Hay Marn-Financial Consultant

Hay Marn-Financial Consultant Protect today. Secure tomorrow

💃 Corporate Zumba Sessionဒီနေ့မှာတော့ Paw Min & Brother Group နှင့်အတူပျော်ရွှင်စရာ Corporate Zumba Activityကိုအောင်မြင်...
09/03/2026

💃 Corporate Zumba Session

ဒီနေ့မှာတော့ Paw Min & Brother Group နှင့်အတူ
ပျော်ရွှင်စရာ Corporate Zumba Activityကိုအောင်မြင်စွာ စီစဉ်ကျင်းပနိုင်ခဲ့ပါတယ်

Music နဲ့ movement တွေကြားမှာ
Stress တွေ လျှော့ချပြီး team energy ကိုမြှင့်တင်ပေးတဲ့ အမှတ်တရနေ့တစ်နေ့လဲဖြစ်ခဲ့ပါတယ် ✨

Healthy workplace culture တစ်ခု ဖန်တီးဖို့
Employee wellness activities တွေက အရေးကြီးပါတယ်။

Zumba session မှာ အတူတူ ပါဝင်ပေးခဲ့ကြတဲ့
Paw Min & Brother Group team အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် 💃✨

Healthy body,happy workplace



"Why I choose CB Life?"ကျောင်းပြီးလို့အလုပ်စလုပ်ပါပြီဆိုကတည်းက ရွေးချယ်စရာတွေအများကြီးရှိတဲ့ထဲက CB Lifeကိုဘာကြောင့်ရွေးခ...
26/02/2026

"Why I choose CB Life?"
ကျောင်းပြီးလို့အလုပ်စလုပ်ပါပြီဆိုကတည်းက ရွေးချယ်စရာတွေအများကြီးရှိတဲ့ထဲက CB Lifeကိုဘာကြောင့်ရွေးချယ်ဖြစ်ခဲ့လဲဆို ပထမဆုံးအနေနဲ့ကတော့ သူငယ်ချင်းတွေနဲ့အတူတူအလုပ်လုပ်ရမှာမို့ပါပဲ😁
နောက်တစ်ချက်ကတော့ CB bankဆိုတဲ့ background ရှိတယ် အဲ့နှစ်ချက်တည်းနဲ့ ဒီအလုပ်ထဲကိုရောက်လာခဲ့တယ် နောက်ပိုင်းကျတော့အလုပ်လုပ်ရင်းသိလာရတာ အလုပ်တူတူတွဲလုပ်ရတဲ့အစ်ကို၊အစ်မတွေဆိုလဲ မိသားစုလိုနွေးထွေးမှုရှိတယ် ကိုယ်လုပ်နေတဲ့အလုပ်ကိုလဲတန်ဖိုးထားတတ်လာတယ်
နောက်ဆုံးတစ်ချက်ကတော့Financial Industry မှာအလုပ်လုပ်‌မယ်ဆို အရေးကြီးဆုံးက ယုံကြည်မှုဖြစ်တယ် အဲ့ဒီယုံကြည်မှုကိုပထမဆုံးအလုပ်ဝင်ဝင်ချင်းမှာပဲရခဲ့တယ်
အဲ့ကနေစလုပ်ရင်းနဲ့အခုဆို၇နှစ်တာကာလထဲကိုရောက်လာခဲ့ပြီ အခုဆိုရင်CB Lifeနဲ့အတူ ကိုယ်တန်ဖိုးထားရတဲ့မိသားစုတွေ၊ကိုယ်ချစ်ရတဲ့သူတွေအတွက် Financial planning အတွက် solutions တွေနဲ့အကောင်းဆုံးဝန်ဆောင်မှုပေးနေရတယ်
"လူတစ်ယောက်၊မိသားစုတစ်ခုရဲ့ မနက်ဖြန်ကိုပိုလုံခြုံစေဖို့ကူညီပေးနိုင်တာက ကျွန်မအတွက် အဓိပ္ပာယ်အရှိဆုံးအလုပ်ပါ" ပြောရရင်တော့ကျွန်မရဲ့အလုပ်က "ကုသိုလ်လဲရ ဝမ်းလဲဝ"တဲ့အလုပ်ဆိုလဲမမှားဘူးပေါ့ရှင့်
အစ်ကိုတို့အစ်မတို့ရော ကိုယ်တိုင်နဲ့ မိသားစုအတွက်Financial planစီစဉ်ထားပြီးပြီလား?

