13/05/2026
အပင်လေးတစ်ပင်ကို အချိန်တိုအတွင်း ကြီးထွားအောင် စိုက်ဖို့ မလွယ်ကူပါဘူး။
စိုက်တဲ့အပင်ပေါ်မူတည်ပြီး နေရောင်ခြည်၊ ရေ၊ မြေနဲ့ အဟာရတွေကို အချိုးကျ ပေါင်းစပ်ပေးနိုင်မှသာ အပင်တစ်ပင် ကြီးထွားသန်မာလာတာပါ။
ဒါနဲ့ စမ်းပြီး ကျားလက်ဝါး Aurea အပင်လေးကို စိုက်ကြည့်လိုက်တယ်။
အစပိုင်း အထာမသိခင်ကတော့ မကိုင်တွယ်တတ်ခဲ့ဘူး။
နေရောင်ကြိုက်တဲ့ အပင်လေးမို့ မြန်မြန်ကြီးပါစေဆိုပြီး ပြတင်းပေါက်နားအနီးဆုံး ထားလိုက်မိတယ်။ ရလဒ်က အရွက်တစ်ရွက် နေထိပြီး နေလောင်ကုန်တယ်။
ရေများရင် အမြစ်ပုပ်မှာ စိုးလို့ ရေသိပ်မလောင်းဖြစ်တော့ အပင်က ရေငတ်တဲ့ လက္ခဏာလေးတွေ ပြလာပြန်ရော။
နောက်ပိုင်း လေ့လာရင်းနဲ့ သူ့ရဲ့သဘောသဘာဝနဲ့ အနေအထားကို သိလာခဲ့တော့...
ဒီရက်ပိုင်းမှာ အညွန့်အသစ်လေး တစ်ခု ထွက်လာခဲ့ပါပြီ။ 🎉
အပင်စိုက်ရင်း သိရှိလာတာက – ပျိုးထောင်သူဟာ မျိုးကောင်းတဲ့အပင်၊ အနာကင်းတဲ့အပင်မျိုးကို ရွေးတတ်ရမယ်။ စိုက်ပျိုးရေးနည်းစနစ်ကို နားလည်ရမယ်။ အပင်အတွက် လိုအပ်တဲ့အရာတွေကို အချိုးကျ ဖြည့်ဆည်းပေးနိုင်ရမယ်။ ပြီးတော့ စိတ်ရှည်ရှည်နဲ့ ပျိုးထောင်ရမယ်။
ဒီလိုဆိုရင်တော့ **မျိုးကောင်းတဲ့အပင်လေး** ဆိုရင် သူ့အချိန်ကျတဲ့အခါ အလှဆုံး အကောင်းဆုံး ကြီးထွားလာမှာပါ။ 🪴
၁၃.၅.၂၀၂၆
#ကျားလက်ဝါးAurea #အညွန့်သစ် #စိတ်ရှည်ခြင်း
#အပင်ပျိုးထောင်ခြင်း