27/10/2022
✅ အောင်မြင်ချင်ရင် Growth Mindset ရှိရမယ်
မင်း လုပ်နိုင်မှာ မဟုတ်ပါဘူး
အဲ့တာ မင်းထင်သလောက်မလွယ်ဘူး
ဆိုတဲ့ စကားမျိုးတွေ မိတ်ဆွေတို့ကြားခဲ့ဖူးပါသလား
အဲ့လိုမျိုးကော အပြောခံခဲ့ရဖူးပါသလား
အဲ့လို အပြောဆိုခံရတဲ့အခါမှာ ဘယ်လိုတုံ့ပြန်မလဲ
ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲ❓
ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့
အခြားသူတွေ ကိုယ့်ကိုဘယ်လိုမြင်လဲဆိုတာထက်
မိမိကိုယ်ကိုမိမိ ဘယ်လိုမြင်လဲဆိုတာကသာ
အရေးကြီးဆုံးဖြစ်ပါတယ် 😊
ပိုပြီးနားလည်အောင် Mindset အကြောင်း
နည်းနည်းရှင်းပြပါမယ်
မိမိကိုယ်ကိုမြင်တဲ့ အမြင်ကို Mindset လို့ခေါ်ပါတယ်
မိမိကိုယ်ကို အကောင်းမြင်ရင် Growth Mindset ဖြစ်ပြီး
အဆိုးမြင်ရင်တော့ Fixed Mindset ဖြစ်ပါတယ်
လောကမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကို
ဖြစ်လာအောင် ဖန်တီးတည်ဆောက်နိုင်တာဟာ
Growth Minset ကြောင့်ဖြစ်တယ်
Growth Mindset ရှိတဲ့သူတွေဟာ
✅စိန်ခေါ်မှု Challenges တွေကို လက်ခံတယ်
✅Feedbacks တွေကို လက်ခံပြီး ပိုကောင်းလာအောင်ကြိုးစားတယ်
✅မိမိကိုယ်ကို ပိုတော်လာအောင် talent ရှိလာအောင်ကြိုးစားလို့ရတယ်လို့ ယုံကြည်တယ်
✅ ပါရမီဆိုတာ မွေးရာပါမဟုတ်ဘူး၊ လေ့ကျင့်သင်ယူပြီး ကျွမ်းကျင်လာအောင်လုပ်ယူလို့ရတယ်လို့ယုံကြည်တယ်
✅အခက်အခဲတွေကြုံရင် ပိုပြီးကြိုးစားအားထုတ်တယ် ✅တော်ရုံတန်ရုံ အရှုံးမပေးဘူး
✅ကျရှုံးမှုတွေကြောင့် ရပ်တန့်မသွားဘူး
✅အောင်မြင်နေတဲ့သူတွေကိုကြည့်ပြီး အားကျအတုယူတယ်
✅အမှားတွေလုပ်မိရင် သင်ခန်းစာယူတယ်
✅အချိန်ယူပြီး ကြိုးစားအားထုတ်တယ်၊ ဘယ်အရာမှလွယ်လွယ်ဖြစ်မလာဘူးဆိုတာကို နားလည်တယ်
✅အမြဲတမ်း သင်ယူလေ့လာနေကြတဲ့သူတွေဖြစ်တယ်
Growth Mindset ရှိတဲ့ Thomas Edison က
အကြိမ်ပေါင်း 10,000 ကျော်လောက် လေ့လာစမ်းသပ်ပြီး
လျှပ်စစ်မီးကို တီထွင်နေတဲ့အချိန်မှာ ....
Fixed Mindset ရှိတဲ့ သာမာန်လူတစ်ယောက်က
ဆယ်တန်းစာမေးပွဲမှာ အမှတ်နည်းတာ ဘဝကြီးပျက်ပြီဆိုပြီး
ဆက်မကြိုးစားနိုင်ပဲ တိုင်ပတ်နေတယ် 😅
ငယ်ငယ်က စာသင်မရလို့ ကျောင်းထုတ်ခံခဲ့ရတဲ့
Albert Einstein က ကမ္ဘာကျော် သိပ္ပံပညာရှင်ဖြစ်လာတယ်
Basketball ကစားဖို့ အရည်အချင်းမပြည့်မှီဖူးလို့
အပြောခံခဲ့ရတဲ့ Miachel Jordan က ကမ္ဘာကျော်
player တစ်ဦးဖြစ်လာတယ်
ဆယ်တန်းမှာ ၃ ဘာသာကို အမှတ် ၄၀ ဝန်းကျင်နဲ့ အောင်ခဲ့တဲ့
ကျွန်တော်က England က ထိပ်တန်းတက္ကသိုလ်မှာ
BBA (Hons.) ဘွဲ့ ရအောင်ယူနိုင်ခဲ့တယ် 😎
လောကကြီးမှာ မိမိကိုယ်ကိုမိမိ
ဘယ်လိုမြင်လဲဆိုတာကသာ အရေးကြီးဆုံးဖြစ်တယ်
အခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာ
မိမိကိုယ်ကိုမြင်တဲ့ အမြင်လောက် အရေးမကြီးဘူး
မသန်စွမ်းဖြစ်နေရင်တောင် Growth Mindset ရှိလို့
ကမ္ဘာကျော်ဖြစ်လာတဲ့သူတွေ အများကြီးရှိပါတယ်
