AAT- Assurance

AAT- Assurance (၁)ငွေစုဆောင်းမှူအသက်အာမခံများ

🌼CB Life Insurance တွင် Sales & Marketing (Agency Sale Department) မှာလုပ်ကိုင်ရန် Male/ Female အယောက် ၃၀ ခေါ်နေပါတယ်🤝ခံ...
16/02/2024

🌼CB Life Insurance တွင် Sales & Marketing (Agency Sale Department) မှာလုပ်ကိုင်ရန် Male/ Female အယောက် ၃၀ ခေါ်နေပါတယ်🤝

ခံစားခွင့်
~~~~~
ရုံးချိန် - ၉:၀၀ ~ ၄:၃၀

ရုံးပိတ်ရက် - စနေ တနင်္ဂနွေ အစိုးရရုံးပိတ်ရက်

အခြေခံလစာ သို့မဟုတ်

အပိုဆောင်းခံစားခွင့်များ

လိုအပ်ချက်
~~~~~~~
🪷တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ(သို့)ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။

🪷Sales & Marketing လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (2) နှစ်အထက် ရှိရမည်။

🪷အသက် ၂၇ အထက် ရှိသူဖြစ်ရမည်။

🪷သွက်လက်ဖျက်လတ်ပြီးပေါင်းသင်းဆက်ဆံရေးနှင့်အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

🪷ရေရှည်လက်တွဲလုပ်ကိုင်နိုင်ပြီး ကြိုးစားချင်စိတ်ရှိရပါမည်။

👉 စိတ်ပါဝင်စား၍လျှောက်ထားလိုသူများသည် မိမိတို့၏ကိုယ်ရေးအချက်အလက်များအားပြည့်စုံစွာ ရေးသား၍

Email address 👉[email protected] သို့ [email protected] သို့ Messenger သို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။

🏢 Address - Limited,2-10, Union Financial Center, Corner Of Mahabandula Road & Thein Phyu Road, Botahtaung Township, Yangon, Myanmar.

13/10/2021

သင်ဘယ်နှစ်ချက်ကိုက်ညီနေပါသလဲ ✍️

လူတစ်ယောက် အဓိက ကျရူံးစေတဲ့ အကြောင်းတရားများ...

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )
ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)
လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)
ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)
ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )
ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )
ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘ၀ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါ၀င်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။ သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ၀တ်ကျေတန်းကျေ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနေ၊ လ္ဘက်ရည်ဆိုင်ထိုင် စကားပြောနေကြပါတယ်။
.....

Crd..

29/12/2020

Stay safe with life insurance🦠

ပထမကိုဗစ်ဖြစ်တုန်းက ကျန်းမာရေးအာမခံကို အယောက် (2,000)ကျော် မမျှော်လင့်ဘဲစဝယ်ပြီး ဒုတိယကိုဗစ်အထိဆို လူ (4,000)ကျော်အတွက်က...
28/10/2020

ပထမကိုဗစ်ဖြစ်တုန်းက ကျန်းမာရေးအာမခံကို
အယောက် (2,000)ကျော် မမျှော်လင့်ဘဲစဝယ်ပြီး
ဒုတိယကိုဗစ်အထိဆို လူ (4,000)ကျော်အတွက်ကို👏

ရွေးချယ်စရာအများကြီးထဲက ကိုယ့်နဲ့ရွေးချယ်ထားတဲ့ချစ်ရတဲ့ customer ကျန်းမာချမ်းသာပါစေဖို့မေတ္တာအမြဲပို့ပေးနေပါတယ်😘

အခုထိတော့ positive case တက်တာ၁၀ယောက်ကျော်ပဲရှိလို့ ဘုရားကျေးဇူးပဲ🙏🏻အားလုံးကျန်းကျန်းမာမာနဲ့ ဆေးရုံဆင်းပေးတာလဲကျေးဇူးတင်ပါတယ် ❤️

က မမျှော်လင့်ပဲ covid ကူးစက်မှူဖြစ်သွားတဲ့ customer တွေကို အပိုထပ်ဆောင်းခံစားခွင့်ပေးတာ သိန်း ၃၀၀ ကျော် ပေးပြီးပါပြီ💪

မကျန်းမာခဲ့ရင် အလျော်ရတဲ့အာမခံ🔺အခုဝယ်ရင် ရောင်းပါသေးတယ်နော်😁🔸ဆေးရုံတက်ကုသမှူ🔸အကြီးစားခွဲစိတ်ကုသမှူ🔸သာမာန်ဖျားနာကုသမှူ ဆိ...
05/09/2020

မကျန်းမာခဲ့ရင် အလျော်ရတဲ့အာမခံ🔺

အခုဝယ်ရင် ရောင်းပါသေးတယ်နော်😁

🔸ဆေးရုံတက်ကုသမှူ

🔸အကြီးစားခွဲစိတ်ကုသမှူ

🔸သာမာန်ဖျားနာကုသမှူ

ဆိုပြီးထားလို့ရပါတယ်!!!

