မလေးရှား ငွေဈေးနူန်း ZY

  • Home
  • Myanmar
  • Yangon
  • မလေးရှား ငွေဈေးနူန်း ZY

မလေးရှား ငွေဈေးနူန်း ZY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မလေးရှား ငွေဈေးနူန်း ZY, Currency exchange, Yangon.

Segambut ဗလီကျေးရွာရှိ နေရာတစ်ခုတွင် Ops ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှု့များ ပြုလုပ်ရာ အိပ်​ပျော်နေသော ကလေးငယ် ၂ဦးကိုထား၍ ထ...
02/07/2022

Segambut ဗလီကျေးရွာရှိ နေရာတစ်ခုတွင် Ops ဝင်ရောက် စစ်ဆေး ဖမ်းဆီးမှု့များ ပြုလုပ်ရာ အိပ်​ပျော်နေသော ကလေးငယ် ၂ဦးကိုထား၍ ထွက်ပြေးမှု့ဖြစ်ခဲ့။

Jul, 2

#အော်ပရာစီသတင်း

အစောပိုင်းက အဆိုပါ Opsကို နံနက် ၁ နာရီ ၅ မိနစ်တွင် စတင်ခဲ့ပြီး မလေးရှား လေးကာကွယ်ရေးတပ်ဖွဲ့ (APM) မှ အဖွဲ့ဝင် အများအပြားနှင့်အတူ ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်း ၄၈ ဦးနှင့် အဖွဲ့ဝင်များ လိုက်ပါသွားခဲ့သည်။

ကလေးငယ်များကို လူကြီးတစ်ဦး မှမရှိဘဲ ဧည့်ခန်းအတွင်း အိပ်ပျော်နေပြီး နိုင်ငံခြားသားများဟု ယူဆရ။ ကလေးနှစ်ဦး၏ မိဘများ သို့မဟုတ် အုပ်ထိန်းသူများကို ရှာဖွေရန် ကြိုးပမ်းမှုမှာလည်း မအောင်မြင်ဘဲ ဖမ်းဆီးခံရခြင်းမှ ရှောင်ရှားရန် ထွက်ပြေးသွားသည်ဟု ယူဆရသည်။

ကွာလာလမ်ပူ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး Syamsul Badrin Mohshin က “ကလေးရဲ့ မိခင်၊ ဖခင် ဒါမှမဟုတ် အုပ်ထိန်းသူက ဖမ်းတာကို ရှောင်ချင်လို့ ထွက်ပြေးတာလို့ မှတ်ယူရပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားသား စုစုပေါင်း ၉၂ ဦးကို စစ်ဆေးခဲ့ပြီး အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ၇၆ ဦးကို ဖမ်းဆီးခြင်းပြုခဲ့ ထိုအထဲတွင် အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၂၃ ဦး၊ ယောက်ျားကလေး ခြောက်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ပါဝင်ကြောင်း ၎င်းက ပြောသည်။

“အသက် ၂ လမှ ၅၇ နှစ်ကြားရှိ ၎င်းတို့သည် တရားဝင် ခရီးသွားစာရွက်စာတမ်းမရှိခြင်းအပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုအမျိုးမျိုးဖြင့် ဖမ်းဆီးခံခဲ့ရသည်” ဟု ယနေ့နံနက်အစောပိုင်းက စီးနင်းရှာဖွေရာနေရာ၌ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ၎င်းက ပြောကြားခဲ့သည်။

Syamsul မှ နိုင်ငံခြားသားများသည် ကျူးကျော်နေထိုင်သည့် ဧရိယာတွင် နေထိုင်သူများထံမှ အိမ်များ သို့မဟုတ် အခန်းများကို တစ်လလျှင် RM600 မှ 800 ကြား သို့မဟုတ် အခန်းငှားပါက တစ်လ RM300 ကြား ဈေးနှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း Syamsul မှ ပြောကြားခဲ့သည်။

“အဲဒီဒေသမှာ နေထိုင်တဲ့ နိုင်ငံခြား အမျိုးသား အများစုဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ် လုပ်ကြပြီး အမျိုးသမီးတွေက သန့်ရှင်းရေး လုပ်ကြတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသော နိုင်ငံခြားသားအားလုံးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ 1959/63 နှင့် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်း 1963 အရ Bukit Jalil လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောသည်။

