက ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်း လုပ်ချင်တယ်ဆိုရင် ကုသရေးဦးစီးဌာနသို့ လုပ်ငန်းဆောင်ရွက်ခွင့်လျှောက်ထားရပါမယ်။ ကုသရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်ရရှိမှသာ ကျန်းမာရေးစောင့်ရှောက်ခွင့်ရှိပါတယ်။
ဖွဲ့စည်းရေးက တစ်ပိုင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်က တစ်ပိုင်းဟူ၍ရှိပါတယ် ဖွဲ့စည်းရေးအတွက် လျှောက်ထားရာမှာလည်း သက်ဆိုင်ရာဥပဒေကို လိုက်နာရပါမယ်။ Company ဥပဒေအရ Company အဖွဲ့စည်းတိုင်းမှာ စာရင်းထားရှိရပါမယ်။ Companyကြီးတွေမှာဆိုရင် စာရင်းစစ်ဆေးပြီးသော စာရင်းများဖြစ်ရပါမယ်။
Hotelနဲ့ခရီးသွားလုပ်ငန်းတွေမှာဆိုရင် လစဥ်ရငွေပေးငွေများကို Hotelနဲ့ခရီးသွားညွန်ကြားရေးဦးစီးဌာနသို့ လစဥ်တင်ပြရပါမယ်။ ပရဟိတအဖွဲ့စည်းတွေမှာလဲ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ စာရင်းစစ်ပီး ဘဏ္ဍာ ရှင်းတမ်းကို ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သို့ နှစ်စဥ်တင်ပြရပါမယ်။
Business ပဲလုပ်လုပ် ပရဟိတပဲလုပ်လုပ် လုပ်ကြပြီဆိုရင် တရားဝင်အဖွဲ့စည်းဖြစ်အောင် အရင်ဆုံးလျှောက်ထားရပါမယ်။ ဖွဲ့စည်းခွင့်ရပြီးရင် လုပ်ငန်းဆောင်ရွက်ခွင့်ကို သီးသန့်လျှောက်ထားရပါမယ်။ တရားဝင်အဖွဲ့စည်းဖြစ်လာပြီဆိုလျှင် တည်ဆဲဥပ‌ဒေများအရ စာရင်းများထားရှိရပါမယ်။ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်ဖို့အတွက် ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်လျောက်ထားခြင်း နှင့် ထားရှိရမည့်စာရင်းများကို တစ်ခုပြီးတစ်ခု ဆောင်ရွက်ရန်လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။
စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
-------------------------------------------------------------------------------------------------------------------------------------

Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်

ဆက်သွယ်မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

-09 450 244778

စာရင်းလောကမှဖြစ်ရပ်ဆန်းများ (၄)==============================             အချိန်ကာလအားဖြင့်တော့ ကြာခဲ့ပါပြီ။ Company တစ်...
02/10/2024

စာရင်းလောကမှဖြစ်ရပ်ဆန်းများ (၄)
==============================
အချိန်ကာလအားဖြင့်တော့ ကြာခဲ့ပါပြီ။ Company တစ်ခုရဲ့ M.D က သူရဲ့Companyစာရင်းများကို စစ်ဆေးပေးလိုကြောင်း၊ Company တစ်ခုချင်းစီရဲ့ ဘဏ္ဍ‌ရေးရှင်းတမ်းများကို ရေးဆွဲပေးစေလိုကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ စာရင်းတွေအပြည့်အစုံထားလားလို့ အရင်မေးပြီးမှ သွားရောက်စစ်ဆေးခဲ့ပါတယ်။ Companyကိုရောက်တော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ စာရင်းတွေက အပြည့်စုံတော့ရှိပါတယ်။ ဒါပင်မဲ့ Company တစ်ခုချင်းစီအတွက် စစ်လို့မရဘူး၊ Company တစ်ခုချင်းစီအတွက် ဘဏ္ဍ‌ရေးရှင်းတမ်းရေးဆွဲလို့မရဘူး။
M.D က Company သုံးခုရှိပါတယ်။ Company တစ်ခုချင်းစီအတွက် လုပ်ငန်းတွေရှိသလို၊ Company အမည်မခံပဲ သူကိုယ်ပိုင်လုပ်တဲ့လုပ်ငန်းလဲရှိပါတယ်၊ လုပ်ငန်းတွေကတော့ တစ်ခုနဲ့တစ်ခုဆက်စပ်နေပါတယ်၊ M.D ကတော့ Company တစ်ခုချင်းရဲ့ အရှုံးအမြတ်ကို‌ သိချင်တာပေါ့၊ Company တစ်ခုချင်းရဲ့ ရပိုင်ခွင့် ပေးရန်တာဝန်ကိုဖော်ပြတဲ့ ဘဏ္ဍ‌ရေးရှင်းတမ်းကိုလဲ သိချင်တာပေါ့။ စာရင်းတွေကလဲ အပြည့်အစုံထားရှိတာကို။ ဒါပင်မဲ့ M.D သိချင်တာကို သိလို့မရဘူးဖြစ်နေတယ်။
အဖြစ်ကဒီလိုပါ Company ကသုံးခုရှိတယ် Cash Book က တစ်အုပ်ထဲပဲရှိတယ်၊ Company သုံးခုမှာ တစ်ခုက Company A ၊ တစ်ခုက Company B ၊ နောက်တစ်ခုက Company C ဆိုပြီးရှိတယ်။ ကိုယ်ပိုင်လုပ်ငန်း D ဆိုတာလည်းရှိတယ်။ လုပ်ငန်းက ၄ခုရှိပေမဲ့ Cash Book က တစ်အုပ်ထဲပဲရှိတယ် ငွေစာရင်းရေးသွင်းတဲ့အခါ တစ်ခါတစ်ရံ Company A ဝင်ငေွနဲ့ Company B ဝင်ငွေကို ပေါင်းပြီးရေးသွင်းတယ်၊ Company Aကဘယ်လောက်ဝင်ငွေရတယ်၊ Company B ကဘယ်လောက်ဝင်ငွေရတယ်ဆိုတာ ခွဲခြားပြီးမသိရဘူး။ တစ်ခါတစ်ရံ Company B ရဲ့ဝင်ငွေနဲ့ Company C ရဲ့ဝင်ငွေကို ပေါင်းပြီးရေးသွင်းတယ်၊ Company B ကဘယ်လောက်ဝင်ငွေရတယ်၊ Company C ကဘယ်လောက်ဝင်ငွေရတယ် ဆိုတာကိုခွဲခြားမသိရဘူး။ တစ်ခါတစ်ရံ Company တစ်ခုခုရဲ့ဝင်ငွေနဲ့ ကိုယ်ပိုင်းလုပ်ငန်း D ရဲ့ဝင်ငွေကို ပေါင်းပြီးရေးသွင်းတယ် Companyရဲ့ဝင်ငွေကဘယ်လောက် ၊ ကိုယ်ပိုင်းလုပ်ငန်း Dရဲ့ဝင်ငွေကဘယ်လောက် ဆိုတာခွဲခွဲခြားခြားမသိရဘူး။
Cash Book မှာ အသုံးစရိတ်ရေးသွင်းတဲ့အခါမှာလည်း Company A ၊ Company B ၊ Company C ၊ ကိုယ်ပိုင်လုပ်ငန်း D ရဲ့အသုံးစရိတ်တွေကိုလည်း ခွဲတဲ့အခါ ခွဲလိုက်၊ ပေါင်းတဲ့အခါ ပေါင်းလိုက်နဲ့ရေးသွင်းတယ်၊ M.D ကတော့ ငွေရတဲ့အခါမှာရော ငွေပေးတဲ့အခါမှာရော သူအဆင်ပြေသလို ပေးတာရတာတွေရှိမှာပေါ့ အာလုံးကသူပိုင်တာပဲလေ။ အရေးကြီးတာက ငွေစာရင်းရေးသွင်းတဲ့အခါမှာ Company တစ်ခုချင်းနဲ့ ကိုယ်ပိုင်လုပ်ငန်းကို ခွဲခွဲခြားခြားရေးသွင်းဖို့လိုပါတယ် ရေးသွင်းရမဲ့ငွေစာရင်းခေါင်းစဥ်တွေကိုလည်း တိတိကျကျသတ်မှတ်ထားဖို့လိုပါတယ်။ လုပ်ငန်းတစ်ခုကို ငွေစာရင်းစာအုပ်တစ်အုပ်စီထားဖို့လိုပါတယ်၊ ငွေစာရင်းစာအုပ်အလိုက် အထွေထွေလယ်ဂျာကိုလည်း သီးခြားထားဖို့လိုပါတယ်။ ဒီလိုထားရှိခြင်းဟာ လုပ်ရိုးလုပ်စဥ်ပါ၊ လုပ်ရိုးလုပ်စဥ်အတိုင်း ပြုလုပ်မှသာလျှင် ဖြစ်ရိုးဖြစ်စဥ်အတိုင်း Company တစ်ခုချင်းစီအတွက်ရော ကိုယ်ပိုင်လုပ်ငန်းအတွက်ရော အရှုံးအမြတ်စာရင်းနဲ့ ဘဏ္ဍ‌ရေးရှင်းတမ်းကိုထွက်ရှိနိုင်မှ ဖြစ်ပါတယ်။ ပိုပြီးဆိုးတာက တစ်ခါတစ်ရံမှာ Companyနဲ့မပတ်သတ်တဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ မသတ်တဲ့ ကိုယ်ရေးကိုယ်တာ ရငွေပေးငွေတွေပါဝင်နေပြီး၊ အဲ့ဒီကိုယ်ရေးကိုယ်တာ ရငွေပေးငွေတွေကိုလည်း ခွဲခြားလို့မရအောင်ရှိနေပါတယ် ဒါကြောင့် လုပ်ငန်းတစ်ခုခြင်းရဲ့ ဘဏ္ဍ‌ေရးအခြေနေကို သီးခြားရေးဆွဲဖော်ပြနိုင်ခြင်းမရှိပါ။
ငွေရငွေပေးပြေစာအရ ငွေအဝင်အထွက် မှန်ကန်ခြင်းရှိမရှိဆိုတာကိုသာ စစ်ဆေးနိုင်ခဲ့ပြီး အဖွဲ့စည်းတစ်ခုခြင်း၏ဘဏ္ဍ‌ရေးအခြေနေကို မသိရှိနိုင်ခဲ့ပါ။ Company ဆိုတာ Company မှတ်ပုံတင်နံပတ်ဖြင့် Company တစ်ခုခြင်းစီအလိုက် သီးခြားရပ်တည်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အခွန်ပေးဆောင်ရာမှာလည်း Company တစ်ခုခြင်းစီအလိုက် အခွန်ပေးဆောင်ရတာဖြစ်ပါတယ်၊ ဒါကြောင့်လည်း သီခြားစာရင်းထားရှိဖို့လိုအပ်ပါတယ်။ လျှို့ဝုက်နက်နဲသော ဂမ္ဘီရဖြစ်စဥ်မဟုတ်သော်လည်း ဖြစ်ရိုးဖြစ်စဥ်မဟုတ်သောကြောင့် ဖြစ်ရပ်ဆန်းဟုယူဆကာ အတွေ့အကြုံ တစ်ခုကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
------------------------------------------------------------------------------------------------------------------

