Aye Thuzar Khine - Insurance Advisor

Aye Thuzar Khine - Insurance Advisor Unit Manager at Manulife Myanmar

"ကျန်းမာရေးအတွက် ပြင်ဆင်ရင်း မိသားစုအတွက်ပါ ငွေစုပြီးသား ဖြစ်စေမယ့် နည်းလမ်း..." 💡လူတိုင်းက ကျန်းမာရေးနဲ့ ပတ်သက်ရင် "ငါတ...
22/08/2026

"ကျန်းမာရေးအတွက် ပြင်ဆင်ရင်း မိသားစုအတွက်ပါ ငွေစုပြီးသား ဖြစ်စေမယ့် နည်းလမ်း..." 💡

လူတိုင်းက ကျန်းမာရေးနဲ့ ပတ်သက်ရင် "ငါတို့ဆီတော့ မရောက်လောက်ပါဘူး" လို့ ထင်တတ်ကြပေမဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေ ကြုံလာရင် ငွေကြေးစုဆောင်းထားလာသမျှတွေ တခဏခြင်း ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒီလိုမျိုး မမျှော်လင့်ထားတဲ့ ကျန်းမာရေး စိန်ခေါ်မှုတွေကို စိုးရိမ်စရာမလိုဘဲ ရင်ဆိုင်နိုင်ဖို့ Manulife Care Plus (ကျန်းမာသုခ အသက်အာမခံ) က ကူညီပေးပါရစေ။

Manulife Care Plus ရဲ့ ထူးခြားတဲ့ အကျိုးခံစားခွင့်များ -
✅ ၃ မျိုးပေါင်း အကာအကွယ် -
ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစု အကာအကွယ်နဲ့ စုဆောင်းငွေ ၃ မျိုးစလုံးကို တစ်နေရာတည်းမှာ ရရှိပါမယ်။
✅ ၂ နှစ်ပဲ ပရီမီယံကြေးပေးပြီး ကာကွယ်မှုယူပါ - ပရီမီယံကြေးကို ၂ နှစ် သို့မဟုတ် ၄ နှစ်ပဲ ပေးသွင်းပြီး ၅ နှစ် / ၁၀ နှစ်အထိ အပြည့်အဝ အကာအကွယ် ရရှိနိုင်ပါတယ်။
✅ ကျန်းမာရေးစရိတ် ထောက်ပံ့မှု -
ဆေးရုံတက်ရတာ၊ ICU တက်ရတာနဲ့ နာတာရှည်ရောဂါ ကုသမှုတွေအတွက် ကြိုတင်ငွေကြေး ထောက်ပံ့ပေးပါတယ်။
✅ No Claim Bonus & Medical Checkup Bonus - ကျန်းမာစွာနေထိုင်ပြီး တောင်းဆိုမှုမရှိရင် အထူး Bonus တွေနဲ့ ပေါ်လစီတန်ဖိုးကို ပိုမိုတိုးပွားစေပါတယ်။
✅ သက်တမ်းစေ့ စုဆောင်းငွေ -
အာမခံသက်တမ်းစေ့ရင်လည်း စုဆောင်းထားတဲ့ ငွေကြေးကို ပြန်လည်ထုတ်ယူနိုင်ပါသေးတယ်။

သင့်မိသားစုရဲ့ အနာဂတ်နဲ့ ကျန်းမာရေးအတွက် ဒီနေ့ပဲ ကြိုတင်ပြင်ဆင်လိုက်ပါ။

📩 အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

🌟 Manulife Community Club (MCC) အဖွဲ့ဝင် မိတ်ဆွေများအတွက် သီးသန့်ရရှိနိုင်မည့် အထူးအခွင့်အရေးနှင့် Privilege များ 🌟Manul...
22/08/2026

🌟 Manulife Community Club (MCC) အဖွဲ့ဝင် မိတ်ဆွေများအတွက် သီးသန့်ရရှိနိုင်မည့် အထူးအခွင့်အရေးနှင့် Privilege များ 🌟