မနက်က အိပ်ယာနိုးနိုးချင်း လွန်ခဲ့တဲ့၂နှစ်လောက်ကအကြောင်းလေးခေါင်းထဲပြန်ပေါ်လာလို့ အ‌ဲ့နေ့ကအလုပ်ကိစ္စနဲ့အပြင်ရောက်နေတုန်း ...
25/02/2026

မနက်က အိပ်ယာနိုးနိုးချင်း လွန်ခဲ့တဲ့၂နှစ်လောက်ကအကြောင်းလေးခေါင်းထဲပြန်ပေါ်လာလို့ အ‌ဲ့နေ့ကအလုပ်ကိစ္စနဲ့အပြင်ရောက်နေတုန်း ကိုယ်serviceပေးနေတဲ့companyကအစ်ကိုဖုန်းဆက်လာတယ် "ဟေမာန်ရေ ညီမလေးဖုန်းပြောလို့ရလား"တဲ့ အသံကလဲအရမ်းစိုးရိမ်သလိုဖြစ်နေတယ် အဲ့ဒါနဲ့"ဟုတ်ကဲ့အစ်ကိုရပါတယ်"ဆိုတော့ "လုပ်ငန်းခွင်ထဲaccidentဖြစ်သွားလို့ဟေမာန်ရေ အဲ့ဒါဘာလုပ်ရမှန်းမသိလို့ညီမလေးကိုလှမ်းဆက်လိုက်တာ caseကလဲနည်းနည်းကြီးတော့ စိတ်ပူလို့လေ"တဲ့ အဲ့လိုချိန်မှာစိတ်ကိုအေးအေးထားနိုင်ဖို့ကအရေးကြီးဆုံးပဲလေ အဲ့ချိန်မှာကိုယ့်ဘက်ကပြောခဲ့တာတစ်ခုပဲရှိတယ် "အစ်ကိုဘာမှစိတ်မပူနဲ့နော် ညီမဘက်ကနေလုပ်ရမယ့်အရာကိုတစ်ခုချင်းစီstep by step ပြောပြပေးမယ် ပထမဆုံးအနေနဲ့ကတော့စာရွက်စာတမ်းပြည့်စုံဖို့လိုတယ်တခြားလိုအပ်တာတွေကိုလဲသေချာပြောပြပေးပါမယ်"လို့ပြောပြီး document စုံတာနဲ့သက်ဆိုင်ရာဌာနကိုတင်ပေးလိုက်တယ် ရက်အနည်းငယ်အတွင်းပဲငွေကြေးအထောက်အပံ့တစ်ခုကိုပြန်ရခဲ့တယ် နောက်ရက်ကျတော့ဖုန်းပြန်ဆက်လာခဲ့တယ် ဒီတစ်ခါတော့အသံကအေးဆေးသွားပြီး "ကျေးဇူးတင်ပါတယ် ဟေမာန်ရေ"တဲ့
တစ်ခါတစ်လေကျရင်လေ မမျှော်လင့်ထားတဲ့ Accident တစ်ခုက လူ‌တစ်ယောက်ရဲ့ဘဝကိုတစ်စက္ကန့်အတွင်းပြောင်းလဲနိုင်တယ်
Financial protection ဆိုတာ Luxury မဟုတ်ဘူး Responsible decision တစ်ခုပါ .....