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်

ဆက်သွယ်မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

-09 450 244778

စာရင်းလောကမှ ဖြစ်ရပ်ဆန်းများ (အမှတ်  ၃)===================================        စာရင်းများကို စစ်ဆေးရာတွင် တွေ့ကြုံခဲ့...
10/09/2024

စာရင်းလောကမှ ဖြစ်ရပ်ဆန်းများ (အမှတ် ၃)
===================================
စာရင်းများကို စစ်ဆေးရာတွင် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ လူမှုဖူလုံရေးအဖွဲ့သို့ လူမှုဖူလုံရေးပေးဆောင်ရာတွင် ပေးဆောင်သောသင့်ငွေစုစုပေါင်းကို လူမှုဖူလုံရေးအသုံးစရိတ်အဖြစ် ကျခံထားတာကို တွေ့ရှိခဲ့ရပါတယ်။ လူမှုဖူလုံရေး ဆိုသည်မှာ လူမှုဖူလုံရေး အဖွဲ့ဝင်ထားသော ဝန်ထမ်းများက လည်းကောင်းတို့၏ လစာမှ ၂% ကိုလူမှုဖူလုံရေးအဖွဲ့သို့ပေးဆောင်ရပါတယ်။ အလုပ်ရှင်ကလည်း ဝန်ထမ်းတစ်ဦးစီအတွက် ဝန်ထမ်းလစာ၏ ၃% နှင့်ညီမျှသောသင့်ငွေကို လူမှုဖူလုံရေးအဖွဲ့သို့ ပေးဆောင်ရပါတယ်။ လူမှုဖူလုံရေးအဖွဲ့ဝင် ဝန်ထမ်းများရှိသလောက် ဝန်ထမ်းများ၏ လစာများအပေါ် ၃% အလုပ်ရှင်က ပေးဆောင်ရတာ ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးစီအတွက် ဝန်ထမ်းက ၂% အလုပ်ရှင်က ၃% စုစုပေါင်း ၅% ပေးဆောင်ရတာဖြစ်ပါတယ်။
ဝန်ထမ်းများသို့ လစာထုတ်ပေးရာမှာ အလုပ်ရှင်က ဝန်ထမ်းကပေးဆောင်ရမဲ့ လူမှုဖူလုံရေး ၂% ကိုဖြတ်တောက်ပြီး ကျန် ၉၈% ကိုသာ ငွေသားထုတ်ပေးတာဖြစ်ပါတယ်။ နှစ်ဖက်သွင်း စာရင်းရေးသွင်းသော စာရင်းကိုင်မူအရ ၂% မှာ လစာ စာရင်းတွင် Debit၊ ပေးရန်ရှိလူမှုဖူလုံရေးစာရင်းတွင် Credit ရေးသွင်းရပါတယ်။ ငွေသားထုတ်ပေးတဲ့ ၉၈% ကိုတော့ လစာစာရင်းမှာ Debit ငွေစာရင်းမှာ Credit ရေးသွင်းရမှာ ဖြစ်ပါတယ္။ ဝန်ထမ်းထံမှ ဖြတ်တောက်ထားတဲ့ ၂% နဲ့အလုပ်ရှင်ထည့်ဝင်ရမဲ့ ၃% ကိုပေါင်းပြီး စုစုပေါင်း ၅% ကိုလူမှုဖူလုံရေးအဖွဲ့သို့ ပေးဆောင်တဲ့အခါမှာ ငွေသားအဖြစ်ထွက်သွားတဲ့ ၅% ကို Cash A/C မှာ Credit၊ ပေးဆောင်လိုက်တဲ့ ၅% ထဲက ၂% ကိုပေးရန်ရှိလူမှုဖူလုံရေးစာရင်းမှာ Debit နဲ့ ၃% ကို လူမှုဖူလုံရေးအသုံးစရိတ်စာရင်းမှာ Debit ‌ေရးသွင်းရမှာဖြစ်ပါတယ္။ ဒါကဖြစ်ရိုးဖြစ်စဥ်သဘောပါ။
ဒါပေမဲ့ တကယ်တွေ့ရှိခဲ့တာက ဒီလိုမဟုတ်ပါဘူး ဝန်ထမ်းကိုလစာထုတ်ပေးရာမှာ ငွေသားအဖြစ်ထုတ်ပေးလိုက်တဲ့ ၉၈% ကို ငွေစာရင်းမှာ Credit လစာစာရင်းမှာ Debit ရေးသွင်းထားပြီး။ လစာမှဖြတ်တောက်လိုက်တဲ့ ၂% ကိုတော့စာရင်းရေးသွင်းထားခြင်းမရှိပါဘူး။ ဒါကြောင့် လစာသင့်ငွေမှာ ‌ေလျာ့နည်းနေပြီး ပေးရန်ရှိ လူမှုဖူလုံရေး စာရင်းလဲ မပေါ်တော့ပါဘူး။ လူမှုဖူလုံရေးအဖွဲ့ သို့ လူမှုဖူလုံရေး ပေးဆောင်လိုက်တဲ့ ၅ % အားလုံးကိုငွေစာရင်းမှာ Credit လူမှုဖူလုံရေး အသုံးစရိတ်စာရင်းမှာ Debit ရေးသွင်းလိုက်တဲ့အတွက် လူမှုဖူလုံရေး အသုံးစရိတ်စာရင်းက မြင့်တက်သွားပါတယ် ။ လူမှုဖူလုံရေး အသုံးစရီတ်စာရင်းမှာ ၃% ဖြစ်ရမှာကို ၅% ဖြစ်တဲ့အတွက် ၂% ပိုသွားပါတယ်။ လစာစာရင်းမှာ ၁၀၀% ဖြစ်ရမှာကို ၉၈% ဖြစ်တဲ့အတွက် ၂% လျော့နည်းသွားပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအချက်ကတော့ လစာထုတ်ပေးရာတွင်လည်းကောင်း လူမှုဖူလုံရေး ပေးဆောင်ရာတွင်လည်းကောင်း ငွေသားထုတ်ပေးရခြင်းဖြစ်တဲ့ Cash Basic ကိုသာ စာရင်းရေးသွင်းပြီး Commercial Basic ဖြစ်တဲ့ ၂% ဖြတ်တောက်ငွေကိုစာရင်း‌မရေးသွင်းသောကြောင့်ဖြစ်ပါတယ်။
စာရင်းကိုင်ပညာရပ်မှာ Cash Basic နဲ့ Commercial Basic ဟူ၍နှစ်မျိုးရှိပါတယ်။ Basic နှစ်မျိုးလုံးကို လိုအပ်ချက်အရ ရေးသွင်းရပါမယ် ဥပမာ ကုန်လက်ငင်းရောင်းချခြင်းသည် Cash Basic ဖြစ်ပြီး ကုန်အကြွေးရောင်ချခြင်းသည် Commercial Basic ဖြစ်ပါတယ်။ ကုန်လက်ငင်းရောင်းနှင့် ကုန်ကြွေးရောင်းနှစ်ခုစလုံးကို ရေးသွင်းမှသာလျှင် စုစုပေါင်းကုန်ရောင်းကို ရရှိမှာဖြစ်ပါတယ်။ လျှို့ ဝှက်နှက်နဲသော ဂမ္ဘီရဖြစ်စဥ်မဟုတ်သော်လည်း ဖြစ်ရိုးဖြစ်စဥ်မဟုတ်သောကြောင့် ဖြစ်ရပ်စမ်းဆန်းဟုယူဆကာ အတွေ့အကြုံ တစ်ခုကို တင်ပြလိုက်ရပါတယ်။
------------------------------------------------------------------------------------------------------------------

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်

ဆက်သွယ်မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

-09 450 244778

စာရင်းလောကမှ ဖြစ်ရပ်ဆန်းများ (အမှတ် ၂ ) ===================================         အချိန်ကာလအားဖြင့် အတော်ကြာမြင့်ခဲ့ပြ...
17/08/2024