ကိုဗစ်ဒုတိယလှိုင်းအဝင်မှာမမျှော်လင့်နိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေအတွက် ဘာတွေကြိုတင် ပြင်ဆင်ပြီးပြီလဲ..❓

☔"အဆိုးဆုံးအတွက် ပြင်ဆင်ပြီး အကောင်းဆုံးကို မျှော်လင့်ပါ.." ဆိုတဲ့ စကားအတိုင်းပါပဲ။ ကြောက်စရာကောင်းတဲ့ ကိုဗစ်ဒုတိယလှိုင်းအဝင်မှာ မိမိနဲ့ မိမိမိသားစု ကျန်းမာရေးအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ..?

☔ ကြိုမသိနိုင်တဲ့ ကျန်းမာရေးအခြေအနေအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်နည်းကတော့ 'ကျန်းမာရေးအာမခံ' ထားခြင်းပါပဲ။

☔ CB Life ရဲ့ ကျန်းမာရေးအာမခံ (Health Insurance)ရှိပါတယ်။

☔ ကျန်းမာရေးအာမခံ (Health Insurance) ကိုဝယ်ယူခြင်းအားဖြင့် ရောဂါအမျိုးမျိုး(COVID-19 အပါအဝင်) နှင့် မတော်တဆထိခိုက်မှု ဒဏ်ရာများကြောင့်ဆေးရုံတက်ရတဲ့အခါ ဆေးရုံတက်စရိတ် နှင့် ခွဲစိတ်ကုသခြင်းအမျိုးမျိုးအတွက်ခွဲစိတ်ကုသစရိတ်များကို အကာအကွယ်ရရှိမှာဖြစ်တဲ့အပြင် မမျှော်လင့်ပဲ COVID-19 ကပ်ရောဂါကြောင့် (positive) လူနာအဖြစ်ဆေးရုံတက်ကုသရပါကဆေးရုံတက်စရိတ်များကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲအကာအကွယ်ရရှိဦးမှာဖြစ်ပါတယ်။

☔ အထူးသဖြင့် အခုလို ကူးစက်မှုနှုန်းမြင့်မားနေတဲ့ ကိုဗစ်ကပ်ရောဂါ (COVID-19) ရဲ့အန္တရာယ်ကို စိုးရိမ်နေရတဲ့အချိန်မျိုးမှာဆိုရင် ကျန်းမာရေးအာမခံ (Health Insurance ) ထားရှိခြင်းက များစွာ အထောက်အကူပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အကယ်၍များမမျှော်လင့်ဘဲ COVID-19 ကပ်ရောဂါကြောင့် ICU ကုသမှုခံယူခဲ့ရမယ်ဆိုပါက CB Life Insurance ရဲ့ COVID-19 Care Funds ထဲကနေ ကျပ်ငွေ (၅) သိန်းအထိ အပိုထပ်ဆောင်းငွေ ရရှိမှာဖြစ်ပါတယ်။

☔ ကျန်းမာရေးအာမခံ (Health Insurance) အကြောင်း အသေးစိတ်စုံစမ်းသိရှိလိုပါက -www.cblife.com.mm တွင် အသေးစိတ်ဝင်လေ့လာနိုင်သလို့စီဘီ အသက်အာမခံ ကုမ္ပဏီလီမိတက် page ရဲ့ Message Box (သို့မဟုတ်) Hot Line - 01 860 4506" သို့ ခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

❝သင့်ဘဝအနာဂတ်လုံခြုံဖို့ CB Life မှာအာမခံထားကြစို့❞

CB Life Insurance


16/08/2020
တလနဲ့တလ ငွေပိုငွေလျှံလို့များများစားစားမရှိတဲ့ လခစားဝန်ထမ်းဘဝမှာကိုယ်ချစ်ရတဲ့မိသားစုအတွက် တလုံးတခဲတည်းစုနိုင်ဖို့ဆိုတာလွ...
16/08/2020

တလနဲ့တလ ငွေပိုငွေလျှံလို့များများစားစားမရှိတဲ့ လခစားဝန်ထမ်းဘဝမှာကိုယ်ချစ်ရတဲ့မိသားစုအတွက် တလုံးတခဲတည်းစုနိုင်ဖို့ဆိုတာလွယ်ပါ့မလား..?