Manulife ရဲ့ အဖိုးတန် Customer မိတ်ဆွေများအတွက် ကျန်းမာရေး၊ လူနေမှုဘဝနှင့် ခရီးသွားလာရေး ကဏ္ဍစုံမှာ စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်ဖို့ MCC Member Segmentation အလိုက် အထူးခံစားခွင့်များကို စီစဉ်ပေးထားပါတယ်နော်။ 💁‍♀️

💎 ၁။ Royal Members များအတွက် VIP သီးသန့်ခံစားခွင့်များ

ပြည်တွင်း VIP ဆေးရုံဝန်ဆောင်မှုများ...
💁Grand Hantha Hospital:Hantha Prestige Care VIP Lounge ကို တစ်နှစ်လျှင် (၃) ကြိမ်အထိ စောင့်ဆိုင်းချိန်မလိုဘဲ Exclusive သုံးစွဲခွင့်။

💁‍♂️Mandalar (မန္တလေး) & Myat Taw Win (တောင်ကြီး): Health Check-up Package (25%)၊ IPD အခန်းခ (10%) နှင့် OPD (20%) Discount။

💁‍♀️Jasmine Dental Clinic:အခမဲ့ သွားကျန်းမာရေးစစ်ဆေးခွင့်အပြင် Implant, Veneer, Orthodontics, Laser Whitening စသည်တို့တွင် (3% မှ 10%) ထိ လျှော့စျေး။

ပြည်ပ (ထိုင်းနိုင်ငံ) ဆေးရုံကြီးများ၏ VIP အကျိုးကျေးဇူး....
💁‍♂️Vejthani Hospital: အသက် (30) အထက် ကျန်းမာရေးစစ်ဆေးမှုများအတွက် (20%) Discount (တစ်နှစ်လျှင် 2 ကြိမ်)။
💁‍♀️Phyathai Hospital: အခန်းခနှင့် ဆေးဝါး (15%)၊ အထွေထွေ ဆေးဝါးစရိတ် (10%) နှင့် Health Check-up Package (5%) Discount။

🙋ခရီးသွား VIP အခွင့်အရေး...
🛩️ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ "Mingalar CIP Lounge" တွင် Private Lounge, Shower Room, Private Parking စသည့် VIP ဝန်ဆောင်မှုများ အသုံးပြုခွင့်။
💁သီးသန့် Privilege: MCC Royal Privilege Card ကိုင်ဆောင်ခွင့်။

⭐၂။ Premier Members များအတွက် အထူးခံစားခွင့်များ

🏥ပြည်တွင်း ဆေးရုံ/ဆေးခန်းများ:
:Hantha Prestige Care VIP Lounge ဝန်ဆောင်မှုကို တစ်နှစ်လျှင် (2) ကြိမ် အသုံးပြုခွင့်။
&Myat Taw Win Hospital: Health Check-up Package (15%)၊ IPD အခန်းခ (10%) နှင့် OPD (20%) Discount။
:အခမဲ့ စစ်ဆေးခွင့်နှင့် အထူးDiscount များ။

🏥ပြည်ပ ဆေးရုံများ:
(20% Discount - 1 နှစ် 2ကြိမ်) နှင့်
DISCOUNT များ။
သီးသန့် Privilege: MCC Premier Privilege Card ကိုင်ဆောင်ခွင့်။

🎁 ၃။ Customer အားလုံး (All Customers) အတွက် အကျိုးကျေးဇူးများ

💪 Wellness & Fitness

🏋️ : Royal/Premier Members များအတွက် Membership ပေါ်မူတည်၍ (10% မှ 20%) အထိ Discount။
Yoga Sessions နှင့် Wellness Challenge များတွင် ပါဝင်ခွင့်။