စာရင်းလောကမှ ဖြစ်ရပ်ဆန်းများ (အမှတ် ၂ )
===================================
အချိန်ကာလအားဖြင့် အတော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ Company တစ်ခုသို့ External Audit အဖြစ်သွားရောက်စစ်စေးခဲ့စဥ်ကဖြစ်ပါတယ်။ Company ကစာရင်းများကို Manual စနစ်ဖြင့်ရေးသွင်းကြောင်း၊ စာရင်းများကို Excel ဖြင့်လည်း‌ ‌ရေးသွင်းကြောင်း၊ Profit & Loss Account နဲ့ Balance Sheep လည်းထွက်ကြောင်း သိရှိရတဲ့အတွက် စာရင်းအပြည့်အစုံ Complete Set of Account ထားရှိလိမ့်မည်ဖြစ်ကြောင်း ထင်မြင်ယူဆခဲ့မိပါတယ်။
တကယ်တန်းစာရင်းစစ်ဆေးတဲ့အခါကျတော့မှ Cash Book ကို Manual အပြင် Excel နဲ့ပါထားရှိပြီး General Ledger လုံး၀မထားရှိကြောင်း တွေ့ရှိရတဲ့အတွက် တအံ့တဩဖြစ်ခဲ့ရပါတယ်။ အထွေထွေလယ်ဂျာမရှိသောကြောင့် Double Entry စနစ်ကိုမကျင့်သုံးကြောင်း ထင်ရှားပါတယ် Double Entry စနစ်ကိုမကျင့်သုံးဘဲ စာရင်းများကို ရေးသွင်းနေခြင်းဖြစ်ပါတယ်။ အထွေထွေလယ်ဂျာမရှိသောကြောင့် Income များ၊ Expenses များ၊ Asset များ၊ Liability များ၏ Update အခြေနေအမှန်ကိုသိရှိနိုင်မည်မဟုတ်ပါ။
အရှုံးအမြတ်စာရင်းရေးဆွဲရန်အတွက် ဝင်ငွေနဲ့အသုံးစရိတ်များကို ဘယ်ကရရှိသလဲ? လက်ကျန်ရှင်းတမ်းရေရးဆွဲရန်အတွက် ရပိုင်ခွင့်နဲ့ပေးရန်တာဝန်များကို ဘယ်ကရရှိသလဲ? စသည်ဖြင့် မေးခွန်းများထွက်ပေါ်လာပါတယ်။ ငွေစာရင်းစာအုပ်အရ ရငွေပေး‌‌ငွေများကိုစုစည်းပြီးတော့ အပေါင်းအနုတ်ပြုလုပ်ကာ ရေးဆွဲနေကြောင်းတွေ့ရှိခဲ့ရပါတယ်။ Manual ဖြင့်လည်းကောင်း၊ Excel ဖြင့်လည်းကောင်း မည်သည့်စနစ်ကိုအသုံးပြုသည်ဖြစ်စေ Complete Set of Account ရှိရန်လိုအပ်ပါတယ်။ Complete Set of Account တွင် Cash Book အပြင် General Journal နဲ့ General Ledger တို့ပါဝင်ရပါမယ်။ Accounting Software မှာတော့ Complete Set of Account က ပါဝင်ပြီးသားဖြစ်ပါတယ်။
စာရင်းကိုင်ပညာရဲ့သဘောအရ Cash Basic နဲ့ Commercial Basic ဆိုပြီးရှိပါတယ်။ Cash Basic အရ ရငွေပေးငွေများကို အပေါင်းအနုတ်ဖြင့်တွက်ချက်နိုင်သော်လည်း Commercial Basic အရ စာရင်းများကိုညှိနှိုင်းတဲ့အခါမှာ Double Entry စနစ်ကိုမဖြစ်မ‌ေနပြုလုပ်ရပါမယ်။ Double Entry ဆိုတာက စာရင်းလုပ်ဆောင်ချက်များကို မျက်ခြေမပျက်အောင် အခြေနေမှန်ပေါ်ထွက်အောင် စနစ်တစ်ခုသတ်မှတ်ပြီး၊ မြီစားတစ်ကြိမ် မြီရှင်တစ်ကြိမ် ဖြင့် တမင်တကာ နှိမ်ကြိမ်နှစ်ခါ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ စာရင်းကိုင်ပညာဆိုတာ လိုအပ်ချက်အရ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ စာရင်းကိုင်ပညာကို သင်ချာနည်းဖြင့် မတွက်ချက်သင့်ပါ။
စာရင်းရေးသွင်းရန်အတွက်လည်းကောင်း၊ စာရင်းရေးဆွဲရန်အတွက်လည်းကောင်း အများလက်ခံကျင့်သုံးသော စာရင်းကိုင်နည်းစနစ်များကို ချမှတ်ပြဌာန်းပေးထားပြီးဖြစ်ပါတယ်။ ဤသို့ဖြင့် အထွေထွလယ်ဂျာမထားရှိခြင်းသည်လည်းကောင်း အထွေထွလယ်ဂျာမရှိဘဲ အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း ရေးဆွဲခြင်းသည်လည်ကောင်း ဖြစ်ရိုးဖြစ်စဥ်မဟုတ်ပါ ဖြစ်ရိုးဖြစ်စဥ်လည်းမရှိပါ။ လျှို့ဝုက်နက်နဲသော ဂမ္ဘိရဖြစ်စဥ်မဟုတ်သော်လည်း ဤဖြစ်ရပ်မှာ စာရင်းလောကမှာ ဖြစ်ရိုးဖြစ်စဥ် မဟုတ်သောကြောင့် ဖြစ်ရပ်ဆန်းဟုယူဆကာ အတွေ့အကြုံတစ်ခုကို တင်ပြလိုက်ရပါတယ်။
------------------------------------------------------------------------------------------------------------------

