Wai Wai Hnin - Life Insurance Consultant

Wai Wai Hnin - Life Insurance Consultant “Building Trust, Securing Futures.”

တစ်နေ့မှာဒီလို Graduation ဝတ်စုံလေးနဲ့ကိုယ့်ကလေးကို မြင်ချင်တဲ့ အိပ်မက်မိဘတိုင်းမှာ ရှိတတ်ပါတယ်… 👨‍🎓❤️ကလေးတွေက အိပ်မက်တွ...
15/03/2026

တစ်နေ့မှာ
ဒီလို Graduation ဝတ်စုံလေးနဲ့
ကိုယ့်ကလေးကို မြင်ချင်တဲ့ အိပ်မက်
မိဘတိုင်းမှာ ရှိတတ်ပါတယ်… 👨‍🎓❤️

ကလေးတွေက အိပ်မက်တွေကို မက်တတ်တယ်
ဒါပေမယ့်…
အဲဒီအိပ်မက်တွေ အကောင်အထည်ဖြစ်လာဖို့
ပြင်ဆင်ပေးရတာက မိဘတွေရဲ့တာဝန်ပါ။

ဘဝဆိုတာ မသေချာမှုတွေရှိပေမယ့်
ကလေးရဲ့ ပညာရေးလမ်းခရီးကိုတော့
မရပ်တန့်စေချင်ဘူး မဟုတ်လား…

ဒါကြောင့်
ကလေးအနာဂတ်ပညာရေးအတွက်
ကြိုတင်ပြင်ဆင်ထားတဲ့ အသက်အာမခံအစီအစဉ် တစ်ခုက
အိပ်မက်တွေကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့
အရေးကြီးတဲ့ ကာကွယ်မှုတစ်ခုပါ။

ဒီနေ့ သေးသေးလေးစတင်ထားတဲ့
ပြင်ဆင်မှုတစ်ခုက
နောင်တစ်နေ့မှာ
ကလေးရဲ့ Graduation stage ပေါ်က
အပြုံးကို ကာကွယ်ပေးနိုင်ပါတယ်။ 🌱

👉 “မိဘတွေ ကလေးအနာဂတ်ကို စိတ်ချနိုင်ဖို့ အကောင်းဆုံးအစီအစဉ်တွေကို မျှဝေပေးနေပါတယ် – Wai Wai Hnin (Life Insurance Advisor)”





“ငါမရှိတော့ရင်…ငါချစ်တဲ့လူတွေ အဆင်ပြေပါ့မလား?”တစ်နေ့တစ်ခါတော့ဒီအတွေး လှမ်းဝင်ဖူးလား…ကျန်းမာနေတုန်းမှာတော့အားလုံးအဆင်ပြေတ...
25/02/2026

“ငါမရှိတော့ရင်…
ငါချစ်တဲ့လူတွေ အဆင်ပြေပါ့မလား?”

တစ်နေ့တစ်ခါတော့
ဒီအတွေး လှမ်းဝင်ဖူးလား…

ကျန်းမာနေတုန်းမှာတော့
အားလုံးအဆင်ပြေတယ်လို့ ထင်မိတယ်။

ဒါပေမယ့်
ဝင်ငွေတစ်ခု ရပ်သွားတဲ့နေ့ကစပြီး
မိသားစုရဲ့ စိတ်ဖိစီးမှုက စတင်လာနိုင်တယ်။

Life Insurance ဆိုတာ
သေဖို့ စဉ်းစားထားတာမဟုတ်ပါဘူး။

ကိုယ်မရှိတဲ့အချိန်မှာတောင်
ကိုယ့်တာဝန်ကို ဆက်ထမ်းပေးနိုင်ဖို့
ကြိုတင် ပြင်ဆင်ထားတာပါ။

ချစ်ခြင်းဆိုတာ
စကားလုံးနဲ့ သက်သေပြလို့မရဘူး။

ပြင်ဆင်ထားခြင်းနဲ့ သက်သေပြတာ။

သိထားပြီးမှ ဆုံးဖြတ်တာက
ပိုစိတ်ချရပါတယ်။


Ma Wai Wai Hnin
Life Insurance Advisor
Building Trust, Securing Futures.





✨ Wai Wai Hnin Lead with Purpose.အလုပ်တစ်ခုကို လုပ်ရင်အဆုံးထိ လုပ်တဲ့လူမျိုးပါ။မဖြစ်လာသေးရင်အကြောင်းမရှာဘူး… နည်းလမ်းရှာ...
24/02/2026

✨ Wai Wai Hnin
Lead with Purpose.