🛒 Pyone Pyaw Thone Program

: လစဉ် ပထမပတ်၏ (သောကြာ၊ စနေ၊ တနင်္ဂနွေ) နေ့များတွင် City Mart အပါအဝင် မိတ်ဖက်ဆိုင်များ၌ ကျပ် 50,000 ဖိုး ဝယ်ယူပါက 10,000 Reward Points ပြန်လည်ရရှိမည်။
: Apple Original Devices (2%) နှင့် Accessories များ (15%) Discount။

🍽️ Hotel & Dining

: Spoon Restaurant (A La Carte/Buffet Dinner)၊ Infinity Lounge Hi Tea နှင့် အခန်းခများအတွက် (10%) Discount။

🏥 Events & Health Talk

အထူးကုဆရာဝန်ကြီးများနှင့် အခမဲ့ ဆွေးနွေးခွင့်ရရှိမည့် Health Talk Seminar များ နှင့် Engagement Networking Events များသို့ တက်ရောက်ခွင့်။

💁‍♂️
📲 အထူးခံစားခွင့်များ လွယ်ကူစွာ ရယူနည်း:
"ပြုံးပျော်သုံး" အစီအစဉ်ပါ ခံစားခွင့်များကို မိတ်ဖက်ဆိုင်များ၏ ကောင်တာတွင် QR Code စကင်န် ဖတ်ပြီး ပေါ်လစီစတင်ဝယ်ယူစဉ်က အသုံးပြုခဲ့သည့် ဖုန်းနံပါတ် နှင့် မွေးသက္ကရာဇ် ထည့်သွင်းရုံဖြင့် လွယ်ကူစွာ ရယူနိုင်ပါသည်။

အသေးစိတ် ထပ်မံသိရှိလိုပါက Messenger, Comment, Viber တို့မှတဆင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 💙

Aye Thu Zar Khine
Unit Manager
Game Changer| Manulife Myanmar

"လွတ်လပ်ခွင့်နဲ့အတူ ကိုယ့်ရဲ့ အနာဂတ်ကို ပုံဖော်သူများ"Insurance Industry ထဲကို စတင်ဝင်ရောက်လာကြတဲ့ Advisor အများစုဟာ မိမ...
17/08/2026

"လွတ်လပ်ခွင့်နဲ့အတူ ကိုယ့်ရဲ့ အနာဂတ်ကို ပုံဖော်သူများ"

Insurance Industry ထဲကို စတင်ဝင်ရောက်လာကြတဲ့ Advisor အများစုဟာ မိမိကိုယ်ပိုင် အချိန်ဇယားကို လွတ်လပ်စွာ စီမံခန့်ခွဲချင်ကြလို့ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ လွတ်လပ်ခွင့် (Autonomy) ရဲ့ နောက်ကွယ်မှာ အမှန်တကယ် လိုအပ်တာကတော့ မိမိကိုယ်ကို စည်းကမ်းတကျ စီမံနိုင်တဲ့ Self-Discipline နဲ့ ရှင်းလင်းတဲ့ Goal ပဲ ဖြစ်ပါတယ်။

Unit Manager တစ်ယောက်အနေနဲ့ အဖွဲ့ဝင်တစ်ယောက်စီရဲ့ ခြေလှမ်းတိုင်းမှာ -
🔹 နည်းလမ်းမှန်အောင် လမ်းညွှန်ပေးမယ်
🔹 ခက်ခဲတဲ့အခါ လက်တွဲကူညီပေးမယ်
🔹 ကိုယ်ပိုင် အိပ်မက်တွေဆီရောက်အောင် ဝန်းရံပေးမယ်

အပြောင်းအလဲဆိုတာ အချိန်တစ်ခု ပေးရသလို၊ အောင်မြင်မှုဆိုတာလည်း တည်ဆောက်ယူရတာပါ။ အခက်အခဲတွေ ရှိနေရင်တောင် အတူတူ ရင်းနှီးစွာ တိုင်ပင်ပြီး တစ်လှမ်းချင်းစီ ဆက်သွားကြဖို့ပဲ လိုပါတယ်။ 💪 ❤️