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်

ဆက်သွယ်မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

-09 450 244778

စာရင်းလောကမှ ဖြစ်ရပ်ဆန်းများ (အမှတ် ၁ ) ===================================အချိန်ကာလအားဖြင့် ၁၀နှစ်ကျော်ကြာခဲ့ပါပြီ။    ...
10/08/2024

စာရင်းလောကမှ ဖြစ်ရပ်ဆန်းများ (အမှတ် ၁ )
===================================
အချိန်ကာလအားဖြင့် ၁၀နှစ်ကျော်ကြာခဲ့ပါပြီ။
Company တစ်ခုသို့ Internal Audit အဖြစ်သွားရောက်စစ်ဆေးစဥ်ကဖြစ်ပါတယ်။ ရောက်တဲ့နေ့မှာပဲ အရှုံးအမြတ်စာရင်း မရေးဆွဲဘူးလားလို့မေးပါတယ်။ လက်ကျန်ရှင်းတမ်းမရေးဆွဲဘူးလားလို့မေးပါတယ်။ ၀င်ငွေ၊ အသုံးစရိတ်၊ ရပိုင်ခွင့်၊ ပေးရန်တာ၀န်များကို သိအောင် အထွေထွေလယ်ဂျာမရေးသွင်းဘူးလားလို့မေးပါတယ်။ အ‌ဖြေကတော့ ငွေစာရင်းစာအုပ်သာထားရှိပြီး အထွေထွေလယ်ဂျာမရှိကြောင်းဖြေပါတယ်။ Companyကြီးတစ်ခုရဲ့ အဖြေပါ။
အထွေထွေလယ်ဂျာထားရှိရမည် ဖြစ်ကြောင်း အထွေထွေလယ်ဂျာရှိ စာရင်းခေါင်းစဥ်များကို စာရင်းဖွင့်ရေးသွင်းရန်အတွက် စာရင်းဖွင့်အထွေထွေဂျာနယ် ‌ေရးဆွဲခိုင်းလိုက်ပါတယ်။
နောက်တစ်နေ့မှာ ရေးဆွဲထားတဲ့ စာရင်းဖွင့်အထွေထွေဂျာနယ်ကိုကြည့်လိုက်တဲ့အခါ ယခင်နှစ် Audit Firm ကရေးဆွဲထားတဲ့ နှစ်ချုပ်စာရင်းပါ အရှုံးအမြတ်စာရင်းရဲ့ ၀င်ငွေနဲ့အသုံးစရိတ်များကို ကူးယူရေးသွင်းထားတာတွေ့ရပါတယ်။
အများလက်ခံကျင့်သုံးသော စာရင်းကိုင်နည်းစနစ်အရ ယခင်နှစ် နှစ်ချုပ်စာရင်းရဲ့ လက်ကျန်ရှင်းတမ်းပါ ပေးရန်တာ၀န်နဲ့ ရပိုင်ခွင့်တွေကို နှောက်နှစ်သို့ဆက်လက်သယ်ယူရန်အတွက် ကူးယူပြီး စာရင်းဖွင့်အထွေထွေဂျာနယ်ကို ရေးသွင်းရပါမယ်။
စာရင်းဖွင့်အထွေထွေဂျာနယ်မှတစ်ဆင့် ငွေစာရင်းသို့လည်းကောင်း၊ ဘဏ်စာရင်းသို့လည်းကောင်း၊ သက်ဆိုင်ရာရပိုင်ခွင့်စာရင်းခေါင်းစဥ်အသီးသီးသို့လည်းကောင်း၊ သက်ဆိုင်ရာပေးရန်တာ၀န်စာရင်းခေါင်းစဥ်အသီးသီးသို့လည်းကောင်း စာရင်းဖွင့်တန်ဖိုးများကိုရေးသွင်းရပါမယ်။ ထိုသို့ရေးသွင်းပြီးနှောက်၊ နှစ်အတွင်းဖြစ်ပေါ်သောဆောင်ရွက်ချက်များကို ငွေစာရင်း၊ ဘဏ်စာရင်း၊ စာရင်းညှိနှိုင်းချက်များအတွက် အထွေထွေဂျာနယ် စသည်တို့မှတစ်ဆင့် အထွေထွေလယ်ဂျာရှိ စာရင်းခေါင်းစဥ်အသီးသီးသို့ ရေးသွင်းရပါမယ်။ ထိုသို့စာရင်းအပြည့်အစုံ ရေးသွင်းပြီးမှသာ အစမ်းရှင်းတမ်းကိုရေးဆွဲကာ နှစ်ချုပ်စာရင်းကို ဆက်လက်ရေးဆွဲရပါမယ်။
ဤသို့ဖြင့် စာရင်းဖွင့်အထွေထွေဂျာနယ်ကို ယခင်နှစ်အရှုံးအမြတ်စာရင်းပါ ၀င်ငွေနှင့်အသုံးစရီတ်များကို ကူးယူ‌ေရးသွင်းခြင်းသည်လည်းကောင်း၊ ငွေစာရင်းစာအုပ်သာ ထားရှိပြီး အထွေထွေလယ်ဂျာစာရင်းစာအုပ် မထားရှိခြင်းသည်လည်းကောင်း၊ စာရင်းလောကတွင် ဖြစ်ရိုးဖြစ်စဥ်မဟုတ်ပါ၊ ဖြစ်ရိုးဖြစ်စဥ်လည်းမရှိပါ။
စာရင်းလောကတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ရိုးလုပ်စဥ်များကို ပြဌာန်းပေးထားပြီးဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဥ်အတိုင်းလုပ်မှသာလျှင် ပုံမှန်ဖြစ်သောဖြစ်ရိုးဖြစ်စဥ် များလည်းဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ လျှို့ဝှက်နက်နဲသော ဂမ္ဘီရဖြစ်စဥ်မဟုတ်သော်လည်း ဤဖြစ်ရပ်မှာ စာရင်းလောကတွင် ဖြစ်ရိုးဖြစ်စဥ်မဟုတ်သောကြောင့် ဖြစ်ရပ်ဆန်းဟုယူဆကာ အတွေ့အကြုံတစ်ခုကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