အလုပ်တစ်ခုကို လုပ်ရင်
အဆုံးထိ လုပ်တဲ့လူမျိုးပါ။

မဖြစ်လာသေးရင်
အကြောင်းမရှာဘူး… နည်းလမ်းရှာတယ်။

ကိုယ့်ကိုယ်ကို မယုံရင်
ဘယ်သူမှ မယုံနိုင်ဘူးဆိုတာ သိထားလို့
Self motivation ကို အမြဲရွေးတယ်။

စိတ်ရှည်တယ်။
အလျင်မလိုဘူး။
ရေရှည်အောင်မြင်မှုကိုပဲ ယုံကြည်တယ်။

တစ်ယောက်ယောက်ရဲ့ အနာဂတ်နဲ့ ပတ်သက်လာရင်
ဆုံးဖြတ်ချက်တိုင်းကို တာဝန်ယူမှုနဲ့ ချိန်ဆတတ်တယ်။

ဇွဲရှိမှုက ကိုယ့်ရဲ့အင်အား။
အကောင်းမြင်စိတ်က ကိုယ့်ရဲ့လက်နက်။
စိတ်ရှည်မှုက ကိုယ့်ရဲ့အားသာချက်။

ဒီသုံးခုနဲ့ပဲ
ကိုယ့်ဘဝကို ကိုယ်တိုင် ဦးဆောင်နေတယ် ✨




“ကျန်းမာနေတဲ့အချိန်မှာ ဘာမှမဖြစ်ဘူးလို့ ထင်တတ်ကြတယ်…”မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေအမတစ်ယောက်နဲ့ အပြင်မှာဆံုပြီး အလုပ်ကိစ္...
23/02/2026

“ကျန်းမာနေတဲ့အချိန်မှာ ဘာမှမဖြစ်ဘူးလို့ ထင်တတ်ကြတယ်…”

မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေအမတစ်ယောက်နဲ့ အပြင်မှာဆံုပြီး အလုပ်ကိစ္စပြောကြရာကနေ ဆက်စပ်ပြီးသူ့သားလေးအကြောင်းကိုပြောပြတော့ မိဘချင်းကိုယ်ချင်စာပြီး ထပ်တူဝမ်းနည်းခဲ့ရတယ်။

မနေ့ကထိအလုပ်သွားနိုင်တဲ့လူတစ်ယောက်က ဒီနေ့မှာတော့ဆေးရံုတက်ပြီးဆေးကုသမှုခံယူနေရမယ်ဆိုတာကိုဘယ်ထင်ထားခဲ့မလဲနော်🥹

ပိုဆိုးတာက သူ့သားလေးလက်ရှိဆေးကုသမှုခံယူနေရတဲ့ရောဂါက
Autonomic ganglion dysfunction လိုမျိုး
အလိုအလျောက် အာရုံကြောစနစ်ပျက်စီးသွားပြီး
ကိုယ်ထဲက သဘာဝအလုပ်လုပ်နေတဲ့စနစ်တွေတောင်
မလုပ်နိုင်တော့ဘဲ လူတစ်ယောက်ရဲ့ဘဝကို တစ်ခဏတည်း ပြောင်းလဲသွားစေနိုင်တဲ့ ရောဂါမျိုးဆိုတာသိလိုက်ရတော့ ပိုပြီးစိတ်မကောင်းဖြစ်ရတယ်။

!ရောဂါတွေက မကြေငြာဘဲလာတတ်သလို
ဘဝကလဲ ဘာဖြစ်မယ်ဆိုတာ ကြိုတင်သတိမပေးထားပါဘူး!

အဲ့ဒီအချိန်ရောက်မှ
“ပြင်ဆင်ထားရင်ကောင်းမယ်” လို့ မျက်ရည်နဲ့တွေးရတာထက်
ကျန်းမာနေတဲ့နေ့တွေထဲမှာ
နည်းနည်းစီ ပြင်ဆင်ထားတာက ပိုကောင်းတယ်ဆိုတဲ့လေးနက်တဲ့အတွေးတွေဖြစ်လာခဲ့တယ်။




🫶ကိုယ့်အနာဂတ်အတွက် ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်တစ်ခု ရှိဖို့ အရေးကြီးပါတယ်။🌈CB Life Insurance ဟာ ၂၀၁၂ ခုနှစ်တွင် စတင်တည်...
15/02/2026

🫶ကိုယ့်အနာဂတ်အတွက် ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်တစ်ခု ရှိဖို့ အရေးကြီးပါတယ်။

🌈CB Life Insurance ဟာ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခိုင်မာတဲ့ Financial Group တစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။ CB Bank၊ CB Securities နှင့် KMA Group တို့လို အားထားရတဲ့ အဖွဲ့အစည်းကြီးများနှင့် တစ်စုတစ်စည်းတည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး အာမခံကုမ္ပဏီဖြစ်တဲ့ Thai Life Insurance နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအတွေ့အကြုံနဲ့ စနစ်တကျစီမံခန့်ခွဲမှုတွေကို မြန်မာနိုင်ငံအတွင်း ယူဆောင်လာနိုင်ခဲ့ပါတယ်။

👩🏼‍💻ထို့အပြင် CB Life ဟာ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု အဖွဲ့အစည်းဖြစ်တဲ့ MDRT Agent များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီး Professional ဝန်ဆောင်မှုအရည်အသွေးကို သက်သေပြထားပါတယ်။