မတူညီတဲ့ နောက်ခံ၊ မတူညီတဲ့ စိန်ခေါ်မှုတွေ ရှိကြပေမဲ့ စိတ်ဓာတ်နဲ့ ကြိုးစားလိုစိတ် ရှိနေသမျှ ကူညီပေးဖို့ အမြဲ အသင့်ရှိနေပါတယ်နော်။

မနက်ဖြန်တွေမှာ ဒီထက်မက ပိုမို တက်ကြွလှပတဲ့ ခြေလှမ်းတွေနဲ့ အတူတူ လျှောက်လှမ်းကြရအောင်ပါ။

ဲ့Joinဖို့အခုပဲHiလိုက်နော်
☝️☝️☝️



"ဘဝကို အလှပဆုံး ပုံဖော်ခြင်း" Yangon Life Planning Seminar သို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။မိမိနှင့် မိမိမိသားစု၏ အနာဂ...
15/08/2026

"ဘဝကို အလှပဆုံး ပုံဖော်ခြင်း"
Yangon Life Planning Seminar သို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

မိမိနှင့် မိမိမိသားစု၏ အနာဂတ်အတွက် သေချာရေရာပြီး ခိုင်မာတဲ့ ဘဝစီမံကိန်းတွေကို စနစ်တကျ ပုံဖော်ပြင်ဆင်ချင်ပါသလား? 🌿💡

မနက်ဖြန်မှာ ကျင်းပပြုလုပ်မည့် "Yangon Life Planning Seminar" မှာ ဘဝအတွက် အကျိုးရှိစေမည့် အကြံဉာဏ်များ၊ အနာဂတ် ဘဏ္ဍာရေးနှင့် ဘဝစီမံခန့်ခွဲမှု ဆိုင်ရာ ဗဟုသုတများကို အတွေ့အကြုံရင့် ကျွမ်းကျင်သူများက ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။

☘️ပြောကြားပေးမည့် Speaker များ -
👤 Khaing Si Lwin Myint (Unit Manager, 2025/2026 MDRT, FC Club Diamond Member)
👤 Pyae Phyo Thu (Unit Manager, FC Club Silver Member)
👤 Myat Htoo Kyaw (Senior Executive - Sales & Promotion)

📅 ပွဲကျင်းပမည့် အသေးစိတ်အချက်အလက်များ

နေ့ရက်: Sunday, 16 Aug 2026
အချိန်:1:00 PM – 3:00 PM
နေရာ:Manulife Yangon Office
(အမှတ် ၁၁၊ 16/F ၊ ကန်သာယာရုံးခန်းတာဝါ၊ ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။)

🎟 တက်ရောက်ရန် via Viber or Messenger မှတစ်ဆင့်ဖြစ်စေ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါနော်။

မိမိရဲ့ အနာဂတ် ဘဝခရီးလမ်းကို ပိုမိုလှပဆန်းသစ်အောင် အတူတကွ ပုံဖော်ဖို့ မနက်ဖြန် ပွဲလေးမှာ တွေ့ကြစို့နော်။ 💙



Work Hard, Play Harder ထက် ပိုပြီး "Together as one champion" ဆိုတဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့တဲ့ ဒီနေ့ Team Building Even...
09/08/2026

Work Hard, Play Harder ထက် ပိုပြီး "Together as one champion" ဆိုတဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့တဲ့ ဒီနေ့ Team Building Event 🎈🎈🎈

Zumba အားရပါးရ ခုန်ကြတယ်၊ Game တွေမှာ အားကျမခံ တိုက်ပွဲဝင်ကြတယ်၊ ကာရာအိုကေမှာ စိတ်လွတ်လပ်စွာ သီချင်းဆိုပြီး ဘူဖေးမှာ ဝဝလင်လင် စားသောက်ရင်း အားဖြည့်ခဲ့ကြတယ်။ လက်ခုပ်တွေ တီးလွန်းလို့ လက်တွေ နာတဲ့ထိကို စည်းလုံးခြင်းရဲ့ အရသာကို အပြည့်အဝ ခံစားခဲ့ရပါတယ် ❤️