--------------------------------------------------

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်

ဆက်သွယ်မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

-09 450 244778

Book-keeping က Accounting ရဲ့အခြေခံပါ။ Book-keeping မှန်ကန်မှသာလျှင် ရေးဆွဲတဲ့ Final Account ကမှန်ကန်ပါလိမ့်မယ်။ ဒါကြောင...
31/03/2024

Book-keeping က Accounting ရဲ့အခြေခံပါ။ Book-keeping မှန်ကန်မှသာလျှင် ရေးဆွဲတဲ့ Final Account ကမှန်ကန်ပါလိမ့်မယ်။ ဒါကြောင့် Book-keeping ကိုမှန်မှန်ကန်ကန်ရေးသွင်းတက်အောင် အရင်ဆုံးလေကျင့်ဖို့လိုပါတယ်။
Book-keeping ရေးသွင်းဖို့အတွက် အရင်းဆုံး ငွေရပြေစာ ငွေပေးပြေစာတွေကိုဖတ်ရပါမယ်။ ငွေရပြေစာကိုဖတ်တဲ့အခါ ဘာကြောင့်ငွေရတာလည်းဆိုတဲ့ အကြောင်ရင်းကို ရှင်းရှင်းလင်းလင်း သိအောင်ဖတ်ရပါမယ်။ ဒါမှသာလျှင် Income အနေနဲ့ရတာလား Advance အနေနဲ့ရတာလား အကြွေးရတာလားဆိုတာကို ကွဲကွဲပြားပြားသိပါလိမ့်မယ်။ ငွေရလို့ Cash Account မှာ Debit ရေးပီးရင် Credit ရေးသွင်းဖို့အတွက် Account Head ကိုရှာဖွေရပါမယ်၊ Credit ရေးသွင်းဖို့အတွက် ရှာဖွေတွေ့ရှိတဲ့ Account Head ကလုပ်ငန်းမှာအသုံးပြုနေတဲ့ Chart of Account ထဲမှာ မပါသေးဘူးဆိုရင် ပါအောင်ထပ်ထည့်ရပါမယ်။
Account Head ကို ကို့သဘောနဲ့ကိုယ် သုံးစွဲခွင့်မရှိပါဘူး Management အဖွဲ့ရဲ့အတည်ပြုချက်ယူထားဖို့လိုပါတယ် အတည်ပြုထားတဲ့ Account Head တေ့ကိုလည်း ဘယ်လိုကိစ္စတွေမှာ သုံးစွဲရမယ်ဆိုတာသိရှိထားရပါမယ်။
ငွေပေးပြေစာကို ဖတ်တဲ့အခါမှာလည်း ငွေပေးရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ ဒါမှသာလျှင် Expensive သုံးစွဲတာလား ကြိုတင်ပေးတာလား Asset ဝယ်တာလား ကြွေးဆပ်တာလားဆိုတာကို ကွဲကွဲပြားပြားသိပါလိမ့်မယ်။ ပေးငွေအတွက် Cash Account မှာ Credit ရေးသွင်းပီး Debit ရေးသွင်းဖို့အတွက် Account Head ထပ်ရှာရပါမယ် Debit Account Head ရှာတဲ့အခါမှာ ငွေပေးရတဲအကြောင်းရင်းကို တိတိကျကျ သိရှိမှသာလျှင် Debited Account Head ထပ်ရှာဖို့ အဆင်ပြေပါလိမ့်မယ်။
Account Head တွေကို အုပ်စုဖွဲ့လိုက်ရင် Income Expenses Asset နဲ့ Liability ဆိုပြီး (၄)မျိုးပဲရှိပါတယ်။ အဓိက ပြောချင်တဲ့အချက်က Account Head ရွေးချယ်ရာမှာ Income နဲ့ Liability ကို မမှားဖို့လိုပါတယ် ဒါကြောင့် Income နဲ့ Liability တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကွဲကွဲပြားပြား သိထားဖို့လိုပါတယ်။ Account Head ရွေးချယ်တဲ့နေရာမှာ Expenses နဲ့ Asset တို့ကိုလည်းမမှားဖို့လိုပါတယ်။ ဒါကြောင့် Expenses နဲ့ Asset တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကွဲကွဲပြားပြားသိထားဖို့လိုပါတယ်။ ပြေစာရဲ့ အဓိကအကြောင်းရင်းကို သိရှိထားမှသာလျှင် Account Head ရွေးချယ်ရာမှာ အဆင်ပြေပါလိမ့်မယ်။
Book-keeping လုပ်တဲ့အခါ Account Head ရွေးချယ်မှုမှန်ကန်ဖို့လိုတလို Debit, Credit ရေးသွင်းမှု မှန်ကန်ဖို့လည်းလိုပါတယ်။

------------------------------------------------------------------

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်

ဆက်သွယ်မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

-09 450 244778
-09 4500 26361
[email protected]

စာရင်းစစ်‌ဆေးခြင်း            အဖွဲ့စည်းတစ်ခုရဲ့တာဝန်ခံတိုင်းက အဖွဲ့စည်းရဲ့နေ့စဉ်ရငွေ၊ပေးငွေ၊ငွေလက်ကျန်တို့ကို သိချင်မှာပ...
04/03/2024