Hay Marn
Financial Consultant

CB Life Insurance ဆိုဘာလဲ? မြန်မာနိုင်ငံမှာတော်တော်များများက CB လို့ပြောလိုက်တာနဲ့ CB bank ကိုပြေးမြင်ကြသလိုပဲ ညီမတို့ရဲ...
12/02/2026

CB Life Insurance ဆိုဘာလဲ?
မြန်မာနိုင်ငံမှာတော်တော်များများက CB လို့ပြောလိုက်တာနဲ့ CB bank ကိုပြေးမြင်ကြသလိုပဲ ညီမတို့ရဲ့ CB Insurance ကိုလဲမေ့ထားလို့မရဘူးနော်
ညီမတို့ရဲ့CB Life Insurance က မြန်မာနိုင်ငံမှာရှိတဲ့အာမခံကုမ္ပဏီတွေထဲက ၂၀၁၃ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Local အခြေစိုက်ဖြစ်ပြီး CB bankနဲ့ချိတ်ဆက်ထားတဲ့အတွက် customer တွေရဲ့ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့ ကုမ္ပဏီတစ်ခုဆိုလဲ မမှားဘူးပေါ့ရှင် CB Life Insurance ဟာဆိုရင် customerတွေနဲ့အကိုက်ညီဆုံးဖြစ်မယ့် Protection planတွေကိုဝန်ဆောင်မှုပေးခဲ့တာဆိုရင်၁၃နှစ်တောင်ကျော်ခဲ့ပြီ
ညီမတို့ရဲ့ “CB Life is Your Home”ဆိုသလိုပဲ ကိုယ့်အိမ်လိုပဲနွေးထွေးမှုတွေနဲ့ စောင့်ကြိုနေမှာမို့ တစ်ခုခုသိချင်တာများရှိခဲ့ရင် အားမနာတမ်းလာမေးလို့ရပါတယ်နော်
အစ်ကိုတို့ အစ်မတို့အနေနဲ့ရော အာမခံက “အသက်
ဘယ်လောက်မှာမှစထားသင့်တယ်လို့မြင်လဲ “ဆိုတာ ဖြေပေးခဲ့ကြပါဦးနော်💙



 ်အာမခံဆိုတာဘာလဲ?အဲ့ဒီမေးခွန်းအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အဖြေတစ်ခုရှိပြီးသားပါ အသက်အာမခံဆိုတာမမျှော်လင့်ထားတဲ့ အခြေအနေတစ...
11/02/2026

်အာမခံဆိုတာဘာလဲ?
အဲ့ဒီမေးခွန်းအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အဖြေတစ်ခုရှိပြီးသားပါ
အသက်အာမခံဆိုတာ
မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ဖြစ်လာတဲ့အခါ ကိုယ့်မိသားစုကို ငွေကြေးအထောက်အပံ့ ပေးနိုင်ဖို့ ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်တစ်ခုပါ
အာမခံဆိုတာစာချုပ်တစ်ခုတင် မဟုတ်ဘဲ တာဝန်ယူမှု တစ်ခုပဲဖြစ်ပါတယ်💙



အသက်အာမခံဆိုတာဘာမှန်းတောင်မသိဘဲနဲ့အာမခံနယ်ပယ်ထဲဝင်လာခဲ့တာ ၇နှစ်တောင်ပြည့်တော့မယ် Customerတစ်ယောက်ချင်းစီရဲ့အနာဂါတ်တွေကို...
10/02/2026

အသက်အာမခံဆိုတာဘာမှန်းတောင်မသိဘဲနဲ့အာမခံနယ်ပယ်ထဲဝင်လာခဲ့တာ ၇နှစ်တောင်ပြည့်တော့မယ်
Customerတစ်ယောက်ချင်းစီရဲ့အနာဂါတ်တွေကိုကိုယ့်မိသားစုလိုစဉ်းစားပြီးရှင်းပြပေးခဲ့တာဒီနေ့အထိပဲပေါ့
အာမခံရောင်းတဲ့သူမဟုတ်ဘဲ customerရဲ့လိုအပ်ချက်ကို နားလည်ပြီး အမှန်တကယ်ကိုက်ညီမယ့် protection တွေကိုတိုင်ပင်ပေးတဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ်💙

Address

No. 59, Thiha Street, 38 Qtr, North Dagon
Yangon
111161

Website

Alerts

Be the first to know and let us send you an email when Hay Marn-Financial Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share