Team တစ်ခုရဲ့ အင်အားဆိုတာ ရယ်မောသံတွေ အတူတူ ထွက်ပေါ်လာတဲ့အခါ ပိုပြီး ခိုင်မာလာတာပါ။ ဒီနေ့ရခဲ့တဲ့ Energy တွေ၊ ပျော်ရွှင်မှုတွေကို ခွန်အားယူပြီး ရှေ့ဆက်ရမယ့် Target တွေကိုလည်း Game Changer Team စတိုင်အတိုင်း တက်ညီလက်ညီ အတူတူ ကျော်ဖြတ်ကြပါစို့ဝေ့ 🚀📈

❓ အသက်အာမခံမှာ ပထမ (၂) နှစ်အတွင်း ငွေပြန်ထုတ်လို့ မရတာ ဘာကြောင့်လဲ…❓"ငါသွင်းထားတဲ့ ပိုက်ဆံကို ငါ့ဘာသာ ပြန်ထုတ်တာပဲ၊ ဘာလိ...
02/08/2026

❓ အသက်အာမခံမှာ ပထမ (၂) နှစ်အတွင်း ငွေပြန်ထုတ်လို့ မရတာ ဘာကြောင့်လဲ…❓

"ငါသွင်းထားတဲ့ ပိုက်ဆံကို ငါ့ဘာသာ ပြန်ထုတ်တာပဲ၊ ဘာလို့ မရရတာလဲ"
ဒါဟာ အာမခံထားသူ တော်တော်များများ မကြာခဏ မေးလေ့ရှိကြတဲ့ မေးခွန်းတစ်ခုပါ။

အာမခံနယ်ပယ်မှာ သင်ယူရတဲ့ ရွှေရောင်စည်းမျဉ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ "Loss of a few, shared by many" ဆိုတဲ့ သဘောတရားပါပဲ။

အတိုချုပ်ပြောရရင် "အကြောင်းအမျိုးမျိုးကြောင့် ကံဆိုးမိုးမှောင်ကျသွားတဲ့ လူအနည်းငယ်ရဲ့ ဆုံးရှုံးမှုကို ဘာမှမဖြစ်သေးတဲ့ လူအများစုက စုပေါင်းထည့်ဝင်ပြီး မတည်ကူညီပေးကြတဲ့ သဘော" ဖြစ်ပါတယ်။

💡 "သူများဖြစ်တာကို ငါက ဘာလို့ လျော်ပေးရမှာလဲ" လို့ တွေးမိနေပါသလားရှင့်…❓

ဒါဆိုရင်တော့ "ဘဏ် နဲ့ အသက်အာမခံ" ရဲ့ မတူညီတဲ့ အလုပ်လုပ်ပုံကို သဘောပေါက်ထားဖို့ လိုပါတယ်။

ဘဏ်မှာ ငွေစုခြင်း - မိမိစုဆောင်းထားသလောက် အတိုးအနည်းငယ်နဲ့အတူ လိုအပ်တဲ့အချိန် ပြန်ထုတ်ယူလို့ရပါတယ်။
အသက်အာမခံထားခြင်း - မိမိအပါအဝင် အာမခံထားရှိသူ အားလုံးရဲ့ ပရီမီယမ် (Premium) ကြေးတွေကို စုစည်းပြီး ရန်ပုံငွေတစ်ခုအနေနဲ့ စီမံခန့်ခွဲတာဖြစ်ပါတယ်။