Translate; Vloger-KoHtut
Source; BH Online
Photo credit by BH Online

အော်ပရာစီသတင်းစုံဂိုင်း ပဲယ်တာနီ၊ ကဲယ်ဒါး၊မလေးရှား ဇွန်လ၊ ၂ ရက်၊ ၂၀၂၂ -မလေးရှားနိုင်ငံအတွင်းမှ တရားမဝင် နိုင်ငံခြားသားမျ...
02/07/2022

အော်ပရာစီသတင်း
စုံဂိုင်း ပဲယ်တာနီ၊ ကဲယ်ဒါး၊
မလေးရှား

ဇွန်လ၊ ၂ ရက်၊ ၂၀၂၂
-

မလေးရှားနိုင်ငံအတွင်းမှ တရားမဝင် နိုင်ငံခြားသားများအတွက် အစိုးရအာဏာပိုင်များမှဖွင့်လှစ်ပေးထားသည့် မိမိဆန္ဒအလျောက် ပြည်တော်ပြန်ခွင့် (စီအိုင်) များ ဇွန်လ၊ ၃၀ ရက်နေ့ တွင်သက်တမ်းကုန် ဆုံးပြီးနောက် နိုင်ငံအတွင်းနေရာအနှံ့အပြားအော်ပရာစီ ဖမ်းဆီးမှုများ နေ့စဉ်ပြုလုပ်လျှက်ရှိပါသည်။

ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ (သောကြာ) နေ့ နံနက် ၉:၃၀ ခန့်တွင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ အဖွဲ့တစ်ဖွဲ့ သည် ကဲယ်ဒါးပြည်နယ်၊ စုံဂိုင်း ပဲယ်တာနီ၊ ဘူကစ် ဆဲယ်လန်မ်ဘောင်း၊ ( Sungai Petani Bukit Selambau) တွင်ရှိ သော တရုတ်ပြည်မကြီးမှ တရုတ်သဌေးလုပ်ငန်းရှင်တစ်ဦးပိုင်ဆိုင်သည့် စက်ရုံတစ်ရုံအား အော်ပရာစီဝင်ရောက် ဖမ်းဆီးရာ သနပ်ခါးပါးကွက်များနှင့် မြန်မာနိုင်ငံသား အမျိုးသမီးများ အပါအဝင် တရုတ်နိုင်ငံသားအလုပ်သမားများပါဝင်သည့် နိုင်ငံခြားသားတရားမဝင်အလုပ်သမား ၄၀ ကျော် ခန့် ဖမ်းဆီးခံရကြောင်း သိရှိရပါသည်။

သတင်းအရင်းအမြစ်- Metro နေ့စဉ်
_____________________________

#ကေတီ_တီ

တရားဝင်လိုင်စင်ရ အေဂျင့်စီများမိမိအလုပ်လျောက်မယ့်အေးဂျင့်နာမည် ဒီ lists တွေပါမပါကြည့်ပါ မပါရင် မလျောက်ပါနဲ့
02/07/2022

တရားဝင်လိုင်စင်ရ အေဂျင့်စီများ

မိမိအလုပ်လျောက်မယ့်အေးဂျင့်နာမည် ဒီ lists တွေပါမပါကြည့်ပါ မပါရင် မလျောက်ပါနဲ့

သောင်တင်နေသည့်  ပြည်တော်ပြန်များ နှင့် တစ်သက်တာ ပြည်ဝင်ခွင့်(ဘလက်ခ်လစ်) ပိတ်ခံရ ခြင်း။PETALING JAYAကွာလာ လမ်ပူ၊ မလေးရှား...
02/07/2022

သောင်တင်နေသည့် ပြည်တော်ပြန်များ နှင့် တစ်သက်တာ ပြည်ဝင်ခွင့်(ဘလက်ခ်လစ်) ပိတ်ခံရ ခြင်း။

PETALING JAYA
ကွာလာ လမ်ပူ၊ မလေးရှား

ဇူလိုင်လ၊ ၂ ရက်၊ ၂၀၂၂
-
လွန်ခဲ့သော ဇွန်လ ၃၀ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် ပြန်လည် စီစစ်ရေး (ပြည်တော်ပြန်-စီအိုင်) အစီအစဉ်ဖြင့် မလေးရှားနိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာရန် ပျက်ကွက်သော တရားမဝင်ရွှေ့ပြောင်းအခြေချသူများကို ၎င်းတို့၏ မူလနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပြီး မလေးရှားနိုင်ငံအတွင်း တစ်သက်တာ ဝင်ရောက် (ခွင့်) ခြင်းမပြုရန် တားမြစ်ထားကြောင်း မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Khairul Dzaimee Daud က ပြောကြားလိုက်သည်။