ယုံကြည်စိတ်ချရမှု ✔
ခိုင်မာမှု ✔
နိုင်ငံတကာအတွေ့အကြုံ ✔

🤝CB Life Insurance ဟာ သင့်ဘဝအတွက် ရေရှည်လက်တွဲနိုင်မယ့် မိတ်ဖက်ကောင်းတစ်ခုဖြစ်နိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက Messenger မှာ ဆက်သွယ်
မေးမြန်နိုင်ပါတယ်📩





“ဒီ Valentine’s Day မှာ Love ကို Secure လုပ်လိုက်ပါ ❤️”💐Valentine’s Day မှာ🍫ပန်းပွင့်၊ ချောကလက်တွေ ပေးလို့ရပါတယ်…🌈ဒါပေမယ...
14/02/2026

“ဒီ Valentine’s Day မှာ Love ကို Secure လုပ်လိုက်ပါ ❤️”

💐Valentine’s Day မှာ
🍫ပန်းပွင့်၊ ချောကလက်တွေ ပေးလို့ရပါတယ်…

🌈ဒါပေမယ့်
တကယ်ချစ်တယ်ဆိုရင်
သူမရဲ့ အနာဂတ်ကိုပါ စဉ်းစားပေးနိုင်ရမယ်။သူမအနာဂတ်ကို ကာကွယ်ပေးနိုင်ရင်
အချစ်က ပိုအဓိပ္ပာယ်ရှိလာမယ်။

❤️အသက်အာမခံဟာ
ချစ်ခြင်းရဲ့ အမြင့်ဆုံး တာဝန်ယူမှုပါ။

💬 Couple Plan လေးတွေ သိချင်ရင်
Chat Box မှာ “LOVE” လို့ ပို့နိုင်ပါတယ်။




#အသက်အာမခံ


🌿 အသက်အာမခံဆိုတာဘာလဲ?💸အသက်အာမခံဆိုတာကိုယ့်ဝင်ငွေကို အစားထိုးပေးနိုင်မယ့် အကာအကွယ်အစီအစဉ်ပါ။☂️မနက်ဖြန် ဘာဖြစ်မလဲ မသိနိုင်...
14/02/2026

🌿 အသက်အာမခံဆိုတာဘာလဲ?

💸အသက်အာမခံဆိုတာ
ကိုယ့်ဝင်ငွေကို အစားထိုးပေးနိုင်မယ့် အကာအကွယ်အစီအစဉ်ပါ။

☂️မနက်ဖြန် ဘာဖြစ်မလဲ မသိနိုင်ပေမယ့်
ဒီနေ့ကတည်းက မိသားစုအတွက်
ငွေကြေးအာမခံချက် တစ်ခု ဖန်တီးထားနိုင်ပါတယ်။

✔️ မတော်တဆမှု
✔️ ရောဂါ
✔️ မမျှော်လင့်ထားတဲ့ အန္တရာယ်များ

☂️အာမခံဆိုတာ…
မလိုတဲ့အခါ သက်သာစေပြီး
လိုအပ်တဲ့အချိန်မှာ ကယ်တင်ပေးနိုင်တဲ့ အကာအကွယ်ပါ။

☔️ဖြစ်လာခဲ့ရင်
မိသားစုဘဝ မခက်ခဲစေဖို့ ကြိုတင်စီမံထားခြင်းပါ။

💬 အနာဂတ်ကို စိတ်အေးချမ်းချင်ရင်
အသေးစိတ်သိချင်တာများကို Chat Box မှာ “Hello” လို့ ပို့နိုင်ပါတယ်။






မင်္ဂလာပါ 🌿ကျွန်မ Ma Wai Wai Hnin ပါ။👩🏼‍💻၂၀၁၃ ခုနှစ်မှ စတင်ကာ Life Insurance Advisor အဖြစ် လုပ်ကိုင်လာခဲ့တာဆိုရင်ဒီနှစ်ဆ...
12/02/2026

မင်္ဂလာပါ 🌿
ကျွန်မ Ma Wai Wai Hnin ပါ။

👩🏼‍💻၂၀၁၃ ခုနှစ်မှ စတင်ကာ Life Insurance Advisor အဖြစ် လုပ်ကိုင်လာခဲ့တာဆိုရင်ဒီနှစ်ဆို ၁၃ နှစ်ရှိပါပြီ။

⛱️Client (၃၀၀၀) ကျော်ရဲ့ ယုံကြည်မှုနဲ့အတူ အနာဂတ်အတွက် လုံခြုံမှုတွေ ဖန်တီးပေးနေပါတယ်။

✍️Customer များရဲ့ အနာဂတ်လုံခြုံရေးအတွက် ယုံကြည်စိတ်ချရသော Partner တစ်ဦးဖြစ်ဖို့ အမြဲကြိုးစားနေသူပါ။





06/02/2026

Hello

Address

Botahtaung Yangon
Yangon
11161

Alerts

Be the first to know and let us send you an email when Wai Wai Hnin - Life Insurance Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share