အာမခံကုမ္ပဏီတွေဟာ ဒီစုပေါင်းရန်ပုံငွေထဲကမှ

1. 🏢 ကုမ္ပဏီ ရုံးခန်းငှားခ၊ ဝန်ထမ်းလစာနဲ့ ရုံးသုံးစရိတ်များ၊
2. 🤝 ဝန်ဆောင်မှုပေးတဲ့ အေးဂျင့်များ၏ ကော်မရှင်နှင့် ဘောနပ်စ်များ၊
3. 🏥 အဓိကအချက်ဖြစ်သည့် တိမ်းပါးသွားသူများ၊ ထာဝစဉ် မသန်စွမ်းဖြစ်သွားသူများ သို့မဟုတ် ပြင်းထန်ရောဂါ ခံစားရသူများအတွက် စာချုပ်ပါ အာမခံလျော်ကြေးအပြည့်အဝ ကို ပေးလျော်ရပါတယ်။
⚠️ ဒါကြောင့် အာမခံစတင်ထားရှိတဲ့ ပထမ (၂) နှစ်အတွင်း စာချုပ်ဖျက်ပြီး ပရီမီယမ်ကြေးတွေကို ပြန်ထုတ်လို့မရခြင်း ဖြစ်ပါတယ်။

🤝 "ငါ့ပိုက်ဆံနဲ့ သူများကို လျော်နေရတယ်" လို့ မမြင်ပါနဲ့ဦးနော်…

အာမခံဝယ်ယူပြီး တစ်နှစ်အတွင်းမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားသူများ သို့မဟုတ် ဒုက္ခကြုံတွေ့ရသူများ ရှိကြပါတယ်။

သူတို့ဟာ နှစ်အနည်းငယ်စာ (သို့) လအနည်းငယ်စာ ပဲ ပရီမီယမ် ပေးချေရသေးသော်လည်း၊ အာမခံ စာချုပ်ပါ သတ်မှတ်လျော်ကြေးအပြည့် (Full Coverage) ကို ရရှိသွားကြတာပါ။

❌"ငါငွေသွင်းထားမယ်၊ ငါဖြစ်ရင် အများကြီးလျော်၊ ငါမဖြစ်ရင် ငါ့ပိုက်ဆံ ငါပြန်ထုတ်မယ်" လို့ တွေးလို့မရပါဘူး။
⭕ "ငါ့မှာ အခက်အခဲကြုံလာရင် အများကြီး အလျော်ရဖို့အတွက် သူများတွေရဲ့ ပရီမီယမ်စုငွေတွေ ပါဝင်နေသလို၊ သူများတွေ အခက်အခဲကြုံရင်လည်း ငါ့ရဲ့ ပရီမီယမ်က ကူညီပေးနေတယ်"လို့ မြင်ပေးရပါမယ်။

🛡️ စာချုပ်သက်တမ်း စေ့သွားခဲ့ရင်ရော…❓

တကမ္ဘာလုံးက အသက်အာမခံတွေရဲ့ အခြေခံစနစ်ဟာ အတူတူပါပဲ။

🎈မိမိအနေနဲ့ အာမခံသက်တမ်းအတွင်း ဘာမှမဖြစ်ဘဲ ဘေးကင်းကျန်းမာခဲ့ရင်လဲ မဆိုးပါဘူး။
စာချုပ်သက်တမ်း စေ့သွားတဲ့အခါ မိမိစုဆောင်းထားတဲ့ အာမခံစုငွေ အားလုံးကို တရားဝင် ငွေဖြူအဖြစ် အသိအမှတ်ပြုကာ အချို့သောအကျိုးအမြတ်များနှင့်တကွ ပြန်လည်ထုတ်ယူရရှိမှာ ဖြစ်ပါတယ်။

💭 အချုပ်ဆိုရလျှင်ဖြင့်...

💡အာမခံအကြောင်းကို သေချာလေ့လာပါ။
💡 မရှင်းလင်းတာတွေကို မေးမြန်းဆွေးနွေးပါ။
💡တကယ် နားလည်သဘောပေါက်သွားတဲ့အခါ မိသားစုရဲ့ အနာဂတ်လုံခြုံရေးအတွက် အာမခံနဲ့ ကြိုတင်ကာကွယ်ထားပါ။