ဇွန်လ ၃၀ ရက်နေ့ ပြည်တော်ပြန်(စီအိုင်) အစီအစဉ်နောက်ဆုံးနေ့မတိုင်မီ နိုင်ငံတွင်းမှ ထွက်ခွာရန်မျှော်လင့်ချက်ဖြင့် ရွှေ့ပြောင်းနေထိုင်သူများစွာသည် KLIA နှင့် Stulang Laut International Ferry Terminal ၊ Johor Bahru တို့ကို စုပြုံရောက်ရှိလာကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

၎င်းတို့၏ သက်ဆိုင်ရာ လေယာဉ် သို့မဟုတ် ကူးတို့သင်္ဘောများ လိုက်ပါစီးနင်းရန် ပျက်ကွက်ပြီးခဲ့နောက် အများအပြားသောင်တင်နေခဲ့ကြောင်း သိရသည်။

နေရပ်နိုင်ငံသို့ ပြန်ရန်ပျက်ကွက်သူများကို ပြည်နှင်ဒဏ်မခံရမှီ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ထိန်းသိမ်းထားကြောင်း Khairul က ပြောကြားခဲ့သည်။

“သူတို့ကို ပြည်တော်မပြန်ခင် လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားမယ်။ သူတို့ မလေးရှားနိုင်ငံကို တစ်သက်လုံး ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းခံရမယ်” ​​ဟု FMT သို့ ပြောကြားခဲ့သည်။

ဇွန်လ 25 ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး Hamzah Zainudin က မှတ်ပုံတင်ထားသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ (282,561) အနက် စုစုပေါင်း 243,297 ဦးအား Return Recalibration အစီအစဉ်ဖြင့် ဆန္ဒအလျောက် ပြန်လည်ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပလန် ရီးကာလီ ဘရာစီ ပူလန်း (ပြည်တော်ပြန်-စီအိုင်) အစီအစဉ်ပြီးဆုံးပါက ပြစ်မှုကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည့် အစီအစဉ်အရ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသူများ ၎င်းတို့၏ မူလနိုင်ငံများသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့သည်။

အင်ဒိုနီးရှား သံအမတ်ကြီး ဟာမိုနိုက ရွှေ့ပြောင်းနေထိုင်သူ မိမိနိုင်ငံသား အများအပြား လေယာဉ်ခရီးစဉ်နောက်ကျမှုသတင်းကို ရရှိခဲ့သော်လည်း အရေအတွက် အတိအကျကို မသိရှိကြောင်း ပြောကြားခဲ့သည်။

“ဂျိုဟိုးမှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ထွက်ခွာခွင့် မရခင် ကွန်ပေါင်းဒဏ်ကြေးပေးဆောင်ရန် သုံးရက်ထက်မကစောင့်ဆိုင်းရပါတယ်။

“နိုင်ငံကနေ ထွက်ခွာဖို့ ပျက်ကွက်သူတွေ ဘာတွေဖြစ်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှ ကျနော်တို့ သတင်းမရရှိသေးဘူး” ဟု ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင်ပင် KLIA တွင် ရွှေ့ပြောင်းအခြေချသူများကို ကူညီနေသူ အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ကြာသပတေးနေ့က ဖြစ်ပွားခဲ့သည့် အခြေအနေအား "ဖရိုဖရဲ" ဟု ဖော်ပြခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် ကောင်တာအနည်းစုသည် ရွှေ့ပြောင်းအခြေချသူများ၏ အရေအတွက်အများအပြားကို စီမံဆောင်ရွက်ရာတွင် လေယာဉ်ခရီးစဉ်များကို လွဲချော်စေသည်ဟု ၎င်းက ဆိုသည်။

“လူတွေ တော်တော်များများ မြေအောက်ကားပါကင်မှာ စခန်းချပြီး စောင့်နေကြတာ။” ဟု သူကပြောပါတယ်။

သတင်းရင်းမြစ်၊
https://www.freemalaysiatoday.com/category/bahasa/tempatan/2022/07/02/pati-terkandas-dihantar-pulang-dilarang-masuk-malaysia-seumur-hidup-kata-kp-imigresen/?

#ကေတီ_တီ

02/07/2022

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မလေးရှား ငွေဈေးနူန်း ZY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share