စာရင်းစစ်‌ဆေးခြင်း
အဖွဲ့စည်းတစ်ခုရဲ့တာဝန်ခံတိုင်းက အဖွဲ့စည်းရဲ့နေ့စဉ်ရငွေ၊ပေးငွေ၊ငွေလက်ကျန်တို့ကို သိချင်မှာပါ။ ကာလတစ်ခုပိုင်းဖြတ်ပြီး ဝင်ငွေ၊အသုံးစရိတ်နဲ့ အရှုံးအမြတ်ကိုလည်းသိချင်မှာပါ။ အဖွဲ့စည်းရဲ့ပိုင်ဆိုင်မှု‌တွေ ပေးရန်တာဝန်ကိုလည်း သိချင်မှာပါ။ ဒါတွေကိုသိရှိရမှလည်း ငွေကြေးကို ဘယ်လိုစိမံခန့်ခွဲရမယ်ဆိုတဲ့ ငွေကြေးပေါ်လစီကိုချမှတ်နိုင်မှာပါ။ ဒါမှလည်း အစုဝင်တွေကို ပြန်ပေးရမဲ့တာဝန်ကြီးတစ်ရက်ဖြစ်တဲ့ အမြတ် ဝေစုပေးနိုင်မှု အခြေနေကို သိရှိရမှာပါ။
ဒါတွေကိုသိဖို့အတွက် စာရင်းတွေထားရပါမယ် စာရင်းတွေကိုရေးသွင်းဖို့ စာရင်း‌တွေကိုရေးဆွဲဖို့ စာရင်းကိုင်ခန့်အပ်ရပါမယ်။ ဒီလိုနဲ့ပဲ စာရင်း‌ တွရယ်စာရင်းကိုင်ရယ် ပေါ်ပေါက်လာပါတယ်။စာရင်းရယ် စာရင်းကိုင်ရယ်တာ့ရှိပါပြီ သိဖို့လိုအပ်တာ‌တွေ သိချင်တာတွေကိုသိရပြီလား။ တချို့အဖွဲ့စည်းတွေမှာတော့ စာရင်းရှိပင်မဲ့ စာရင်းကိုင် ရှိပေမဲ့ သိချင်တာတွေကို မသိရသေးပါဘူး။ တချို့အဖွဲ့စည်းတွေမှာတော့ သိချင်တာတွေကို သိလို့ရပါပြီ။ မသိရသေးတဲ့အဖွဲ့စည်းတွေမှာဆိုရင် သိချင်တာ‌တွေကို
ဘာကြောင့် မသိရသေးတာလဲဆိုတာ ဆန်းစစ်ဖို့လိုပါတယ် ဆန်းစစ်ကြည့်မယ်ဆိုရင်တာ့ အောက်ပါအချက်များကို တွေ့ရှိရပါလိမ့်မယ်
(၁) စာရင်းတွေကို အပြည့်စုံမ‌ရေးသွင်းခြင်း
(၂) စာရင်းတွေကို အများလက်ခံကျင့်သုံးသော စာရင်းကိုင်နည်းစနစ်နှင့်အညီ ရေးသွင်းမှုမပြုခြင်း
(၃) စာရင်းများကို စာရင်းရေးသွင်းယုံသက်သက်သာထားရှိပီး လချုပ်နှစ်ချုပ်စာရင်းများ ရေးဆွဲမှုမရှိခြင်း
(၄) လချုပ်စာရင်းများရေးဆွဲ‌သော်လည်း ရေးဆွဲသောလချုပ်စာရင်းကို ကွန်ပျူတာထဲတွင်သာရှိပီးလုပ်ငန်းရှင်သို့တင်ပြမှုမရှိခြင်း
ဒီအချက်ဖြစ်ပေါ်နေတာကို ကြီးကြပ်ဖို့ ဘယ်သူ့တွင်တာဝန်ရှိသလဲ၊ ဒီအချက်တွဖြစ်ပေါ်နေတာကဘယ်သူ့တွင် အဓိက တာဝန်ရှိသလဲ ဆက်လက်ဆန်းစစ်ရပါမယ်။
ရေးဆွဲထားတဲ့စာရင်း‌တော့ထွက်ပါပီ သိချင်တဲ့အချက်လက်‌‌ကို ကောဖော်ပြနိုင်ရဲ့လား။ ဖော်ပြတဲ့အချက်လက်တွေကကော မှန်ကန်ရဲ့လား အချက်လက်တွေမှန်ကန်ဖို့အတွက် ခိုင်လုံတဲ့အထောက်ထားကောထားရှိရဲ့လား ဆိုတာကလည်း ဆက်လက်ဆန်းစ်ရမဲ့ အချက်လက်တွေပါ။ ဒီလို ဆန်းစစ်ရမဲ့အချက်လက် တွေကို လုပ်ငန်းရှင်အနေနဲ့သိရှိပါရဲ့လား။ သိချင်ရင်တော့ လုပ်ငန်းရှင်ကိုယ်စား စာရင်း‌တွေကိုစစ်ပေးမဲ့စာရင်းစစ်ကို လိုအပ်လာပါတယ်။ စာရင်းစစ်က စာရင်းရေးသွင်းထားတဲ့ အထောက်ထားတွေကိုစစ်ဆးပါလိမ့်မယ်။ စာရင်းစစ်က ရေးဆွဲထားတဲ့စာရင်းတွေကို အများလက်ခံကျင့်သုံးတဲ့ စာရင်းကိုင်နည်းစနစ်နဲ့ ကိုက်ညီခြင်းရှိမရှိ စစ်ဆေးပါလိမ့်မယ်။ စာရင်းတွေကို စစ်ဆေးပီးတဲ့အခါ အဖွဲ့စည်းကတင်ပြတဲ့ အရှုံးအမြတ်စာရင်းနဲ့ ဘဏ္ဏရေးရှင်းတမ်း (လက်ကျန်ရှင်းတမ်း)တွေက ဘဏ္ဏရေးအခြေနေမှန်ကို ဖော်ပြခြင်းရှိမရှိ စာရင်းစစ်အစိရင်ခံစာက ထုတ်ပြန်ပေးပါလိမ့်မယ်။

--------------------------------------------------

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်

ဆက်သွယ်မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

-09 450 244778
-09 4500 26361
[email protected]

စာရင်းစစ်ဆိုတာ❗❗         အဖွဲ့အစည်းတိုင်းရဲ့ စာရင်းထားရှိကြတဲ့ ရည်ရွယ်ချက်က ဘဏ္ဍာနှစ်ကုန်တဲ့အခါ နှစ်ချုပ်စာရင်းလို့ခေါ်တ...
23/01/2024