Aye Thu Zar Khine
Unit Manager (Game Changer)
Manulife Myanmar

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့် "ဓမ္မစကြာအခါတော်နေ့" မြတ်ချိန်ခါ၌ 🙏မြတ်စွာဘုရားရ...
29/07/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့် "ဓမ္မစကြာအခါတော်နေ့" မြတ်ချိန်ခါ၌
🙏မြတ်စွာဘုရားရှင်၏ တရားတော်အရိပ်၌ ခိုလှုံရင်း စိတ်နှလုံးအေးချမ်းကာ တောင့်တအပ်သော လိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေ။
🙏ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစွာဖြင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
🙏လုပ်ကိုင်ဆောင်ရွက်သမျှ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး လာဘ်လာဘများ တိုးတက်ဖြစ်ထွန်းကြပါစေကြောင်း

ကျွန်မတို့၏ အစဉ်အမြဲ အားပေးကူညီကြသော မိတ်ဟောင်းမိတ်သစ်များအားလုံးကို လှိုက်လှဲစွာ မေတ္တာပို့သအပ်ပါသည်။

Aye Thu Zar Khine
Unit Manager (Game Changer Team)
Manulife Myanmar

Today’s Daily Vlog (Text Version) 🤪ဒီနေ့မနက် ၅၅ လမ်းရုံးရောက်တာနဲ့ Urgent ကိစ္စတွေကို Superhero လို အမြန်ရှင်း! ပြီးတာနဲ...
28/07/2026

Today’s Daily Vlog (Text Version) 🤪

ဒီနေ့မနက် ၅၅ လမ်းရုံးရောက်တာနဲ့ Urgent ကိစ္စတွေကို Superhero လို အမြန်ရှင်း! ပြီးတာနဲ့ Time Off လေး နာရီဝက်တင်ပြီး ကန်သာယာရုံးကို ပြေး၊ July လရဲ့ Issued Policy လေး သွားထုတ်ခဲ့တာပေါ့။

ကန်သာယာရောက်တုန်း ချစ်ရတဲ့ အစ်မတွေနဲ့တွေ့တော့ အလုပ်ကိစ္စလည်းပြော၊ "ဟီးဟီးဟားဟား" နဲ့ အတိုင်အဖောက်တွေ ညီခဲ့ကြသေးတာ။
အသွားလမ်းမှာ ဘဲဥအော်ဒါလေး ပါအောင်ပို့ခဲ့သလို... Lunch Break ကျရင်လည်း ဆီဗူးအော်ဒါလေး ပို့ဖို့ရှိသေးတယ်ရယ် 📦🥚🍳

Head of Finance လည်းလုပ်၊ Insurance Advisor လည်းလုပ်၊ Side Business လေးတွေပါ ပါးပါးလေး တွဲလုပ်နေတော့ လူကတော့ ဘယ်တော့မှ မမောဘူး... (ဒါပေမဲ့ Grab ဖိုး ကုန်တာကြည့်ပြီး ရင်တော့ နည်းနည်းမောတယ် 💸💨 ရယ်)

ဘာပဲပြောပြော အလုပ်တွေ ကြိုးစားနေရတာကိုက ပျော်စရာကြီးပါပဲ 🥰❤️

"ချစ်ရတဲ့ မိသားစုအတွက် မေတ္တာအပြည့်နဲ့ လက်ဆောင်တစ်ခု..." 👨‍👩‍👧💚🌕ဝါဆိုလပြည့်နေ့ မနက်ပိုင်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီ...
27/07/2026

"ချစ်ရတဲ့ မိသားစုအတွက် မေတ္တာအပြည့်နဲ့ လက်ဆောင်တစ်ခု..." 👨‍👩‍👧💚

🌕ဝါဆိုလပြည့်နေ့ မနက်ပိုင်း ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီးလို့ စိတ်ချမ်းမြေ့နေတဲ့ ညနေခင်းလေးမှာ... မိသားစုနဲ့ ချစ်ရသူတွေရဲ့ အနာဂတ်အတွက် နွေးထွေးတဲ့ အစီအစဉ်လေးတစ်ခု ပြုလုပ်ထားပါတယ်ရှင်။

"An evening of Care & Confidence" ပွဲလေးမှာ –
🌕 မိသားစုရဲ့ အနာဂတ်ကို စနစ်တကျ ဘယ်လို ကာကွယ်စောင့်ရှောက်မလဲ?
🌕 ကိုယ်ချစ်ရတဲ့သူတွေအတွက် ခိုင်မာတဲ့ အကာအကွယ်တွေကို ဘယ်လို တည်ဆောက်မလဲ?