ဥပမာ သိပ္ပံပညာရှင် Stephen Hawking ပါ
အကြောသေပြီး ခေါင်းပဲလှုပ်လို့ရတဲ့ မိန်းကလေးက
ပါးစပ်နဲ့စုပ်တံကိုက်ပြီး ပန်းချီဆွဲတာ
ကမ္ဘာကျော် ပန်းချီဆရာမဖြစ်လာခဲ့တာကိုကြည့်ရင်
ကိုယ်ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်က
အရမ်းအရေးကြီးတာကိုတွေ့ရပါလိမ့်မယ် 😊
✅ Growth Mindset ရှိလာအောင်
♦မိမိကိုယ်ကို အကောင်းမြင်ရမယ်
♦ယုံကြည်မှုရှိရမယ်
♦ကြိုးစားအားထုတ်မှုလုပ်ရမယ်
♦လေ့လာသင်ယူမှုလုပ်ရမယ်
♦ကောင်းမွန်တဲ့စာတွေဖတ်ရမယ်
လူကြီးက လူကြီးအလုပ်လုပ်သလို
ကလေးကလဲ ကလေးအလုပ်လုပ်ရမယ်၊
တရုတ်လူမျိုးတွေ သူတို့ကလေးတွေကို
ငယ်ငယ်ကတည်းက အိမ်ရဲ့အလုပ်မှာခိုင်းတယ်
အဂ်လိပ်တွေ သူတို့ကလေးတွေကို
ငယ်ငယ်ကတည်းက မိမိဖာသာအားကိုးရပ်တည်နိုင်အောင်
ဘာမဆို ကိုယ့်ဟာကိုယ်ဆောင်ရွက်စေတယ်
တရုတ်တွေ ကြီးလာတော့ စီးပွားရေးလုပ်တာကျွမ်းကျင်ပြီး
အဂ်လိပ်တွေက ဆယ်ကျော်သက်အရွယ်မှာ တစ်ယောက်ထဲ
ကမ္ဘာပတ်နိုင်တယ်
မြန်မာနိုင်ငံမှာ ၁၀ တန်းအောင်ပြီးတဲ့အရွယ်က
လူကြီးမပါလို့ အပြင်မထွက်ရဖူးဆိုတော့ အဲ့ဒီကလေး
ကိုယ့်ဖာသာမရပ်တည်နိုင်တာ အထူးအဆန်းကိစ္စတော့မဟုတ်ဘူး
စားပြီးသားပန်ကန်မဆေး၊ ကိုယ့်အဝတ်ကိုယ်မလျှော်
ဘာအလုပ်မှမလုပ်ရပဲ လိုသမျှပိုက်ဆံလက်ဖြန့်တောင်းရုံရနေတဲ့ကလေးက လူကြီးဖြစ်လာတော့ ဖြတ်လမ်းလိုက်ပြီး
ချမ်းသာချင်တာ ဘာမှမထူးဆန်းဘူး
အဲ့ဒီတော့ Growth Mindset ရှိအောင် ငယ်ငယ်ကတည်းက
ပြုစုပျိုးထောင်ပေးသင့်တယ်
လုပ်ငန်းခွင်တွေမှာလဲ Mindset နဲ့ ပတ်သတ်တဲ့
ပညာရပ်တွေကို လေ့ကျင့်သင်ကြားပေးသင့်တယ်
မဟုတ်ရင်တော့ အိတ်ပေါက်နဲ့ ဖားကောက်နေရအုံးမှာပါပဲ
Training တွေ အများကြီးပေးနေပေမယ့်
behaviors ပိုကောင်းမလာဘူး
performance တက် မလာဘူးဆိုတာ
Mindset နဲ့ Attitude မှာ error တက်နေလို့ပါ
အတွေ့အကြုံရှိပြီး Sales training ၁၀ ခုလောက်
တက်ထားတဲ့ အရောင်းဝန်ထမ်းတစ်ယောက်ဟာ
Growth Mindset မရှိရင် လစဥ်သတ်မှတ်ပေးထားတဲ့
အရောင်း target ကို ပြည့်အောင်ရောင်းနိုင်ဖို့
အခက်အခဲရှိပါလိမ့်မယ်
ကြိုက်တဲ့ trainer ကို ခေါ်ပြီး training ပေးခိုင်းလိုက်၊
ရောင်းအားတက်မလာစေရဘူး Mindset error ဖြစ်နေရင်
သေချာပေါက်ပြောရဲတယ်
Growth Mindset မရှိရင် Training တွေ တက်နေပေမယ့်
Learning transfer ကောင်းကောင်းမလုပ်နိုင်ပဲ
Learning ဖြစ်မှာ မဟုတ်ပါဘူး
တစ်ဖက်မှာ ပတ်ဝန်းကျင်ကလဲ အရမ်းအရေးကြီးပါတယ်
Company မှာဆိုရင်တော့ Organisational Culture နဲ့
Working Environment ပေါ့
ဘဝမှာ တိုးတက်အောင်မြင်ချင်ရင်
မိမိကိုယ်ကို အကောင်းမြင်ပါ၊ ယုံကြည်မှုရှိပါ
ဘဝမှာ စိတ်ချမ်းသာစွာနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်ရင်
အခြားသူတွေအပေါ်မှာ အကောင်းမြင်ပါ
အပြုသဘောဆောင်တဲ့ အတွေးအမြင်ရှိအောင်ကြိုးစားပါ
Crd - Ye Naing
Photo Crd.