စာရင်းစစ်ဆိုတာ❗❗

အဖွဲ့အစည်းတိုင်းရဲ့ စာရင်းထားရှိကြတဲ့ ရည်ရွယ်ချက်က ဘဏ္ဍာနှစ်ကုန်တဲ့အခါ နှစ်ချုပ်စာရင်းလို့ခေါ်တဲ့ လုပ်ငန်းသဘာဝအလိုက် ကုန်ထုတ်လုပ်မှုတန်ဖိုး၊ ဝန်ဆောင်မှုတန်ဖိုး၊ ကုန်သွယ်မှုအမြတ်၊ အဖွဲ့အစည်းတစ်ခုလုံးရဲ့အသားတင် အရှုံးအမြတ်နဲ့ရပိုင်ခွင့်တွေ၊ ပေးရန်တာဝန်တွေကိုသိရှိဖို့အတွက်ပါ။ Non Government Organization တွေအတွက်ဆိုရင်လည်းဝင်ငွေနဲ့အသုံးစာရိတ်တွေကိုသိရှိဖို့အတွက်ပါ။
နှစ်ကုန်တဲ့အခါ နှစ်ချုပ်စာရင်းကတော့ထွက်လာပါပြီ။ ထွက်လာတဲ့နှစ်ချုပ်စာရင်းကဝင်ငွေတွေမှန်နေဖို့၊ အသုံးစာရိတ်တွေမှန်နေဖို့၊ ရပိုင်ခွင့်တွေမှန်နေဖို့ပေးရန်တာဝန်တွေမှန်နေဖို့လိုပါတယ်။ မှန်နေဖို့ဆိုတာက စာရင်းရေးဆွဲစဥ် အခါတည်းက အချက်အလက်ကောက်ယူရာမှာ အသုံးပြုခဲ့တဲ့ အထောက်အထား၊ လုပ်ငန်းသဘာဝနဲ့ ကိုက်ညီတဲ့စာရင်းခေါင်းစဥ်၊ စာရင်းရေးသွင်းမှု၊ ရေးဆွဲတဲ့စာရင်းကိုင်နည်းစနစ် စတဲ့အချက်အလက်တွေပေါ်မှာမူတည်နေပါတယ်။ ဒီအချက်တွေမှန်ကန်မှသာ ထွက်လာတဲ့နှစ်ချုပ်စာရင်းကမှန်ကန်မှာပါ။ ဒီအချက်တွေ မမှန်ကန်ဘူးဆိုရင် ထွက်လာတဲ့နှစ်ချုပ်စာရင်းကမမှန်ကန်နိုင်ပါဘူး။
ရေးဆွဲထားတဲ့နှစ်ချုပ်စာရင်းက လုပ်ငန်းသဘာဝနဲ့ကိုက်ညီမှုရှိရဲ့လား/ မရှိဘူးလား ၊ ဝင်ငွေတွေကိုလျော့ပြထားသလား၊ အသုံးစာရိတ်တွေကိုပိုပြထားသလား၊ ရပိုင်ခွင့်နဲ့ပေးရန်တာဝန်တွေက ခိုင်လုံမှုရှိရဲ့လား၊ စာရင်းရေးဆွဲပုံ၊ ရေးဆွဲနည်းက တည်ဆဲစာရင်းကိုင်နည်းစနစ်နဲ့ ကိုက်ညီအောင်ရေးဆွဲထားတာလားဆိုတဲ့ အချက်တွေကို လုပ်ငန်းရှင်ကသိဖို့မလိုဘူးလား။ မသိဘူးဆိုရင်တော့ မသိခြင်း၏နောက်ကွယ်မှာ ဆုံးရှုံးနစ်နာမှုတွေရှိနိုင်ပါတယ်။ ဒီတော့ဒါတွေကိုသိအောင်ဘယ်လိုလုပ်မလဲ။ လုပ်လို့ရတဲ့နည်းလမ်းကတစ်ခုတည်းပဲရှိပါတယ်။ ဒါကတော့ Professional သမားဖြစ်တဲ့ စာရင်းစစ်ကို စာရင်းစစ်ပေးဖို့တာဝန်ပေးတဲ့နည်းလမ်းဖြစ်ပါတယ်။
စာရင်းစစ်ဆိုတာ စာရင်းပညာရှင်ပါ စာရင်းစစ်အဖြစ်လုပ်ကိုင်ဆောင်ရွက်ဖို့ တရားဝင်လိုင်စင်ရထားတဲ့လူလည်းဖြစ်ပါတယ်။ စာရင်းတွေကိုစစ်ဆေးတဲ့အခါ စာရင်းစစ်လုပ်ထုံးလုပ်နည်းနဲ့အညီစစ်ဆေးတာလည်းဖြစ်ပါတယ်။ ဥပဒေအရပြဌာန်းထားတဲ့ ကျင့်ဝတ်နဲ့အညီလုပ်ကိုင်ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။
စာရင်းစစ်ကပြေစာအထောက်အထားတွေကို စစ်ဆေးပါလိမ့်မယ်။ စာရင်းခေါင်းစဥ်အလိုက် စာရင်းရေးသွင်းမှုတွေကိုစစ်ဆေးပါလိမ့်မယ်။ စာရင်းရေးဆွဲပုံ၊ ရေးဆွဲနည်းတွေကို စစ်ဆေးပါလိမ့်မယ်။ ဒီလိုစစ်ဆေးမှသာလျှင် နှစ်ချုပ်စာရင်းတွေမှာဖော်ပြထားတဲ့ဝင်ငွေ၊ အသုံးစရိတ်ရပိုင်ခွင့်၊ ပေးရန်တာဝန်တွေမှန်ကန်ခြင်းရှိမရှိကို သိရှိနိုင်မှာဖြစ်ပါတယ်။ စစ်ဆေးပြီးတဲ့နောက်လုပ်ငန်းရှင် (သို့မဟုတ်) တာဝန်ရှိတဲ့လူတွေကို စစ်ဆေးတွေ့ရှိချက်တွေကို အစီရင်ခံတင်ပြပါလိမ့်မယ်။

___________________________

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်

ဆက်သွယ်မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

-09 450 244778
-09 4500 26361
[email protected]

မတည်အသုံးစရိတ် နဲ့ သာမန်အသုံးစရိတ်🔶===================================မတည်အသုံးစာရိတ်🔸             လုပ်ငန်း၌ အစဉ်မပြတ် အ...
23/12/2023