စတာတွေကို ကျွန်မတို့ရဲ့ Associate Director ကိုယ်တိုင် နွေးထွေးစွာ ရှင်းပြ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
👥စကားစမြည်ပြောရင်း၊ ကော်ဖီသောက်ရင်း အနာဂတ်အတွက် ကောင်းမွန်တဲ့ အကြံဉာဏ်ကောင်းတွေ ရယူဖို့ Customer မိတ်ဟောင်း မိတ်သစ် အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်နော်! ❤️

Date: 29 July 2026 (Wednesday)
Time: 6:00 PM – 7:30 PM
Venue: Manulife Myanmar Head Office
16th Floor, Kantharyar Office Tower

မြန်မာနိုင်ငံမှာ (၆) နှစ်ကျော်ကြာ ကျယ်ပြန့်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့တဲ့ Manulife အနေနဲ့ ကိုယ့်အနီးရပ်ဝန်း...
22/07/2026

မြန်မာနိုင်ငံမှာ (၆) နှစ်ကျော်ကြာ ကျယ်ပြန့်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့တဲ့ Manulife အနေနဲ့ ကိုယ့်အနီးရပ်ဝန်းမှာရှိတဲ့ လူတိုင်း၊ မိသားစုတိုင်း အသက်အာမခံ အကာအကွယ်နဲ့ လုံခြုံစိတ်ချရတဲ့ ဘဝအနာဂတ်တွေ ဖန်တီးနိုင်အောင် အခုထက် ပိုပြီးကြိုးစားသွားမှာဖြစ်ကြောင်း ကတိကဝတ်ပြုပါတယ်။


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

နိုင်ငံတကာအဆင့်မီ ယုံကြည်စိတ်ချရတဲ့ အသက်အာမခံ အကာအကွယ်တွေကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မိသားစုတိုင်း အလွယ်တကူ ရယူနိုင်စေဖို့ Manulife Myanmar ကနေ ရန်ကုန်ရုံးချုပ်အပြင် မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ ပဲခူး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့တွေမှာ ရုံးခွဲ (၇) အခုအထိ ဖွင့်လှစ်ထားပါတယ်။

မြန်မာနိုင်ငံမှာ (၆) နှစ်ကျော်ကြာ ကျယ်ပြန့်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့တဲ့ Manulife အနေနဲ့ ကိုယ့်အနီးရပ်ဝန်းမှာရှိတဲ့ လူတိုင်း၊ မိသားစုတိုင်း အသက်အာမခံ အကာအကွယ်နဲ့ လုံခြုံစိတ်ချရတဲ့ ဘဝအနာဂတ်တွေ ဖန်တီးနိုင်အောင် အခုထက် ပိုပြီးကြိုးစားသွားမှာဖြစ်ကြောင်း ကတိကဝတ်ပြုပါတယ်။

To ensure that every family across Myanmar can easily access internationally recognized and reliable life insurance protection, Manulife Myanmar has opened 7 branch offices in Mandalay, Nay Pyi Taw, Pathein, Bago, Taunggyi, and Mawlamyine, in addition to its Yangon headquarters.

Having provided comprehensive and quality services for over 6 years in Myanmar, Manulife commits to striving even harder to help everyone and every family in local communities create a secure future with life insurance protection.


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

Address

No. 11, Corner Of Kan Yeik Thar Road & U Aung Myat Road, #16, Kantharyar Office Tower
Yangon

Telephone

+959400115317

Website

Alerts

Be the first to know and let us send you an email when Aye Thuzar Khine - Insurance Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aye Thuzar Khine - Insurance Advisor:

Shortcuts

Share