လကုန်တာနဲ့ ကလေး‌တွေကျောင်းစရိတ်ဖယ်ရတယ်။အိမ်စရိတ်ဖယ်ရတယ်။ ပြီးတော့လူမှုဆက်ဆံရေးအတွက် သာရေး နာရေးအထွေထွေအသုံး စရိတ်ဖယ်ရတယ်။ အဲ့ဒါတွေအားလုံးဖယ်ပြီးသွားပြီဆိုရင် ဖောင်းကားနေတဲ့ ပိုက်ဆံအိတ်လေးက လေကုန်သွားတဲ့ ပူဖောင်းလေးတလုံးလိုပါပဲ။

ဒီကြားထဲ သာမန်ကိုယ့်မြို့မှာကိုယ်ရုံးတက်ရုံဆင်းလုပ်ရရင် တော်သေး။အခန့်မသင့်လိုရပ်ဝေးနယ်ဝေးနဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာတာဝန်ကျလုပ်ကိုင်ရတဲ့ဝန်ထမ်းဘဝဆိုရင်..

သွားစရိတ် လာစရိတ်တွေအပြင်တခြား ဖြစ်လာနိုင်တဲ့ကျန်းမာရေးအပိုကုန်ကျငွေတွေကိုပါ ထည့်တွက်ထားဖို့လိုပါတယ်။

ဒီလို ခေါင်းခြေမလှည့်သာတဲ့ဝန်ထမ်းဘဝမှာ ကိုယ်နဲ့ကိုယ့်မိသားစုအပိုစုဆောင်းငွေ တလုံးတခဲတည်းရအောင်ဘယ်လိုလုပ်ယူမလဲ..?

တလတခါ စုဗူးထဲကိုယ်နိုင်သလောက်လေးထည့်သလိုမျိုးနဲ့ တလုံးတခဲတည်းငွေပင်ငွေရင်းပြန်ရနိုင်တဲ့အကောင်းဆုံးစုဆောင်းမှုနည်းလမ်းဖြစ်တဲ့ CB Life Insurance ရဲ့ "နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ" လေးနဲ့မိတ်ဆက်ပေးပါရစေ။

CB Life Insurance ရဲ့ "နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ" ဆိုတာငွေပိုငွေလျှံအများကြီးမရှိတဲ့ဝန်ထမ်းတွေအတွက်အကောင်းဆုံးငွေစုနည်းပါ။စုဆောင်းမှုကိုအနည်းဆုံး(၁၀) သိန်းကနေအများဆုံး သိန်း (၅၀၀)အထိတိုးပြီးစုနိုင်တယ်။အာမခံသက်တမ်းကိုတော့ (၅)နှစ်ကနေ (၁၀) နှစ်အထိ ကိုယ့်စိတ်ကြိုက်ရွေးချယ်စုဆောင်းနိုင်တယ်။ပေးသွင်းရမယ့် အာမခံပရီမီယမ်ကြေးကို လစဉ်ကိုယ်နိုင်သလောက်စုတဲ့ပုံစံမျိုးနဲ့အရစ်ကျပေးသွင်းနိုင်တယ်ဆိုတော့ ကိုယ်နိုင်သလောက် ကိုယ်စု..ဘာဝန်ထုပ်ဝန်ပိုးမှ ဖြစ်စရာမရှိပါဘူး။

💰ဘဏ်မှာ‌ငွေစုထားသလိုမျိုးအတိုးလည်းရ၊ တခုခုထိခိုက်ခဲ့ရင်အကာအကွယ်အာမခံကြေးလည်းရနိုင်တဲ့အပြင်တခြားအကျိုးခံစားခွင့်တွေကြည့်ပြန်တော့လည်း...
- နှစ်စေ့ အကျိုးခံစားခွင့်
- သေဆုံးမှုအကျိုးခံစားခွင့်
- ထာဝစဉ်မသန်မစွမ်းအကျိုးခံစားခွင့်
- အမ်းငွေထုတ်ယူခြင်း
- ချေးငွေရနိုင်ခြင်း စတဲ့ အကျိုးတွေလည်းရနိုင်တာဆိုတော့ "နှစ်တိုငွေပင်ငွေရင်းအာမခံ"ကို ရယူပြီးစုဆောင်းခြင်းဟာ ​ငွေပိုငွေလျှံမရှိတဲ့ဝန်ထမ်းဘဝမှာ ကိုယ်နဲ့ ကိုယ်ချစ်တဲ့မိသားစု အရေးပေါ်သုံးငွေအတွက် အကောင်းဆုံးငွေစုဆောင်နည်းဖြစ်‌
စေပါလိမ့်မယ်။

🏡အနာဂတ်ဘဝအတွက် လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ နှစ်တိုးငွေပင်ငွေရင်း အာမခံ ရဲ့ အသေးစိတ်သိရှိလိုပါက
📱09 977999888 သို့ အခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်....


Address

Yangon

Opening Hours

Monday 09:00 - 06:00

Telephone

+959977999888

Alerts

Be the first to know and let us send you an email when AAT- Assurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AAT- Assurance:

Shortcuts

Share