မတည်အသုံးစရိတ် နဲ့ သာမန်အသုံးစရိတ်🔶
===================================

မတည်အသုံးစာရိတ်🔸

လုပ်ငန်း၌ အစဉ်မပြတ် အသုံးပြုတဲ့ ပုံသေပိုင်ပစ္စည်းဖြစ်တဲ့ အဆောက်အဦး၊ စက်ကရိယာ၊ ပရိဘောဂ၊ မော်တော်ယာဉ် စသည်တို့ကိုဝယ်ယူခြင်း (သို့မဟုတ်) အသစ်ဆောက်လုပ်ခြင်း ပြုလုပ်ရာမှာ ကုန်ကျတဲ့အသုံးစရိတ်ဟာ မတည်အသုံးစရိတ်ဖြစ်ပါတယ်။
အဆောက်အဦးများ၊ စက်ရုံများတိုးချဲ့ဆောက်လုပ်ခြင်း အဆောက်အဦးများတွင် စက်လှေကားတပ်ဆင်ခြင်း၊ လုံခြုံမှုရှိစေရန်အတွက် တံခါးများ တပ်ဆင်ခြင်း၊ အရောင်းဆိုင်များတွင် ပစ္စည်းတင်စင်များပြုလုပ်ခြင်းစတဲ့ ကုန်ကျတဲ့အသုံးစရိတ်များဟာလည်း မတည်အသုံးစရိတ် ဖြစ်ပါတယ်။
ဟောင်းနွမ်းတဲ့ ပုံသေပိုင်ပစ္စည်းများကို အသစ်ဖြင့် အစားထိုးခြင်း၊ဥပမာ-ကုန်တင်ကားအဟောင်းကို ကုန်တင်ကားအသစ်ဖြင့် အစားထိုးခြင်းစတဲ့ အသုံးစရိတ်များဟာလည်း မတည်မသုံးစရိတ်ဖြစ်ပါတယ်။
အဆောက်အဦးများ၊စက်ကရိယာများ စသည်တို့ကို ခေတ်မှီအောင် ပြုလုပ်သော ကုန်ကျစရိတ်များ၊ဥပမာ-Air-Con တပ်ဆင်ခြင်း ကုန်ကျစရိတ်များဟာလည်း မတည်စရိတ်ဖြစ်ပါတယ်။
သစ်သားဖြင့် ပြုလုပ်ထားသော အမိုးများ၊လှေကားများကို ပိုမိုကောင်းမွန်အောင် အုတ်ကြွပ်အမိုးဖြင့်အစားထိုး​ခြင်း ၊စတီးလှေကားဖြင့်အစားထိုးခြင်း စသည့် ပိုမိုကောင်းမွန်အောင် ပြုပြင်သည့်စရိတ်များဟာလည်း မတည်အသုံးစရိတ်ဖြစ်ပါတယ်။
အခြေခံစာချုပ်ရက်သက်တမ်းတိုးရန်အတွက်ကုန်ကျစရိတ်များဟာလည်း မတည်အသုံးစရိတ်ဖြစ်ပါသည် ဥပမာ-အဌားချထားမြေ၊မူပိုင်ခွင့်၊လိုင်စင် စသည်တို့ကို သက်တမ်းတိုးခြင်း တို့အတွက် ကုန်ကျစရိတ်ဖြစ်ပါတယ်။
သာမန်စရိတ်အဖြစ် သဘောလက္ခဏာရှိသော်လည်း ကုန်ကျစရိတ်ကြီးမားသောကြောင့် မတည်ရိတ်အဖြစ်သတ်မှတ်ရပါတယ်။ထိုမတည်စရိတ်ကို ၁နှစ်တည်း၏ စရိတ်အဖြစ် မကျခံဘဲ နှစ်များခွဲ၍ ကျခံရပါတယ် ဥပမာ- ကုမ္ပဏီ ဖွဲ့စည်းစရိတ်များ၊သုတေသန စရိတ်များ စသည့်ရွှေ့ဆိုင်းအသုံးစရိတ်များဖြစ်ပါတယ်။
လုပ်ငန်းတိုးတက်မှုအတွက် ပြလုပ်ရာမှာ ကုန်ကျတဲ့စရိတ်များ ကလည်း မတည်အသုံးစရိတ်ဖြစ်ပါတယ်။ဥပမာ- လက်ဖက်ခြံ၊ရာဘာခြံ၊သတ္ထုတွင်းလုပ်ငန်းများတွင်ဝင်ငွေရရှိနိုင်သော အခြေနေအထိ ကုန်ကျသော စရိတ်များဖြစ်ပါတယ်။

သာမန် မသုံးစာရိတ်🔸

သာမာန်အသုံးစရိတ်ဆိုတာ ဝင်ငွေရရှိဖို့အတွက် ကုန်ကျတဲ့အသုံးစရိတ်ပါ။ ဝင်ငွေရဖို့အတွက် ကုန်ပစ္စည်းကိုရောင်းရတယ်၊Service (ဝန်ဆောင်မှု)ကို ရောင်းရတယ်၊ဒီလိုရောင်းနိုင်ဖို့အတွက် ကုန်ကျတဲ့စရိတ်တွေဟာ သာမာန်အသုံးစရိတ်ပါ။
ကုန်ရောင်းဖို့ဆိုရင်ကုန်ပစ္စည်းကို ကိုယ်တိုင်ထုတ်လုပ်ရတယ်၊ဒါမှမဟုတ်အခြားထုတ်လုပ်သူများထံမှ ဝယ်ယူပြီးရောင်းချရတယ်၊ကုန်ထုတ်လုပ်ရာမှာ ကုန်ကျတဲ့စရိတ်တွေဟာ သာမာန်အသုံးစရိတ်ဖြစ်ပါတယ်။ကုန်ထုတ်လုပ်ရာမှာကုန်ကျတဲ့ ကုန်ကြမ်းအသုံးစရိတ်၊လုပ်ခအသုံးစရိတ်၊တိုက်ရိုက်ထုတ်လုပ်ရေးအသုံးစရိတ်၊ကုန်ထုတ်လုပ်မှု ဝန်ဆောင်အသုံးစရိတ်တွေဟာ ကုန်ထုတ်လုပ်မှုစရိတ်ဖြစ်သလို သာမာန်အသုံးစရိတ်လည်းဖြစ်ပါတယ်။
ကုန်ဝယ်ယူရာမှာ ကုန်ကျတဲ့ ကုန်ဝယ်တန်ဖိုး၊ကုန်သယ်ယူခ၊ကုန်သိုလှောင်ခ၊ကုန်ထုပ်ပိုးခ၊ပြည်ပမှ တင်သွင်းမည်ဆိုလျှင်ကုန်တင်သွင်းခြင်း စရိတ်စတဲ့ ရောင်းကုန်တန်ဖိုးအတွက် ကုန်ကျတဲ့စရိတ်တွေဟာ သာမာန်အသုံးစရိတ်ဖြစ်ပါတယ်၊ကုန်ရောင်းချရာမှာ၊ကုန်ဖြန့်ဖြူးရာမှာ ကုန်ကျတဲ့ အသုံးစရိတ်တွေဟာလည်း သာမန်အသုံးစရိတ်ဖြစ်ပါတယ်။
လုပ်ငန်းကြီးတစ်ခုလုံးကို လည်ပတ်နိုင်အောင် သုံးစွဲရတဲ့ စီမံရေးရာအသုံးစရိတ်ဟာလည်း သာမန်အသုံးစရိတ်ဖြစ်ပါတယ်၊ ဘဏ္ဍာရေးစရိတ်တွေဟာလည်းသာမန်အသုံးစရိတ်ဖြစ်ပါတယ်။
ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမှာ ဝင်ငွေရဖို့အတွက် ကုန်ကျရတဲ့ ဝန်ဆောင်မှုလုပ်ငန်း အသုံးစရိတ်တွေဟာလည်း သာမန်အသုံးစရိတ်ဖြစ်ပါတယ်။
အဆောက်အဦးရဲ့ အမိုး၊တံခါး၊ပြတင်းပေါက်စတဲ့ ပြင်စရိတ်‌၊ထိမ်းသိမ်းစရိတ်တွေဟာ သာမန်အသုံးစရိတ်ဖြစ်ပါတယ်။အဆောက်အဦးကို နှစ်စဉ်ဆေးသုတ်ရတဲ့ စရိတ်တွေဟာ သာမန်အသုံးစရိတ်ဖြစ်ပါတယ်။မော်တော်ယာဉ်နဲ့စက်ကိရိယာ ပြင်ဆင်စရိတ်ကလည်း သာမန်အသုံးစရိတ်ဖြစ်ပါတယ်။

_____________________________________

စာရင်းကိုင်ပညာအကြောင်း ပိုမိုသိရှိလိုပါက
Page ကို like and follow လေးလုပ်ထားနိုင်ပါတယ် post များကိုလည်း share နိုင်ပါတယ်💁‍♂️

ဆက်သွယ်​မေးမြန်းလိုပါက -
အောက်ပါ E-mail နဲ့ Ph no များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

☎-09 450 244778
-09 4500 26361
📧[email protected]

Address

No. 914, Thila 11th Street, 4th Wd, South Okkalapa Tsp
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959450244778

Alerts

Be the first to know and let us send you an email when U Khin Win Audit Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U Khin Win Audit Firm:

Share